ဘဝခရီးသယ်

ကာရံSeptember 20, 20141min846

ဘဝခရီးသယ်

ကံတရားဆိုတာ ချိုသလား ခါးသလား
ဘဝရထားဥဩသံတစ်ချို့ နံဘေးအနား ခုတ်မောင်းစဲ
အဝေးတစ်နေရာဆုံမယ့် လမ်းဟောင်းလေးလဲ
တစ်ရွှေ့ရွှေ့ပေါ့

ခရီးစဉ်တစ်ကွေ့မှာ သူနဲ့ဆုံဖူးခဲ့တယ်
ပုဝါကလေးဖြန့်ကျဲရင်း ရနံ့သင်းသင်းလေးပါ
တစ်သက်စာမေ့မရပေမယ့် ဘဝရထားကတော့
ခွဲခွာခဲ့တယ်မေ

ခွင့်ကြုံရင်ဆုံချင်ပါသေးတယ် ဒုက္ခပင်လယ်ထဲမှာတော့
စုန်တစ်ခါ ဆန်တစ်လှည့်မို့မေရယ်
ချစ်တက်အောင် သင်ပေးခဲ့တယ်နော်

တစ်ဖက်ကမ်းအဝေးမှာ ရှိနိုးနိုးနဲ့
မာနကိုရွက်လွှင့်စဲပါ ဖူးစာမကြုံလေတော့လဲ
အမုန်းပင်လယ်ကို ဖြတ်ကျော်ကာစီးမျောတုန်းမို့
မေရယ် ဆုံဆည်းခွင့်လေ ခဏလေးဖြစ်ဖြစ်တော့
ဘဝရထားပေါ်မှာ မျှော်လင့်ရင်း

ကာရံ{15.3.2014}

6 comments

  • alinsett

    September 21, 2014 at 11:53 am

    ဘဝ ခရီးသည် လို့…ရေးရင်…ပိုမှန်မလားလို့…

    (ထင်တယ်)

    😆

  • မြစပဲရိုး

    September 21, 2014 at 3:35 pm

    ဘဝ ရထား ပေါ် က ဆင်းရမဲ့ နေ့ ရောက်လာဦးမှာ မျှော်လင့်ရင်း ဒီလိုဘဲ ခရီး သွားနေကြရတာပေါ့။

    ဧည့်သည်
    လာတုန်းကလည်း တစ်ယောက်တည်းနော်
    လက်တွဲခေါ်ကာ ဖော်မပါဘူး
    ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
    လက်တွဲခေါ်ကာ ဖော်မပါဘူး
    လာပြီးတော့နား မသွားသေခင်
    ချိန်လေးတွင်မှ
    ဝန်းကျင်ယှက်နွယ် နှောင်ကြိုးတွယ်ကြ
    ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
    မလိုဒေါသ လိုလောဘနှင့်
    ဘဝရိပ်မြုံ ကကြိုးစုံခဲ့
    ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
    သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
    တို့လျှင် ဧည့်သည် ပါတကား။

  • ကိုပေါက်(မန္တလေး)

    September 21, 2014 at 10:40 pm

    ခင်ဝမ်းကေ တာ့ ချစ်ခရီးသ ည် လို့ ဆိုသွားတယ်

    ိကို်ယ်မပို်င်တဲ့ ဘဝ မို့ စိတ်အားငယ်

    တဲ့

  • ခင် ခ

    September 21, 2014 at 11:23 pm

    ဒို့နှစ်ယောက်စီးနင်းလာခဲ့ဘဝရထားပေါ်ဝယ်
    ရင်ဂိုဆိုဟန်လေးနဲ့ ညီးမိတယ် ပိုစ့်ဖတ်ပြီးသကာလ

  • kyeemite

    September 22, 2014 at 10:50 am

    .စဲ နဲ့ ဆဲ လွဲနေတယ်မှတ်တယ်ဗျာ

  • ကာရံ

    September 22, 2014 at 10:35 pm

    ခုလိုတင်ပြပေးလို့ကျေးဇူးပါ နောက်စာသားတွေအတွက် ပြင်လိုက်ပါ့မယ်

Leave a Reply