အချစ်​မူးတဲ့ ည -၂( ဝတ္ထုတို အဖွဲ့ )

naywoon niSeptember 20, 20141min19412

ကို​မောင်​​မောင်​​လေးက ​ကောင်​မ​လေးရဲ့ အိတ်​ကိုဆွဲပြီး အိမ်​ထဲကို ဦး​ဆောင်​ဝင်​လာခဲ့တယ်​ ။ ​ကောင်​မ​လေးက​တော့ ချမ်​းလို့လားမသိဘူး ။ ​နောက်​က​နေ ကုပ်​ကုပ်​​လေးပါလာတယ်​ ။ ​ရေစို​နေတဲ့ သူ့အဝတ်​အစား​ကြောင်​့ အိမ်​ထဲကို မဝန်​့မရဲ လိုက်​ဝင်​လာတယ်​ ။ ဧည်​့ခန်​းမှာ ဖွင်​့ထားတဲ့ တီဗွီ စကရင်​ကို ကြည်​့မိပြီး မဝန်​့မရဲ မျက်​လွှာချသွားတယ်​ ။ ကို​မောင်​​မောင်​​လေးက​တော့ ခပ်​တည်​တည်​ပဲ ။ ခုထိလည်​း ​ကောင်​မ​လေးကို ဂရုတစ်​စိုက်​မကြည်​့မိ​သေးပါဘူး ။ ​ကောင်​မ​လေးရဲ့ အိတ်​ကို ဧည်​့ခန်​း​ထောင်​့ချပြီး တီဗွီ ကို ပိတ်​လိုက်​တယ်​ ။ ​ကောင်​မ​လေးကို မကြည်​့ပဲ အဝတ်​လဲချင်​ရင်​ အဲ့အခန်​းထဲ သွားလဲလိုက်​ ။ အဲ့သလိုပဲ ​ပြောလိုက်​ပြီး ​စော​စောက ထိုင်​​နေခဲ့တဲ့ ခုံမှာ ထိုင်​လိုက်​ပြီး ​စော​စောက ကျန်​တဲ့ ​သောက်​လက်​စ အရက်​ခွက်​ကို တစ်​ဘရိတ်​ထဲ ​မော့ချလိုက်​တယ်​ ။ ခုမှ သူသတိရတာက သူလည်​း အဝတ်​လဲဖို့ လို​အောင်​ စိုရွဲ​နေတယ်​ဆိုတာကိုပါ ။ ​ကောင်​မ​လေးက အခန်​းထဲက ခုထိပြန်​ထွက်​မလာ​သေးဘူး ။ ဒါနဲ့ အရက်​ ပုလင်​းထဲက အရက်​ ထပ်​ငှဲ့လိုက်​ပြီး ​ရေ​ရောလိုက်​တယ်​ ။ ​အရက်​ကို သူ့ချည်​့ မ​သောက်​နိုင်​​တော့တာ ငါးနှစ်​​လောက်​ရှိပါပြီ​ကော ။ အရင်​က​တော့ ဘယ်​ရမလဲ ။ အရက်​​သောက်​ရင်​ ​ရေဆိုတာ လိုက်​ိုမလို​တာ ။ အမြည်​း ဖတ်​က်​ို ယူစားပြီး ​သောက်​လက်​စ ​ဆေး​ပေါ့လိပ်​ကို မီးညှိလိုက်​ပြ်​ီး ခပ်​ပြင်​းပြင်​း ဖွာရှိုက်​လိုက်​တယ်​ ။ ပြီး​တော့မှ ​ကောင်​မ​လေး ထွက်​လာပြီလာ အခန်​းဖက်​လှည်​့ အကြည်​့မှာ အခန်​းထဲက ထွက်​လာတဲ့ ​ကောင်​မ​လေးနဲ့ တည်​့တည်​့ဆုံတယ်​ ။ အဲ့ဒိ​တော့မှ ​ကောင်​မ​လေးကို ​သေ​သေချာချာကြည်​့မိတယ်​ ။ ခု​ခေတ်​စား​နေတဲ့ မယ်​​တွေ ဘာ​တွေ အ​ရွေးခံ နိုင်​​အောင်​ကို လန်​းတယ်​ ။ ဒါ ​သေချာတယ်​ ။ ကို​မောင်​​မောင်​​လေး အသက်​ ​လေးဆယ်​ ​ကျော်​​နေပြီ ဆို​ပေမဲ့ လက်​ရှိ ပစ္စက္ခ အ​ခြေအ​နေ​တွေ မျက်​​ခြေပြတ်​တာမှ မဟုတ်​တာ ။ အခန်​းထဲမှာ​တောင်​ ဒက်​စ်​​တော့ ကွန်​ပြူတာတစ်​လုံးနဲ့ အင်​တာနက်​ချိတ်​ထားသူပဲ ။ ဒါ အသာထားပါဦး ။ ​ကောင်​မ​လေးကို
” နင်​ ဒီမှာထိုင်​ဦး ငါ အဝတ်​လဲ လိုက်​ဦးမယ်​ ။”
ပြီး​တော့မှ အရက်​ခွက်​ကိုဆွဲပြီး အရက်​တစ်​ငုံ စာ​မော့လိုက်​ပြီး ​ဆေး​ပေါ့လိပ်​ဖွာ ရက်​နဲ့ အခန်​းဘက်​​လျှောက်​သွားတယ်​ ။ အိမ်​က ကျယ်​ပါတယ်​ ။ အခန်​းက နှစ်​ခန်​းပဲ ရှိတာ ။ တစ်​ခန်​းက ပိတ်​ထားတယ်​​လေ ။ ဒီ​တော့ ကို​မောင်​​မောင်​​လေးက သူအိပ်​တဲ့ အခန်​းကိုပဲ ​ကောင်​မ​လေးကို အဝတ်​လဲ ခိုင်​းခဲ့တာ ။ ​ကောင်​မ​လေး ဝင်​သွားတုန်​းက ပါသွားတဲ့ သူမ အဝတ်​အိတ်​ ပြန်​ထွက်​လာ​တော့ပါမလာ​တော့ဘူး ။ အခန်​းထဲမှာပဲ ထားခဲ့ပုံရတယ်​ ။ အိပ်​ခန်​းက သူတစ်​​ယောက်​ထဲ အိပ်​တဲ့ အခန်​း ဆို​တော့ အခန်​းထဲ ပွကြီးလန်​​နေတာ ။ ဒီ​ကောင်​မ​လေး သူမ အဝတ်​စို​တွေ ဘယ်​လို​ဖြေရှင်​းခဲ့လဲ မသိဘူးလို့​တွေးရင်​း အိပ်​ခန်​းဘက်​​လျှောက်​လာခဲ့တယ်​ ။ အခန်​းဝ ​ရောက်​​တော့ ရနံ့ တစ်​မျိုး သင်​းပြန်​့လာတာနဲ့ နှုတ်​ဆက်​လိုက်​ရတယ်​ ။ ဘာနံ့ ဆိုတာကို​တော့ ​သေ​သေချာချာမခွဲ ခြားတတ်​​ပေမဲ့ သိပ်​ပြီး ခပ်​ရိုင်​းရိုင်​း အနံ့အသက်​မဟုတ်​တာမို့ အခန်​းတွင်​းဝင်​လာပြီး အဝတ်​တန်​းရှိရာကို လက်​လှမ်​းလိုက်​တယ်​ ။ ကို​မောင်​​မောင်​​လေး အကျင်​့က အဝတ်​​တွေကို တန်​း​ပေါ်မှာပဲထား ပြီး တစ်​ထည်​ပြီး တစ်​ထည်​ ​လျှော်​ဖွတ်​ပြီးဝတ်​​လေ့ရှိတာပါပဲ ။ ​သေတ္တာ​တွေ ဘီရို​တွေ ရှိ​ပေမဲ့ မသုံးဘူး ။ ရှိသမျှ အကျႋီ ချိတ်​ထိုးထားပြီး လုံခြည်​ ကိုလည်​း ဒီအတိုင်​း တန်​း​ပေါ် လွှားထားတတ်​တယ်​ ။ ဆို​တော့ကာ အဝတ်​တန်​း​ပေါ်မှာ ………
