“ ကုသိုလ်ရ၏ ……….မရ၏”

“ ကုသိုလ်ရ၏  ……….မရ၏”

 

 

“လမ်းဘေးမှာ.. လှနေတဲ့ပန်းကို..
ချိုးယူပြီးဘုရားလှူရင်.. ကုသိုလ်ရ/မရ.. သိချင်မိတယ်…။” လို့ သူကြီးမင်း က အမေး ရှိလာပါတယ်။

 

တစ်ခါတစ်ခါမှာ ဘာသာတရားနဲ့နီးနွယ်နေတဲ့ အကြောင်းအရာတွေက

ဟုတ်မဟုတ်မှန်မမှန် ပြောဘို့ရာခက်ခဲပါတယ်။

အဖြစ်အပျက်အကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်တဲ့အခါ

ရူ့ဒေါင့်အမျုးိမျုးိ အမြင်အမျုးိမျုးိနဲ့ ကြည့် မြင်ဆုံးဖြတ်တတ်ကြလို့ပါဘဲ။

အလွယ်ဆုံးဥပမာပြောရ ရင်

ကျောက် ရုပ်ထု တစ်ခု ကို မြင် လိုက်တယ်ထားပါတော့။

အနုပညာရှင်က အနုပညာမြောက်မမြောက်

ဘူမိဗေဒပညာရှင်ကတော့ ကျောက်အမျိုးအစားနဲ့သက်တမ်းဘယ်လောက်ရှိမယ်ဆိုတာ

ရှေးဟောင်းသုတေသီကတော့  ဘယ်ရာစုနှစ်လောက်က ဖြစ်မယ်လို့ တွေး နေပါမယ်။

 

 

အဲ့တော့ဒီမေးခွန်းကို ဖြေကြမယ့် သူတွေကလည်း

ကိုယ်ကိုးကွယ်ရာ ဘာသာ တရား နဲ့ ချိန်ထိုးမလား

ဘာကို မှ ကိုးကွယ်ယုံကြည်ခြင်းမရှိသူနေ့ အနေနဲ့ ကြည့် မလား

သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအမြင်နဲ့ကြည့်မလား ဆိုတဲ့

ရူ့ဒေါင့် အမျိုးမျိုးကနေ ကြည့် မယ် ဆိုရင်တော့

အဖြေအမျိုးမျုးိထွက်လာမှာအမှန်ပါဘဲ။

 

ကျနော်ကတော့ ကျနော်ကိုးကွယ်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ

အမြင်အတိုင်း ရိုးရိုးလေးဘဲတွေးပြီးပြောပါမယ်။

လမ်းနံဘေးနားက လှနေတဲ့ပန်းကို ချိုး တယ်ဆိုတော့

ပိုင်ရှင်မရှိဘူးဘဲ အကြမ်းဖျဉ်းသတ်မှတ်လိုက်ပါမယ်။

ဒီတော့ ပိုင်ရှင်မရှိတဲ့ပန်းကို ယူ တဲ့ အတွက် ခိုးမူ့မမြောက်တော့ပါဘူး။

ပိုင်ရှင်ရှိရင်တော့ ခွင့်မတောင်းဘဲခိုးယူ မိတဲ့ အတွက် အကုသို်လ်အမူ့ကိုပြုမိတဲ့ အတွက်

ကုသိုလ်မရနိုင်ပါဘူး။

 

