ဇာဂနာ ဘာမှမသိရပါဘူး

ေမာင္ရိုးSeptember 20, 20141min700

ဖတ်ပြီးသားဖြစ်နေရင်လည်းတောင်းပန်ပါတယ် ။

တကယ်တော့ သဘောကျလို့ကူးတင်တာဖြစ်သလို ကျနော်ကိုယ်တိုင်ကလည်း သရော်စာကြိုက်လို့ပါ ။

ရွာစည်းကမ်းနဲ့မညီရင် အချိန်မရွေး လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ပါကြောင်းးးး

 

 

 

Maung Thura

Fri ·

အခု တစ်ပတ် ပဲ ့တင် သံ ထဲက ဆောင်းပါးပါခင်ဗျ။

ဇာဂနာ ဘာမှ မသိရပါဖူး

တကယ်တော့ သရော် စာ ရေးရတာ တော်တော် အန္တရာယ် ကြီးလှပါပေတယ်။ဆရာကြီးဦးညို မြ တို ့ဆရာမ ကြီးဒေါ်ခင်မျိုးချစ်တို ့က သရော်စာ နဲ ့ပတ်သက်လို ့ဆစ်ပိုင်းဝေဖန်ခဲ့ ကြဖူးပါတယ်။ဒါပေမဲ ့ ဇာ၈နာ တို ့မြန်မာပြည်က သရော်စာ နဲ ့အံမဝင်သေးဖူးခင်ဗျ။သရော် တယ် ဆိုရင် ပဲ သူတို ့ကိုလှောင်တယ် ပြောင်တယ် ထေ့တယ် လို ့ထင်တတ်ကြပါတယ်။ဦးပုည တို ့ဆရာဖေ တို ့ရဲ ့ သရော်စာ တွေမှာလဲ အန္တရာယ် ဘယ်လောက်ကြီးမယ် ဆိုတာ တွေ ့နိုင်ပါတယ်။မုန်းချင် ရင် သောက်မြင်ကတ် ပုဒ်မ နဲ ့အချိန် မရွေးဘေးတွေ ့နိုင်တာပါ။ခုလဲ ဇာဂနာ သရော်စာ အရေးကောင်းတော့ မေတ္တာပို ့ခံနေရပါတယ်။

အသေအချာ စဉ်းစားကြည့်လိုက်တော့ ရင်လေးစရာပါ။ဇာဂနာ တို ့တိုင်းပြည်မှာ စာ မဖတ်တတ်တဲ့လူတွေ များ လာပြီဆိုတာတော့ ကောင်းသော နိမိတ် မဟုတ်ပါဖူး။ဇာ၈နာ ရွေးသုံးတဲ့စကားလုံးက စာ မဖတ်တတ်သူ လို ့ပြောတာပါ။ကျောင်းတတ် စာသင် ကျောင်းစာဖတ် နဲ ့လုံးလည် လိုက်နေခဲ့တဲ့ မြန်မာပြည်မှာ ရသစာပေ သုတ စာပေ စသဖြင့်လေ့လာ ဖို ့အားနည်းကြတော့ စာဖတ်တတ်သူတွေ ပါးရှားလာပါတော့တယ်။သင်ခန်းစာပေါ့ခင်ဗျာ။ဒီလို သမယမှာ သရော်စာ ကို နားမလည်တာတော့ ဘာဆန်းသလဲလို ့ထိပ်ခေါက်ပြီးပြောရတော့မှာပေါ့။

တစ်နေ ့က ဇာဂနာ ့ဆီကို လူတစ်ယောက်က စာရေးပို ့လာတယ်။ဇာ၈နာ က ထောင်ကို ဟိုတယ် ဖွင့်ဖို ့ သမ္မတကြီး ကိုတိုက်တွန်းတာတွေ ့ရလို ့ တကယ် လို ့သမ္မတ က လုပ်ပိုင်ခွင့်ပေးရင် သူတို ့ကို အရင်ဆုံး ပူးပေါင်းလုပ်ဆောင်ခွင့် ပြုပါတဲ့။သူတို ့နောက်ကွယ်မှာ ငွေထုပ်ကြီးရှိပါသတဲ့။ကိုင်း မခက်လား။ဇာ၈နာ တော့ကိုယ့်ငယ်ထိပ် တူနဲ့သာ ထု လို ့ သေချင်ပါတော့တယ်။