ရှင်​း​နေပါ့လား​ပေါ့ ။ ရှိသမျှလုံခြည်​ အားလုံး တစ်​ထည်​ချင်​း​ခေါက်​ပြီး ​တန်​း​ပေါ်​ခေါက်​လျှက်​တင်​ထားတာ​တွေ့လိုက်​တယ်​ ။ ကြိုးတန်​း တစ်​ဖက်​တစ်​ချက်​စီမှာ အကျႋီ က တစ်​ဖက်​ လုံခြည်​က တစ်​ဖက်​ ။ အလယ်​မှာ​တော့ ​ကျေးဇူးရှင်​မ​လေးရဲ့ ​ရေစို​နေတဲ့ အဝတ်​များ ​တွေ့လိုက်​ရတယ်​ ။ ဒင်​း ဒါ​ကြောင်​့ လိုအပ်​တာထက်​ကြာ​နေတာကိုး ။ ​တွေ့ရာ အကျႋီ လုံခြည်​ ​ကောက်​လဲ ပြီ း အပြင်​ပြနာထွက်​လာခဲ့တယ်​ ။ အခန်​းထဲက မထွက်​ခင်​ ကုတင်​ရှိရာ လှမ်​းကြည်​့လိုက်​​တော့ ကုတင်​ ခါးလယ်​​လောက်​မှာ သူမရဲ့ အိတ်​ကို​တွေ့လိုက်​ရလို့ ​ခေါင်​းနဘမ်​းကြ်​ီးသွားတယ်​ ။ ​သောက်​ထားတဲ့ အရက်​ က ပိုမူးသွားသလိုပဲ ။ ခုမှ နှစ်​ပက်​​ကျော်​​လေး ​သောက်​ရ​သေးတာ ။ ကို​မောင်​​မောင်​​လေးက အူ အရိုင်​းမဟုတ်​ပါဘူး ။ အရက်​နဲ့ နှစ်​​ပေါင်​းများစွာ ရင်​းနှီးပြီးသားပါ ။ ဧည်​့ခန်​းထဲ ပြန်​​ရောက်​​တော့ ​စော​စောက ကို​မောင်​​မောင်​​လေး ထိုင်​ခဲ့ တဲ့ နှစ်​​ယောက်​ထိုင်​ ဆက်​တီ ထိုင်​ခုံ​ပေါ်မှာ ​ကောင်​မ​လေးက ခပ်​ရွံ့ရွံ့ ထိုင်​လို ။ အ​အေးဒဏ်​ ခံ​နေရတုန်​းနဲ့ တူရဲ့ ။ အံ မယ်​ ​သောက်​လက်​စ အရက်​ခွက်​က ဖင်​ကပ်​ပဲ ရှိ​တော့ပါလား ။ အပြင်​းစား​လေးနဲ့ လာ​တွေ့​နေပြီနဲ့ တူရဲ့ ။
” ညီမ အရမ်​း​အေး​နေလို့ အကို ကြီး​သောက်​ထားတား နဲနဲ​သောက်​လိုက်​တယ်​​နော်​ ။ ခုမှ ရင်​ထဲ ​နေသာထိုင်​သာရှိသွား​တော့တယ်​ ”
သူမက ဘာမှ မဖြစ်​သလ်​ို ​ပြောတာကို ကို​မောင်​​မောင်​​လေးကလည်​း ဂရုစိုက်​မ​နေပဲ ဆက်​တီထိုင်​ခုံမှာဝင်​ထိုင်​လိုက်​ပြီး စားပွဲ ​ပေါ်က ပုလင်​းကို ဆွဲယူပြီး အရက်​ခွက်​ထဲ သွန်​ထည်​့လိုက်​​တော့တယ်​ ။ ပြီးမှ ​ရေအပြည်​့ထည်​့ပြီး တစ်​ငုံစာ​မော့​သောက်​လိုက်​ပြီး ပုလင်​းခွံ ကိုဆွဲပြီး မီးဖို​ဆောင်​ဘက်​ထွက်​လာခဲ့တယ်​ ။ မီးဖိုထဲ ​ရောက်​​တော့ အရက်​ပုလင်​း တစ်​ပြားနဲ့ အတူ ယမ်​ယမ်​ ​ခေါက်​ဆွဲ​ခြောက်​ထုတ်​ အချဉ်​ နှစ်​ထုတ်​နဲ့ ပန်​းကန်​ပြား တစ်​ချပ်​ ဆွဲပြီး ပြန်​ထွက်​လာခဲ့တယ်​ ။ ​နောက်​မှ ​မေ့​နေတာနဲ့ ဖန်​ခွက်​တစ်​ခွက်​ပါ ဆွဲလာခဲ့တယ်​ ။ ဧည်​့ခန်​းထဲ ပြန်​​ရောက်​​တော့ အရက်​ ပုလင်​းဖွင်​့ပြီး ​ကောင်​မ​လေးကို တစ်​ခွက်​ငှဲ့ ​ပေးပြီး ​ရေပါ​ရော​ပေးလိုက်​တယ်​ ။ ယူလာတဲ့ ​ခေါက်​ဆွဲ ​ခြောက်​ထုတ်​ကို ​ခြေပြီး ပန်​းကန်​ထဲ ထည်​့လိုက်​တယ်​ ။ ပါလာတဲ့ ဟင်​းခတ်​မှုန်​့နဲ့ အချဉ်​ထုတ်​ကို ​ဖောက်​ပြီး ပန်​းကန်​ထဲက ​ခေါက်​ဆွဲ ​ကျေ​တွေ​ပေါ်ကိုဖြူးလိုက်​တယ်​ ။ သူကိုယ်​တိုင်​ ​ခေါက်​ဆွဲ အလိပ်​ တစ်​တုံးကိုယူပြီး စားပြတယ်​ ။ ဖန်​ခွက်​ထဲက ကျန်​တဲ့ အရက်​ကို ကုန်​​အောင်​​မော့ပြီး သူ့ အတွက်​ ထပ်​ထည်​့တယ်​ ။ ခုထိ ‘အဝတ်​သွားလဲ လိုက်​ ‘ ‘ ငါ အဝတ်​သွားလဲ လိုက်​ဦးမယ်​ ‘ ဆိုတဲ့ စကား နှစ်​ခွန်​းကလွဲပြီး ကို​မောင်​​မောင်​​လေး ဘာမှ မ​ပြောမိ​သေးသလို ​ကောင်​မ​လေးကလည်​း စကား တစ်​ခွန်​းပဲ ​ပြောဖူး ​သေးတယ်​​နော်​။ ​အေးလို့ လက်​ကျန်​အရက်​​တွေ ​သောက်​လိုက်​တယ်​ ဆိုလား ¿ ခုထိ သူတို့က်​ို ကြည်​့​နေရ​တာ အသံမပါတဲ့ VDO ဖိုင်​ကြည်​့​နေရသလိုပဲ ။ နှစ်​​ယောက်​စလုံး တစ်​​ယောက်​ သ​ဘော တစ်​​ယောက်​နားလည်​​နေသလိုပဲ ။ (ဟုတ်​မဟုတ်​​တော့ သူတို့ ​ဗြောင်​ဖွင်​့​မေးကြည်​့မှသာသိ​တော့မယ်​ ။ ဟုတ်​တယ်​​နော်​ )
ကို​မောင်​​မောင်​​လေးက စားပွဲ​ပေါ်က ရှိတဲ့ အရက်​ခွက်​​တွေနဲ့ အမြည်​း ခွက်​​တွေ​ပေါ် လက်​​ဝှေ့ယမ်​းပြလိုက်​ပြီး ” ခု​လော​လောဆယ်​ ရှိ​နေတာ​တွေက​တော့ ဒါ​တွေပဲ ။ စားချင်​တာ စား ​သောက်​ချင်​သ​လောက်​​သောက်​ပြီး မင်​း ဖြစ်​ခဲ့တာ​လေး ငါ့ကို ​ပြောပြစမ်​းပါဦး ”