ကျနော်အမြင်လေးပြောရရင် ပစ္စည်းတစ်ခုကို အခြား လူ တစ်ယောက်ကို ပေးတဲ့အခါမှာ

မြင့်မြတ်သော သူ ကို ပေး လျင် လှူဒါန်းတယ်

ကိုယ်နဲ့တန်းတူရည်တူဆိုပေးလျင် ပေးကမ်းတယ်

ကိုယ့်ထက်နိမ့်ကျသူကို ပေးလျင် စွန့်ကြဲ တယ် လို့သတ်မှတ်ထားပါတယ်။

ဗုဒ္ဓဘုရားဟောကြားတော်မူ တဲ့ အတိုင်းဆိုလျင်

တစ်ယောက်ယောက်ကို ပေးလိုက်တာက စွန့်လွှတ်ခြင်းပါဘဲ။

ဘာလို့ စွန့်လွှတ်ခိုင်းလဲ ဆိုရင် ဝတ္တု ပစ္စည်းအပေါ်မှာ

တွယ်ညိနေသောစိတ်ကိုလျော့ပါးအောင်စွန့်လွှတ်ခို်င်းတာပါ။

အဲ တော့

လှူဒါန်း တာဘဲ ဖြစ်ဖြစ်

ပေးကမ်းတာဘဲဖြစ်ဖြစ်

စွန့်ကြဲတာဘဲဖြစ်ဖြစ်

ကောင်းသောအမူ့ ကိုပြုမူတဲ့ အတွက်ကောင်းသောရလာဒ်ကို

ရမှာအမှန်ပါဘဲ။

ကောင်းသောရလာဒ် ကတော့ ကုသိုလ်ပါဘဲ။

ဘုရားက ကျနော်တို့ ကို လှူဒါန်း ပေးကမ်း စွန့်ကြဲ ခိုင်းပါတယ်။

အဆုံးတိုင်သောလွတ်မြောက်ရာနိဗာန်ကို ရောက်ဘို့ဆိုတာ

တွယ်ညိသောတဏှာ ရှိနေရင်မရောက်နိုင်ပါဘူး။

ဒါကြောင့် ပထမဦးဆုံးအနေနဲ့  မိမိပိုင်ဆိုင်မူ့ကိုစွန့်လွှတ်ခိုင်းတာပါ။

ဒါပေမယ့်လည်း ဘုရား က စည်းမဲ့ကမ်းမဲ့စွန့်လွှတ်ခိုင်းတာမဟုတ်ပါ။

ဘယ်လိုလှူဒါန်းရမယ်ဆိုတာပြဌာန်းပြီးသားပါ။

နောက်လူတွေက သာ ဘုရားဟောကိုဆန့်ကျင့်ပြီး ဂုဏ်တုဂုဏ်ပြိုင်လှူဒါန်းပေးကမ်း

ကြလို့ လူအမြင်စောင်းစရာတွေဖြစ်ကုန်တာပါ။

လှူဒါန်းတဲ့အခါမှာ လဲ မလှူခင် လှူနေဆဲ လှူပြီး တဲ့အချိန်ကာလအတွင်းမှ

စေတနာသုံးတန် ပြတ်ရပါတယ်။

ငါလှူမိတာမှားလေခြင်းဆို တဲ့ အကုသိုလ်စိတ်ဝင်တာနဲ့ ကုသိုလ်အလိုလိုပျယ်ပါတယ်။

ညောင်စေ့လောက်လှူသော်လည်းညောင်ပင်ကြီးလောက်ရတယ်ဆိုတဲ့စကားကလဲ

ဘုရားဟောမှ ဟုတ်ရဲ့လားလို့သံသယရှိတာအမှန်ပါဘဲ.။

နောက်လူတွေ ချဲ့ထွင်တယ်လို့ ခံစားမိပါတယ်။

ကိုယ်လုပ်သလောက်သာ ကိုယ်ရမယ် ဆို တဲ့ သဘောအသွားကို

ဘုရား ကပြတ်သားစွာဟောကြားပြီး သားမို့ပါ။

 

ဒါကတော့ ကျနော်အမြင်ပါ.။

ကျနော်စာအုပ်အကြီးကြီးလဲ မဖတ်ဘူးပါဘူး၊

ကိုယ်ဖတ်ဘူးသလောက်

ကိုယ်နာယူဘူးသလောက်

ကိုယ်သိသလောက်

ကိုယ် တွေးမိသလောက်

လေးနဲ့ ချိန်ဆပြီးပြောတာပါ.။

မှားနေတယ်ဆိုရင်လေ ထောက်ပြကြပါ.

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

19-9-2014

 

 

 

 

 

 

 

 

 

13 comments

  • ကိုပေါက်(မန္တလေး)

    September 20, 2014 at 11:21 am

    မေးတုန်းကမေးပြီး တော့ ဖြေ ထားတော့ ဘာမှ ပြန်မပြော ပါလား ဗျိုူုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ခင် ခ

    September 20, 2014 at 3:04 pm

    ရလာဒ်သည် မိမိသဒ္ဒါစိတ်ပေါ်မှီပါတယ်။

  • naywoon ni

    September 20, 2014 at 9:52 pm

    စိတ်​ထားအ​ပေါ်မှာ မူတည်​မယ်​ထင်​တာပဲ ။ ကုသိုလ်​ပြုတာလဲ ဒီစိတ်​ပါပဲ ။ အကုသိုလ်​ ဖြစ်​​စေတာလဲ ဒီစိတ်​ပါပဲ ။ စိတ်​သာ ရှင်​​စော …….¿

