လျှာယားလို့ ပြောတယ်မှတ်ပါ (ဆရာ)ဇော်ဇော်အောင်…

alinsettSeptember 22, 20141min19711

စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ သဘောတရားတွေ…သူ ့တင်ပြချက်တွေကို မဝေဖန်ဘဲ….
ဘာလို့များ… စာအုပ်ကိုပဲ…ဝေဖန်ချင်ရသလဲ…လို့…မေးကြေးဆိုရင်…
ကျနော် ဝေဖန်ပစ်ချင်လောက်အောင်…
လျှာယားစေတဲ့…စာအုပ်ဖြစ်နေလို့ပါ။

—————————————————————————————————-

မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ ” စာအုပ် ”ကို ဝေဖန်မယ်။

——————————————
စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃ တဲ့။
၂၀၀၉ ခုနှစ် ဇွန်လကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ်မို့ ဖတ်ပြီးသူတွေ ရှိပါလိမ့်မယ်။
သူ့ စာအုပ်တွေကို အတွေ့ရနည်းတာကြောင့်ရယ်… သူရေးတာတွေတော်တော်များများက လူတိုင်းစိတ်ဝင်စားမဲ့အကြောင်း မဟုတ်တာကြောင့်ရယ်…
ဒီစာအုပ်ကို မဖတ်ရသေးသူတွေလည်း ရှိနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်… ဒီစာအုပ်ကို ကျနော် ဝေဖန်ပါ့မယ်။
ဖတ်ပြီးသူတွေ ကျနော့်ဝေဖန်ချက်နဲ့ တိုက်ကြည့်ဖို့…
မဖတ်ရသေးသူတွေ ကျနော့်ဝေဖန်ချက်ကြောင့် ဖတ်ကြည့်စေဖို့…ပေါ့…။
(အမှန်တော့… အဲဒီစာအုပ် အကြောင်း အတင်းတုတ်ချင်နေတာ )

 

cloud No.93

 

 

 

 

 

 

 

 

 

 

cloud-2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ စာအုပ်ကို ဝေဖန်မယ် ။
အဲဒီလို ….စဉ်းစားမိတော့….
ဆရာဇော်ဇော်အောင်ရေးသားတဲ့ အယူအဆတွေ ၊ အနုပညာ သီအိုရီတွေ ၊ ဝါဒတွေ သဘောတရားတွေကို…ဖတ်လိုက်ပါတယ်။
မှန်တာပြောရရင်… သိပ် ဉာဏ်မမီပါဘူး ။
ဆရာဇော်ဇော်အောင်က… ပိုစ့်မော်ဒန်နဲ့… ခေတ်သစ်အနုပညာအယူအဆ / သဘောတရားတွေကို..
အခုဆယ်စုနှစ်ပိုင်းမှာ..အတော်လေး ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတဲ့ ပုဂ္ဂိုလ်ကြီးပါ။
ကျနော် စိတ်ဝင်တစားစောင့်ဖတ်နေမိတဲ့ စကားတွေကို ပြောနေသူပါ။

အခုဟာက….ဇော်ဇော်အောင် ဆိုတဲ့ စာပေဝေဖန်ရေးဆရာကြီးကို ဝေဖန်မှာ မဟုတ်ပါဘူး ။
ဒီတော့… သူရေးသားတင်ပြတဲ့ အယူအဆ / သဘောတရားတွေကို ဝေဖန်မှာလား ဆိုတော့……လည်း….
ဒါလည်း…မဟုတ်သေးပါဘူး ။

ကျနော် အထက်မှာ (ဒီဆောင်းပါးအစမှာ ) ပြောခဲ့ပါတယ်။
မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ ” စာအုပ် ”ကို ဝေဖန်မယ် လို့ ..ပြောခဲ့ပါတယ်။
အထူးသဖြင့်…. စာအုပ်ကို ဆိုလိုပါတယ်။

