ပူတာအိုတမ်းချင်း၂

poochSeptember 20, 20146min25131
သူတို့မီးဖိုချောင်
သူတို့မီးဖိုချောင်

IMG_1292

ချောချောလေးတွေ
ချောချောလေးတွေ
ရေခဲငါးဖမ်းနေတာ ရေခဲငါးက အတော်စားလို့ကောင်းတယ်
ရေခဲငါးဖမ်းနေတာ ရေခဲငါးက အတော်စားလို့ကောင်းတယ်
ပြန်ဆင်းလာတော့လပြည့်ညမှာဇီယာဒမ်းရွာက အကနဲ့ဧည့်ခံတာ
ပြန်ဆင်းလာတော့လပြည့်ညမှာဇီယာဒမ်းရွာက အကနဲ့ဧည့်ခံတာ

IMG_1331

IMG_1947

သူဒေါသထွက်ရင်အဲ့လိုပဲမှုန်မှိုင်းနေတာ
သူဒေါသထွက်ရင်အဲ့လိုပဲမှုန်မှိုင်းနေတာ

IMG_1157

သစ်ခွပင်တွေ
IMG_1143

IMG_0710

IMG_1237

ပူတာအိုနှင်းဆီ
ပူတာအိုနှင်းဆီ
တောစတော်ဘယ်ရီ
တောစတော်ဘယ်ရီ
စံပယ်နဲ့တူပြီး ခရေနံ့မွှေးတဲ့ပန်း ပူတာအိုခရေလိုနာမည်ပေးခဲ့တယ်
စံပယ်နဲ့တူပြီး ခရေနံ့မွှေးတဲ့ပန်း ပူတာအိုခရေလိုနာမည်ပေးခဲ့တယ်

IMG_1227

၂ရက်မြောက်လောက်လမ်းလျှောက်ပြီးတော့ စမြင်ရတဲ့မြင်ကွင်း
၂ရက်မြောက်လောက်လမ်းလျှောက်ပြီးတော့ စမြင်ရတဲ့မြင်ကွင်း

IMG_0752

IMG_0809

IMG_1102

IMG_0878

DSCN9316

IMG_0868

DSCN9264

မိုးမခပင်ရယ်ထင်းရှုးပင်ရယ်တိဘက်ကတောင်တန်းတွေရယ်
မိုးမခပင်ရယ်ထင်းရှုးပင်ရယ်တိဘက်ကတောင်တန်းတွေရယ်
a moment can last forever with my special ...
a moment can last forever with my special …

31 comments

  • Myo Thant

    September 20, 2014 at 1:23 pm

    ကချင်ပြည်နယ်သား ကချင်မြေကို လွမ်းသွားသဗျာ ၊

  • မြစပဲရိုး

    September 20, 2014 at 2:45 pm

    ဒီလို လှတဲ့ နေရာလေး ကို ပိုပြီး လှ အောင်လုပ်ပေးချင်လိုက်တာ။
    ဒါ ငါတို့ နိုင်ငံ ရဲ့ မြင်ကွင်း ဆိုပြီး ယမ်းနံ့ မရှိတဲ့ လတ်လတ်ဆပ်ဆပ် လေ ကို ရှူပြီး စိမ်းလန်း နေတဲ့ သဘာဝ တောတောင် တွေ အတွက် ဂုဏ်ယူချင်လိုက်တာ။
    လူမျိုး ဘာသာ ကွဲချင်ကွဲ မယ်၊ ငါတို့ ရဲ့ တစ်မြေထဲ နေ သွေးချင်း တွေ ဆိုပြီး စိတ်ဝမ်းမကွဲ နေချင်လိုက်တာ။
    အခြေအနေ ပေးရင် တစ်နေ့တော့ အဲဒီ လိုဒေသ တွေ က ကလေး တွေ ဆီ ရောက်ချင်ပါသေးတယ်။