  • မှန်တယ် မေးခွန်းမေးသူရည်ရွယ်ချက် က လမ်းဘေးက ချုးိ တဲ့ ပန်း ကိုယ့် ပစ္စည်းမဟုတ်ဘဲ ဘုရားကို လှူ ရှင် ကု သိုလ် ရ လားလို့ မေးချင်တာ

  • alinsett

    September 21, 2014 at 12:52 pm

    သူ ဘာလာပြောဦးလေမလဲ…

    😆

  • ဇီဇီ

    September 21, 2014 at 4:52 pm

    လမ်းဘေးပန်း
    ကိုယ်က ခူးပြီး
    ဘုရားလှူ

    အဲ။ ဒီ ဖြစ်ရပ်တစ်ခုတည်းကိုပဲ ကြည့်ရင် အများကြီးစဉ်းစားစရာမလိုဘူးထင်ပါ့။

    လမ်းဘေးက ပန်းသာ ပိုင်ရှင်မရှိဘူးလို့ သတ်မှတ်ရင်
    ခိုးမှုတော့ မြောက်မယ် မထင်…

    အဲဒီတော့ ပန်းလှလှမြင်လို့ ဘုရားလှူချင်စိတ်ပေါက်တဲ့ စိတ် နဲ့ ပဲ အကျိုးပေးမယ် ထင်။
    (လမ်းဘေးပန်းခူးပြီး ဖျက်လို့ ဖျက်စီးလုပ်ချင်တဲ့ စိတ်ထက်တော့ ဒီ ဘုရားလှူချင်တယ် ဆိုတဲ့စိတ်က အများကြီး အများကြီး ပိုသင့်တော်တယ်ထင်)

    ကျနော်ကတော့ လမ်းဘေးပန်းခူးရင်ကို ဒဏ်ရိုက်တဲ့နိုင်ငံမှာ နေတာ ရ နှစ်ကြာလို့…
    လမ်းဘေးပန်းလှတာမြင်ရင် ဓာတ်ပုံရိုက်ရုံကလွဲလို့ ….

    :k:

  • ကျနော်ကတော့ လမ်းဘေးပန်းခူးရင်ကို ဒဏ်ရိုက်တဲ့နိုင်ငံမှာ နေတာ ရ နှစ်ကြာလို့…
    လမ်းဘေးပန်းလှတာမြင်ရင် ဓာတ်ပုံရိုက်ရုံကလွဲလို့ ….

    ဒါကြောင့်အစောကြီးကတည်းက မေးတာ ဘယ်အနေအထားနဲ့ချိန်ထိုးမှာလဲ လို့ ပြောတာကို

    အရှင်းဆုံးပြောရင်ဒီမေးခွန်း မေးကတည်းကို က သိစေချင်လို့ မေးတာထက်

    အပြန်အလှန် စကားတွေပြောအောင်လုပ်တဲ့မေးခွန်းလေ

    ဒါကြောင့် ဒီမေးခွန်းနဲ့ပိုစ်တင်တာပေါ့

    လောကကြီးနဲ့ခြုံစဉ်းစားရင် ဘာသာလူမျုးိ တွေကွဲပြားနေသမျှ အမြင်တွေကွဲ ပြားနေအုံးမှာဘဲ
    အရှေ့ နေတဲ့ လူ အနောက်နေတဲ့ လူ ဆို တာ မတူ နိုင်တာအမှန်ဘဲ
    အဲဒါကို ဘယ်သူက သာ ပါ တယ် ဘယ်သူ က နိမ့်ပါတယ်
    ဘယ်သူက မှားတယ် မှန် တယ် ခွဲ ခြားစရာ အကြောင်းမရှိပါ