စာအုပ်အတွင်းမှာ ရှိနေတဲ့.. စာသားတွေက…ညွှန်းဆိုပြတဲ့ အဓိပ္ပာယ် (သို့မဟုတ် ) သဘောတရား / အယူအဆတွေကို
လုံးဝ မဝေဖန်ပါဘူး ။
ဘာလို့လဲ ဆိုတော့…  ပိုစ့်မော်ဒန် (စာပေအယူအဆ)တွေနဲ့ ပတ်သက်ရင်…
အနုပညာ သဘောတရားတွေနဲ့ ပတ်သက်ရင်…
ကျနော်ဆိုတဲ့ ချာတိတ်က…
တော်တော် ဆွံ့အနေတုန်းမို့ပါပဲ… ။
မပြောရဲတာတွေရော..ပြောမထွက်တာတွေရော… မပြောတတ်တာတွေရော…
ကျနော်…အခုလောလောဆယ်..အနုပညာအယူအဆ သဘောတရားတွေ မပြောချင်သေးပါဘူး ။

စာအုပ်ကို ဝေဖန်ပါ့မယ်။
စာအုပ်ဆိုတဲ့အတိုင်း… စာအုပ်ပဲ ဖြစ်ပါလိမ့်မယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိုးတိမ်အမှတ် ၉၃ လို့ နာမည်ပေးထားတဲ့ ဒီစာအုပ်ဟာ…
စာမျက်နှာ ၁၁၆ မျက်နှာ ပါရှိတယ်။
စာရွက်အသားက..ဖြူပြီးချောနေတဲ့ အကောင်းစားပါ။
မထူမပါးအရွယ်အစားမို့… စာအုပ် တန်ဖိုး ၁၅၀ဝ ကျပ်က….မနည်း မများတဲ့ သင့်တော်မှုပါ ။
ထုတ်ဝေပေးတဲ့…. စိတ်ကူးချိုချို စာအုပ်တိုက်ကိုရော…ရေးသားပေးတဲ့…ဆရာဇော်ဇော်အောင်ကိုပါ…ကျေးဇူးတင်ရပါမယ်။

ကျေးဇူးတင်ရခြင်းအကြောင်းရင်းက….
ဒီလို စာပေအနုပညာသဘောတရားဆိုင်ရာ အယူအဆစာအုပ်တစ်အုပ်ကို..ရေးသားသူအတွက်လည်း..မလွယ်ပါဘူး ။
သာမန်အကြောင်းအရာ မဟုတ်ဘဲ…အင်မတိအင်မတန် နက်ရှိုင်းကျယ်ပြန့်လှစွာသော…အနုပညာအကြောင်းအရာ ဖြစ်ပါတယ်။

အဲဒီအကြောင်းအရာကို ဆာလောင်မွတ်သိပ်စွာနဲ့…ဖတ်ရှုလေ့လာဖို့…စောင့်မျှော်နေတဲ့ လူငယ်(လူကြီး) စာဖတ်ပရိသတ်ကြီး ရှိနေပါတယ်။
စာပေ လေ့လာသူ စာဖတ်ပရိသတ်ကြီးအတွက်… အဆာပြေ…ခံတွင်းတွေ ့စရာ… အနုပညာဆိုင်ရာ စာ တစ်အုပ်…
၁၅၀ဝ ကျပ်နဲ့…ထုတ်ဝေခဲ့လို့… ဖတ်ခွင့်ရတဲ့ကိစ္စဟာ…ကျေးဇူးတင်စရာပါပဲ… ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျနော် အခုအထိ ပြောခဲ့သမျှကို ပြန်ချုပ်ရရင်….
စာအုပ် အမည် —- မိုးတိမ်အမှတ် ၉၃
ရေးသားတင်ပြသူ —- ဇော်ဇော်အောင်
စာအုပ်ထုတ်ဝေသည့်တိုက် —- စိတ်ကူးချိုချို
ပါဝင်တဲ့ စာမျက်နှာ —- ၁၁၆
စာအုပ်ပါ အကြောင်းအရား —- ပိုစ်မော်ဒန် အနုပညာသဘောတရားဆိုင်ရာ ယူဆချက်များ
စာအုပ်တန်ဖိုး —- ၁၅၀ဝ ကျပ်
စာအုပ်ထုတ်ဝေသည့်နှစ် —- ၂၀၀၉ ခုနှစ်၊ ဇွန်လ

