အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၃ ( West Point Military Academy & Premium Outlets ) ။

Foreign ResidentSeptember 20, 201415min16815

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၃ ( West Point Military Academy & Premium Outlets ) ။

 

ဝ၄ – ဝ၅ – ၂၀၁၄ ။

 

ဒီနေ့ မနက်မှာတော့ ၊ အဘတို့တည်းတဲ့ Holiday Inn Clark Newark Hotel မှာ ၊

မနက်စောစော ထပြီး Continental Buffet Breakfast ကို အဝစားကြပါတယ် ။

အဘတို့ Group ထဲက အဖြူ တစ်ချို့ကတော့ Breakfast သိပ်မကောင်းလှတဲ့အတွက် ၊

အဘတို့ Tour Guide လေး Dan ကို Complaint တက်ကြတယ် ပြောပါတယ် ။

 

နောက်ပိုင်း Dan ဆီကနေ Breakfast ဖိုး ပြန်တောင်းပြီး ၊

ဟိုတယ်ရှေ့က ဆိုင်တစ်ဆိုင်မှာ သွားစားကြတယ် ကြားတာဘဲ ။

 

အဘ အတွေ့အကြုံ အရ ပြောရမယ်ဆိုရင် ၊ အဖြူတွေဟာ မတရားဘူးထင်ရင် ၊

နဲနဲလေးမှ သည်းမခံတတ်ကြဘဲ ၊ နဲနဲလေးမှ အားမနာတတ်ကြဘဲ ၊ ချက်ချင်း တုံ့ပြန်ကြပါတယ် ။

 

အဘတို့ Group ထဲမှာ ၊ ဩဇီ နိုင်ငံသား Asian အစုလေး ၃ စုလောက်ပါပါတယ် ။

အဘ တို့လဲ သိတာပေါ့ကွယ် ၊ ဒီ Breakfast က သာမာန် / သိပ်မကောင်းဘူး ဆိုတာ ၊

ဒါပေမယ့် ၊ အဘ တို့ Asian တွေကတော့ Complaint မတက်ကြပါဘူး ။

တော်ယုံ တန်ယုံ လောက်နှင့်တော့ ပြောမနေပါဘူး ၊ သည်းခံလိုက်ကြတာပါဘဲ ။

 

အဘ က Continental Breakfast အဝစားပြီးတော့ ပြန်အထွက်မှာ ၊

နေ့လည် လမ်းမှာ အဆာပြေစားဖို့ ပန်းသီးတစ်လုံး ယူလာခဲ့တယ် ။ ဟီ ဟိ ။

 

ပုံမှန်ကတော့ ၊ Buffet ရဲ့သဘောက အထဲမှာ အဝစားလို့ရတယ် ၊

ဒါပေမယ့် အခန်းအပြင်ကိုတော့ ယူသွားလို့ မရဘူးလေ ။

ဒါပေမယ့် ၊ သစ်သီး တစ်လုံး / အအေး တစ်ခွက်လောက်ကိုတော့ ၊

လက်ကကိုင်ပြီး စားနေရင်း တန်းလန်း ဆိုတဲ့သဘောနှင့်တော့ ယူနေကြတာပဲလေ ။

အဘ တို့ က ၊ အဲဒီလို ပန်းသီးလေးတစ်လုံး ယူလာလို့ ရတာနှင့်တင် ကျေနပ်နေတာ ။

 

မှန်တာပြောရရင် ၊ အဘ က Complaint အတက်ခံနေရတဲ့ ၊

ပိုက်ပိုက် ပြန်အမ်းနေရတဲ့ ၊ Tour Guide လေးတွေကိုတောင် သနားနေသေးတာ ။

ဟုတ်တယ်လေ ၊ ခရီးစဉ် စရိတ် က သိပ်မှ မများတဲ့ ဥစ္စာ ၊

Tour Company ဘက်ကလည်း ၊ ဒီ အဆင့်လောက်ဘဲ ကျွေးနိုင်မှာပေါ့ ။

 

ထားပါတော့ ၊ မနက် ၈ နာရီ ခွဲလောက်မှာတော့ ၊

အဘတို့တွေ Tour Bus ကြီး နှစ်စီး နှင့် ထွက်လာခဲ့ကြပါတယ် ။

Tour Bus နှစ်စီး အပြည့် ဆိုတော့ လူ ၇ဝ နီးပါး ရှိမယ် ထင်တယ် ။

ဒီ Tour Company မဆိုးဘူး ၊ လူတော်တော် ရသားဘဲ ။

 

ဒီနေ့အတွက် ၊ ပထမဦးဆုံး သွားမှာကတော့ West Point Military Academy ပါ ။

အမေရိကန်နိုင်ငံ ရဲ့ နာမည်ကြီး ကြည်းတပ် ဗိုလ်လောင်း သင်တန်းကျောင်းပါ ။

 

အဘတို့ ရောက်နေတဲ့အချိန်က မေလထဲဆိုတော့ ၊

အမေရိကမှာ နွေဦး ရာသီ နှင့် နွေ ရာသီ ကြား ကာလပေါ့ ။

အဲဒီတော့ကာ သစ်ပင်တွေ အများစု က စိမ်းစိုနေပြီး တစ်ချို့က ခြောက်စပြုလာပါပြီ ။

 

3 သစ်တောခြောက်တွေ ကြားထဲမှာ ၊ လဲပြိုနေတဲ့ သစ်ပင်တွေ တော်တော်များများ ကိုတွေ့နေရပါတယ် ။

3 သစ်တောခြောက်တွေ ကြားထဲမှာ ၊ လဲပြိုနေတဲ့ သစ်ပင်တွေ တော်တော်များများ ကိုတွေ့နေရပါတယ် ။
3 သစ်တောခြောက်တွေ ကြားထဲမှာ ၊ လဲပြိုနေတဲ့ သစ်ပင်တွေ တော်တော်များများ ကိုတွေ့နေရပါတယ် ။

 

 

လမ်းဘေး က ၊ သစ်တောခြောက်တွေ ကြားထဲမှာ ၊

လဲပြိုနေတဲ့ သစ်ပင်တွေ တော်တော်များများ ကိုတွေ့နေရပါတယ် ။

ဘယ်သူမှလဲ လာယူပြီး ထင်းအဖြစ် မသုံးကြဘူး ၊ ဒီအတိုင်း ဆွေးမြေ့သွားရမယ် ထင်တယ် ။

မြန်မာ အမြင် နှင့် ကြည့်ရင်တော့ ၊ တော်တော် နှမျော စရာ ကောင်းပါဘိ ။

 

အင်း ၊ သူတို့ဆီမှာက ၊ လျှပ်စစ် ဓါတ်အား က အမြဲ မှန်နေတော့လဲ ၊

ဘယ်သူကမှ အပင်ပန်းခံပြီး ထင်း မခွဲကြတော့ဘူးပေါ့ ။

 

3 အမေရိကန်နိုင်ငံ က လူနေအိမ် တော်တော်များများမှာ ၊ အမေရိကန် အလံ တွေ လွှင့်ထူထားကြတယ် ။