    • မြစပဲရိုး

      September 21, 2014 at 9:03 pm

      ကပေါက်ကြီး

      ကျွန်မ နားလည်တဲ့ “ဒါန” ဆိုတာက ကိုယ့်မှာ လောဘ နဲ ဖို့အတွက် ရော၊ သူများ ကို မျှဝေလိုစိတ် မေတ္တာ နဲ့ပါ
      ကိုယ့်ရှိတာကို လှူဒါန်း ပေးကမ်းလိုက်တဲ့ သဘော။
      ဒါကြောင့် အလကားရတဲ့ ကိုယ်ပိုင်မဟုတ် တဲ့ အရာ ကို လှူ လို့ ဒါန မြောက်/မမြောက်။
      မသိ။

      ဒါက ထားပါတော့။
      တကယ်ပြောချင်တာ ကတော့ “ကုသိုလ်စိတ်” ပါ။
      လမ်းဘေးမှာ လှလှပပ ရှိလို့ ကြည့်မိသူတိုင်း (အများ) ကြည်နူး နေရတဲ့ ပန်း တွေ ကို
      ကိုယ့် ရဲ့ ကုသိုလ်လိုချင်တဲ့ စိတ် (တနည်း ကိုယ့် အတ္တ) နဲ့ ခူး ပြီး ဘုရားကပ်တာ
      တကယ်ဘဲ ကုသိုလ်မြောက်ပါ့မလား။
      တစ်ဖက်မှာ အများရဲ့ အကျိုး ကို ဖျက်မိနေတာလေ။

      အပြန်အလှန် စကားတွေပြောအောင် ဆိုလို့
      သများ ဝင်ပြောတာနော်။
      ဂွတိုက်တာ ဝုတ်ဘူး။
      lol:-))))

  • ကုသိုလ်လိုချင်တဲ့ စိတ်နဲ့ မဟုတ်ဘဲ ဘုရားကို ပန်းကပ်ချင်တဲ့ စိတ်ရိုးရိုးနဲ့ ကပ်မိတယ်ဆိုရင်ကော။
    ကုသိုလ် ရပါစေဆိုတဲ့ စိတ်နဲ့ ဘဲ လုပ်လုပ် စိတ်ထဲမှာကိုယ်ကိုးကွယ်တဲ့ ဘုရားရဲ့ ပုံရိပ်ဖြစ်တဲ့ ဆင်းတုတော်ကို
    ပန်းကပ်လို့ ပူဇော်ချင်လို့ ဘဲလုပ်လုပ် ကောင်းသောအလုပ်ကို လုပ်ခြင်းအတွက်
    ကောင်းသောရလာဒ်ဘဲရမယ်လို့ တွက် ထားပါတယ်

    (ကိုယ့် ရဲ့ ကုသိုလ်လိုချင်တဲ့ စိတ် (တနည်း ကိုယ့် အတ္တ) နဲ့ ခူး ပြီး ဘုရားကပ်တာ
    တကယ်ဘဲ ကုသိုလ်မြောက်ပါ့မလား။
    တစ်ဖက်မှာ အများရဲ့ အကျိုး ကို ဖျက်မိနေတာလေ။)

    အဲလိုဆိုရင် ငယ်ငယ်တုန်းက ဝါဆို ပန်းခူး ထွက် တယ် ဆိုပြီး တောထဲ တောင်ထဲမှာ ပွင့် နေတဲ့ ပန်းတွေကို
    ခူးပြီးဘုရားကပ်ကြတာရော အများအကျုးိကို ဖျက်တယ်လို့ သတ်မှတ်ရင် မှန်ကန်ပါမလား။
    တောထဲတောင်ထဲမှာပန်းတွေပွင့်နေတယ် ဆို ပေမယ့် ဝါဆိုပန်းကပ်ဘို့ ခူး သူတွေက မလှတဲ့ ပန်း ကိုတော့
    မခူးတာသေချာ တယ် လှ တဲ့ ပန်းဘဲရွေးခူးမှာနော်

    ကိုလတ်ကြီး

  • kyeemite

    September 22, 2014 at 10:59 am

    .လူတွေဟာ ကုသိုလ်ကိုလည်းမလုပ် အကုသိုလ်ကိုလည်းမလုပ်
    .မိမိမလုပ်မဖြစ်တာကိုသာလုပ်သည်တဲ့ ..စိတ္တရလေခါကပြောတာ
    .ကုသိုလ်၊ အကုသိုလ်ဆိုတာ လူတစ်ယောက်နဲ့အခြားသူတစ်ယောက်အမြင်မတူနိုင်ဘူးဆိုပါတယ်
    .ဆိုတော့ ကုသိုလ်ရ၏ မရ၏ဆိုတာလည်း အမြင်မတူနိုင်ကြောင်း