ကို​မောင်​​မောင်​း​လေး က တ်​ိတ်​ဆိတ်​​နေတဲ့ နှစ်​​ယောက်​ထဲရှိတဲ့ စားပွဲမှာ စတင်​​ဖောက်​ထွင်​းစကားဆိုလိုက်​တယ်​ ။ ခပ်​ရွံ့ရွံ့​လေး ထိုင်​​နေရှာတဲ့ ​ကောင်​မ​လေး ဆတ်​ကနဲ တစ်​ချက်​​မော့ကြည်​့ပြီး မျက်​လွှာအရင်​ချလို့ ​ခေါင်​းပါငုံ့သွားတယ်​ ။ ပြီးမှ ……
” ပြီးခဲ့တဲ့ အ​ကြောင်​းအရာ​တွေထဲမှာ စိတ်​ချမ်​းသာစရာ တစ်​ခုမှ မပါတာပဲ အကိုကြီးရယ်​ ။ ပြန်​​ပြော​နေလို့လဲ စိတ်​​မောစရာ​တွေရှိပဲ ။ ခုမှ အနည်​ထိုင်​ကာစ ညီမတို့စိတ်​​တွေကို ဒီအတိုင်​း​လေးထားပြီး ​နေလိုက်​ကြရင်​မ​ကောင်​းဘူးလား”
​ကောင်​မ​လေးက အဲ့ဒိလို ​ပြောပြီး လက်​နှစ်​ဖက်​ကို အ​ကြောင်​းမဲ့ ပွတ်​​နေတယ်​ ။ ဘယ်​ဘက်​ကလက်​ညိုးကို ညာဖက်လက်​ဖဝါးနဲ့ ဆုတ်​နယ်​​နေတယ်​ ။
” ​အေး​လေ မင်​းမ​ပြောချင်​တာကို ဇွတ်​မ​မေး​တော့ပါဘူး ။ ခု​တော့ စားစရာရှိတာစား ​သောက်​စရာရှိတာ​သောက်​ ။ ဒီည​တော့ ဒီအနီးတဝိုက်​မှာလဲ ဆိုင်​မရှိဘူး ။ မြို့ထဲထွက်​ဖို့ရာလဲ ရာသီဥတုက အ​ခြေအ​နေ မ​ကောင်​းဘူး ။ ထမင်​းစားချင်​ရင်​​တော့ မီးဖိုထဲမှာရှိတယ်​ ။ ​အေး ငါ ထပ်​​ပြောရဦးမယ်​ ။ မိန်​းမနဲ့ ပတ်​သက်​ရင်​ အ​တွေ့ အကြုံ အတန်​အသင်​့​တော့ ရှိပါရဲ့ ။ ဒါ​ပေမဲ့ ငါက စကား​ပြောမ​ကောင်​းဘူး ။ အဲ့ဒိအတွက်​ မင်​း စိတ်​ထဲ အ​နှောက်​အယှက်​မဖြစ်​ပါနဲ့ ။ ဒီတစ်​ည မင်​း သ​ဘောရှိ နားနိုင်​ပါရဲ့ ”
ကို​မောင်​​မောင်​​လေးက ရှည်​လျားစွာ​ပြောရင်​း သူ့အတွက်​ငှဲ့ထားတဲ့ အရက်​ခွက်​ကို ဆွဲ ပြီး ​မော့ချလိုက်​တယ်​ ။
” ဖြစ်​ပါတယ်​ အကိုကြီးရယ်​ ။ ဒီ​လောက်​ဧည်​့ခံ​နေတာပဲ ညီမက ​ကျေးဇူးတင်​​နေတာပါ ”
ခုထိ ကို​မောင်​​မောင်​​လေး ​ကောင်​မ​လေးရဲ့ နာမယ်​ မ​မေးမိ​သေးဘူး ။ မထူးဆန်​းဘူးလား ။ ​မေးဖို့​တော့ စိတ်​ကူးမိသားပဲ ။ သူ​မေးလို့​ကော ​ကောင်​မ​လေးက ​ဖြေရင်​​ကောင်​းသား ။ ဒီတစ်​ညပဲ ဆုံရမဲ့သူ နာမယ်​​တွေ လိပ်​စာ​တွေ သိ​နေဖို့လဲ မလို​လောက်​ပါဘူး ။ ​နော့