3 အမေရိကန်နိုင်ငံ က လူနေအိမ် တော်တော်များများမှာ ၊ အမေရိကန် အလံ တွေ လွှင့်ထူထားကြတယ် ။
3 အမေရိကန်နိုင်ငံ က လူနေအိမ် တော်တော်များများမှာ ၊ အမေရိကန် အလံ တွေ လွှင့်ထူထားကြတယ် ။

 

 

နောက်တစ်ခု ၊ ထူးခြားတာ တစ်ခုကတော့ ၊

အမေရိကန်နိုင်ငံ က ရုံးတွေတင်မက ၊ လူနေအိမ် တော်တော်များများမှာ ၊

အမေရိကန် အလံ တွေ လွှင့်ထူထားကြတာကိုတွေ့ရတယ် ။

 

အဘ လဲ ကမာ္ဘ့ နိုင်ငံတွေ တော်တော် များများ ကို ရောက်ဖူးပါတယ် ။

ဘယ် နိုင်ငံ မှ အမေရိကန် လောက် နိုင်ငံတော် အလံ တွေ လွှင့်ထားတာ မတွေ့ဖူးဘူး ။

ပုံစံ ကြည့်ရတာ ၊ အမေရိကန်တွေ က သူတို့ နိုင်ငံ ကို တော်တော် ချစ်ကြပုံရတယ် ။

 

ထားပါတော့ ၊ နေ့ခင်း ၁ဝ နာရီလောက်မှာ West Point Military Academy ကို ရောက်ပါတယ် ။

ပထမဦးဆုံး Visitor Centre မှာ ဝင်ပြီး အဘတို့ Tour Guide Dan က ၊

အဘတို့ တစ်ဖွဲ့လုံးစာ နာမည်စာရင်းတွေ Detail ပေးပြီး ၊

West Point Guided Tour လက်မှတ်တွေ ဝယ်ပါတယ် ။

 

သူက နာမည်စာရင်း ပေး လက်မှတ် ဝယ်နေတဲ့ အချိန်မှာ ၊

အဘတို့က Visitor Center ထဲမှာပြထားတဲ့ ပြကွက်တွေကို လှည့်ပါတ်ကြည့်ကြပါတယ် ။

 

အဘတို့ Tour Bus တစ်စီးကို Guide အဖိုးကြီး တစ်ယောက်စီ လိုက်လာပြီး ၊

West Point Military Academy ထဲကို ဆက်မောင်းလာခဲ့ပါတယ် ။

 

အဝင် ဂိတ်ဝ မှာ ၊ ဂိတ်စောင့် စစ်သားလေးက အဘတို့ ကားပေါ်တက်ပြီး ၊

တစ်ဦးချင်းစီ ရဲ့ Photo ID Card တွေကို သေချာ လိုက်စစ်ပါတယ် ။

Guide အဖိုးကြီး ကလည်း အဲဒီ စစ်တဲ့သူကို နောက်ပြောင်တဲ့ စကားတောင် မပြောမိဖို့ မှာပါတယ် ။

ပုံစံကတော့ တကယ်ကို seriously လုံခြုံရေး စစ်ဆေးနေပုံ ပေါက်ပါတယ် ။

အဘတို့ တစ်ဖွဲ့လုံးက ၊ ဩဇီ က လာတာ ဆိုတော့ ၊ အေးဆေးပါဘဲ ။

 

West Point Military Academy တစ်ခုလုံးကို Bus ကားကြီး နှင့် ပါတ်မောင်းပြပြီး ၊

Guide အဖိုးကြီး က West Point ရဲ့ သမိုင်းကြောင်းတွေကို ရှင်းပြပါတယ် ။

 

West Point Military Academy ကို ၁၈၀၂ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၊

New York ပြည်နယ် Hudson River ဘေးမှာ တည်ရှိပါတယ် ။

တစ်နှစ်ကို အရာရှိလောင်း Cadet ၁၃၀ဝ လောက် ဝင်ခွင့်ရပါတယ် ။

Subjects ၂၃ ခု သင်ကြားပြီး ၊ စုစုပေါင်း ၄ နှစ် တက်ရတဲ့ Academy သင်တန်းပါ ။

 

Academy သင်တန်း အောင်ရင် B.Sc ဘွဲ့ပေးပြီး ၊ ကြည်းတပ် Army မှာ ဒုဗိုလ် ခန့်ပါတယ် ။

အနည်းဆုံး ကြည်းတပ် Army မှာ ၅ နှစ် အမူထမ်းပြီးမှ တပ်က ထွက်ခွင့် ပေးမှာပါ ။

ဒါတောင် အရံတပ် Reserved မှာ နောက်ထပ် ၃ နှစ် သတင်းပို့ထားရပါမယ် ။

 

3 အရင်ဆုံး ၊ Battle Monument ( Civil War Monument ) ကျောက်တိုင် ကို သွားပါတယ် ။

3 အရင်ဆုံး ၊ Battle Monument ( Civil War Monument ) ကျောက်တိုင် ကို သွားပါတယ် ။
3 အရင်ဆုံး ၊ Battle Monument ( Civil War Monument ) ကျောက်တိုင် ကို သွားပါတယ် ။

 

 

3 Hudson မြစ်က ရစ်ပါတ် စီးဆင်းနေတဲ့ အတွက် မြင်ကွင်းက လှပနေပါတယ် ။

3 Hudson မြစ်က ရစ်ပါတ် စီးဆင်းနေတဲ့ အတွက် မြင်ကွင်းက လှပနေပါတယ် ။
3 Hudson မြစ်က ရစ်ပါတ် စီးဆင်းနေတဲ့ အတွက် မြင်ကွင်းက လှပနေပါတယ် ။

 

 

3 အမေရိကန် ပြည်တွင်းစစ်အတွင်းမှာ သိမ်းပိုက် ရမိထားတဲ့ အမြောက်ပေါင်းများစွာ ။

3 အမေရိကန် ပြည်တွင်းစစ်အတွင်းမှာ သိမ်းပိုက် ရမိထားတဲ့ အမြောက်ပေါင်းများစွာ ။
3 အမေရိကန် ပြည်တွင်းစစ်အတွင်းမှာ သိမ်းပိုက် ရမိထားတဲ့ အမြောက်ပေါင်းများစွာ ။

 

 

အရင်ဆုံး ၊ Battle Monument ( Civil War Monument ) ကျောက်တိုင် ကို သွားပါတယ် ။

အဲဒီနားမှာ Hudson မြစ်က ရစ်ပါတ် စီးဆင်းနေတဲ့ အတွက် မြင်ကွင်းက လှပနေပါတယ် ။

ပန်းခြံထဲမှာတော့ အမေရိကန် ပြည်တွင်းစစ်အတွင်းမှာ သိမ်းပိုက် ရမိထားတဲ့ ၊

အမြောက်ပေါင်း မြောက်များစွာကို ခင်းကျင်းထားပါတယ် ။

 