နောက်တစ်ယောက်ကတော့ပြင်းပြ်ငးထန်ထန်ရေးတာခမျ။သူ ဘာရေးတယ် ထင်ပါသလဲ၊

“ဒီမှာ ကိုဇာ၈နာ ကျုပ်တို ့က အင်းစိန်ထောင်ကို ပြတိုက်လုပ်ဖို ့စီမံကိန်းရေးဆွဲနေတာ ဗျ။ခင်ဗျားက ကဖက် ယဖျက် ဘာလို ့ဟိုတယ် ဖွင့်ချင်ရတာ လဲ” တဲ့။

ကဲ မခက်ပါလားဗျာ။ဒါ သရော်စာ ပါလို ့ပြောပြန်တော့

“ခင်ဗျားတို ့အားတိုင်းသရော် နေသလား၊ခင်ဗျားတို ့ နေရာ တစ်ခုရောက်ရင် ဒီလိုပဲ သရော် နေမှာလား”

လို ့လုပ်ပြန်ပါလေရော။ကိုင်း မခက်ဖူးလား။သရော်စာ ရေးတယ် ဆိုတာ ဘယ်အဆင့်ကျမှ ရေးရတယ်၊ဘယ်အဆင့်ကျ မရေးရဖူး ဆိုတာ သတ်မှတ်ထားလို ့လားဗျာ။ဒီကြားထဲ ဇာဂနာ က ခေါင်းလောင်း ကိစ္စရေးပြန်တော့ ခေါင်းလောင်းကြီးတကယ် ရှိခဲ့ပါတယ် တဲ့။ဒီဘရစ်တို ယူသွားတာလဲ အသေအချာပဲတဲ့။သည်တော့ ဇာ၈နာ လဲမနေနိုင်ဖူးခင်မျ။ဘယ်စာအုပ်ထဲပါသလဲဆိုတော့ သူ ့အဖို းဖတ်တဲ့စာအုပ် ထဲပါတယ်။ လူဝံမောင်နှမ ပြဇာတ် တဲ့။ကဲ ကောင်းရော။

ဟော ခုတော့ဖြင့် ခေါင်းလောင်းလဲ ဟောင်းလောင်း ဖြစ်ပြီ။သမ္ဘန် သမားတွေလဲ အူစိုသွားတော့ ဦးစံလင်းကိုကျေးဇူးတင်ထိုက်ပါတယ်။ခေါင်းလောင်းတွေ ့ရင် ဒေါ်လာ ဆယ်သန်းပေးမယ် ဆိုတဲ့ ဆရာကြီးလဲ ခုမှ ကောင်းကောင်း အိပ်နိုင်တော့မယ် ထင်ပါရဲ ့။တွေ ့များသွားရင် သူ ့မှာ ဒေါ်လာ ဆယ် သန်း ပေးရမှာလေ။ဒါကြောင့် သူ နဲ ့နဂါး နဲ ့ညှိထားပုံရပါတယ်။

“နဂါးတွေရေ…အို လေ လေး လေ့ နဂါးတို ့ရေ”

လို ့ချော့မော့ပြီးခေါင်းလောင်းကြီးတော့ မပေးလိုက်ပါနဲ ့နော် လို ့ နဂါး ကိုလာဘ် လာဘ များ ပေးထားလေသလားလို ့ပေါ့။သူတို ့တွေက လာဘ်သားကျ နေ ပြီခင်မျ။မပေးရရင်ကိုမနေနိုင်တာ။နဂါး ကိုလာဘ် ထိုးခြင်း ဆိုပြီး ရုပ်ရှင်တစ်ကားလောက်တော့ရိုက်ဖို ့ကောင်းသားနော်။

လာဘ်ပေးလာဘ်ယူဆိုလို ့ ဇာ၈နာ တို့မြန်မာနိုင်င့က မခေဖူးခမျ။ခြစားမှုအများဆုံးနိုင်ငံတွေထဲမှာ ခုထိ အဆင့် ၁၅ရ နဲ ့ထပ် တန်း ကနေ ရပ်တည် နေဆဲပဲ။နည်းနည်းလေးမှ အကျ မခံဖူးနော်။ကိုယ့်တိုင်းပြည်မှာ ဒိလောက် ဂုဏ်ယူစရာတွေပေါနေတဲ့ဟာကိုများ မယူတတ်ကြဖူးနော်။

“ခြစားတာ နံပါတ်တစ်

အကျင့်ပျက်တာ နံပါတ်တစ်

လိမ်ပြောတာ နံပါတ်တစ်

ဗလောင်းဗလဲ လုပ်တာ နံပါတ်တစ်”

