ဖေဖေ

ကာရံSeptember 19, 20141min824

လောကဓံကြားက ဖေဖေ့မေတ္တာ

ခါးသီးလှတဲလောကတရားကြားမှာ
နှလုံးသားကိုနစ်မြောလို့ သားသမီးလိုရှိတိုင်း
ဖြေဆည်းပေးတဲ့ ဖေဖေရေ

မစားရင်သာနေမယ် သားသမီးဘဝတွေမှာ
ဝမ်းဝဖို့ မာနကိုခဝါချ အသက်ပေးကာ
ချစ်တဲ့ဖေဖေရေ

ခရောင်းလမ်းလား ဆူးခင်းလမ်းလား
မမှုပါ သူ့ဘဝလေးက ဖန်ဆင်းရှင်
အနန္တ မေတ္တာ ပိုင်ရှင်ဖေဖေ

အမှားကိုထောက်ပြ အမှန်ကိုဖန်ဆင်း
ထုစစ်လိုက်တဲ့ သားသမီးဘဝလေးမှာ
ပန်းခင်းလမ်းပမာ နှလုံးသားကို တံတားတစ်စင်းသဖွယ်
ဖန်ဆင်းပေးတဲ့ဖေဖေ

ကျန်ရစ်ပေမယ့်လဲ သားတို့ဘဝလှဖို့ဆို
ကျမျက်ရည် ရင်မှာဖိတ် သားတို့ပျော်ဖို့
ရင်ကွဲကာကျန်ရစ်လဲ အပြုံးပန်းလေး
အစဉ်လန်းမယ့်ဖေဖေရေ

နှစ်တွေသာ အိုကာဟောင်းမည်
ပြောင်းမသွားတဲ့ ဖေဖေ့မေတ္တာတရားတို့သည်
သားတို့ရင်မှာ ထာဝရဘုရားသခင်ဆိုတာ ဖေဖေသိရင်လေ
ကျမျက်ရည်လေး အေးပါစေသား

ကာရံ{17.3.2014}

4 comments

  • ခင် ခ

    September 19, 2014 at 10:25 pm

    လူလောကမှ တိုကင်နံပါတ်အလှည့်ကျလို့ ထွက်သွားနှင့်တဲ့ အဖေကို သတိတရ လွမ်းမိသွားတယ် ကဗျာလေးရယ်

  • မြစပဲရိုး

    September 20, 2014 at 4:20 pm

    မွေးသဖခင် ကြီး ကို အတော်လွမ်း သွားသကွဲ့။
    အခုထိ သူ့ သမီး ကို ကလေး ထင်တုန်း။
    စာကျက်ခိုင်း နေတုန်း။ lol:-)

  • ကာရံ

    September 20, 2014 at 8:22 pm

    မိဘတွေကတော့ သူတို့သားသမီးတွေ အသက်ဘယ်လောက်ကြီးကြီး ကလေးလို့ထင်တုန်းပါပဲလေ

  • alinsett

    September 21, 2014 at 12:49 pm

    မျက်ရည်ဆိုတာ…ပူတာပါပဲ…
    အေးစေချင်တာထက်…
    ဘယ်သူ့ကိုမှ မျက်ရည်မကျစေချင်တာပါပဲ…
    ပါပဲ…
    ပါပဲ..

    😆

Leave a Reply