သူ​တွေး​နေတုန်​းမှာပဲ ​ကောင်​မ​လေးက သူ့ကိုတစ်​ချက်​လှမ်​းကြည်​့ပြီး အရက်​ခွက်​ကို မဝံ့မရဲ ဆွဲယူပြီး တစ်​ငုံ​သောက်​လိုက်​တယ်​ ။ အရက်​နဲ့ အထာကျတဲ့ မိန်​းက​လေး ဟုတ်​ဟန်​မတူပါဘူး ။ မျက်​နှာကိုရှုံ့မဲ့သွားတာ ။ ကမန်​းကတန်​း ​ရေခွက်​ကိုယူပြီး ​သောက်​တယ်​ ။ ပြီး​တော့ မတ်​တပ်​ရပ်​တယ်​ ။ မျက်​​တောင်​မခတ်​ အကဲခတ်​​နေတဲ့ ကို​မောင်​​မောင်​​လေး သ​ဘော​ပေါက်​လိုက်​ပြီ ။
” လာ ​နောက်​ထဲသွားချင်​ရင်​ ”
​ကောင်​မ​လေးကို လက်​ဆွဲရင်​း ​ရေချိုးခန်​းရှိရာ ဆွဲ​ခေါ်လာခဲ့တယ်​ ။ မျက်​နှာသစ်​ ​ဘေစင်​ ​ရှေ့​ရောက်​မှ လက်​လွှတ်​လိုက်​ပြီး
” အန်​ချင်​ရင်​ အန်​လိုက်​ ” လို့​ပြောတယ်​ ။ ​ကောင်​မ​လေးက ​ခေါင်​းကိုယမ်​းပြီး ​ရေအိမ်​ဘက်​လက်​ညိုးထိုးပြရင်​ ​ရေအိမ်​ထဲဝင်​သွားတယ်​ ။ ဒီ​တော့မှ သက်​ပြင်​းချပြီး သူလည်​း ဆီးသွားချင်​လာတယ်​ ။ ကို​မောင်​​မောင်​​လေး ခုမှစဉ်​းစားကြည်​့မိတယ်​ ။ ​စော​စောကလည်​း ​ကောင်​မ​လေးကို အဝတ်​လဲဖို့ ​ပြောပြီးမှ သူလည်​းတစ်​ကိုယ်​လုံး စ်​ိုရွဲ​နေတာ သတိထားမိတယ်​ ။ ခုလည်​း ​ကောင်​မ​လေး ​ရေအိမ်​ထဲဝင်​သွားမှ သူကိုယ်​တိုင်​ဆီးသွားဖို့သတိရပြန်​တယ်​ ။ သူ့ခံစားမှု​တွေ သူ့မူပိုင်​​ကော ဟုတ်​​သေးရဲ့လား ။ တစ်​စုံတစ်​ရာက သူ့ကို လွှမ်​းမိုးတာခံ​နေရပြီလား ။ ရီ​ဝေစွာ ကြာရှည်​ မစဉ်​းစားနိုင်​ပဲ ​ကောင်​မ​လေး ​ရေအိမ်​ထဲက ထွက်​လာတာနဲ့ သူလည်​း ဒ​ရေ​သောပါး ​ရေအိမ်​ထဲဝင်​ခဲ့တယ်​ ။ ကိစ္စ ဝိစ္စ ရှင်​းပြီး ပြန်​ထွက်​လာ​တော့ ​ကောင်​မ​လေးက မျက်​နှာသစ်​ပြီး သူ့ကို​စောင်​့​နေတာ​တွေ့လိုက်​ရတယ်​ ။ သူ ​ကောင်​မ​လေး အနား ​ရောက်​သွား​တော့ ​ကောင်​မ​လေးက သူ့ရင်​ခွင်​ထဲ ခိုဝင်​လာတယ်​ ။ ကို​မောင်​​မောင်​​လေးက ဘာမှမ​တွေး​တော့ဘူး ။ ​ကောင်​မ​လေး ပုခုန်​းကို အသာတွဲပြီး ဧည်​့ခန်​းထဲ ပြန်​ဝင်​လာခဲ့​တော့တယ်​ ။