ဒါပေမယ့် ၊ Battle Monument ( Civil War Monument ) ကျောက်တိုင် အောက်ခြေကရော ၊

ပန်းခြံထဲမှာ ခင်းကျင်းထားတဲ့ အမြောက်တွေကော အားလုံးရဲ့ အမြောက် ပြောင်းတွေကို ၊

ပစ်ဖို့ Battle Ready ပုံစံ အပေါ်ကို ထောင်မထားဘဲ ၊ ရေပြင်ညီ / အောက်စိုက်ထားပါတယ် ။

 

အဓိပ္ပါယ် က ၊ ဖြစ်ခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ် မှာ ၊

နှစ်ဖက်စလုံးက တိုက်ခဲ့တဲ့ စစ်ဗိုလ်တွေ အားလုံးလောက် နီးနီး ဟာ ၊

West Point Military Academy ကျောင်းဆင်းတွေချည်းပါဘဲ တဲ့ ။

 

အဲဒီလို တစ်နိုင်ငံထဲသား ရဲဘော် ရဲဘက်တွေ အချင်းချင်း တိုက်ရတဲ့ ပြည်တွင်းစစ် ကို ရင်နာလွန်းလို့ ၊

နောက်နောင် ဘယ်တော့မှ ညီအစ်ကိုချင်းတိုက်ရတဲ့ ပြည်တွင်းစစ် မဖြစ်စေရဘူး ဆိုတဲ့ သဘောနှင့် ၊

ရှိရှိသမျှ အမြောက် ပြောင်းတွေ အားလုံး ကို ၊ အပေါ်ကို ထောင်မထားဘဲ ၊ အောက်စိုက်ထားတာပါ တဲ့ ။

 

အဲဒါပြီးတဲ့နောက် West Point Military Academy ထဲက လမ်းတွေ တစ်လျှောက် ၊

ပါတ်မောင်းပြီး ၊ အဆောက်အဦးတွေ ၊ ဘုရားကျောင်းတွေ ၊ ရုပ်ထုတွေကို ရှင်းပြပါတယ် ။

အဘ တွေ့ရသလောက် ၊ ဆောက်ထားတဲ့ ရုပ်ထုတွေ တော်တော်များတာဘဲ ။

Washington, Sedgwick, Thayer, Eisenhower, Lee, Bradley, Mc Arthur,

စသဖြင့်သော ဗိုလ်ချုပ်တွေရဲ့ ရုပ်ထုတွေ တော်တော်များများ တွေ့ခဲ့ပါတယ် ။

 

3 ဒါကတော့ West Point Military Academy ရဲ့ အဓိက အဆောက်အဦးပါ ။

3 ဒါကတော့ West Point Military Academy ရဲ့ အဓိက အဆောက်အဦးပါ ။
3 ဒါကတော့ West Point Military Academy ရဲ့ အဓိက အဆောက်အဦးပါ ။

 

 

ဒါကတော့ West Point Military Academy ရဲ့ အဓိက အဆောက်အဦးပါ ။

ရှေ့တည့်တည့် အလယ်က ရုပ်ထု ကတော့ George Washington ရဲ့ ရုပ်ထု ပါ ။

 

3 ဒါကတော့ အရာရှိလောင်းတွေ နေရတဲ့ အခန်း နှင့် အဝတ်အစား ပုံစံတူလေးပါ ။

3 ဒါကတော့ အရာရှိလောင်းတွေ နေရတဲ့ အခန်း နှင့် အဝတ်အစား ပုံစံတူလေးပါ ။
3 ဒါကတော့ အရာရှိလောင်းတွေ နေရတဲ့ အခန်း နှင့် အဝတ်အစား ပုံစံတူလေးပါ ။

 

 

ဒါကတော့ အရာရှိလောင်းတွေ နေရတဲ့ အခန်း နှင့် အဝတ်အစား ပုံစံတူလေးပါ ။

 

3 ဒါကတော့ West Point Military Academy ရဲ့ Emblem တံဆိပ်ပါ ။

3 ဒါကတော့ West Point Military Academy ရဲ့ Emblem တံဆိပ်ပါ ။
3 ဒါကတော့ West Point Military Academy ရဲ့ Emblem တံဆိပ်ပါ ။

 

 

ဒါကတော့ West Point Military Academy ရဲ့ Emblem တံဆိပ်ပါ ။

Duty – Honor – Country နှင့် West Point – MDCCCII ( ၁၈၀၂ ခုနှစ် ) – U.S.M.A ပါ ။

 

အပေါ်မှာ ရေးထားတဲ့ စာတမ်း ကတော့ ၊

‘ United States Military Academy Mission “

” To educate, train & inspire the corps of cadets so that each graduate is

a commissioned leader of character committed to the values of Duty, Honor, Country

and prepared for a career of professional excellence and service to

the Nation as an officer in the United States Army. ” တဲ့ ။

 

West Point Military Academy မှာ အဘ သဘောအကျဆုံးကတော့ ၊

the Cadet Honor Code အရာရှိလောင်း ကျင့်ဝတ်ပါဘဲ ။

 

“a cadet will not lie, cheat, steal, or tolerate those who do.”

– အရာရှိလောင်းတွေဟာ မညာ ၊ ကလိမ်ကကျစ် မလုပ် ၊ မခိုး ရဘူး တဲ့ ။

– အဲဒီလို ညာ ၊ လိမ် ၊ ခိုးသူတွေကိုလည်း ၊ သည်းခံ / မသိချင်ယောင်ဆောင် မနေရဘူးတဲ့ ။

( အဲဒီ အထဲမှာ အဘ အကြိုက်ဆုံး ကတော့ အောက်ဖက်က ဒုတိယ အချက် ပါဘဲ )

 

ဟီ ဟိ ၊ ကြုံလို့ တစ်ခု ပြောပြရရင် West Point က ကြည်းတပ် အရာရှိလောင်းတွေ ရဲ့ ၊

အပြင်းထန်ဆုံး ပြိုင်ဖက် Arch Rival ကတော့ Navy ပါဘဲ ။

သူတို့ဆီက Hudson မြစ်ကမ်းနားက အဆောက်အဦးတစ်ခုရဲ့ ခေါင်မိုး ပေါ်မှာ ၊

” Beat Navy ” စာတမ်း ကို ခေါင်မိုး တစ်ခုလုံး အပြည့် ရေးထားတာ တွေ့ခဲ့တယ် ။

အဲဒီအပြင် ၊ သူတို့ဆီမှာ ” Beat Navy ” ဆိုတဲ့ Tunnel လဲ ရှိသေးတယ်တဲ့ ။

အဆိုးဆုံးက West Point က ကြည်းတပ် အရာရှိလောင်းတွေ ၊

အချင်းချင်း တွေ့လို့ နှုတ်ဆက်ရင် ” Hi ” တို့ ” Hello ” တို့ မပြောဘဲ ၊

” Beat Navy ” ( ရေတပ်ကို ဆော်ကြ ) လို့ ပြောကြသတဲ့ ။

အ ဟီး ဟီး ၊ သူတို့ ရေတပ်ကို မုန်းကြပုံကလည်း ၊ ဆိုးပါ့ ။

 