    ကချင် ရဲ့ အလှအပ ကို မြင်ဖူးအောင် ခေါ်သွားပေးလို့ ကျေးဇူးပါ ပုချ်လေး။
    အောက်ဆုံးပုံထဲ က ကောင်မလေး က တစ်အားချစ်ဖို့ကောင်းတယ်။
    ရေခဲငါးဖမ်းနေတဲ့ နားက ကျောက်တုံးကြီး တွေ က စိတ်ဝင်စားစရာဘဲ။
    ဆောင်းဆို ရေတွေ မခဲဘူးလား။

    • pooch

      September 21, 2014 at 2:04 am

      တအားချစ်ဖို့ကောင်းတယ်ဆိုတာ အကြောင်းမသိသေးလို့ပါ အရီးရယ် ဟီး :mrgreenn:
      အမေဆို နင့်ကို ငါမွေးထားတာမှ ဟုတ်ရဲ့လားတဲ့
      ဗိုက်ထဲပြန်သွင်းချင်နေတာ ပေါက်ကျော်မတဲ့ 😥

      အနော်ခရီးသွားတိုင်း အမေက ငါ့သမီးရယ်တဲ့ စိတ်ပူလို့ အဝေးကြီးတွေ လျှောက်မသွားပါနဲ့တဲ့

      ဖုန်ကန်က ပြန်လာပြီး သိပ်မကြာဘူး
      သူငယ်ချင်းတွေ သန်းခေါင်သန်းလွဲဖုန်းဆက် စိတ်ကူးပေါက်ပြီး ည ၂ နာရီလောက်ကြီး ပုဂံထသွားကြတာ မနက်ရောက်တော့ အမေက အနော့်ကို ပျောက်ပြီး ဟိုနောက်ဒီနောက်လိုက်သွားတာ မှတ်ပြီး သွေးတောင်တက်တယ်

      အမှန်က အိပ်ရေးပျက်မှာ စိုးတာရယ် မလွှတ်မှာစိုးတာရယ်ပေါင်းပြီး လစ်သွားကြတာ ဂျလေဘီတွေ ဆိုတော့ လမ်းပေါ်ပျော်တာ :mrgreenn:
      ညီမလေးကို နှိုးပြီး မှာခဲ့တာ မနက်မှ ပြောဆိုပြီး
      ဒါလေးတွေက အကင်းပဲ ရှိသေးတယ်

      မိန်းကလေးပီပီ မိန်းမပီသတဲ့အရာတွေအားလုံး ဘာမှ စိတ်မဝင်စားဘူး
      လုပ်ချင်တာလုပ်ပြီး နေချင်သလိုနေတာ
      ပြောစကားလည်း နားထောင်ချင်မှ နားထောင်တာ
      ထင်ရာစိုင်းပြီး ဘုတောတတ်တယ်

      အမေ့စကားနားထောင်ခဲ့ရင် ဒီလိုခရီးတွေ သွားဖြစ်မယ်ထင်နေသလား အရီး
      အခု အနော့်ကို အမေက လက်မြှောက်သွားပြီ

      မီးမီးကို အနော်နဲ့မတူပါစေနဲ့သာဆုတောင်းပါအရီး ရယ်

      ဒါပေမဲ့ ဓာတ်ပုံတွေပြပြီး အိမ်လာတဲ့ လူတွေ အမျိုးတွေကိုလေ သူ့သမီးက ဒီတောင်တွေ သွားတက်တာဆိုပြီး ကြွားတာ ကွယ်ရာမှာ :mrgreenn:

      ကျောက်တုံးအကြီးကြီးတွေက နေရာအနှံ့မှာ ချောင်းစပ်ဆို ပုံစံအမျိုးမျိုးနဲ့ ရှိတယ်
      ကချင်ပြည်နယ်ရဲ့ သင်္ကေတလို့တောင် ပြောလို့ရတယ်