ကြက်ဖတ်ို ့ဂျေမီ တို ့ဆိုဖို ့ ဟစ်ဟော်(ပ်)စာသားလို ့သာမှတ်ယူလိုက်ပါခင်မျာ။ဒီလောက် နံပါတ် တစ် နေရာကို နှစ်ပေါင်း ငါးဆယ်ကြော်ကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့တာ ဂုဏ်ယူကြစမ်းပါဗျာ။အရှေ ့တောင် အာရှမှာ အလှဆုံးမြို ့၊ကောင်းဆုံးတက္ကသိုလ် ဆိုပြီး ရှိခဲ့ဖူးတာတွေပုံပြင်ဖြစ်ကုန်မှတော့ ကိုယ့်လက်ထဲရှိ နေတဲ ့ဂုဏ်ကလေးသာ ဆက်ထိန်းထားလိုက်ပါ့ဗျာ။

ဘာပဲဖြစ်ဖြစ် အာစီယံမှာတော့ မြန်မာက သည်နှစ် ဥက္ကဌပေါ့လေ။လာဘ် စားမှု အများဆုံးဥက္ကဌ ဆိုပြီး နိုင်ငံတကာက ဆုတံဆိပ်လေးများ မ စ ဖို ့ကောင်းတယ် ခမျ။ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ဥက္ကဌ ဆိုတာလေးပါအပိုဆုပေးသင့်ပါတယ်။

တစ်နှစ်လုံးလုံး ဖမ်း လို ့မိလာတဲ့ မူးယစ် ဆေး ပမာဏ ထက် အဆမတန်ပိုပြီးများနေတဲ ့ မူးယစ်ဆေးတွေကို တစ်အိမ်လုံးပြည့် ထည့်သိမ်းထားနိုင်တယ် ဆိုတာ နိုင်ငံခြားရုပ်ရှင်တွေထဲမှာတောင် မဖြစ်နိုင်ဖူးလေ။ဟော ခုတော့ မြန်မာပြည် ရန်ကုန် ရွှေမြို ့တော် ကြီးရဲ့ ကျက်သရေဆောင် ကုန်းမြင့်ရိပ်သာမှာမှ လာ မိတာ ဆိုပဲ။

ဘယ်လောက်ဂုဏ်ယူစရာ ကောင်းလဲဗျာ။ကုန်းမြင့်ရိပ်သာ ဆိုတာ ဇာဂနာ တို ့လို ပမွှား၊သာမြင်ညောင်ည၊ကလေကဝ၊အုတ်ကြားမြက်ပေါက် တွေ ရစ်သီရစ်သီ လုပ်လို ့မရတဲ့ နေရာကြီးပါ။သည်လို နေရာ မျိုးမှာမှ မူးယစ်ဆေးတွေ တစ်အိမ်လုံး အပြည့်တွေ့တယ် ဆိုတာကတော့ တော်တော့်ကိုဂုဏ်ယူစရာကြီးခမျ။ဇာဂနာ ကတော့ခေါင်းလောင်းကြီးတွေ့ရင်တောင် အဲသလိုဂုဏ်မယူပေါင်။ခုတော့ ရေရေလည်လည် ဂုဏ်ယူတယ်။

မူလတန်း ကလေးတွေ ကို စာသင်ပေးသလို မျိုး ဒီလိုလေး ဂုဏ်ယူပြီးရွတ်ကြည့်ချင်တယ်။

မူးယစ်ဆေး များ သိုလှောင်ရာ အရပ်ကိုကုန်းမြင့်ရိပ်သာ ဟုခေါ်ပါသည်။

မူးယစ်ဆေး များ သိုလှောင်ရာ အရပ်ကိုကုန်းမြင့်ရိပ်သာ ဟုခေါ်ပါသည်။

မူးယစ်ဆေး များ သိုလှောင်ရာ အရပ်ကိုကုန်းမြင့်ရိပ်သာ ဟုခေါ်ပါသည်။

အောင်မလေး။ဆိုလို ့ကောင်းလိုက်တာဗျာ။(မှတ်ချက်၊ဒါ သရော်စာနော်၊သရော်စာ ဆိုတာ ဘာမှန်းညာမှန်းမသိပဲ ရန်လာလုပ်နေမှာလဲ ကြောက်ရသဗျ)ဒါတွေလဲ ဇာဂနာ သိလို ့ပြောနေတာမှ မဟုတ်တာ။သရော်စာရေးနေကျ ချန်ပီယံတွေဖြစ်တဲ့ သူရ ဿဝါ မြှောက်ပေးလို ့ရေးရတာပါ။တကယ်တော့ ဇာဂနာ ဘာမှ မသိရပါဖူးခင်ဗျာ။

 

ဇာဂနာ