သူတို့ ရေတပ်ကို မုန်းကြပုံကို ကြားထားတဲ့ အဘ က လည်း ၊ နောက်ချင်တာနှင့် ၊

Visiting Centre မှာ တွေ့ရတဲ့ Navy ရေတပ်သား တစ်ယောက် ကို ၊

တမင်တကာ ကို ခွင့်တောင်းပြီးကို ဓါတ်ပုံ တွဲရိုက် ပြစ်လိုက်တယ် ၊ မှတ်ကရော ။

( တော်တော် ဆိုးတဲ့ အဘ ၊ ဘယ်နေ့ သောက်မြင်ကပ် ပုဒ်မ နှင့် အရိုက်ခံရမလဲ မသိ ၊ ဟီ ဟိ )

 

3 Navy ရေတပ်သား တစ်ယောက် ကို ၊ တမင်တကာ ကို ခွင့်တောင်းပြီးကို ဓါတ်ပုံ တွဲရိုက် ပြစ်လိုက်တယ် ။

3 Navy ရေတပ်သား တစ်ယောက် ကို ၊ တမင်တကာ ကို ခွင့်တောင်းပြီးကို ဓါတ်ပုံ တွဲရိုက် ပြစ်လိုက်တယ် ။
3 Navy ရေတပ်သား တစ်ယောက် ကို ၊ တမင်တကာ ကို ခွင့်တောင်းပြီးကို ဓါတ်ပုံ တွဲရိုက် ပြစ်လိုက်တယ် ။

 

 

ကြည်းတပ်က ကောင်တွေက ဘေးနားကနေ ပေစောင်း ပေစောင်း နှင့် သိပ်ကြည်ပုံ မရ ။

ဟီ ဟိ ၊ အဲသဟာ နှင့် မဖြစ်ချေဘူးဆိုပြီး ကြည်းတပ်က ဆရာသမား တစ်ယောက် နှင့်ပါ ၊

ခွင့်တောင်းပြီး ဓါတ်ပုံ တွဲရိုက်ခဲ့ရတယ် ။

 

3 မဖြစ်ချေဘူးဆိုပြီး ကြည်းတပ်က ဆရာသမား တစ်ယောက် နှင့်ပါ ခွင့်တောင်းပြီး ဓါတ်ပုံ တွဲရိုက်ခဲ့ရတယ် ။

3 မဖြစ်ချေဘူးဆိုပြီး ကြည်းတပ်က ဆရာသမား တစ်ယောက် နှင့်ပါ ခွင့်တောင်းပြီး ဓါတ်ပုံ တွဲရိုက်ခဲ့ရတယ် ။
3 မဖြစ်ချေဘူးဆိုပြီး ကြည်းတပ်က ဆရာသမား တစ်ယောက် နှင့်ပါ ခွင့်တောင်းပြီး ဓါတ်ပုံ တွဲရိုက်ခဲ့ရတယ် ။

 

 

West Point Military Academy မှာ စုစုပေါင်း အချိန် နှစ်နာရီ လောက်ကြာသွားတယ် ။

အဲဒီကပြီးတော့ Woodbury Common Premium Outlets ကိုသွားကြတယ် ။

Premium / Factory Outlets ဆိုတာကတော့ စားသုံးသူတွေကို ဈေးလျော့ပေးနိုင်ဖို့အတွက် ၊

နာမည်ကြီး Brand တွေက စက်ရုံကနေ တိုက်ရိုက် လာရောင်းပေးတဲ့ နေရာပါဘဲ ။

 

Woodbury Common Premium Outlets ဟာ ၊ ကမာ္ဘပေါ်မှာ အကြီးဆုံး Factory Outlets ဖြစ်ပြီး ၊

စတုရန်းပေ 844,000 ကျယ်ဝန်းပါတယ် ။

 

3 နာမည်ကြီး Brand တစ်ခုကို အိမ် တစ်အိမ်စီ လာဆောက်ပြီး ရောင်းနေတာပါ ။

3 နာမည်ကြီး Brand တစ်ခုကို အိမ် တစ်အိမ်စီ လာဆောက်ပြီး ရောင်းနေတာပါ ။
3 နာမည်ကြီး Brand တစ်ခုကို အိမ် တစ်အိမ်စီ လာဆောက်ပြီး ရောင်းနေတာပါ ။

 

 

သူ့ထဲမှာ နာမည်ကြီး Brand တစ်ခုကို အိမ် တစ်အိမ်စီ လာဆောက်ပြီး ရောင်းနေတာပါ ။

နာမည်ကြီး Brand တွေ စုစုပေါင်း အခု ၂၂ဝ ကျော် ရှိ / ရောင်း နေပါတယ် ။

 

အ ဟိ ဟိ ဟိ ၊ ရောင်းနေတဲ့ ဈေးတွေကို ပြောရရင်တော့ ၊

ဈေးပေါချက်ကတော့ တကယ့်ကို လက်လန် ကမ်းကုန ်ပါဘဲကွယ် ။

အားလုံးက အဘ တို့ ဩဇီ က ပေါက်ဈေးတွေရဲ့ တစ်ဝက်လောက်စီဘဲ ရှိတယ် ။

 

အမေရိက က ၊ တကယ့်ကို ဈေးပေါတဲ့ တိုင်းပြည် ၊ တကယ့်ကို မနာလိုစရာ ကောင်းတဲ့ တိုင်းပြည် ။

ဩဇီ နှင့် စာရင် အစားအစာ တင်မက ၊ အဝတ်အထည် ၊ အသုံးအဆောင် အကုန်လုံးကို ဈေးပေါတာ ။

ဒါကြောင့် ၊ တစ်ချို့ ဩဇီ တွေ ဆိုရင် ဈေးဝယ်ဖို့သက်သက်ကို အမေရိက သွားကြတာ ။

ဈေးသက်သာတာတွေကို ပြန်တွက်ကြည့်ရင် ခရီးစရိတ် ကျေသတဲ့ ။

 

ဘယ်လောက်တောင် ဈေးပေါ ဈေးဝယ်လို့ ကောင်းလိုက်သလဲ သိရအောင် ဥပမာ ပြရရင် ၊

ရွာသူားတို့ မှတ်မိဦးမှာပါ ၊ ဥရောပ ခရီးစဉ်မှာ ၊ အဘ ရဲ့ မရှိစုမဲ့ ရှိစုမဲ့ ပိုက်ပိုက်လေး နှင့် ၊

အဘ မဟေသီ အတွက် Branded အိတ် ( ၃ ) လုံး ( တောင် ) ဝယ်ပေးခဲ့ရပါသေးတယ် ။

အာ ဟင့် ၊ အာ ဟင့် ( နှမြောလွန်းလို့ ငိုနေဒါ ) ။

 

( အဲဒီ အိတ်တွေ ကိုတောင် စုံစိအောင် သေသေချာချာလဲ မကိုင်ရသေးဘဲ နှင့် )

ဒီ တစ်ခေါက် အမေရိက ကနေဒါ ခရီးစဉ်မှာ ၊ အဘ မဟေသီ က ၊

အမေရိက က ၊ Premium Outlets တွေက ဈေး အရမ်း အရမ်းကို တန်တာပါဘဲ ဆိုပြီး ၊

စုစုပေါင်း Premium Outlets ( ၃ ) ခု ( Las Vegas မှာဆို ( ၂ ) ရက်တောင် သွားလိုက်သေး ) ၊