  • အော်ကိုမိုက်ရယ်

    အစ ကတည်း က အမြင်မတူနိုင်မှန်းသိ သားနဲ့ တမင်သက်သက်မေးတဲ့ မေးခွန်းဆိုတာ သိလို့

    ကျနော်ကလဲ ပိုစ်တင်ပေးတာပ။

    ရွာများ နည်း နည်း ဆူ မလားပေါ့(ဒီမေးခွးန်ပိုင်ရှင်ရဲ့ အတွေးပြောတာပါ)

    ရွာကလဲ အခု အနေအထားနဲ့ ဆိုရင် မဆူနိုင်တော့ပါဘူး။

    ရွာထဲလဲ လူသိပ်မရှိဘူးလေ။

    အပြီးထွက်တာတော့ မဟုတ်

    ဝင်ရ ခက်လို့ မဝင်တာရယ်

    အလကားနေရင်း ရန်ဖြစ်နေတဲ့ ရွာဆိုပြီး မဝင်တာရယ်ပေါ့

    ထူးအိမ်သင် သီချင်း လေး တစ်ပုဒ်ရှိပါတယ်။
    မဟာဝီရ အိုဗုဒ္ဓ ဆိုတဲ့ သီချင်းလေး ပါ။
    အဲဒီအထဲမှာ ပါတဲ့

    “အမှန်ကို မမြင်နိုင်ခြင်းအဝိဇ္ဇာ တရား ” ဆိုတဲ့ စာသားလေးလိုပါဘဲ အမှန် ကိုမြင်ဘို့ လိုပါတယ်။

    • kai

      September 22, 2014 at 3:02 pm

      ပထမပြောချင်တာက…
      မေးခွန်းကကျုပ်ကမေးတာပါပဲ..
      ရည်ရွယ်ချက်ကတော့.. ရွာဆူစေမလားဆိုတာတော့မဟုတ်..။
      ပြောရရင်..
      ရွာဆူအောင် ကျုပ်ကပဲ..ဖွဖွပေးသလို.. စွတ်စွဲတာတွေရှိနေတာ.. ဘာမှပြန်မပြောတော့..ဒါကအမှန်ပဲကျုပ်ကလက်ခံလုပ်နေတာလို့.. ယူဆကြသလားတော့မသိ..
      အင်း..
      အယ်ဒီတာ့အာဘော်ထဲ.. ငြင်းခုန်ခြင်းရဲ့အနုပညာဆိုပြီးရေးဖူးတယ်..
      http://myanmargazette.net/62285
      အရာရာက.. တဖက်သတ်မဟုတ်.. အပြန်အလှန်ဆွေးနွေးငြင်းကြမှပိုတိုးတက်တယ်..။

      အယ်ဒီတာတယောက်အနေနဲ့.. လူကြိုက်လူပျော်.. လူချစ်အောင်လုပ်ဖို့.. လွယ်ပါတယ်..
      လုပ်သက်သက်တမ်းကြာလေ.. ပိုလွယ်လေပါပဲ..။
      ဘာခက်တာလိုက်လို့.. :k:

      ထားပါတော့..
      ဒုတိယပြောချင်တာက…
      လမ်းဘေးကပန်းကို.. ချိုးပြီး ဘုရားလှူတဲ့ကိစ္စမှာ..
      မြန်မာပြည်နေသူနဲ့.. နိုင်ငံခြားနေသူတွေ (ဗုဒ္ဓဘာသာဝင်ဖြစ်စေဦး) လုပ်ရပ်.. အတွေးတူမှာမဟုတ်..။
      ဘာလို့မတူလည်းဆိုတာတော့.. ပြောချင်စိတ်ကို.. ကုန်လို့… မပြောချင်တော့..
      တိုတိုပဲ..
      နိုင်ငံကြီးတွေများရောက်လို့.. လမ်းဘေးပေါက်နေတဲ့ပန်းဟ.. ဆိုပြီး.. ချိုးမယ်တော့မကြံလေနဲ့..
      ကုသိုလ်တွေ.. အကုသိုလ်တွေဘေးချိပ်…။
      ဥပဒေနဲ့တွေ့လိမ့်မယ်..။
      ရှည်ရှည်ပြောရရင်..
      မကြာခင်..ဆယ်စုနှစ်တွေလည်း မြန်မာပြည်မှာလည်း.. အဲဒီလိုဖြစ်လာမယ်လို့.. မြင်/ထင်..။