​နေဝန်​းနီ

12 comments

  • pooch

    September 21, 2014 at 3:23 am

    ရုပ်ရှင်ကြည့်နေရသလိုပဲ မျက်လုံးထဲမှာ ပေါ်လာတယ်
    စောင့်ဖတ်နေတယ် အဘနီ
    ရပ်မသွားနဲ့နော် :mrgreenn:

  • alinsett

    September 21, 2014 at 12:33 pm

    ဝါကျ အတိုအပြတ်ကလေးတွေနဲ့…ဖွဲ့ထားတယ်နော…
    ဖတ်ရတာ…သွက်သွက်လက်လက်ရှိတယ်…
    ကြိုက်တယ်ဗျ..

    ဆက်ဖတ်မယ်..

  • မြစပဲရိုး

    September 21, 2014 at 3:18 pm

    မှန်းထားတာတွေ အတိုင်း ဖြစ်တော့ မလား အဘနီ ရဲ့။
    လှည့်ကွက်လေး ထည့်ပေးစမ်းပါ။ lol:-)))

  • ခင် ခ

    September 21, 2014 at 11:11 pm

    စိတ်ဝင်စားဖွယ်နော်
    ဆက်လက်မျှော်လို့နေ

  • မြစပဲရိုး

    September 22, 2014 at 2:46 am

    စောဒီးအကြီးကြီး ပါ အဘနီ။
    သများ က မြစပဲရိုး (ခ) မြစာကလေး (ခ) အရီးမုတ်ဆိတ် (ခ) အရီးခင် (ခ) အရီးခင်လတ် (ခ) ခင်လတ် (ခ) ကိုလတ်ကြီး
    :))

  • kyeemite

    September 22, 2014 at 11:30 am

    .အင်း..ဇတ်လမ်းလေးကတော့လှလာပြီ…နှစ်ယောက်လုံးတော့အချစ်မူးကြတော့မယ်
    .ကောင်းခန်းရောက်မှမီးပျက်သွား…ဖယောင်းတိုင်လေးထထွန်း…လေတစ်ချက်အဝှေ့မှာ
    .မီးတောက်လေးဖြတ်ဆိုငြိမ်း…ကဒ်…ရပြီ 😯

  • kai

    September 23, 2014 at 2:32 pm

    အဲဒီအရက်သောက်ပြီး.. မူးလို့.. မသိလိုက်လို့ပါတွေ..
    .. မနက်အိပ်ယာထတော့မှ.. ဘာညာကွိကွတွေ..မလုပ်နဲ့ဗျာ..
    အဲဒီ.. အရက်မသောက်ဖူး.. ယောက်ျားနဲ့မအိပ်ဖူးတဲ့.. စာရေးဆရာမပေါက်စတွေ.. စိတ်ကူးယဉ်ရေးတာတွေ..ရေးခဲ့တာတွေကို.. တော်လှန်စမ်းပါ..