၁ ။ Woodbury Common Premium Outlets, New York ။

၂ ။ Las Vegas Premium Outlets, North

၃ ။ Las Vegas Premium Outlets, South

စသဖြင့် တွေမှာ ဝက်ဝက်ကွဲအောင်ကို ဝယ်ပြစ်လိုက်တာလေ ၊

ဒီ ခရီးစဉ် မှာ ၊ Branded လက်ကိုင်အိတ်တွေ ခပ်များများ နှင့် ၊

နှစ်ယောက်ပေါင်း Branded အဝတ်အစားတွေက အစုံ ၃ဝ ကျော် သွားပြီး ၊

အဘတို့ ဆစ်ဒနီက သယ်လာတဲ့ အိတ်တွေကို မလောက်တော့လို့ ၊

နောက်ဆုံး Hard Cover Samsonite အိတ်အကြီးကြီး တစ်လုံး ထပ်ကို ဝယ်လိုက်ရပါတယ် ။

( အာ ဟိ ၊ တော်သေးဒယ် ၊ ဒီတစ်ခါ ၊ အဘ ပိုက်ပိုက် နှင့် ဝယ်ပေးရဒါ မဟုတ်လို့ )

 

3 နောက်ဆုံး Hard Cover Samsonite အိတ်အကြီးကြီး တစ်လုံး ထပ်ကို ဝယ်လိုက်ရပါတယ် ။

3 နောက်ဆုံး Hard Cover Samsonite အိတ်အကြီးကြီး တစ်လုံး ထပ်ကို ဝယ်လိုက်ရပါတယ် ။
3 နောက်ဆုံး Hard Cover Samsonite အိတ်အကြီးကြီး တစ်လုံး ထပ်ကို ဝယ်လိုက်ရပါတယ် ။

 

 

ကဲ ၊ ထားပါတော့ ၊ အဲဒီလောက် နာမည်ကြီး Brand တွေ စုစုပေါင်း အခု ၂၂ဝ ကျော် ရှိတဲ့ ၊

Woodbury Outlets မှာ အဘတို့ကို ဈေးဝယ်ချိန် တစ်နာရီခွဲလေးဘဲ ပေးသတဲ့ ။

( ဒီကြားထဲမှာ နေ့လည်စာ စားချိန်ပါ အပါအဝင် အပြီးအစီး တဲ့ )

အချိန် ဘယ်လောက်လိမ့်မလဲ ၊ အရပ်ကတို့ရေ ။

 

အဘ လည်း ၊ အချိန်ကို မမှန်းနိုင်သေးတော့ ၊

နေ့လည်စာကိုလည်း ကောင်းကောင်းလေး ရွေးစားမိလိုက်တော့ ၊

နေ့လည်စာ စားချိန်ကလည်း နာရီဝက် နီးနီး ကြာသွားတယ်လေ ။

 

အဲဒီကြားထဲမှာမှ ၊ မဟေသီ ရဲ့ အဝတ်အစား ဒီဇိုင်းတွေ အရောင်တွေ ကို ကူရွေးပေးနေမိလို့ ၊

( မဟေသီကို တတ်နိုင်သမျှ ချစ်ကြောင်း ဂရုစိုက်ကြောင်း ကလည်းပြရသေးသကိုးဗျ ၊ ဟီ ဟိ )

အချိန် ပြန်ကြည့်လိုက်တော့ ၊ ကိုယ့်အတွက် ဝယ်ဖို့က နာရီဝက်ဘဲ ကျန်တော့သဗျ ။

အဲဒီမှာ အသည်းအသန် ပြေးရတော့တာပါဘဲဗျာ ။

 

နို့ ၊ မပြေးလို့လဲ မရဘူးလေဗျာ ၊ ဒီ ခရီးစဉ် တစ်လျှောက်လုံး ဝတ်ရမယ့် ၊

အင်္ကျ ီ ဘောင်းဘီ ဖိနပ် အကုန်လုံးက ဒီ Outlets မှာ ဝယ်ရမှာလေ ။

အဘ ဆစ်ဒနီ က ထွက်လာတာ အဝတ် တစ်ထည် ကိုယ်တစ်ခုနှင့် ထွက်လာတာရယ် ၊

တစ်ထည်ဆို တစ်ထည်လေးမှတောင် အပို တစ်ထည်မှ မပါဘူးရယ် ။

 

အာ ဟိ ၊ ပြောလို့သာ ပြောနေတာပါ ။

တကယ်က အဘ မှာလဲ ဝတ်စရာ အဝတ်အစားလဲ များများ မရှိလှပါဘူး ရယ် ။

အခု Post ထဲမှာ ဝတ်ထားတဲ့ Sport Shirt က ၊

၂၀၁၁ ခုနှစ် Singapore က Universal Studio သွားကတည်းက ဝယ်ထားတာ ။

အရမ်း ဟောင်းပြီး ၊ ဂျုံးဂျုံးကျနေပြီ ။

နယူးဇီလန် Cruise – ၁ဝ ( Wellington ) မှာတုန်းကလဲ ဒါဘဲ ဝတ်ထားတာလေ ။

ဒါဝတ်ဘိုင် ဖြစ်နေပြီ ၊ အ ဟိ ။

 

ဟီ ဟိ ၊ အဘ မှာက အဝတ်အစား က ၊ နည်းနည်းလေးဘဲ ရှိတဲ့အပြင် ၊

အဘ က ၊ အဝတ်တစ်ထည်ကို ၊ ဟောင်းရုံ လောက် မကဘူး ၊ ပြဲတဲ့ထိ ဝတ်တာရယ် ။

အာ ဟိ ၊ အခုလို အဝတ်အစား ပေါဋ္ဌေးကြောင်း ကြွားရတာ ၊ ရှက်ထှာ ။

ဪ ၊ ပိုက်ပိုက် ပါးရှားတဲ့သူတွေ ဘဝ ဆိုတော့ ဒီလောက်ဘဲ ရမပေါ့ ။

အ ဟင့် ၊ အ ဟင့် ( ငိုနေတာ ) ။

 

အမေရိက က ဈေးပေါလို့ အမေရိက ရောက်မှ အကုန် ဝယ်မယ် ကြံထားတာလေ ။

( ဈေး မပေါပဲ ၊ ဈေးကြီးနေလို့ကတော့ တုံးလုံးလေး နေသွားရတော့မှာဘဲ ၊ ဟီ ဟိ )

 

အဲဒီမှာ ၊ Premium Outlets ရဲ့ Web Page က ၊

ကြိုပြီး Down Load ဆွဲထားတဲ့ Discount Voucher ရယ် ၊

Woodbury Outlets က Information Centre မှာ ထပ်ဝေတဲ့ Discount စာအုပ်ရယ် ၊

 

အဲဒီမှာ Tommy Hilfiger က ၂ ခါပြန် Double Discount ပေးထားတယ် ၊

အဲ ဒါပေမယ့် သူကလဲ ဒေါ်လှ ၁၅ဝ ဖိုး ကျော်အောင်ဝယ်မှ Discount ပေးမှာ ဆိုတော့ ၊

အင်္ကျ ီတွေ ကို Tommy Hilfiger တွေချည်းဘဲ ၁၅ဝ ဖိုး ကျော်အောင် ဝယ်ပလိုက်တယ် ။

မှတ်ကရော ။ ဟီ ဟိ ။

 