      ဆောင်းတွင်းက အဲ့လိုချောင်းတွေ ခဲမခဲတော့ မရောက်သေးလို့ မသိပေမဲ့ အခုကို ချောင်းရေက အေးစက်နေတာ ရေဘူးထဲ ရေထည့်လိုက်ရင် ရေခဲသေတ္တာထဲက ထုတ်သလို အငွေ့တွေနဲ့ အေးနေတာ
      ရေကြာကြာစိမ်ရင်လည်း ခြေထောက်တွေကျဉ်လာတယ်
      ဒါပေမဲ့ အရမ်းစိမ်လို့ ကောင်းတယ်
      ဆရာမသိအောင် ခိုးစိမ်ကြတာ ဟီး :mrgreenn:

      ဆရာက ဖျားမှာစိုးလို့ ရေမထိခိုင်းဘူး ။

      အဲ့ဒီဒေသမှာ မီးမရှိဘူး နောက် ဘာentertainment မှ မရှိဘူး
      ဘာပြိုင်ဆိုင်မှုမှ မရှိဘူး မြို့ပြရဲ့ ညစ်ထေးမှုတွေ မရှိဘူး
      အရမ်းငြိမ်းချမ်းတယ်

      ဘဝကို သဘာဝနဲ့ တသားထဲလိုက်လျောညီထွေဖြစ်အောင် နေချင်တဲ့သူအဖို့တော့ Paradise ပဲ

      သွားအုန်းမယ် အရီး နောက်တခေါက်ရောက်အောင် ထပ်သွားအုန်းမယ်
      ကလေးတွေကိုလည်း ကိုယ်ပေးနိုင်တာ မျှနိုင်တာတွေ ပေးချင်သေးတယ်

      အရီးပြောသလို စိတ်ဝမ်းမကွဲပဲ နေနိုင်ဖို့ ဆုတောင်းရုံမက ၂၀၁၅ မှာ အသဲကြားက မဲတပြားနဲ့ အားဖြည့်ရအုန်းမယ်

      • Foreign Resident

        September 21, 2014 at 5:24 am

        ” ညီမလေးကို နှိုးပြီး မှာခဲ့တာ မနက်မှ ပြောဆိုပြီး
        ဒါလေးတွေက အကင်းပဲ ရှိသေးတယ် ”

        😛

        ရေခဲငါး တဲ့ ၊ စားကောင်းတယ်တဲ့ ။
        စားကြည့်ချင်လိုက်တာ ။

  • Iris

    September 20, 2014 at 3:06 pm

    ဟုတ်​တယ်​အရီး. အဲ့ဒီ​နေရာ​လေးကို လူတိုင်​းသွးနိုင်​​အောင်​လုပ်​​ပးမယ်​ဆိုသိပ်​​ကောင်​းမှာ။ အမြဲဂုဏ်​ယူစွာနဲ့ အ​ပေါင်​းအသင်​း​တွေကို​ပြော​နေကြ ငါတို့မြန်​မာနိုင်​ငံ​မြောက်​ပိုင်​းမှာလှပတဲ့​ရေခဲ​တောင်​​တွေရှိတယ်​လို့။
    ​အောက်​ဆုံးပုံ​လေးအရမ်​းလှတယ်​ပုချ်​။ အချိန်​တစ်​ပတ်​​လောက်​နဲ.တတ်​လို့ရရင်​​ကောင်​းမယ်​။
    သူငယ်​ချင်​းတစ်​ချို့ကိုအလည်​​ခေါ်သွားချင်​တယ်​။ ​ရေခဲငါးဖမ်​း​နေတဲ့​နေရာ​လေးကစိတ်​ဝင်​စားဖို့​ကောင်​းတယ်​. ကြိုးတံတား​ပေါ်လည်​း​လျှောက်​ချင်​တယ်​။ ဟီး အကုန်​လုံးကြိုက်​တယ်​။

