အမုန်မုန်တိုင်းပေါ်က ရက်စက်သောရယ်သံနှင့်ညီမလေးဖတ်ဖို့ကဗျာစာစုများနှင့် လူစိမ်းတစ်ယောက်

htet waySeptember 21, 20141min24712

တစ်နေ့သ၌ ကျွန်ပ်လည်း ပျင်းပျင်းရှိသဖြင့် မန္တလေးသိန်းဇော်၏ ရွှေပွင့်လွှာ တေးသီချင်းကိုဖွင့်ရင်း ဂီတသံကိုမျက်လုံးလေးမှေးပြီး
နားဆင်နေခိုက် အိမ်ရှေ့မှ“ ဆြာထက် ဆြာထက် ”ဟူသော အသဲဩဩကြီးဖြင့် အော်ခေါ်ကာ မုတ်ဆိတ်မွှေးဗရဗျစ်၊လွယ်အိတ်အရောင်မွဲမွဲ
လွယ်ကာ အသက်(၅၀)ခန့် လူကြီးတစ်ဦးဝင်လာလေ၏။ထိုလူကြီးမှ လွယ်အိတ်မွဲမွဲကြီးကိုဗုန်းကနဲပစ်ချရင်း
“ ဟကွာ..ဆရာစာရေးလည်းတယ်ဇိမ်ကျနေသကိုး မပျင်းစမ်းပါနဲ့ ရသဆိုလည်းရသ ၊သုတဆိုလည်းသုတပေါ့
အခုဟာက မောင်ရင့်နှယ် ကဗျာမမည် စာမပီပါကလားဟရို့ ”ဟူ၍ပြောပြီး ၎င်း၏ အိတ်ကြီးထဲမှ ဆေးပြင်းလိပ်တစ်လိပ်ကို ထုတ်၍မီညှိဖွာရှိုက်လေတော့သည်။မီးခိုးများကိုမှုတ်ထုတ်လိုက်၊ဖွာရှိုက်လိုက်ဖြင့် ရှိနေစဉ် ကျွန်ပ်မှာ ချောင်းတဟွတ်ဟွတ်ဆိုးရလေတော့သည်။ ထိုသူသောက်သောဆေးပြင်းလိပ်မှာ အနံ့တော် တော် ဆိုးသဖြင့် အသက်ရူကြပ်လာလေတော့၏။
“ ဟကောင်ရ ..ကဗျာဆရာလုပ်ပြီး ဒီလောက်တောင်ပျော့ရသလား စိတ်မာစမ်းပါ ဟုပြုံးစစမထီသရီပုံစံဖြင့် ဆက်တိုက်ဖွာရှိုက်ပြီးပမာမခန့်သဏ္ဍန်ဖြင့်ပြောပြန်သည်။ ကျနော်က မိုက်ကြည့်ကြည့်သောအခါ ထိုလူကြီးက
မောင်ရင်ရဲ ့ရသကိုးပါးထဲမှာ အခုလိုစိတ်ခံစားမူက ိုဝိဘစ ္ဆလို့ခေါ်တယ် မလား အခုမင်းစိတ်ထဲမှာငါ့ကိုစက်ဆုပ်ရွံ့ရှာနေမိပြီမလားဟော ဒီလိုစုတ်စုတ်ပြတ်ပြတ်လူကြီးက ပိုင်နက်ကျူးလွန်ပြီးစော်ကားမော်ကားနဲ့ဆိုပြီး ကြောက်ရွံ့လာတဲ့ ဘယာနကရသရောပေါ်ရဲ့လားကွ။
ထိုလူကြီးက သူ့လွယ်အိတ်ကြီးကိုတဗျန်းဗျန်းပုတ်ပြီး မင်းသီချင်းကိုပိတ်ထားစမ်းပါကွာ အရင်ကဂီတနက်သန် ကိုစောငြိမ်းကိုမမှီဘဲ
မောင်မောင်ညွန့်ကို လိုက်မရတဲ့အသံကွာထားစမ်းပါ ဟုဆိုရာ ကျွန်ပ်လည်းသည်းမခံနိုင်အောင်ဖြစ်ရလေတော့သည်။
ထက်ဝေးဆိုတာ ဖေါ်ဝေးနဲ့ အောင်ဝေးကိုကြိုက်လို့မှည့်ထားတာဆိုကွ နေပါအုံး“ သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ”ကဗျာစာအုပ်၊ချစ်သူမြင်းသည်တော် ” မင်းတော် တော် ဖတ်ခဲ့တယ် ထင်ပ ။
ကျွန်ပ်လည်းထိုပုဂ္ဂိုလ်ကြီးကို လျှော့တွက်လို့မရနိုင်တော့ချေ။ နေပါအုံး ခင်ဗျားက ဘယ်သူလဲ ဘယ်ကလဲ ဘာကိစ္စလာရတာလဲဟုကျျွန်ပ်ကမေးရာကျွန်ပ်မေးခွန်းကိုမဖြေဘဲ စောစောက ဆေးပြင်းလိပ်တိုကြီးကိုမီးညှိပြီး
