ကူးမန်း ဘက်ထရီ အားသွင်း ဆိုလာပြား (သဘာ ဝပတ်ဝင်းကျင်ကို ထိန်းနှိုင်)

Sa Yar sanSeptember 18, 20141min30311

မင်္ဂလာပါ ရွှေရွာသူရွာ သားတို့ခင်ဗျာ ကျွန်တော်ပို့စ်ပြန်ပြီး ပြင် ပေးတဲ့ အတ် မင်ဆရာကိုလဲ ကျေးဇူး တင်ပါတယ်

နောက်ပြီး အရင်က မိတ်ဆွေတွေ ပြန်တွေရသလို လိုှူက်လှိူက်လှဲလှဲ ဖေါ်ဖေါ်ရွှေရွှေဆက်ဆံ ကြတာကိုလဲ ပီတိ့ဖြစ်မိပါတယ် မြန်မာစာ အရိုက်ကျွမ်းသူ မဟုတ်တဲ့အတွက် အမှားတွေ ရိုက် နေတာကိုသည်းခံပြီးဖတ်ပေးနေတာကိုလဲ ထပ်ပြီး ကျေးဇူးတင်ပါတယ် ..။

အခု ကျွန်တော် ရှယ် ချင်တဲ့ ပစ္စည်းကတော့ ဆိုလာ အားသွင်းပြားလေးပါ ၁ပေလောက်ဘဲ ရှိပါတယ် အရွယ်ကသေးပေမဲ့ အားက  ၂ ဝတ်ဒ်ထွက်ပါတယ် ၁၂ဘို့ရှိတဲ့ ဘက်ထရီတွေကို အားသွင်း ပေးနှိုင်ပါတယ် ဆိုလာဆိုတဲ့ အတိုင်းအားလုံး က သိပြီးသားပါ နေရောင်ခြည်ကနေ စွမ်းအင် ယူပြီး ဘက်ထရီကို အားသွင်းတာပါ ..။ကျွန်တော် တို့ ရွာ လို နေရာမျိုးဆို အတော် အသုံးဝင်ပါတယ် ဗျာ နေ့ဘက် နေပူထဲ ချပြီး ဆိုလာပြားနဲ့ဘက်ထရီ ကိုအားသွင်း ညဘက် ကြတော့ အင်ဘာတာလေး မှာ ပြန်တပ်မီး ထွန်း ကတ်ဆက်ဖွင့် မီး မရှိတဲ့နေရာတွေမှာ အဆင်ပြေစေမှာ နောက် ကား ထဲကိုပါအားပြန်သွင်းလို့ရပါတယ် ဥပမာ ဘက်ထီအားကုန်ကုန် နေတတ်တဲ့ ကားတွေ မှာဆိုရင် ဆိုလာပြာလေးကို ကားမှန်မှာ ကပ်ပြီး ဆေးလိပ် မီးညိုတဲ့ လျှပ်စစ်ပေါက် ကနေ ဆိုလာကလာတဲ့ ဂျက်ပင် ကို ထိုးလိုက် ပြီး ကားကို စိတ်ချလက် ချ မောင်းသွားနှိုင်ပါတယ် အသုံးပြု နှိူင်တဲ့ နေရာတွေကတော့ ကျေးလက် ဒေသတွေ ကျောက်မိူင်း တူးသူတွေ၊တောလည်သူ ၊လေ့လာရေးထွက်သူတွေ အမဲ လိုက်သူတွေတို့ အထူးအသုံး တဲ့ မဲ့ ပစ္စည်းလေးလို့ ထင်ပါတယ် မြန်မာ ငွေ၁၆၀၀ဝ လောက်ဘဲ ကြမှာပါ.. ခင်ဗျာ .. သဘာဝပတ်ဝင်းကျင်ကိုလဲ ထိမ်းသိမ်းပြီးသား ဖြစ်စေမှာပါ ဘေးထွက် ဆိုးကျိုးမှ မရှိတာလေ…။

ရွှင်လန်းချမ်းမြေ့ ပါစေနော် ပြန်ဆုံ ကြတာပေါ့ ခင်ခင် မင် မင်လေ..

