မျှော်လင့်ချက်တစ်ဖက်ကမ်းမှာ အလွမ်းမိုးတွေချွေကျနေတယ်
ရိုးတံပြိုင်းပြိုင်းမို့ မေတ္တာတိမ်တိုက်လဲ အုံ့စိုင်းလို့နေခြေပြီ
ရွက်ခြောက်မဝေတော့တဲ့ ကမ်းစပ်နံဘေးမှာ
အကြင်နာရေလှိုင်းလဲ နီးတစ်ခါ ဝေးတစ်လှည့်ပေါ့

အလွမ်းတွေကိုစု ငါတစ်ယောက်ထဲခရုကောက်ခဲ့ဖူးတယ်
စုဆောင်းထားခဲ့တာ ၁၅၀၀ ပြည့်လုလုမို့
ထွေးပွေ့ယုယခဲ့ သူမသိခဲ့တာတော့ သေချာတာပေါ့

အရူးတစ်ပိုင်းမို့ စူးစမ်းဖူးခဲ့တဲ့အချစ်ကလေ
ဆယ်ကျော်သက်အရွယ် မဟုတ်ခဲ့ပါဘူး

ရေပြင်ကငြိမ်ချင်ပေမယ့် ချစ်မိုးစက်လေး သက်ဆင်းတော့လဲ
ချစ်ရတက်ရယ် ခက်ပြင်းပြင်းလေး ဂယက်ထဖူးပါတယ်
တစ်သက်စာရူးရပြီလား

မုန်တိုင်းကလေးအိပ်မက်အပေးမှာ
ထစ်ချုန်းမိုးရွာဖြိုးစဲမို့
လမင်းရယ် အဝေးပြေးလေရော့သလား
ရင်မှာအပူမိပြီမို့ ကြင်နာသူသိရင်လေ
အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ

ကာရံ{14.3.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..