(စာအုပ်ကိုပဲ..ဝေဖန်ပါသေးတယ်။ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စာအုပ်ထဲမှာပါတဲ့ အယူအဆတွေ သဘောတရားတွေ…သူ ့တင်ပြချက်တွေကို  မဝေဖန်ဘဲ….
ဘာလို့များ… စာအုပ်ကိုပဲ…ဝေဖန်ချင်ရသလဲ…လို့…မေးကြေးဆိုရင်…
ကျနော် ဝေဖန်ပစ်ချင်လောက်အောင်…
လျှာယားစေတဲ့…စာအုပ်ဖြစ်နေလို့ပါ။

ပြောပြပါဦးမယ်… ။

အဲဒီစာအုပ်မှာ .. စာမျက်နှာ ၁၁၆ မျက်နှာပါတဲ့အထဲက…
အစဆုံးစာမျက်နှာ နံပါတ်တစ်မှာ…
စာပိုဒ် အခန်းစဉ် ( တစ် )ကို မျှော်လင့်မိပေမဲ့….
စာမျက်နှာ ၁ မှာ… အခန်းစဉ်က… ၉ဝ ဖြစ်နေခဲ့ပါတယ်… ။

စာမျက်နှာ ၁ မှာ.. အခန်း ၉ဝ ( စာပိုဒ်အမှတ်စဉ်- ၉ဝ ) နဲ့…စပြီး…
စာမျက်နှာ ၄ အရောက်မှာ…
စာပိုဒ်အမှတ်စဉ် ၉ဝ ၊ ၉၁ ၊ ၉၂ ၊ ***၉၃ ပါမလာဘူး။ ၊ ၉၄ ၊ ၉၅ ၊။။။။။
အဲဒီမှာ..အပိုဒ်အမှတ် ၉ဝ ကျော်က ရပ်သွားပြီ… ။

စာမျက်နှာ ၅ မှာ… စာသားအပိုဒ်အမှတ်စဉ်က ၄၅ ဖြစ်လာတယ်… ။

အခန်း ၉ဝ နဲ့ စပြီး.. ၉၅ လည်းပြီးရော… ၉၆ မလာဘဲ… ၄၅ ဖြစ်သွားတယ် … ။
(အစမှာလည်း.. အပိုဒ်အမှတ် ၁ ကနေ စ မလာဘဲ… ၉ဝ ကနေ စထားတယ် )

——————————-
စာမျက်နှာ ၅ ကနေ…အပိုဒ်အမှတ်စဉ် ၄၅ ဖြစ်သွားတာ…
စာမျက်နှာ ၁၃ လည်းရောက်ရော… စာသားအပိုဒ်အမှတ်စဉ် ၆ဝ ထိ…ရောက်လာတယ်။
စာမျက်နှာ ၁၄ ရောက်တော့… အစဉ်အတိုင်း ၆၁ ရောက်မလာပဲ…
ဘွားခနဲ… စာသားအပိုဒ် အမှတ်စဉ် ၇ဝ က ရောက်လာတယ် ။

စာမျက်နှာ ၁၄ ကနေ… စာသားအပိုဒ် အမှတ်စဉ် ၇ဝ ၊ ၇၁ ၊ ၇၂ ၊  ၇၃ ၊ ……..  စသည်ဖြင့်…အစဉ်လိုက် လာရာကနေ….
စာမျက်နှာ ၂၃ လည်းရောက်ရော…. စာသားအပိုဒ် အမှတ်စဉ် ၈၉ ….မှာ ရပ်သွားပြီး… ဘွားခနဲ…ထပ်ရောက်လာတာက…. စာသားအပိုဒ် အမှတ်စဉ် ၄၀….