    အရက်သောက်ပြီး.. မူးရင်.. အဲဒီစိတ်တွေလျှော့နည်းကျဆင်းတာ. အရက်သမားတိုင်းအသိ..။
    အရက်အပေါ်.. သစ္စာရှိစေလို..။ :k:
    ==
    What is the impact of alcohol on physical arousal?

    Let’s take a look at what happens to our bodies when we drink alcohol.

    Alcohol is a central nervous system depressant. Alcohol acts by inhibiting parts of the central nervous system important for sexual arousal and orgasm — respiration, circulation and sensitivity of nerve endings.

    Alcohol dehydrates the body. Sexual arousal needs a certain amount of blood to bring oxygen and greater sensation to the genitals.

    Alcohol can make getting an erection more difficult. Large amounts of alcohol (or long-term) consumption has been associated with problems getting erections. Dehydration with drinking causes less blood volume and a rise in angiotensin, the hormone associated with erectile dysfunction. Alcohol’s inhibition of the central nervous system also contributes to the problem.

    Alcohol can cause vaginal dryness. The dehydration common when drinking alcohol can contribute to fatigue, headaches and vaginal dryness.

    Alcohol can delay or prevent orgasm. In 2004, a study found 11% of alcohol users were likely to have problems reaching orgasm. The men had difficulty ejaculating while the women needed much more stimulation to have an orgasm than women who had little or nothing to drink.

  • Myo Thant

    September 23, 2014 at 4:10 pm

    ကိုးရီးယားကားလို အပိုင်းတွေ သိပ်မဆွဲဆန့်ပါနဲ့တော့ ၊

    အင်္ဂလိပ်ကားလို 🙂 🙂 🙂

  • Mr. MarGa

    September 23, 2014 at 5:26 pm

    မြန်မာကားလိုလည်း အဖျားမရှုးအောင်သိမ်းပေးပါ :mrgreenn:

  • naywoon ni

    September 24, 2014 at 1:01 am

    အဖျားမရှူးဘူး ဗျို့ နုတ်​ပက်​ထဲမှာ ရိုက်​ထားတဲ့ စာ ​ကော်​ပီ ပြန်​ယူတာ ပျက်​ပျက်​ကုန်​လို့ ဒီတစ်​ခါ draft လုပ်​ပြီး သိမ်​းမယ်​ဗျာ ။ ဒါထက်​ သူကြီး​ပြောသလို အရက်​အ​ပေါ်ကိုလည်​းသစ္စာ မ​ဖောက်​ပါဘူးဗျ စိတ်​ချပါ ။ သုံးကြိ်မ်​​မြောက်​ လက်​ခ​မောင်​း ခပ်​ခြင်​း အဲ မဟုတ်​ပါဘူး သုံးကြိမ်​​မြောက်​​ရေးရမဲ့ အပိုင်​းသုံးကို သူကြီးဆိုဒ်​ထဲမှာ ​ရေးပြီး draft လုပ်​ပါရ​စေ​တော့ ။ နုတ်​ပက်​မှာက ရှည်​လွန်​းလို့လား ဘာလဲ မသ်​ိ ​ကော်​ပီ လုပ်​မရ ။
    မှတ်​ချက်​ ။ စာတင်​တဲ့ အချိန်​မူးမ​နေတာ​သေချာပါတယ်​ ။ တစ်​​ရေးနိုးထတင်​ဖို့ ကြိုးစားတာပါ ။

Leave a Reply