    • pooch

      September 21, 2014 at 2:16 am

      တပတ်နဲ့သွားချင်ရင် တော့ မရလောက်ဖူး အိုင်းရစ်ရဲ့
      သူ့ရဲ့ ရေမြေတောတောင် အနေအထားကိုက လမ်းက မရဘူး သွားနိုင်ရင်တောင် အရမ်းပန်းမယ် တရွာကို ကျော်နိုင်ရင်တောင် နောက် ၂ ရွာနဲ့ စခန်း ၂ ခု ပေါင်း ၄ ညလောက်တော့ သွားမှာ
      အသွားအပြန်ဆို ချုံ့နိုင်ရင်တောင် အင်း ၈ ရက် ၉ ရက် ပြေးမလွတ်ဖူး
      ဒါတောင် ရန်ကုန်ပူတာအို တိုက်ရိုက်လေယာဉ်စီးပြီး တောက်လျှောက်တက်ရမှာ
      ပုတို့က မန်းလေး – မြစ်ကြီးနား – ပူတာအို မှာ အသွားအပြန် ၄ ညကုန်တယ် တောထဲဝင်တာ ၉ ရက်ကြာတယ်
      ရလောက်ပါတယ် တပတ် နဲ့ အထမ်းများများငှားသွား လမ်းလျှောက်တော့ ကျင့်မှ ရမယ် ရွာတွေ ကျော်ရမှာဆိုတော့ အသွားမကျော်နဲ့ အပြန်မှ ကျော် ပန်းမှာစိုးလို့

  • ခင် ခ

    September 20, 2014 at 3:14 pm

    အကနဲ့ဧည့်ခံတုန်းက ရိုးရာတီးဝိုင်းနဲ့လားဟင်

    • pooch

      September 21, 2014 at 2:29 am

      ဟုတ်တယ် ရိုးရာတီးဝိုင်းခေါ်မလားပဲ သီချင်းတွေ ဆိုပြီး ကတာပေါ့
      စည်းချက်လိုက်ပြီး ကရတာ

      အနော်တို့တွေကလည်း သင်္ကြန်သီချင်းရယ် ကုန်းက သီချင်းတို့ ပြန်ဆိုပြ သူတို့နဲ့ ရောက ကွင်းပတ်ပြီး ကကြတာ ပျော်စရာကောင်းတယ်
      လကလည်းသာပြီး ထိန်နေတာပဲ

      အနော်တို့ ဆရာက မီးပုံပေးမလုပ်ဖူး သူက တောကိုချစ်တယ် မလိုအပ်ရင် ဘယ်လိုနည်းနဲ့မှ မဖြုန်းဘူး အရမ်းဂရုစိုက်တယ်

      အားလုံးက headlight တွေ ပါတော့ ခေါင်းမှာတပ်ပြီး မီးထွန်းပေးထားကြတာ လှမှ လှ
      :mrgreenn:

  • kai

    September 20, 2014 at 5:07 pm

    သတင်းစာမှာ.. ယူအက်စ်ရောက်မြန်မာသစ်ခွသမားတယောက်နဲ့.. အင်တာဗျူးဖူးတယ်လေ..
    သူ့အပြောအရတော့.. အဲဒီကချင်ဖက်ကသစ်ခွတွေ.. ကမ္ဘာကမသိနိုင်သေးတာ.. အများကြီးပဲဖြစ်နိုင်တယ်တဲ့..

    သိလို့ကတော့.. ကိုယ့်နာမယ်ကိုယ်ကောက်ပေးပြီး. သမိုင်းမှတ်တမ်းကျန်ောအင်လုပ်လို့ရပါ့…။

    နောက်သိချင်တာတခုက..
    ဂွမ်တိဂွမ်တိ.. ဟိုးးအရင်ကဆောင်းပါးတခုမှာဖတ်ဖူးတာ.. ခါကာဘိုရာဇီဆိုတဲ့နာမယ်က.. အဲဒီမြန်မာ့အမြင့်ဆုံးတောင်နာမယ်အရင်းမဟုတ်ဖူးတဲ့..။
    တောင်ကိုရှာတွေ့သွားတဲ့အင်္ဂလိပ်ကြီးက.. ရပ်ရွာဒေသခံတွေမေးလိုက်တာ..သူတို့က. သူတို့ဘာသာစကားနဲ့..ခါကာဘို(နှင်းအမြဲပြိုကျနေ) တဲ့.. ရာဇီ(တောင်) လို့ပြောလိုက်တာတဲ့..။
    တကယ်နာမယ်က(မသေချာ) အဘူတန်ရာဇီဆိုလား.. ပဲ..။
    ဟုတ်မဟုတ်သိချင်သား…။ :i:

    • pooch

      September 21, 2014 at 2:54 am

      သိချင်ခဏစောင့် သေချာမေးပေးမယ်
      အဘူတန်ရာဇီ ဟုတ်လောက်တယ်
      အခုလက်ရှိတိုင်းတာချက်အရ ခါကာဘိုရာဇီက အမြင့်ဆုံး မဟုတ်တော့ဘူး
      အမေရိကန်နိုင်ငံသား အန်တီတိုင်ဆင် လာတက်သွားတဲ့ ဂမ်လန်ရာဇီကမှ အမြင့်ဆုံးတောင်ဖြစ်သွားပြီ
      တိုင်ဆင် အခု ရောက်နေတယ် ပျောက်နေတဲ့ ၂ ယောက်ကို ရှာဖို့

      အနော်တော့ မထင်တော့ပါဘူး သူကြီးရယ် ၁ဝ ရက်ကျော်မပြောနဲ့ ရက်ပိုင်းဆိုရင်တောင် မရှင်နိုင်တဲ့ ရာသီဥတုပါ နှင်းကိုက်တာရယ် ဦးနှောက်က ကျုံ့မှာရယ် မတွေးဝံ့ မတွေးရဲ 😥

      အကယ်၍များ ရှင်လျှက်တွေ့တယ် ဆို သူတို့က လူမဟုတ်ဖူး နတ်တွေ ဒါမှ မဟုတ် နတ်ဖွက်ခံရတာဖြစ်မယ် ကံကောင်းလွန်းအားကြီးပြီး နတ်တွေဖွက်ထားပါစေလို့ပဲ ဆုတောင်းပါတယ်

      သစ်ခွတွေက မိုးမခင်ပင် အမြင့်တွေမှာ ပေါက်နေတာ အမြင့်ကြီးပဲ
      လူကို တောင်တင်မကဘူး သစ်ပင်ပါ တက်ခိုင်းနေတယ် ဟောဒီ သူကြီး :byee:

      မျိုးစိတ်အသစ်ဟုတ်မဟုတ်က ပွင့်မှ သိတာ အပင်တွေက ဆင်တူတယ် ပြီးမှ နိုင်ငံခြားက စစ်တဲ့ နေရာတွေပို့ပြီး စစ်ရတာ
      တောထဲ တာဇံမယ်လုပ်ပြီး နေရမှာလား ပြော အလွယ်မှတ်လို့

      စကားမစပ် အနော့် ဆောင်းပါးပါတဲ့ သတင်းစာ ၂ စောင်လိုချင်လို့ လူကြုံရှိရင် ထည့်ပေးပါ ကျေးဇူးမမေ့ပါဘူး