တရှိုက်ရှိုက်မက်မက်ဖွာလိုက်ပြီး
“ကျုပ်က မင်းရေးရေးနေတဲ့ ကဗျာထဲက ညိုမီရဲ့ ဦးလေးအရင်းခေါက်ခေါက်ပဲ နန်းမွန်ရဲ့ ဘကြီးပေါ့ကွာ ငြိမ်းနဲ့တော့ ဆွေမျိုးတော်တယ်.”.ဟုပြုံးစစဖြင့်ဖြေလိုက်လေတော့သည်။ကျွန်ပ်လည်း ထိုသူကို အ့ဩသောအကြည့်ဖြင့် ထပ်မံကြည့်မိပြန်၏။ သူပြောသောနာမည်များမှာ ကျွန်ပ်ရေးသော ကဗျာများထဲက ဇာတ်ကောင်နာမည် များဆိုသည်မှာ မှန်ပါသည် သို့သော်
စိတ်ကူးယဉ်သောအမည် နာမများသာ အပြင်တွင် မရှိပေ။
ကဗျာဆရာတစ်ယောက်၏လုပ်ပိုင်ခွင့်ကိုနားမလည်သောထိုလူကြီးကို ကျနော် စိတ်က သနားမိသည်။
ဒီမှာမောင်ရင် ကရုဏာရသဆိုတာ ဒါပဲကွ မင်းက ငါ့ကို မသိရန်ကောလို့တွေးပြီးသနားနေတယ် ။တကယ်တော့ ငါကမင်းကိုရယ်ရွှင်စေချင်တာကွ
“ ဟဿသ ”လို့ခေါ်တဲ့ ဟာသရသဖြစ်စေချင်တာဟု ၎င်းက တဟားဟားရယ်ရင်းပြောလေတော့၏။
ကျွန်ပ်စိတ်ကူးကိုသိနေသောထိုလူကြီးကိုအံဩပြီးအံဩရလေတော့သည်။ ကဲ . .မောင်ရင် အမုန်းမုန်တိုင်ပေါ်ကရက်စက်သော ရယ်သံ ကဗျာနဲ့ညီမလေးဖတ်ဖို့ခံစားမူစာစုစာမူခ ဘယ်လောက်လိုချင်လဲ ပြောပေတော့ ဟု မေးလေရာ ကျွန်ပ်မှာစကားဆက်ပြောလို့မရအောင်အံဩမိပြီး ပါးစပ်အဟောင်းသားဖြစ်မိသည်။
မောင်ရင် မင်းသူငယ်ချင်းထုတ်ဝေသူနဲ့ တွေ့ပြီးပြီ ကဗျာ (၂၆) ပုဒ်၊ လောက၏ သဘာဝများကို ပြည်လည်မျှဝေထားသည့် “ညီမလေးရေ” အစချီဆောင်းပါး (၁၁) ပုဒ်၊ အထွေထွေ ဆောင်းပါး (၅) ပုဒ်ဒါပဲပါတယ်ကွာ့။ရော့ စာမူခ သူလွှတ်လိုက်လို့လာတာ။
ထိုလူကြီးက ငွေထုပ်htetway bookကိုဘုန်းကနဲ ပစ်ချလိုက်ပြီး သူလွယ်အိတ်ညိုညစ်ညစ်ကြီးကိုဖွင့်ကာ ပလပ်စတစ်ဖြင့်ပတ်ထားသော ဗူးတစ်ခုကိုထုတ်လိုက်၏
“ဒီမှာဟေ့ Acerလက်တော့ပ်တစ်လုံးပါပေးလိုက်သေးတယ် ငယ်သူငယ်ချင်းတွေဆိုတော့လည်း စေတနာကြီးတယ် ထင်ပ ။အဆင်ပြေရင်ဟာသဝတ္ထုတိုပေါင်းချုပ်ထပ်ထုတ်ပေးမယ် တဲ့ ကံတရားအတိုင်းပဲလို့လည်းမှာတယ် ဒါပဲသွားမယ် ဟေ့ ဟုဆိုကာ ရုတ်တရက်ကြီးထထွက်သွားလေတော့သည်။ မနေ့က ထုတ်ဝေသူက
သူ့လူယုံတစ်ယောက်လွှတ်လိုက်မယ် ဆိုတာ သင်းကိုးဟုတွေးရင်းသာ ပျော်ရွှင်ခြင်း၊အားမာန်ဖြစ်ခြင်းတို့ဖြင့် ကျန်ရစ်ခဲ့ရပါတော့သည်။
အမုန်းမုန်တိုင်းပေါ်က ရက်စက်သော ရယ်သံနှင့် ညီမလေးဖတ်ဖို့စာ
3.50 USD
Author(s): ထက်ဝေး
Type: Myanmar Books
Category: ကဗျာ / အက်ဆေး / ပေးစာ / မိန့်ခွန်း / ဟောပြောချက်
No of Pages: 129
Binding: Paperback
Publication Month Year: Jul-2014
Size: 14 cm x 21 cm

