ရွှေကြည် လေး အတွက် ဒါ့ပုံ Show :-)

မြစပဲရိုးSeptember 19, 20142min18220

ရွှေကြည် လေး အတွက် ရွှေတောင် အလွမ်းပြေ။
၂၀၀၈ တုန်းကပါ။

MyanmarPic00- 117
(၁) ရွှေတောင် နားမှာ ကားဘီး ပေါက်လို့ လမ်းဘေးက မြေပဲ စိုက် နေတဲ့ တောင်သူကြီး တွေ ကို အမှတ်တရ မှတ်တမ်း
MyanmarPic00- 175
(၂) ဆုတောင်းပြည့် သက်တော်ရှည်ဘုရား
MyanmarPic00- 190
(၃) ရှေးဟောင်း ဘုရားဆင်းတု တွေ
MyanmarPic00- 197
(၄) ရှုမငြီး တဲ့ ဧရာဝတီ ရာဇဝင် ရဲ့ သတို့သမီး
MyanmarPic00- 212
(၅) အမြဲစိမ်းနေစေချင် တဲ့ နေရာလေး
MyanmarPic00- 176
(၆) ချစ်စရာ သွေးချင်း ကလေး တွေ

ဒီနေ့ ဒီမှာ သမိုင်းဝင် အမှတ်တရ နေ့ တစ်နေ့။
စကော့တလန် နဲ့ အင်္ဂလန် ခွဲရေး တွဲရေး အတွက် စကော့တလန် နေ ပြည်သူ တွေ မဲပေး တဲ့နေ့။
ကံကောင်းစွာ (ကိုယ့် အနေနဲ့ ဆိုရင်ပါ) ခွဲ မထွက်ရေး က နိုင်သွားတယ်။ (No ကနိုင်သွားတာ)
ဒီတော့ “နေမြဲ” ပေါ့။
မစ္စတာ ဒေးဗစ်ကင်မရွန် အသီးမကွဲ တော့ဘူး၊ အလုပ်မပြုတ်တော့ ဘူး။
အမှန်တော့ သူ့ ကို ဂရုမစိုက်ပါဘူး။
ဘုရင်မကြီး ကိုသာ သနား ပြီး မကွဲ စေချင်တာ။
တကယ်ရင်ကွဲ မှာက သူ လေ။
အခုတော့ “God Save the Queen” ပေါ့။

ဒီ နမိတ် ကို ယူပြီး အရီး ရဲ့ မရွှေကြည် လေးလဲ ရွာ ကို ခွဲ မသွားပါနဲ့ အေ။
အရီးတို့ အားလုံး စိတ်မကောင်း ဖြစ်နေရပါ့မယ်။
မအားလဲ အားတဲ့ အချိန်လေး ဘဲ ချောင်းချောင်း ကြည့်ပါ။
နော်။

ချစ်တဲ့
အရီး 🙂

20 comments

  • ခင် ခ

    September 19, 2014 at 11:50 pm

    ရွာသူား ဘယ်သူဘဲဖြစ်ဖြစ် ဖယ်ခွါမသွားဈေင်ပါဘူး
    ဒါပေမယ့်လဲ ကိုယ်စိတ်ကို ကိုယ်ဘဲပိုင်သမို့ ဘယ်လိုပြောရမှန်းကို မသိအောင်ဘဲဗျာ
    နုတ်ဆက်ကြရင်တော့ ရင်ထဲမကောင်းဖြစ်မိတယ် အရီးရေ

  • ကန္နားစီး မိဂီ

    September 20, 2014 at 1:08 am

    စကားမစပ်
    ရွှေတောင်နဲ့ စကော့တလန် ဆက်စပ်လို့ မရဘူးဗျ…
    ကျုပ် ဉာဏ်တိမ်တာပဲ ထားလိုက်ပါလေ..

    တွဲတွဲ ခွဲခွဲ … အနည်းဆုံးတော့ နာမည်လှလှပေးထားတဲ့ ဓနသဟာယ ဆိုလား …
    အနှီအဝန်းအဝိုင်းကရော ဘယ့်နှယ့်ဖြစ်မလား သိချင်မိရဲ့….