      အမေ့ကို ပေးဖတ်ချင်လို့ပါ

      • မြစပဲရိုး

        September 21, 2014 at 2:53 pm

        ဝီကီ ထဲ မှာတော့ ဝင်မပြောင်း သေးဘူး။
        အမှန် ဆိုရင် ပြောင်းလိုက်ဖို့ သင့်တယ်နော်။
        List of Southeast Asian mountains
        List of highest mountains
        Name Height Location
        Hkakabo Razi 5,881 m (19,295 ft) Myanmar
        Ganlanrazi 5,870 m (19,259 ft) Myanmar
        Dindawrazi 5,464 m (17,927 ft) Myanmar
        Sheankalarazi 5,000 m (16,404 ft) Myanmar
        Puncak Jaya 4,884 m (16,024 ft) Indonesia
        Sumantri 4,870 m (15,978 ft) Indonesia
        Ngga Pulu 4,862 m (15,951 ft) Indonesia
        Puncak Mandala 4,760 m (15,617 ft) Indonesia
        Puncak Trikora 4,750 m (15,584 ft) Indonesia
        Ngga Pilimsit 4,717 m (15,476 ft) Indonesia
        Pangramrazi 4,655 m (15,272 ft) Myanmar
        Phonnyinrazi 4,560 m (14,961 ft) Myanmar
        Mount Kinabalu 4,095 m (13,435 ft) Malaysia
        Mount Saramati 3,826 m (12,552 ft) Myanmar
        Mount Kerinci 3,805 m (12,484 ft) Indonesia
        Rinjani 3,727 m (12,228 ft) Indonesia
        Semeru 3,677 m (12,064 ft) Indonesia
        Phonkanrazi 3,655 m (11,991 ft) Myanmar
        Mount Slamet 3,428 m (11,247 ft) Indonesia
        Mount Sumbing 3,371 m (11,060 ft) Indonesia
        Mount Arjuno 3,339 m (10,955 ft) Indonesia
        Mount Lawu 3,265 m (10,712 ft) Indonesia
        Mount Lonkrumadin 3,185 m (10,449 ft) Myanmar
        Mount Merbabu 3,145 m (10,318 ft) Indonesia
        Fansipan 3,143 m (10,312 ft) Vietnam
        Mount Sundoro 3,136 m (10,289 ft) Indonesia
        Nat Ma Taung (Mount Victoria) 3,109 m (10,200 ft) Myanmar
        Mount Cereme 3,078 m (10,098 ft) Indonesia
        Mount Agung 3,031 m (9,944 ft) Indonesia
        Phu Luong 2,985 m (9,793 ft) Vietnam
        Mount Ramelau 2,963 m (9,721 ft) East Timor
        Mount Apo 2,954 m (9,692 ft) Philippines
        Pegunungan Arfak 2,940 m (9,646 ft) Indonesia
        Mount Dulang-dulang 2,938 m (9,639 ft) Philippines
        Mount Merapi 2,930 m (9,613 ft) Indonesia
        Mount Pulag 2,922 m (9,587 ft) Philippines
        Phou Bia 2,819 m (9,249 ft) Laos
        Mount Mawpie 2,813 m (9,229 ft) Myanmar
        Mount Kalawitan 2,714 m (8,904 ft) Philippines
        Mount Amuyao 2,702 m (8,865 ft) Philippines
        Mount Trus Madi 2,642 m (8,668 ft) Malaysia
        Mount Tambuyukon 2,579 m (8,461 ft) Malaysia
        Doi Inthanon 2,565 m (8,415 ft) Thailand
        Loi Pangnao 2,563 m (8,409 ft) Myanmar
        Mayon Volcano 2,462 m (8,077 ft) Philippines
        Mount Tahan 2,187 m (7,175 ft) Malaysia
        Doi Chiang Dao 2,175 m (7,136 ft) Thailand
        Phu Soi Dao 2,120 m (6,955 ft) Thailand / Laos
        Phou Khe 2,079 m (6,821 ft) Thailand / Laos
        Mount Tapulao 2,037 m (6,683 ft) Philippines
        Doi Mae Tho 2,031 m (6,663 ft) Thailand

        :-)))

        • pooch

          September 22, 2014 at 3:41 pm

          ပြောရရင် အရင်တိုင်းတာနဲ့ အခုတိုင်းတာ နည်းနည်းတော့ကွာတယ်
          ဖုန်ကန်တောင် ပေ ၁၀၅၀ဝ လို့ပြောပေမဲ့ အခုအဖွဲ့တွေတိုင်းလာတော့ ၁၀၈၆၈ ပေ ရှိတယ်။

          နည်းပညာကြောင့် ပိုတိကျလာတဲ့ သဘောပါပဲ။ ဂြိုလ်တုက လှမ်းတိုင်းတာလို့ ပြောတယ်။
          မထည့်သေးတာ အတိကျမသိမသေချာသေးလို့ ဖြစ်မှာပါ
          ပြောသံကြားလို့

  • sorrow

    September 20, 2014 at 6:49 pm

    so called kachin …အငိငိငိငိ ..