11 comments

  • D Tin

    September 18, 2014 at 8:34 pm

    အဟီး ဘာ မှား ပြန်ဘီလဲ မသိဘူး မပေါ်ပြန်ဘူး အနီးစပ်ဆုံးCategory ကိုရွေးထားတာဘဲ ကူ ညီပါ အတ်မင် ရယ် နော် ကျေးဇူး တင်ပါတယ်

  • ခင် ခ

    September 18, 2014 at 8:49 pm

    ကားမှာသွင်းရပုံလေးတော့စိတ်ဝင်စားမိတယ်ဗျ

  • D Tin

    September 18, 2014 at 8:54 pm

    ဟုတ်ကားမှာ ရှိတဲ့ မီး ပေါက်ကနေ ဆိုလာမှာ ရှိတဲ့ ပင် တံ ကို ထိုးပြီး ကားမှန်မာ ဆိုလာပြားကို လေစုပ် တဲ့ကပ်တဲ့ လေခွတ်မှာ တပ်ပြီး ချိတ် မောင်းရုံဘဲ ကျွန်တော် ရိုက်ပြီး တင်ပေးပါမယ် အကို ခင် ခ ကြည့်ချင်တယ်ဆိုရင်ပေါ့

  • ခင် ခ

    September 18, 2014 at 9:32 pm

    ဒီလောက်သဘောထားလေးသိရင် ရပါပြီ ကျန်တာဆိုင်မှာဂျီကျလိုက်ပါ့မယ် ကျေးဇူးဗျာ

  • Ko chogyi

    September 19, 2014 at 9:02 am

    အဓိကကျတာက ဘယ်ဆိုင်မှာဝယ်လို့ရတယ်ဆိုတာပါပဲ

  • kyeemite

    September 19, 2014 at 10:21 am

    .ရှယ်ပေးတာကျေးဇူးပါဗျ
    .လျှပ်စစ်မီးမရှိသေးတဲ့နေရာတွေအတွက်တော်တော်အသုံးဝင်တယ် :))

  • kai

    September 19, 2014 at 2:51 pm

    ရွာတွေအလင်းရောင်ရဖို့ဆို.. အောက်ကပရော့ဂျက်က.. အင်မတန်စိတ်ဝင်စားစရာကောင်းတယ်..။
    ဖတ်ကြည့်ကြပါဦး..
    မြန်မာပြည်မှာ..ပက်စီရော..ကိုကာကိုလာရော..ရှိနေပြီမို့.. သူတို့ကိုအကူအညီတောင်းရင်.. ပေးလိမ့်မယ်.. ထင်.။

    http://aliteroflight.org/
    http://phys.org/news/2011-09-bottle-brighten-millions-poor-homes.html

    https://www.youtube.com/watch?v=Q0_4qFrxw_4

    • Ko chogyi

      September 20, 2014 at 9:24 am

      တဂျီးက ရွဲစည် စီးပွားပျက်အောင်လုပ်နေပြီ
      ရွဲစည်က ကျေးရွာမီးလင်းရေးဆိုပြီး ကန်ထရိုက်ယူထားပြီး ဆိုလာတွေတပ်နေတာ
      ဒီနည်းပညာပေါက်သွားရင်တော့
      ကရွဲဇီ တေဗျီ

  • မြစပဲရိုး

    September 20, 2014 at 1:50 am

    မြန်မာပြည် က နယ်ဖက်တွေမှာ အတော် သုံးကြတယ် ထင်တယ်။
    နယ်က အဒေါ် တွေ အိမ်မှာလဲ တပ်ထားတာ အတော်လေး အဆင်ပြေသတဲ့။
    အဲဒါမျိုး ကို အစိုးရ က ပါ အားနဲ့ ဝင်ပြီး ကူပေးဖို့ ကောင်းတယ်။

    ဒီမှာတော့ ဆိုလာပြား တွေ တပ် ပြီး ကိုယ်လဲ သုံး ပိုရင်လဲ လိုင်းထဲ ပြန်သွင်းပြီး ရောင်း လို့ ရတယ်။
    Initial Cost က ပေါင် တစ်သောင်း လောက် ပျမ်းမျှ ကျတယ်။
    အဲဒီကနေ တစ်လ ကို အနည်းဆုံး ပေါင် ၅ဝ လောက် ပြန်ရမယ် ပြောတာဘဲ။
    ဒါပေမဲ့ နေမရှိတဲ့ အချိန်က တစ်နှစ်မှာ ၆လ လောက် ရှိနေတာ။

  • alinsett

    September 21, 2014 at 1:11 pm

    ဒီလို ဗဟုသုတ ရစရာတွေ တင်ပြပေးနေတဲ့အတွက်လည်း..
    ကျေးဇူးတင်ပါကြောင်းးး

  • D Tin

    September 22, 2014 at 8:43 am

    Alinsett ,
    Thank you par,

Leave a Reply