    ယူနီယံဂျက်အလံရဲ့ အစိတ်အပိုင်းမဖြစ်ချင်ယုံသက်သက်တော့ဗျာ …
    လက်တလော …. မြောက်ခြမ်းက ဟိုဟာတွေ ကိစ္စ အာရုံလွှဲတယ်ပဲ မြင်မိပါရဲ့ …
    ဒါမိုးဆို … ကိုကိုကြောင်ကို သတိရမိသား
    အားဟိ…

    • မြစပဲရိုး

      September 20, 2014 at 1:19 am

      ဟိ ဟိ
      ပြောချင်တာ ဘယ်နား သွားပြောရမယ် မသိလို့။
      ကြုံတုန်း။
      ဆိုင်ဆိုင် မဆိုင်ဆိုင် ။
      မင်းအရီးလေ သိတယ်ဟုတ်။ 😉
      တောင်ပြော မြောက်ရောက်။
      နာ့ ရွှေကြည် ရဲ့ ရွှေတောင် နဲ့ မင်း ကြောင် ကရော ဘာဆိုင်လို့ တုန်း။
      lol:-))

    • မြစပဲရိုး

      September 20, 2014 at 1:22 am

      အာရုံလွှဲတာတော့ ဟုတ်လောက်ဘူး။
      ဒီနှစ်ပိုင်း မှာ အင်မတန် မျိုးချစ်စိတ်ပြင်းနေကြတာ။
      ခွဲထွက်လိုက်လို့ စီးပွါးရေး ကမောက်ကမ ဖြစ်မှာ လဲ သိပါတယ်တဲ့။
      ဒါပေမဲ့ စကော့တလန် ကို နိုင်ငံ တစ်ခု အနေနဲ့ ဖြစ်ဖို့ ပိုပြီး လိုချင်ပါသတဲ့။
      ဒီလို … ဒီလို … 🙂

  • ဇီဇီ

    September 20, 2014 at 8:31 am

    ပေါင်းးတည် နားးက ရွှေတောင် လားး မြ??
    :mrgreen:
    ပေါင်းးတည် နေတုန်းးက ရွှေတောင် ခေါက်ဆွဲ ကို အဝ သွားးသွားးစားးဖြစ် တယ်။
    :sar:

    • pooch

      September 20, 2014 at 9:44 am

      ရွှေတောင်ခေါက်ဆွဲလား တခါ နှစ်ခါပဲ စားဖူးတယ်
      ခွဲရေးတွဲရေးဆိုလို့
      ကချင်ဖက်မှာ ရေချိန်တွေမြင့်နေပြီ
      စိုးရိမ်တယ် 🙁

  • Ko chogyi

    September 20, 2014 at 9:04 am

    စကော့တလန်တောင်ခွဲမထွက်ဘူးဆိုတော့ ရွှေကြည်လည်းရွာကိုခွဲမသွားနဲ့တော့

  • kyeemite

    September 20, 2014 at 11:07 am

    .ရွှေတောင်နဲ့ရွှေကြည်
    .ရွှေကြည်နဲ့ မန်းဂဇက်
    .မန်းဂဇက်နဲ့ စကော့တလန်
    .စကော့တလန်နဲ့အင်္ဂလန်
    .အင်္ဂလန်နဲ့မြစပဲရိုး
    .မြစပဲရိုးနဲ့ မုတ်ဆိတ်
    .မုတ်ဆိတ်နဲ့ ရွှေတောင်…မနေပေါင်မပြောကြေးပေပ…
    .နေသမျှသူတို့မှာ…လွမ်းကြခါခါ
    .ပြန်သာလာ မှန်ပါကွဲ့မနှေး….ဟေးဟေးဟေး…ဟေးဟေးဟေး :s:

  • Myo Thant

    September 20, 2014 at 11:08 am

    အရီးရဲ့ ကျေးလက်ရှုခင်းလေးတွေအတွက် ကျေးကျေးပါနော့ ၊

    နှုတ်ဆက်သွားတဲ့ ရွှေကြည်လေးလည်း ဒီပို့စ်ကို မြင်စေချင်ပါတယ် ၊

  • ကိုပေါက်(မန္တလေး)

    September 20, 2014 at 11:25 am

    စကော့နဲ့အင်္ဂလန်ထက်
    လောလောဆယ် မြန်မာပြည်ထဲက တိုင်းရင်းသားအဖွဲ့တွေ အစိတ်စိတ်အမွှာမွှာ ကွဲ နေတာ

    ကို ပို ပြီး ရင်လေးနေပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မြစပဲရိုး

    September 20, 2014 at 4:17 pm

    ဝင်ရောက် အားပေးသူ အားလုံး ကျေးဇူးပါရှင့်။

    ဝုတ်တယ် ဇီကလေး။
    အဲဒါ ပြည် ပေါင်းတည် သဲကုန်း တစ်ဆက်တည်းဘဲ။
    ရွှေတောင် ခေါက်ဆွဲက ချက်ရတာ အလွယ်လေး ပုချ် ရဲ့။