——————————-

စာမျက်နှာ ၂၄ ရောက်တော့… ၄ဝ က စတဲ့ အပိုဒ် အမှတ်စဉ်က ၄၄ မှာ ရပ်သွားပြီး… ၃၅ ဖြစ်သွားတယ် ။
၃၅ ၊ ၃၆၊ ၃၇၊ ၃ဂ ၊ ၃၉၊…..ပြီးတော့… အပိုဒ်အမှတ် ၉၆…ရောက်လာတယ်… ။
၃၉ အပြီးမှာ.. ၄ဝ က ထပ် လာစရာ မရှိတော့ဘူး…။
စာမျက်နှာ ၂၃ မှာ စာသားအပိုဒ် ၄ဝ က…ပြခဲ့ပြီးပြီလေ…
အခု… စာမျက်နှာ ၂၆  ။

——————————-

အဲဒီလို… စာမျက်နှာ နဲ့… စာသားအပိုဒ် အမှတ်စဉ်…ရှေ့နောက် မညီညွတ်မှုတွေ…
ကစဥ့်ကလျား တင်ပြလာလိုက်တာ…..
စာမျက်နှာ…. ၁၀၂ မှာ..ဆောင်းပါး စာပိုဒ်တွေကို နိဂုံးချုပ်လိုက်ပါတယ်။

နိဂုံးချုပ်တဲ့နေရာမှာ..စာမျက်နှာက… ၁၀၂ …
စာသား အပိုဒ် အမှတ်စဉ်က… နိဂုံးမှာ စာပိုဒ် ( ၁ ) ဖြစ်နေပါတယ်။

စာပိုဒ်အမှတ်စဉ် ၉ဝ က…နိဒါန်းဖြစ်ခဲ့ပြီး…
နိဂုံးက… စာပိုဒ်အမှတ် ၁ ပါ။

အဲဒီလို စပြီး…အဲဒီလို အဆုံးသတ်ခဲ့တဲ့ စာအုပ်ဟာ…
စာအုပ်ချုပ်တဲ့သူတွေရဲ့…ညံ့ဖျင်းမှားယွင်းမှု မဟုတ်ပါဘူး ။
သေချာပါတယ်။။
စာရွက် စီတာ..ထပ်တာ..ချုပ်တာ…လုံးဝ မမှားပါဘူး ။

ဆရာဇော်ဇော်အောင်…ရေးသားကတည်းက…အဲဒီလို ဖြစ်အောင်…ရေးခဲ့တာပါ။
ဘာလို့လည်းဆိုတော့…
အစကနေ အဆုံးထိ…ဖတ်ရသမျှ….စာသားတွေ/ အဓိပ္ပာယ်တွေ..တင်ပြတဲ့ သဘောတရား ဝါကျတွေက… တရစပ်ထဲ…ဖတ်လို့ ရနေပါတယ်
စာအုပ်ချုပ်တဲ့နေရာမှာသာ လွဲရင်.. ဖတ်ရတာ..ရှေ့နောက် ဘယ် ညီမလဲ..
တောရောက် တောင်ရောက် ဖြစ်နေမှာပေါ့… ။

ပြီးတော့…
စာပိုဒ် အမှတ်စဉ်ကသာ… အဲဒီလို.. ရှေ့ရောက် နောက်ရောက် အစဉ်လိုက် မဖြစ်တာလေ…
စာအုပ်ရဲ့ ဘယ်ဘက်အပေါ်ထောင့်နဲ့…ညာဘက် အပေါ်ထောင့်တွေမှာ… တပ်ထားတဲ့  စာမျက်နှာ နံပါတ်စဉ်က…

၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ …………ကနေ…. အဆုံးထိ…အစဉ်လိုက်ပဲ.. ။
စာမျက်နှာ….အစဉ်လိုက်ဖြစ်တယ်။

အထဲက… ဆရာဇော်ဇော်အောင် ရေးချလိုက်တဲ့ စာပိုဒ် အမှတ်စဉ်တွေကသာ….  အစဉ်လိုက်မဖြစ်တာ… ။
နိဂုံးက…နိဒါန်းရောက်ပြီး..နိဒါန်းက…နိဂုံးမှာ..ချုပ်နေတာ.. ။

(စာမျက်နှာ စုစုပေါင်း ၁၁၆ မျက်နှာ ပါဝင်ပါတယ် ။ .စာပိုဒ်တွေက စာမျက်နှာ ၁၀၂ မှာ နိဂုံးချုပ်သွားပြီး…  ၁၀၃ ကနေ… ၁၁၆ အထိက…
စာအုပ်ရဲ့ မာတိကာလို့ ဆိုရမယ့်.. အညွှန်းပါ။
စာပိုဒ်အမှတ်စဉ်တွေကို…ညွှန်းထားတဲ့ လမ်းညွှန်ပါ။  ဘာလို့များ..စာအုပ်ရဲ့ ရှေ့ဆုံးစာမျက်နှာမှာ မထားသလဲ…
ဘာလို့များ.. စာအုပ် နောက်ကျော်ဘက်မှာ မာတိကာက ရောက်သွားသသလဲ… ။
တမင် ရောက်အောင် ပို့ထားတယ်လို့ပဲ…အဖြေရပါတယ်။  ဘာလို့လဲ..ဆိုတော့…
စာအုပ်ရဲ့ စာမျက်နှာက…အစဉ်လိုက်ရှိနေတာပဲလေ… ။ )

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဟုတ်ကဲ့… ။ အခုဆိုရင်….
မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ စာအုပ်ကို ဝေဖန်လို့ ပြီးပါတယ် ။

ဝေဖန်ရာမှာ…  ကျနော့်အနေနဲ့… အမြင်ကို အမြင်အတိုင်း အရှိကိုအရှိအတိုင်း တင်ပြရုံသာဖြစ်ပြီး…
ကျနော့် ထင်မြင်ချက်…ဘာမှ မပေးလိုပါဘူး ။
ဝေဖန်ရေးသမားတွေ လိုက်နာရမယ့် စည်းကမ်းအရ…
ကျနော် ့ အထင်အမြင်တွေနဲ့… ရေးသူ (ထုတ်ဝေမှုပြုသူတွေ)ရဲ့.. အလုပ်ကို ဝင် စွက်ဖက်စရာ မလိုပါဘူး ။

ဒါကြောင့်…
မိုးတိမ်အမှတ် ၉၃ ဆိုတဲ့ စာအုပ်ကို ကျနော် ဝေဖန်ခဲ့ပါတယ်။
ကျနော့်ဝေဖန်ချက်ဟာ..အဲဒီ စာအုပ်ထဲက…. ဆရာဇော်ဇော်အောင်ရဲ့… အယူအဆ/ သဘောတရား

( စာပေအနုပညာဆိုင်ရာ / ပိုစ့်မော်ဒန်ဝါဒ ) အကြောင်းအရာတွေနဲ့….
လုံးဝ….လုံးဝ….
မထိမတို ့… မသက်ဆိုင်ခဲ့ပါကြောင်း…..

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မိတ်ဆွေများ….လွတ်လပ်ငြိမ်းချမ်းကြပါစေ….

လေးစားစွာဖြင့်….

