ရွှေအကြောင်းသိကောင်းစရာ(157)

(27.10.13) ညကကျွန်တော်တို့ ရွှေလုပ်ငန်းနဲ့ပတ်သက်သူ
တွေ စုပေါင်းဖွဲ့ထားတဲ့ AZ group ရဲ့(9)ကြိမ်မြောက်
dinner ကိုကန်တော်ကြီး Western Park မှာလုပ်ဖြစ်ပါတယ် member(22) ယောက်ဖြစ်သွားပါပြီ
(3)လတစ်ကြိမ်စုပြီး လှူကြတန်းကြ စားကြသောက်ကြ
တာပါ လှူဖို့အတွက်တစ်ယောက် 15,000 နဲ့ 330,000 ရပါ
တယ် စားဖို့တစ်ယောက် 10,000 နဲ့ 220,000 ရပါတယ်
လှူဖို့အတွက်တစ်ယောက်က နတ်တလင်း တပ်ကုန်းက
ကြာကန်အလယ်တန်းကျောင်း အိမ်သာဆောက်ဖို့အတွက်
လှူဖို့အဆိုတင်ပါတယ် နောက်တစ်ယောက်က ဆည်းဆာ
ရိပ် ဂီလာနဘိုးဘွားရိပ်သာကို အဆိုတင်ပါတယ် မဲခွဲတဲ့
အခါ ကြာကန်အလယ်တန်းကျောင်းအိမ်သာက အနိုင်ရ
သွားပါတယ် ဆည်းဆာရိပ်ကအရင်နှစ်ကြိမ်လှူပြီးသွားလို့
ဒီတစ်ကြိမ်မဲနည်းသွားတယ်ထင်တယ် (10) ကြိမ်မြောက်
dinner ကို နောက်(3) လမြောက်ရဲ့ နောက်ဆုံးပတ်
တနင်္ဂနွေ (26.1.14)နေ့မှာ လုပ်ဖို့နေရာရွေးတော့
Western Park နဲ့ မြို့မကျောင်းလမ်းက Oriental House
ဆိုပြီး အဆိုနှစ်ခုရပါတယ် မဲခွဲတော့ Oriental House က
အနိုင်ရပါတယ် (9) ကြိမ်မြောက်ငွေစာရင်းရှင်းတမ်းလေး
ထည့်ပေးလိုက်ပါတယ်
လှူရန်ကောက်ခံရရှိငွေ = 330,000
လှူငွေ =330,000
လက်ကျန် = မရှိ
စားရန်ကောက်ခံရရှိငွေ = 220,000
(8) ကြိမ်မြောက်မှပိုငွေ = 34,000
dinner bill ရှင်း = 305,000
1 liter black label ဝယ်= 25,000
လိုငွေ = 76,000
member ဝင်ချင်တဲ့ friend တွေ် ဆက်သွယ်လို့ ရပါတယ်

ရွှေအကြောင်းသိကောင်းစရာ(158)

ကျွန်တော့်ညီဆိုင်မှာ ဝယ်နေကျဖောက်သည် အမျိုးသမီး
ကြီးတစ်ယောက်ရှိတယ် နှစ်နဲ့ချီကြာပြီဆိုတော့ ခင်မင်ရင်း
နှီးနေပြီပေါ့ ခင်နေပြီဆိုတော့ သူတစ်ခြားဆိုင်က ဝယ်ထားတဲ့ ရွှေတွေကိုလဲ ဒီမှာပဲဝယ်ပေးတဲ့အခါဝယ်ပေး
ဆိုင်ကအထည်နဲ့ လဲပေးတဲ့အခါလဲပေး လုပ်နေတာပေါ့
တစ်နေ့ ရဲတစ်ယောက်နဲ့ ရောက်လာတယ် သူဟိုတစ်ခေါက်လာရောင်းသွားတဲ့ လက်ကောက်ဟာ
သူ့လမ်းထဲကကောင်မလေး ခိုးလာတဲ့လက်ကောက်ဖြစ်
နေလို့တဲ့ အဲဒီကောင်မလေးကအိမ်ဖော် အိမ်ရှင်ဆီကခိုး
ပြီး သူ့ဆီလာရောင်းတာ ကောက်ရတယ်လို့ပြောတာပေါ့
သူကလဲယုံပြီး ဝယ်ပြီးကျွန်တော့်ညီဆီလာရောင်းထားတာ
အခုအိမ်ရှင်ကပစ္စည်းပျောက်တော့ အမှုဖွင့်ပြီးဖမ်းစစ်လို့
ပေါ်တော့ သူ့ဆီရောက်လာပြီး ပစ္စည်းလာသိမ်းတာ
သူလျော်ရမှာပေါ့ အဲဒါကိုမလျော်ဘဲ ကျွန်တော့်ညီဆီရဲကို
ထပ်ခေါ်လာတာ ကျွန်တော့်ညီလဲ တော်တော်စိတ်ညစ်သွားတာပေါ့ ဘာလုပ်ရမှန်းမသိတော့
ကျွန်တော့်ကိုလှမ်းခေါ်တယ်
(စဉ် 159 သို့)

ရွှေအကြောင်းသိကောင်းစရာ (159)

(စဉ် 158 မှ အဆက်)
ကျွန်တော့်က အဲဒီအမျိုးသမီးကို ရှင်းပြလိုက်တယ် ခင်ဗျားလျော်ရင် တရားရုံးရောက်ရင် ခိုးလာတာမှန်းမသိ လို့ဝယ်မိတာပါ အခုပြန်လျော်ပြီးပါပြီဆိုရင် လွတ်တယ် ခင်ဗျားမလျော်ပဲ ကျွန်တော်ညီလျော်လိုက်ရင် ခင်ဗျားအဖမ်း ခံရလိမ့်မယ်လို့ပြောလိုက်တယ်။အဲဒီတော့မှ သူဟာသူလျော်ပြီးကိစ္စရှင်းသွားတယ် ပြဿနာတွေကတော့ တစ်မျိုးပြီးတစ်မျိုးပေါ်လာတာပဲလေ ကြုံဖူးတာတွေ ထပ်ဖြစ်တာတွေရှိသလို မကြုံဖူးသေးတာတွေလဲဖြစ်လာ တတ်တာပဲ တစ်ချို့ကလူဘဝကို အဓိပ္ပာယ်ဖွင့်ဆိုတာ ပြဿနာတွေကို ဖြေရှင်းနေရခြင်းတဲ့ ပျော်ရွှင်နေတဲ့သူဆိုတာ ပြဿနာတွေမရှိတဲ့သူမဟုတ်ပါ ဘူးတဲ့ ပြဿနာတွေကိုကောင်းမွန် နိုင်နင်းစွာ ဖြေရှင်းနိုင် သူဖြစ်ပါတယ်တဲ့ မပျော်ရွှင်တဲ့သူဆိုတာက ပြဿနာတွေ ကိုကောင်းမွန်နိုင်နင်းစွာ မဖြေရှင်းတတ်တဲ့သူဖြစ်ပါတယ် ပျော်ရွှင်တဲ့သူဖြစ်ချင်ရင် ပြဿနာတွေကို ကောင်းမွန်နိုင်နင်းစွာ ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေ များလာအောင် ကြိုးစားကြရမှာပေါ့။

About Zaw Aung

Zaw Aung has written 48 post in this Website..