လောကဓံကြားက ဖေဖေ့မေတ္တာ

ခါးသီးလှတဲလောကတရားကြားမှာ
နှလုံးသားကိုနစ်မြောလို့ သားသမီးလိုရှိတိုင်း
ဖြေဆည်းပေးတဲ့ ဖေဖေရေ

မစားရင်သာနေမယ် သားသမီးဘဝတွေမှာ
ဝမ်းဝဖို့ မာနကိုခဝါချ အသက်ပေးကာ
ချစ်တဲ့ဖေဖေရေ

ခရောင်းလမ်းလား ဆူးခင်းလမ်းလား
မမှုပါ သူ့ဘဝလေးက ဖန်ဆင်းရှင်
အနန္တ မေတ္တာ ပိုင်ရှင်ဖေဖေ

အမှားကိုထောက်ပြ အမှန်ကိုဖန်ဆင်း
ထုစစ်လိုက်တဲ့ သားသမီးဘဝလေးမှာ
ပန်းခင်းလမ်းပမာ နှလုံးသားကို တံတားတစ်စင်းသဖွယ်
ဖန်ဆင်းပေးတဲ့ဖေဖေ

ကျန်ရစ်ပေမယ့်လဲ သားတို့ဘဝလှဖို့ဆို
ကျမျက်ရည် ရင်မှာဖိတ် သားတို့ပျော်ဖို့
ရင်ကွဲကာကျန်ရစ်လဲ အပြုံးပန်းလေး
အစဉ်လန်းမယ့်ဖေဖေရေ

နှစ်တွေသာ အိုကာဟောင်းမည်
ပြောင်းမသွားတဲ့ ဖေဖေ့မေတ္တာတရားတို့သည်
သားတို့ရင်မှာ ထာဝရဘုရားသခင်ဆိုတာ ဖေဖေသိရင်လေ
ကျမျက်ရည်လေး အေးပါစေသား

ကာရံ{17.3.2014}

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..