  • Iris

    September 20, 2014 at 7:04 pm

    ​ရေခဲ​တောင်​​ပေါ်​တောင်​မ​ရောက်​ဖူးတဲ့ ကချင်​နုထွားကြီး..နာမည်​က​ရော ကချင်​နာမယ်​လည်​းမရှိပဲနဲ့.

  • aye.kk

    September 20, 2014 at 11:21 pm

    ပုချ်​​ရေ

    အန်​တီ​တော့ ဓတ်​ပုံ​တွေကြည်​ု့ပြီး
    ​ရောက်​ဖူးချင်​မိတယ်​

    • pooch

      September 21, 2014 at 2:57 am

      တာချီလိတ်ဖက်လည်း လှပါတယ် အန်တီအေးရဲ့
      ဒီဇင်ဘာဆို လွယ်မွေ နှစ်တရာအိမ်ဖက် ချယ်ရီတွေလှိုင်တော့မှာ လာရင်ကောင်းမလားလို့
      အဒေါ်တို့ မပြောင်းသေးခင် သူငယ်ချင်းတွေနဲ့ ထပ်လာမလို့

  • alinsett

    September 21, 2014 at 12:21 pm

    ငါး ဖမ်းချင်တယ်…
    ဒါနဲ့…မီးဖိုချောင်မှာ…ဒယ်အိုးထဲက… ဘာချက်နေကြတာလဲ..

    😆

    • pooch

      September 22, 2014 at 3:47 pm

      ပြောင်းဖူးပေါက်ပေါက် :mrgreenn:

  • ကိုပေါက်(မန္တလေး)

    September 21, 2014 at 12:41 pm

    အားကျ လွန်းတာ မနာလိုတောင်ဖြစ်လာပြီ

    ဒါမျုးိကအစုအဖွဲနဲ့သွားမှာ ပိုကောင်းမယ်

    တစ်ကိုယ်တော် ဆို ဒီလို အဆင်မပြေနိုင်ဘူးနော်

    နောက် ထပ် ပြောရ ရင်

    မယ်ပု အတော်ပိန်သွားတယ်

    • pooch

      September 23, 2014 at 12:20 pm

      တယောက်ထဲသွားရင် ဘယ်အဆင်ပြေမလဲ တခုခုဆို မလွယ်ဘူးလေ လမ်းပန်းဆက်သွယ်ရေးခက်တယ်
      အခု ပျောက်နေတဲ့ ၂ ယောက် တောင် ဘယ်လိုရှာနေရလဲ ကြည့်

      မပိန်ပါဘူး ဗျာ မမြင်တာကြာလို့ ဖြစ်မှာပါ
      ပေါင်ချိန်က ဒီအတိုင်းပါပဲ
      အဲ့ရက်ပိုင်းကတော့ အအိပ်ပျက် အစားနည်း ခရီးကြမ်းနှင်ထားလို့ မျက်နှာနည်းနည်းချောင်နေတာပါ

  • မြစပဲရိုး

    September 21, 2014 at 2:49 pm

    ပုချ် လေး
    ခေါင်းမာတာ နဲ့ အသိမဲ့တာ တစ်ခြားဆီပါလေ။
    တို့ မယ်ပုချ် လေးက ခေါင်းမာပေမဲ့ အသိ်ဉာဏ် ဗဟုသုတ ဆင်ခြင်မှု ကောင်း တဲ့ မိန်းကလေးမို့
    ပုချ်လို ပုံစံ မိန်းကလေး မျိုး အရီး ကလေး ဖြစ်ရင် ပိုပြီး ကြိုက်ပါတယ်။
    ကိုယ်ကတော့ သူ့ရှေ့ မှာ နဲနဲ ပိုနေ နေရမလား တော့ မသိ။

    အမေ့ ကို ပြောလိုက် အရီး က ပြောတယ်လို့၊
    အမေ အင်မတန် ကံကောင်းတာလို့။ :-)))