      မှတ်ချက်။ ။ (အမှတ်မမှားရင်) ဗုဒ္ဓက.. သူ့သားတပည့်ရဟန်းတပါးပါး.. .. သစ်ပင်..သစ်ကိုင်းချိုးရင်.. အာပတ်သင့်မယ်လို့.. ဝိနည်းထားခဲ့တယ်..။
      ဘာအကြောင်းနဲ့ချိုးချိုး..။

  • ((အမှတ်မမှားရင်) ဗုဒ္ဓက.. သူ့သားတပည့်ရဟန်းတပါးပါး.. .. သစ်ပင်..သစ်ကိုင်းချိုးရင်.. အာပတ်သင့်မယ်လို့.. ဝိနည်းထားခဲ့တယ်..။
    ဘာအကြောင်းနဲ့ချိုးချိုး.)
    သိပ်ဟုတ်တာပေါ့။
    လူနဲ့ရဟန်း ကွာခြားချက်ကြောင့် ရဟန်းတွေကိုမ ချုးိရ လို ့ သတ်မှတ်ခဲ့တာ။
    သတ်မှတ်ခဲ့ရတဲ့အကြောင်းကလဲ ရဟန်းတွေက သူများပစ္စည်းကို အလွယ်တကူယူတယ်လို့ အမြင်ခံရမှာစိုးလို့ပါ။
    လူအတွက်ကတော့ ဘာမှ မှာမသွားခဲ့ဘူး။

    (မြန်မာပြည်နေသူနဲ့.. နိုင်ငံခြားနေသူတွေ (ဗုဒ္ဓဘာသာဝင်ဖြစ်စေဦး) လုပ်ရပ်.. အတွေးတူမှာမဟုတ်..။
    ဘာလို့မတူလည်းဆိုတာတော့.. ပြောချင်စိတ်ကို.. ကုန်လို့… မပြောချင်တော့..
    တိုတိုပဲ..
    နိုင်ငံကြီးတွေများရောက်လို့.. လမ်းဘေးပေါက်နေတဲ့ပန်းဟ.. ဆိုပြီး.. ချိုးမယ်တော့မကြံလေနဲ့..
    ကုသိုလ်တွေ.. အကုသိုလ်တွေဘေးချိပ်…။
    ဥပဒေနဲ့တွေ့လိမ့်မယ်..။
    ရှည်ရှည်ပြောရရင်..
    မကြာခင်..ဆယ်စုနှစ်တွေလည်း မြန်မာပြည်မှာလည်း.. အဲဒီလိုဖြစ်လာမယ်လို့.. မြင်/ထင်..။)

    ဒီလို အမြင် မတူ မယ်ဆို တာ သိလို့ လဲ ဘယ်အမြင်နဲ့ ကြည့်ကြမလဲ မေးတာပေါ့။

    နိုင်ငံဒေသ ယဉ်ကျေးမူ့ ဥပဒေခြင်းမတူရင် အမူအကျင့်လဲ တူမှာမဟုတ်။
    မြန်မာပြည်မှာ လမ်းဘေးပေါက်နေတဲ့ ပန်း ကို ခူး ရ မခူး ရ ဘာသတ်မှတ်ချက်မှ ထုတ်ပြန်တာမတွေ့ ဘူးသေးပါ.
    အချိုုသောပန်းခြံတွေမှာတော့ ပန်း မခူး ရ လို ရေး ထားတာ တွေ့ဘူးပါတယ်။
    နေရာတိုင်းမှာတော့ အဲလို တားမြစ်တယ်လို့ မကြားဘူးသေး။
    (တစ်ခုတော့ရှိတာပေါ့ ပွင့်လင်းမြင်သာမူ့ မရှိသေးတဲ့ နိုင်ငံ ဆို တော့ ဥပဒေ ရှိပြီး
    လူသိရှင်ကြား မထုတ်ပြန်ရင်တော့ ကျနော်မသိ)
    အဲတော့ ဥပဒေသတ်မှတ်ထားတဲ့ နိုင်ငံက လူ လို တော့ ဘယ်သူမှ တွေးမှာမဟုတ်။
    ဒါကို စည်းကမ်းမဲ့ တယ် လို့ ပြောလို့ မရပြန်ပါဘူး။
    အဲတော့ သူကြီး မပြော ချင်ရင် လဲ မပြော ပါ နဲ့ ရပါတယ်။
    နိုင်ငံကြီး မှာ နေ သူ က နိုင်ငံကြီး လိုတွေးပြီး
    မြန်မာပြည်မှာေ နသူကတော့ မြန်မာပြည်လိုတွေးပါလိမ့်မယ်။.
    လူမူ့ရေး ကိစ္စ နိုင်ငံရေး ကိစ္စ မှာသာ မှားတယ် မှန်တယ် ယတိပြတ်ပြောလို့ ရပေမယ့်
    ူယုံကြည်ကိုးကွယ်ရာ ဘာ သာ နဲ့ တိုငိ်းတာရင် တော့ မှန်တယ် မှားတယ်ပြောလို့ခက်ပါတယ်။
    စက တည်းက မတူ ညီ တာကို ယုံကြည်ကိုးကွယ်တာကိုး။
    အဲတော့ ဘာသာရေးနဲ့ပါတ်သက်တဲ့မေးခွန်းက မမေးတာအကောင်းဆုံးပါဘဲ.။