Description: စာရေးသူ ရေးသားသည့် ကဗျာ (၂၆) ပုဒ်၊ လောက၏ သဘာဝများကို ပြည်လည်မျှဝေထားသည့် “ညီမလေးရေ” အစချီဆောင်းပါး (၁၁) ပုဒ်၊ အထွေထွေ ဆောင်းပါး (၅) ပုဒ်တို့ကို စုစည်းကာ စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်သည်။ယဉ်မျိုးစာပေကဖြန့်ချီပေးသည်။တန်ဖိုး(၁၅၀၀)။

(ရွာထဲတင်ထားတဲ့ ကဗျာတွေဆောင်းပါးတွေကိုစုစည်းထုတ်ဝေလိုက်တာမို့ ရွာထဲရေးလိုက်တာပါ)

ထက်ဝေး

12 comments

  • alinsett

    September 21, 2014 at 1:23 pm

    ကဗျာစုစည်းမှုလေး ဖန်တီးလိုက်ပြီပေါ့…
    ဂုဏ်ယူပါတယ်.. ဗျားးးး

  • htet way

    September 21, 2014 at 1:32 pm

    ဟုတ်ပါတယ် ညီလေး အလင်းဆက် ။ခင်မင်သူတွေကလည်း အားပေးကြပါတယ်
    ရန်ကုန်ယဉ်မျိုးစာပေက ဖြန့်ပါတယ် ။

  • ဇီဇီ

    September 21, 2014 at 1:40 pm

    Congratulations..!!