    ဒီ မတရား ငါ့ဖို့ ဘဲ ကြည့် အစိုး ရ လက်ထက်မှာ တိုင်းပြည် ကွဲ မဲ့ အရေး က မဆန်းသလိုပါဘဲ။
    အစိတ်စိတ် မကွဲ ချင်ရင် အစိုးရ ပြောင်း မှဖြစ်မှာဘဲ။
    စစ်တပ်က တော့ သူ့ Professional Ethics ကို ဘယ်လို လိုက်နာသင့်သလဲ သိသင့်တာပေါ့လေ။
    သူကလဲ မတရားဖက် ကို ဆက်ပြီး ပံ့ပိုးနေဦး မယ် ဆိုရင်တော့ လဲ တိုင်းပြည်ကံ ဘဲပေါ့။
    🙄

  • မောင်ဘလိူင်

    September 20, 2014 at 5:17 pm

    သူက ရွှေတောင်ဟိုဘက် ကျီးသဲသူ အရီး..။
    ရွှေတောင် ကျီးသဲ သေအောင် စီးနှဲ ဆိုလား
    ပြောကြတာ ကြားဖူးမလားပဲ။ :mrgreen:

    • မြစပဲရိုး

      September 21, 2014 at 3:07 pm

      မောင်ဘလှိုင်
      ကျီးသဲ ကိုတော့ မရောက်ဘူး။
      တို့ မရွှေကြည်လေး ကတော့ အဲဒီ တဘောင် နဲ့ လွတ်ပါ့တော်။
      ရွှေတောင် ကျီးသဲ အလှကဲ ဆိုတာနဲ့ တော့ လိုက်တယ်။ :-))

      • ရွှေ ကြည်

        September 23, 2014 at 6:18 pm

        ကိုမောင်ဘလှိုင် ရွှေကြည် ပြန်မလာတော့ဘူးဆိုပြီး အတင်းတုပ် တယ်ပေါ့ ငွင်း ငွင်း ဘယ်ရမလဲ ရွှေကြည့်အရီးရှိတယ် တွေ့လား :harr:

  • Crystalline

    September 21, 2014 at 6:01 am

    ရွှေတောင်ခေါာက်ဆွဲနဲ့ ရွှေတောင်မွင်းခါးပုံလည်းပါဘူး 😀

  • manawphyulay

    September 21, 2014 at 1:08 pm

    လွမ်းမောဖွယ်.. နေရာလေးတွေ ရောက်ဖူးချင်ပါတယ်….

  • မြစပဲရိုး

    September 21, 2014 at 3:03 pm

    မကြည်စင်လေး
    နေ့လည်ကြီးရောက်တာမို့ ဘရိတ်မဖတ်စ် လိုက်ရဘူး။
    အားလုံးက အဲဒါတွေ စားချင် နေတာ။
    ပြည်ရောက်မှ ပြည်ပလာတာ စားရတယ်။
    ကောင်းသလားမမေးနဲ့။
    မှတ်တမ်းတင်ဖို့တောင် မေ့သွားတာ။
    နောက်ဆို သတိတရ မှတ်တမ်းတင်ထားမယ်။
    ကျေးဇူးနော်။

    ဆက်ဆက်
    ကျေးဇူးနော်။

    မနောလေး
    အဲဒီ က ရေလမ်း က ဆက်သွားရင် တစ်ခါ မနောတင်ထားတဲ့ မကွေးမြို့ ကို ရောက်တော့ တာဘဲ။
    အရမ်းလှ တာ နော်။ လွမ်းလဲ လွမ်းစရာ။
    ကျေးဇူးပါ။

  • ရွှေ ကြည်

    September 23, 2014 at 11:14 am

    ညမှပြန်လာမယ် အရီးရေ

  • ရွှေ ကြည်

    September 23, 2014 at 6:21 pm

    ချစ်ရတဲ့အရီးရေ အခုလို တကူးတက ပုံတင်ပေးတာ ကျေးဇူး ပိုတောင်လွမ်းသွားပေါ့
    တချို့နေရာတွေကိုမသိဘူးရယ် ရှေးဟောင်းရုပ်ပွားတော်တွေကဘယ်နားလဲ အရီး
    ရွှေကြည်က ကိုမောင်ဘလှိုင်ပြောသလိုပဲ ကျီးသဲသူပါ
    ရွှေကြည်က ရွှေတောင်မုန့်ဟင်းခါးကို အရမ်းကြိုက်တယ်
    အရီးပြန်တာနဲ့ ရွှေကြည်ပြန်တာ ဆုံဖြစ်ရင်ကောင်းမယ် ကျးီးသဲကိုခေါ်မယ်

Leave a Reply