( ရွာသူားတို့ Premium Outlets တွေမှာ ဈေးဝယ်ဖို့ ကြံရင် ၊

အဲဒီ Discount Voucher တွေ ကြို Down Load ဆွဲသွားဖို့ မမေ့နှင့် သိလား ။

https://www.premiumoutlets.com/vip/printConsolidatedCoupons.asp )

 

3 Premium Outlets ရဲ့ Web Page က ၊ ကြိုပြီး Down Load ဆွဲထားတဲ့ Discount Voucher ။

3 Premium Outlets ရဲ့ Web Page က ၊ ကြိုပြီး Down Load ဆွဲထားတဲ့ Discount Voucher ။
3 Premium Outlets ရဲ့ Web Page က ၊ ကြိုပြီး Down Load ဆွဲထားတဲ့ Discount Voucher ။

 

 

အချိန်သိပ်မရှိတာနှင့် ၊ Tommy Hilfiger မှာ ၊

ရှပ် အင်္ကျ ီ ၂ ထည် ကို ဆိုင်အကူကောင်လေး တစ်ယောက် ၊

စပို့ရှပ် ၂ ထည်ကို ဆိုင်အကူကောင်မလေး တစ်ယောက် ၊

နင်တို့ ငါနှင့်လိုက်မယ်ထင်တဲ့ အရောင် နှင့် ဒီဇိုင်း သာ ရွေးပေးလိုက်ပါတော့ ဆိုပြီး ၊

သူတို့ ရွေးပေးတဲ့ ( အရောင် နှင့် ဒီဇိုင်း ) အင်္ကျ ီ တွေဘဲ အမြန် ဝယ်ခဲ့လိုက်တယ် ။

 

( တော်တော် နောက်တဲ့ ကလေးမ ၊ အဘ ကို စပို့ရှပ် ပန်းရောင်ကြီး ဆင်လွှတ်လိုက်တယ် ။

နောက်ပိုင်း ဓါတ်ပုံတွေမှာ တွေ့ရပါလိမ့်မယ် ၊ မဟေသီကတော့ လှဒယ် ပြောတာဘဲ ၊ အဟင့် )

 

အင်္ကျ ီ ဝယ်ပြီးတော့ ဖိနပ် ကိုတော့ Nike Air ထဲက ၊

တန်တယ် လှဒယ် ထင်ရတာလေး အမြန် ရွေးဝယ် ။

 

ဘောင်းဘီ ကိုတော့ အမေရိက ရောက်တုန်း Levi’s ဂျင်းလေး ဝယ်ဦးမှဘဲ ဆိုပြီးသွား ။

Levi’s ဆိုင်လဲ ရောက်ရော ဂျင်းဘောင်းဘီ အရောင် နှင့် အမျိုးအစား ပေါင်းရာကျော်ကို ရှိနေတာ ။

( Brand တစ်ခုကို အိမ် တစ်အိမ်စီ လာဆောက်ပြီး ရောင်းနေတာဆိုတော့လေ )

အဲသဟာ နှင့် စိတ်ထဲ လွယ်လွယ် ပေါ်လာတဲ့ Levi’s 501 တစ်ထည်ဘဲ အမြန်ပြေးဆွဲ ၊

အရောင်တောင် စိတ်ကြိုက် မရွေးနိုင်တော့ဘဲ ၊ အပြေးအလွှား ငွေရှင်း ။

 

အဲသဟာတောင် ၊ Tour Bus နားပြန်ရောက်တော့ ၊ အချိန်က ကွက်တိ ရယ် ။

ဟူးးးးးးး ။ မေါထှာ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

3 အဘ မဟေသီရယ်လေ ၊ မိန်းမတွေများ ဘာပညာ အာဏာတွေဘဲ ရှိရှိ ဈေးဝယ်ရမယ်ဆိုရင်ကို ပျော်နေကြတာ ။

3 အဘ မဟေသီရယ်လေ ၊ မိန်းမတွေများ ဘာပညာ အာဏာတွေဘဲ ရှိရှိ ဈေးဝယ်ရမယ်ဆိုရင်ကို ပျော်နေကြတာ ။
3 အဘ မဟေသီရယ်လေ ၊ မိန်းမတွေများ ဘာပညာ အာဏာတွေဘဲ ရှိရှိ ဈေးဝယ်ရမယ်ဆိုရင်ကို ပျော်နေကြတာ ။

 

 

15 comments

  • ဇီဇီ

    September 20, 2014 at 8:04 am

    အဲဒီလို တစ်နိုင်ငံထဲသား ရဲဘော် ရဲဘက်တွေ အချင်းချင်း တိုက်ရတဲ့ ပြည်တွင်းစစ် ကို ရင်နာလွန်းလို့ ၊
    နောက်နောင် ဘယ်တော့မှ ညီအစ်ကိုချင်းတိုက်ရတဲ့ ပြည်တွင်းစစ် မဖြစ်စေရဘူး ဆိုတဲ့ သဘောနှင့် ၊
    ရှိရှိသမျှ အမြောက် ပြောင်းတွေ အားလုံး ကို ၊ အပေါ်ကို ထောင်မထားဘဲ ၊ အောက်စိုက်ထားတာပါ တဲ့ ။

    So heart-touching..!!

    😥

  • ဇီဇီ

    September 20, 2014 at 8:07 am

    Brand တွေ ကို ဈေးးးသက်သက် သာသာ နဲ့ တပြိုက်နက်တွေ့ ဖူးးးရင် သများးးတော့ ရူးးသွားးမယ် မှတ်တယ်။..

    :k:

    • Foreign Resident

      September 21, 2014 at 3:47 am

      ဇီဇီ says:
      ” Brand တွေ ကို ဈေးးးသက်သက် သာသာ နဲ့ တပြိုက်နက်တွေ့ ဖူးးးရင်
      သများးးတော့ ရူးးသွားးမယ် မှတ်တယ် ”

      ဇီဇီ ရေ ။
      မှန်တာပြောရရင် Coach တို့ Longchamp တို့လို အိတ်တွေ ဆိုတာ ၊
      Prada တို့ Louis Vuitton တို့လို အဆင့်မြင့် အိတ်တွေတော့ မဟုတ်ဘူးပေါ့လေ ။
      ဒါပေမယ့် ၊ ထသွား ထလာ ဈေးသွား ကျောင်းသွား သုံးပျော်တဲ့ Brand လေးတွေပေါ့ ။