  • မြစပဲရိုး

    September 21, 2014 at 3:15 pm

    ဆရာထက်

    တကယ်ဘဲ အိမ်မက် တွေ က လက်တွေ့ ဖြစ်လာပြီပေါ့။
    ပိုပိုပြီး အောင်မြင်ပါစေ။
    လူ့လောက အတွက် အကျိုးပြု စာလေးတွေ ဆက်ပြီး ရေးနေနိုင်ပါစေ။
    ရွာကနေ ဒါ ငါတို့ ရွာသားဟေ့ လို့ ဂုဏ်ယူစွာပြောရတာ ကောင်းလိုက်ပါဘိ။
    အားကျမိပါတယ် ဆရာထက် ရေ။

    ဆုမွန်ဖြင့် 🙂

  • manawphyulay

    September 21, 2014 at 3:46 pm

    ဆရာထက်တို့က ဆေးပညာဘက်မှာဘဲ ထူးချွန်တာမဟုတ်တော့ဘူး။ စာပေနယ်မှာလည်း အမုန်းမုန်တိုင်း မှတ်တိုင်တွေ စိုက်ထူနိုင်တဲ့အတွက် လေးစား ဂုဏ်ယူ အားကျမိပါတယ် ဆရာ…
    ဆက်လက် အောင်မြင်ပါစေ…

    အိမ်မဲ မှ အိမ်ဖြူသို့
    :mrgreen:

  • htet way

    September 21, 2014 at 9:26 pm

    ဆရာမ မနောရေ ဘယ်နှယ့် အမုန်းမုန်တိုင်းစိုက်ထူရမှာလဲ
    ကျနော် ရေးထားတာ ညီမလေး ဖတ်ဖို့ ဆောင်းပါးတွေနဲ့
    ဘဝကဗျာ၊ အချစ် ကဗျာတွေပါ။ အပါ်ကဆရာတွေကိုလည်း
    အားပေးတာ ကျေးဇူးပါ။

  • ခင် ခ

    September 21, 2014 at 10:26 pm

    ဂုဏ်ယူဖွယ်ရာ မှတ်တိုင်ကိုစိုက်နိုင်ခဲ့ပြီပေါ့ဗျာ
    ဝမ်းမြောက်စွာဂုဏ်ပြုတယ်နော်ဆြာထက်ရေ

  • ကိုပေါက်(မန္တလေး)

    September 21, 2014 at 10:36 pm

    လေးစားအားကျ ရသူ နှစ်ယောက်ရှိသွားပြီ

    ကိုသော်ဇင်

    ကိုထက်ဝေး

    ကျနော်ကတော့ အခု ထိ ဘာမှ ဖြစ်မလားသေး

    စာအုပ်ထုတ်မယ်ဆို တဲ့ အိပ်မက် က ဟိုးအဝေးကို ထွက်ပြေး သွား ပါကြောင်း

  • htet way

    September 22, 2014 at 8:42 am

    ဆရာခင်ခခင်ဗျား
    ဂုဏ်ပြုတယ်ဆိုလို့ ဝမ်းမြောက်မိပါတယ် ။ကျေးဇူးလည်းတင်ပါတယ်
    ကျနော်စာအုပ်က ဆောင်းပါးတွေက ဂေဇက်မှာဖေါ်ပြပြီးသားတွေပါ။

  • htet way

    September 22, 2014 at 8:45 am

    ဆရာကိုပေါက်လည်းစာအုပ်ထုတ်ဖို့ စာမူတွေရှိနေပါတယ်
    ထုတ်ရင်ဖြစ်ပါတယ် ဆရာ။
    အိပ်မက်တွေ တကယ်ဖြစ်လာမယ် လို့ ကျနော်တော့ ထင်ပါတယ် ။

  • kyeemite

    September 22, 2014 at 9:40 am

    .ကိုထက်ဝေးရဲ့ စပေအောင်မြင်မှုအတွက်ဂုဏ်ယူပါတယ်ဗျာ
    .ရွာထဲရေးခဲ့သမျှကိုလည်း တွေ့တိုင်းအားပေးခဲ့ပါတယ်
    .နောင်လည်း စာပေနဲ့ လူ့လောကအကျိုး ဆထက်တပိုး သယ်ပိုးနိုင်ပါစေကြောင်း

Leave a Reply