    • pooch

      September 22, 2014 at 4:34 pm

      ဟုတ် ပြောလိုက်မယ် အရီး :mrgreenn:

  • ဇီဇီ

    September 21, 2014 at 4:20 pm

    ကလေးတွေက ရုပ်သန့်လိုက်တာ။
    ပန်းတွေရဲ့ အလှက အရိုင်းဆန်ပြီး လတ်ဆတ်တယ်။

    နောက်ဆုံးက ပုံက ဘယ်က ဂျစ်ကန်ကန်ကလေးမ တုန်းးး။
    :mrgreenn:

    သများသာ ဆို ကိုယ့်ပုံတွေ ပဲ အများကြီးရိုက်ဖြစ်မယ်ထင်!!
    အာ့ကြောင့် ခရီးသွားဆောင်းပါး ရေးလို့ ကို မရတာ။
    ဟိ

    :k:

    • pooch

      September 22, 2014 at 4:39 pm

      ဘယ်နေလိမ့်မလဲ ရိုက်တာပေါ့ အဓိက ရည်ရွယ်ချက်တွေထဲမှာ ဓာတ်ပုံရိုက်ဖို့လည်း ပါတာပေါ့
      Tina ထဲမှာ အများကြီး ရှိပါ့ အမုန်းကြည့်လို့ ရတယ် မပျင်းရင်ပြောပါတယ် :mrgreenn:

  • Ko chogyi

    September 21, 2014 at 8:38 pm

    ဝါးလုံးတွေနဲ့လုပ်ထားတဲ့ ကြိုးတံတားတစ်ခု အရမ်းလှတယ်
    လမ်းလျှောက်ရတာလည်းပျော်ဖို့ကောင်းတယ်
    ဝါးလုံးကချော် ကြိုးကယိမ်းနဲ့ပေါ့

    • pooch

      September 22, 2014 at 4:58 pm

      တွေ့ခဲ့ပါ့ မူးတောင်မူးတယ်

  • Ma Ei

    September 22, 2014 at 10:29 am

    ရေခဲတောင် နောက်ခံနဲ့ ဓာတ်ပုံလေးများ ဒီတစ်သက် ရိုက်ခွင့်မှရှိပါ့မလား..
    အားကျလိုက်တာ …တစ်ခေါက်ရောက်ဖူးရင် တစ်သက်မမေ့နိုင်
    တစ်ကယ်ကို တမ်းတနေရလောက်တဲ့ နေရာလေး မြန်မာပြည်မှာရှိနေတာပေါ့နော်…

  • kyeemite

    September 22, 2014 at 3:36 pm

    . ပျောက်နေတဲ့ တောင်တက်သမားနှစ်ယောက်အတွက် စိတ်မကောင်းပါဘူး
    .သူတို့မီးဖိုချောင် ဆိုတဲ့ပုံလေးမြင်တော့ မေမြို့က ဂေါ်ရခါးရွာလေးသတိရသွားတယ်
    .အဲ့လိုမီးဖိုပုံစံပဲ..အပေါ်မှာကျပ်ခိုးစဉ်တွဲလောင်းနဲ့…တောကောင်သားတွေကို .အဲ့ပေါ်တင်ကျပ်တိုက်ထားကြတာ..ထမင်းစားတော့လဲ အဲ့မှာပဲဝိုင်းစားကြတာပဲ
    .ဓါတ်ပုံလေးတွေမျှဝေတာသင့်ခရုပါနော 😯

  • pooch

    September 22, 2014 at 5:00 pm

    မအိ ဖူဂျီတောင်သွားပလိုက် :mrgreenn:

    ဦးမိုက် ကျမလည်း စိတ်မကောင်းဘူး ခုထိ အစနမရသေးဘူး

  • manawphyulay

    September 23, 2014 at 9:05 am

    ပထမဆုံး ပုံလေးက သူတို့ရဲ့ ဟန်ဆောင်မှုကင်းတဲ့ နွေးထွေးပျူငှာတဲ့ ကြိုဆိုမှုကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းပဲနော်။

Leave a Reply