      အဲသဟာလေ ၊ Las Vegas Premium Outlets, North မှာတုန်းက ၊
      အဘ မဟေသီလေ Coach ဆိုင်ထဲ ဝင်လိုက်တာ ၊
      အဝနားက အစောင့်ကောင်လေးက Special Promotion ဆိုပြီး ၊
      အိတ် ပုံစံ တစ်မျိုးကို 50% Discount Voucher ပေးလိုက်တာ ၊
      ၁၄” x ၁၀” x ၄ ” လောက် ရှိမယ့် သားရေ အပြည့် Coach လက်ကိုင်အိတ်ကို ၊
      ဒေါ်လှ ၂၀ဝ ကျော် လောက် ဈေး နှင့် ရလာတယ်လေ ( ဈေးပေါတယ် ဟုတ် ) ။
      အဲဒမှာ ၊ သူငယ်ချင်းတွေ လက်ဆောင်ပေးရအောင် ဆိုပြီး ၊ ဝယ်တော့တာဘဲပေါ့ ။

      အဟိ ၊ ပေါလွန်းလို့ ၊ အဘပါ ရောယောင်ပြီး ၊
      ( ဘယ်သူဖြစ်ဖြစ် ) လက်ဆောင်ပေးဖို့ ဆိုပြီး တစ်လုံးဝယ်လာတယ် ။
      ( အဲဒဟာကိုလေ မဟေသီက အဘကို ပုလိပ်စစ် စစ်တာ ခံရသေး ၊ အဟိ )

      နောက်ပြီး အခုပုံထဲမှာ ပြထားတဲ့ ၊
      ၂၈” Spin Type Hard Cover Samsonite အိတ်အကြီးကြီး ကို ၊
      အဘ ဝယ်တာ ဒေါ်လှ ၂၀ဝ လောက် နှင့်ရခဲ့တယ် ။

      အမှန်က ၊ နောက်ဆုံးပေါ် မေါ်ဒါယ် သာဆိုရင် ၊
      ဒီဆိုဒ် ၂၈” Hard Cover Samsonite အိတ် ဆိုရင် ၊
      ရောင်းဈေး ဒေါ်လှ ၅၀ဝ လောက် ရှိတာလေ ။

      • ဇီဇီ

        September 21, 2014 at 4:36 pm

        ဟုတ်ပါ့။
        ဘရန်းတောင် High-end နဲ့ Low-end ခွဲကြသေးးး
        ယူအက်(စ) ထုတ်ကုန်တွေက သုံးရတဲ့တွေ free and easy ဖြစ်အောင် အလေးပေးထုတ်သတဲ့။

        အဲဒီ အချက်မှာပဲ ပြင်သစ်နဲ့ အီတလီ ဘရန်းတွေရဲ့ နောက်ရောက်သွားသလားမသိ။
        အဟိဟိ။

        :k:

        စမ်ဆိုနိုက်က ဒီဘက်မှာ ဆို တရုတ် စမ်ဆိုနိုက် ဆိုတာတွေပါ တန်းတစ်တန်းရှိနေလို့ သူ့ ရီဂျစ်စတာ လုပ်ထားတဲ့ အောက်လက်မှာပဲ အစစ်ရနိုင်တယ်။

  • မြစပဲရိုး

    September 20, 2014 at 3:03 pm

    ဪ ဒါကြောင့် အမေရိကား က သူငယ်ချင်း က ဒီမှာ ဈေးကြီး တယ် ပြောတာကိုး အဘဖော ရဲ့။
    မြန်မာ ထဲ က ဝယ်နိုင်သူ အများ က အဲဒီ ကို တော်ရုံ ဝင်ခွင့်မ ရလို့ဘဲ။
    ရလို့ကတော့ ဆိုင်ထဲ အကုန်ပြောင် သွားမလား မသိ။

    Navy ရေတပ်သား နဲ့ ကြည်းတပ်က ဆရာသမား ကို ယှဉ်ကြည့်တယ်။
    ပုံ အရတော့ ကြည်းတပ်က ဆရာသမား က ပိုပြီး ဖော်ရွေလားမသိ။
    ရင်းရင်းနှီးနှီး ကို ပခုံး ဖက်လို့။

    Hudson မြစ်နားက ရှုခင်းက လှလိုက်တာ။

    အမေရိကား က အိမ်တွေ က ပုံစံ အတော် လှ တယ်။
    ပြူတင်းပေါက် တံခါးပေါက် တွေ အများကြီးဘဲ နော်။
    နေရာ ဒေသ ရာသီ ပေါ်မူတည် ပြီး ပုံစံ ကွာကြသေးလား မသိ။
    အလံထူ တာကတော့ ရုပ်ရှင်တွေ ထဲ မှာ သတိထားမိတယ်။

    အဘဖော ရဲ့ ပန်းရောင် dress ကို ကြည့်ဖို့ မျှော်နေပါပြီ။
    ခရီး ကို စိတ်ရှည်ရှည် ရှင်းပြပြီး ခေါ်သွားလို့ ကျေးဇူးပါ။ 🙂

    • Foreign Resident

      September 21, 2014 at 3:55 am

      မြစပဲရိုး says:
      ” မြန်မာ ထဲ က ဝယ်နိုင်သူ အများ က အဲဒီ ကို တော်ရုံ ဝင်ခွင့်မ ရလို့ဘဲ။
      ရလို့ကတော့ ဆိုင်ထဲ အကုန်ပြောင် သွားမလား မသိ ”

      ဟဲ ဟဲ ၊ အရီးလတ် ရေ ။
      ပြီးခဲ့တဲ့ ဧပြီလတုန်းက Sydney ကို အသိ တစ်ယောက် လာလည်တယ် ။
      ခရိုနီ အဆင့် မဟုတ်သေးတဲ့ ၊ သာမာန် အလတ်စား မြန်မာ ကုမ္ပဏီ ပိုင်ရှင် တစ်ဦးပါ ။
      အဲဒမှာ ၊ ဆစ်ဒနီ မြို့ ကို လှည့်ပါတ်ပြရင်း ၊ စကားပြောကြရင်း ၊ သိလိုက်ရတာက ၊
      သူတို့လဲ အီတလီ မှာတုန်းက ၊ Prada ကို ဆိုင်လုံးပြုတ် နီးပါး ဝယ်ခဲ့ဘူးတယ်တဲ့ ။
      အဲဒါ ၊ အလတ်စား ကုမ္ပဏီ ပိုင်ရှင် အဆင့်ဘဲ ရှိသေးတယ် ။

  • Iris

    September 20, 2014 at 3:19 pm

    ​နေဗီတပ်​သား​လေးကလူငယ်​မို့လို့​နေမှာ။ ​ယူအက်စ်က ​နေဗီတပ်​သား​တွေကိုအရမ်​းကြိုက်​တာ။ ​အဲ့လိုသာ​ဈေးချိုတဲ့​နေရာ ​ရောက်​ရင်​ ၁နာရီ​တောင်​မ​လောက်​ဘူးထင်​တယ်​။

    • Foreign Resident

      September 21, 2014 at 4:07 am

      Iris says:
      ” အဲ့လိုသာ​ဈေးချိုတဲ့​နေရာ ​ရောက်​ရင်​ ၁နာရီ​တောင်​မ​လောက်​ဘူးထင်​တယ်​ ”

      ဘာာာာ ၊ ” ၁ နာရီ ” ၊ ဟုတ်လား ၊ မနောက်ပါနှင့် Iris ရယ် ။
      အဘ တို့ ၊ Las Vegas မှာ ၃ ည အိပ် ၄ ရက် နေခဲ့တယ် ။
      တစ်နေကုန် တစ်ရက် အပြည့် နေရတာ ဆိုလို့ အလယ် ၂ ရက်လေးဘဲ ရှိတယ် ။