အလင်းဆက်(Gazette)

၂၀၁၄ ၊ စက်တင်ဘာ ၊ ၂၁ ရက် ၊
မနက် ဝ၉ နာရီတိတိတွင် ရေးပြီးသည်။

11 comments

  • ဂျက်စပဲရိုး

    September 22, 2014 at 10:42 am

    အင် အူးယေး ဟာ က ဒီစာအုပ် မှာ ဒီလို ပါတယ် ဆိုတဲ့ fact တွေကိုပဲ ပြောသွားသလားလို့
    အဲ့ဒီလို လုပ်ထားတဲ့ အပေါ် အမြင်လေး ဘာလေး လုပ်လေ း)
    ကစဉ့်ကလျား သီအိုရီ ကို အားကျပြီါ် အခန်းစဉ်တွေကို ဗြောက်သောက် နံပတ်ထိုးထားလား မသိ?? 🙂

  • ခင် ခ

    September 22, 2014 at 11:05 am

    အတိတ်ကနေ ပြန်ပြောင်းပြောတဲ့ ဇာတ်လမ်းမျိုး ဇာတ်အိမ်ဖွဲ့ရေးတာမို့ ရှေ့နောက်အခန်းတွေ ဖြစ်နေတာများလားဗျ၊
    စာအုပ်ချုပ်မမှားဘူးဆိုရင်လေ။
    ဘာဘဲပြောပြောဒီနေ့ နေ့လယ်တော့ စာအုပ်ဆိုင် go လိုက်မှဘဲဗျာ။
    ဘာတဲ့
    စာအုပ် အမည် —- မိုးတိမ်အမှတ် ၉၃
    ရေးသားတင်ပြသူ —- ဇော်ဇော်အောင်။

  • ဇီဇီ

    September 22, 2014 at 11:24 am

    နိ တော့ ဦးကြောင် နဲ့ တွေ့တော့မယ်။

    :kwi:

  • kyeemite

    September 22, 2014 at 11:41 am

    .ဆရာဇော်ဇော်အောင်ကိုတိုင်က ပိုစ့်မော်ဒန်သမားဆိုတော့ သူ့စာအုပ်ကိုလည်း .ပိုစ့်မော်ဒန်ဖြစ်အောင်စီစဉ်တာနေမှာပေါ့
    .ဟို..စံနစ်တကျဖရိုဖရဲလုပ်တယ်ဆိုလား… 😯

  • alinsett

    September 22, 2014 at 4:26 pm

    # ဂျက်
    ပြောထားပါတယ်။ စာအုပ်ကိုပဲဝေဖန်မယ် လို့။ အမြင်ကို အမြင်အတိုင်း ပြောလိုက်ခြင်းပါပဲ။ ကျနော့် သဘောထား မထည့် မသုံး။
    😆

    —————–
    # ဦးခ
    စာအုပ်ချုပ်တာ မမှားဘူး။ သေချာပါတယ်။
    ကျနော် အထပ်ထပ်အခါခါ ပြန်ဖတ်ပြီးပြီ။ တစ်မျက်နှာချင်း လိုက်စစ်ပြီးပြီ။
    အတိတ်ကနေပြန်ပြောပြသလိုမျိုးလည်း မဟုတ်ဘူး။
    သူက စာပိုဒ်တွေနဲ့ရေးတာ။
    သူ ့ဟာနဲ့သူတော့ ဖတ်ရတာတော့ အဆင်ပြေသား။
    စာအုပ်ဆိုင် သွားဝယ် ဖတ်ကြည့်ဖို့ ထပ် တိုက်တွန်းပါတယ်နော
    အဲ. . .
    ရှိတောင် ရှိပါ့ဦးမလား။

    ——————

    # မမဂျီး
    ဖတ်ရှုသွားတဲ့အတွက် ဇူးဇူး။

    ဦးကြောင်တော့ ဒီစာဖတ်ပြီး သူပါ လျှာယားနေလောက်ပြီ။
    ဂွစ်ဂွစ်စ်

    :mrgreen:

    —————————

    #ဦးကြီးမိုက်

    ဟုတ်လောက်တယ်။ သူ ဒီစာအုပ်ကို တမင် အဲ့ဒီလို ရေးသာတင်ပြတယ်လို့ပဲ အဓိပ္ပာယ်ရတယ်။

    ပြောဖို့ တစ်ခု ကျန်သွားတာက. . .
    ဒီစာအုပ် တစ်အုပ်လုံးမှာ
    စာပိုဒ်အမှတ် ၉၃ လုံးဝ မပါဘူး။
    စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃
    ဒါပေမယ့် အပိုဒ် အမှတ် ၉၃ မပါ။ မတွေ ့။
    သေချာ ရှာထားပြီးပြီ။

    :kwi:

  • kyeemite

    September 23, 2014 at 10:56 am

    .စာအုပ်နာမည်က မိုးတိမ်အမှတ် ၉၃….ဆိုထားတော့ စာပိုဒ်အမှတ် ၉၃ .ကောင်းကင်ပေါ်ရောက်သွားပြီလေကွာ..စာအုပ်ထဲဘယ်ပါတော့မလဲ..လွင့်ပျံသွားတာပေါ့ :kwi:

    • alinsett

      September 24, 2014 at 4:19 pm

      :mrgreen:

      စာပိုဒ်အမှတ် ၉၃ ဟာ… ဒီစာအုပ်တစ်အုဒ်လုံးပဲ..ဖြစ်တယ်…ပေါ့

  • kai

    September 23, 2014 at 1:52 pm

    စာအုပ်ပါအကြောင်းလေးလည်းသိချင်သား…
    အဖုံးကတော့.. အပြာရောင်ဖြစ်တဲ့..ပင်လယ်..
    အဝါရောင်ဖြစ်တဲ့..ကောင်းကင်… ဟုတ်နေတာပဲလေ…

    • alinsett

      September 24, 2014 at 4:17 pm

      စာအုပ်ပါ အကြောင်းအရာ —- ပိုစ်မော်ဒန် အနုပညာသဘောတရားဆိုင်ရာ ယူဆချက်များ

      —————-
      အသေးစိတ်ကတော့…
      ကျနော်..လျှာ ယားမှ ပြောမယ်နော့…

      :mrgreen:

  • Yae Myae Tha Ninn

    September 24, 2014 at 4:31 pm

    မနောပို့စ်ထဲမှာ ဖြည့်ဖို့ ကျန်ခဲ့တယ်… အကြိုက်ဆုံး စာရေးဆရာထဲမှာ… ဇော်ဇော်အောင်လဲ ပါတယ်… သိလား ဆိုတော့ သိပ်မသိဘူး… မသိဘူးလား ဆိုတော့လဲ အရသာကို ခံစားမိသလိုလိုမျိုးပဲ… သဘောကတော့ ဦးနှောက်မှီဖို့ လိုသေးတယ်… 🙂 ၃ ၄ ခေါက်ဖတ်… ပြန်စဉ်းစား… အဲလိုစာအုပ်မျိုးရယ်…

    • alinsett

      September 25, 2014 at 6:52 am

      ကျနော်တော့ ဆရာဇော်ရဲ့ စာတွေ ဖတ်ဖြစ်တိုင်း သူနဲ့ သဘောချင်းတူတာဆို ကျေနပ်ခံစားလို့
      သဘောချင်း မတူတော့ဘူးဆိုရင် ကျနော့် သဘောထားကို စာတွေ ချရေး လို့။

      😆

      ဆရာဇော်ရဲ့ စာပေလက်ရာတွေထဲမှာ
      အက်ဆေးတွေကို အကြိုက်ဆုံးပဲ။
      ခံစားလို့ရတယ်။
      ပြီးတော့ ဆရာဇော် စကားပြေလှလှရေးတတ်တာကို အားကျတယ်။

      စာပေ သဘောတရားတွေ သူ ရေးရင်တော့
      လေ့လာရတာပေါ့ ကိုရေမြေ့ရေ

Leave a Reply