    နိုင်ငံကြီး က လူ စည်းကမ်း ရှိတယ် ဆို တာကလည်း
    တကယ်ကို တိကျ တဲ့ ဥပဒေ နဲ့ ထိန်းချုပ်ထားတော့
    လိုက်နာတာ အလေ့အကျင့်ဖြစ်သွားလို့ပါ။

    လမ်းဘေးက ပန်းကို မခူး ပါ နဲ့လိုတော့ပြောပါမယ်။
    ခူးရင်လဲအပြစ်မပေးဘူး ဒဏ်မရိုက်ဘူးလို့ ဥပေဒ ထုတ်ပြန်ကြည့်လိုက်ပါ.။
    နိုင်ငံခြားကလူ လဲ ပန်း ချုိုး တဲ့လူပေါ်လာဦးမှာပါ။

    လူ ဆို တာ ကိုယ် နာ မှ မှတ် တဲ့ အတန်းအစားလို့ သတ်မှတ်ရင် ရပါတယ်။
    ဒါကြောင့် လဲ ဥပဒေဆိုတာ ပေါ်လာတာပါဘဲ။

    တိကျခိုင်မာ တဲ့ ဥပဒေရှိမှ စည်းကမ်းတစ်ကျ နေထိုင်တဲ့ လူ့အဖွဲအစည်း တည်ဆောင်လို့ ရမယ်ဆိုတာ
    ငြင်းပယ်လို့ မရ တဲ့ အမှန်တရားပါ။

    နှီးနွယ်ပြီး ဆက် ပြော ရရင် ဒီလက်ရှိဥပဒေ နဲ့ ဒီလူတွေနဲ့ သာ ဆက်သွားကြည့်ပါ
    ခေါင်းဆောင် အပြောင်းအလဲ ဖြစ်လဲ မြန်မာနိုင်ငံအနေ အထားက

    တိုးတက်ပြောင်းလဲ လာမယ် မထင်ပါဘူး။

    ခေါင်းဆောင်းကောင်းနဲ့ပြည်သူကောင်းတွဲ မိမှ တိုင်းပြည်ကောင်းလာမှာပါ။

    အဲ ခေါင်းဆောင်း မကောင်းတာနဲ့ ပြည်သူပြည်သားမကောင်းတာ တွဲ မိရင်ဘာဖြစ်မလဲ ဆိုတော့
    အခုမြန်မာပြည် လက်ရှိအနေအထားသာ ကြည့် ပေတော့။

    ဒါက ကျနော်အမြင်ဆိုတော့သူများ အတွက် မှန် ချင် မှ မှန် မယ် ဆိုတာကတော့ သေချာပါတယ်။

    ကုသိုလ် ရမယ် ငရဲ ကျ မယ် နိဗ္ဗာန်ရောက်မယ် ဆို တာ က တကယ်ပြောရင်တော့
    အကောင်အထည် လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ အရာ နဲ့
    ဆုပေးဒဏ်ပေးလုပ်ထားတာ လို့ မြင်ပါတယ်။

    မောတာ အေ

Leave a Reply