      အဲဒမှာ ၊ အဘ မဟေသီ ကလေ ၊ အဲဒီ အလယ် ၂ ရက်စလုံးကို ၊
      Las Vegas Premium Outlets, North မှာ ပထမနေ့ နေ့ဝက် ၊
      Las Vegas Premium Outlets, South မှာ ဒုတိယနေ့ နေ့ဝက် ၊
      ဈေးဝယ်ခဲ့တယ် ။

      ဒါတောင် အားမရလို့ ကြိမ်းဝါးလိုက်သေး ၊
      ” Las Vegas ကို နောက်တစ်ခေါက် ပြန်လာဦးမယ် ” တဲ့ ။

  • ခင် ခ

    September 20, 2014 at 3:32 pm

    သူတို့ရေတပ်ကိုမုန်းလို့ ရေတပ်သားနဲ့တွဲရိုက်ပလိုက်တယ်တဲ့
    အတော်ဆိုးတဲ့ အဘဖောဘဲ လုပ်ပုံကနော်။
    အဘရဲ့ ခရီးသွားလေးတွေက ဗဟုသုတရတယ်လေ တစ်ခါတစ်ခါ အတော်ပျောက်သွားတာဘဲ လွမ်းရတာပါ

    • Foreign Resident

      September 21, 2014 at 4:12 am

      ခင်ခ says:
      ” အဘရဲ့ ခရီးသွားလေးတွေက ဗဟုသုတရတယ်လေ ”

      ဗဟုသုတ ရတယ် ဆိုလို့ ကျေနပ်မိပါတယ် ကို ခင်ခ ရေ ။

  • kai

    September 20, 2014 at 4:55 pm

    အမေရိကန်တွေ သူ့တိုင်းပြည်ကိုချစ်ပုံကို…. အဲဒီပြည်တွင်းစစ်ကြီးက.. တော်တော်ကီးမြှင့်ပေးလိုက်တာလို့..ထင်မိတယ်..။
    အချင်းချင်း..သတ်လိုက်ကြတာ.. အဲဒီဖက်တချို့ပြည်နယ်တွေမှာ.. စစ်တလင်းထဲ. တချိန်ထဲ….သောင်းချီသေကုန်တဲ့နေရာတွေရှိတယ်..။
    သူရဲခြောက်တယ်ပြောတာပဲ.. ကွိ..။

    ကောင်းဘွိုင်တွေစိတ်ဓာတ်က.. ပြဿနာဖြစ်ရင်… ၂ယောက်စိမ်ခေါ်ပြီး.. မျက်နှာချင်းဆိုင် သေနတ်ပစ်သလို.. အဲဒီပြည်တွင်းစစ်မှာလည်း.. ဟိုဖက်ဒီဖက်အုပ်စု.. မျက်နှာချင်းဆိုင်တန်းစီရပ်ပြီး.. အသေဆော်ကြတာလို့.. ပြောကြတာ..
    စစ်တိုက်ပါတယ်ဆိုမှာ.. တရားမျှတ..တန်းတူအောင်လုပ်နေသေး.. အူကြောင်ကြောင်နဲ့.. ကွိ..။

    ဆိုတော့…
    အောက်လက်တွေထဲ.. တောင်ပိုင်းကယ်လီဖိုးနီးယားကအောက်လက်တွေလည်း.. တော်တော် ကြီးပါတယ်..။
    အသိမမှားရင်.. အဲဒီအဘဖောသွားခဲ့တဲ့Woodburyထက်…. ဈေးပေါသေး..။
    မြန်မာတွေ.. စိနပြည်သားတွေ.. ဂျာပွန်ကလူတွေ အဝယ်များသပေါ့…။ :k:

    Desert Hills Premium Outlets – Designer Outlet Stores & Map
    http://www.premiumoutlets.com/outlets/store_listing.asp?id=6
    200 outlet Stores; 7 For All Mankind; A|X Armani Exchange; Alexander McQueen; Alice + Olivia; AllSaints Spitalfields; American Eagle Outfitters NEW; Ann Taylor Factory ..
    =======
    Camarillo Premium Outlets
    http://www.premiumoutlets.com/camarillo/
    160 OUTLET STORES. Find impressive savings at Armani, Banana Republic Factory Store, Barneys New York, Coach, Cole Haan, J.Crew, Kenneth Cole, Lucky …
    ======

  • ဝင့်ပြုံးမြင့်

    September 21, 2014 at 2:10 am

    .ဈေးဝယ်တာတွေ စိတ်မဝင်စားဘူး။ ကြော် စိတ်အဝင်စားဆုံးက West Point Military Academy ရဲ့ အဓိက အဆောက်အဦး။

  • pooch

    September 21, 2014 at 3:46 am

    ရှော့ပင်းလေး တခေါက်လောက်တော့ ရောက်ချင်သား ဟီး :mrgreenn:

    • Foreign Resident

      September 21, 2014 at 4:19 am

      pooch says:
      ” ရှော့ပင်းလေး တခေါက်လောက်တော့ ရောက်ချင်သား ဟီး :mrgreenn: ”

      တစ်နေ့နေ့ ရောက်မှာပါ pooch ရဲ့ ။ သေချာပါတယ် ။
      များများ သုံးဖို့ ဖြုန်းဖို့အတွက် အခုကတည်းက ပိုက်ပိုက်တွေ စုထားလိုက် ။

  • ကန္နားစီး မိဂီ

    September 21, 2014 at 12:33 pm

    တိုက်တိုက်ဆိုင်ဆိုင် တနေ့ကတောင်
    လုပ်ငန်းရှင်တယောက် ကျော့်လာ ကျပ်ပေးတော့ စကားပြောရင်း
    သူ ကန်ပနီအသစ်ထောင်ပါ့မယ် တဲ့ …
    သူ့ဆီလုပ်ပါတဲ့ စီအမ်အိုပေးမယ် ဆိုဗျဲ …..
    ငိငိ
    အာ့ …ပြောရင်း ကန်ပနီနာမည်ဘက်ရောက်သွားတော့…
    ဟိုအနောက်ဘက် နားလုပ်မယ့် ကန်ပနီ ဆိုတော့ …
    ကြာပါတယ်ဗျာ
    ဝက်စ့်ပွိုင့်လို့သာ ပေးလိုက်ပါလို့ ကျပ်ပေးမိတယ်..
    ဘီးကျဲက မေ့နေတာထင့် (မသိတော့မရှိပါဘူး)
    အေး ကောင်းသားကွ …တဲ့ …
    အားးးဟိ
    အဲ့လာ ..ညနေ လိုဂို ဆွဲခိုင်းတော့မှ…
    ဖုန်းဆက်ပြီး ဆဲသွားဒယ်….
    င့ကို တသက်လုံး ကန်ပနီလိုင်စင်မကျမယ့် နာမယ် နဲ့ ကျပ်ရသလား ဆိုပြီး..
    အဲ့လို

    😀

Leave a Reply