ဓါတ်ဆြာ အလွဲများ – ၁

ムラカミSeptember 21, 20141min26316

တချို့ အလွဲတွေများ အတော် ဆိုးသဗျ…

ကိုယ်လွဲတာတော့ မပြောတော့ပါဘူး

သူများလွဲတာပဲ ဖောက်သည်ချပါရဇီ။
တခါသားဗျာ….။

ဒတ်သေ ထွက်ရိုက်နေကျ သူငယ်ချင်း ဓါတ်ဆြာပေါ့…

(အဲ… ဒီကောင့်အတင်းပြောတယ်လည်း ဖြစ်အုံးမယ်)

တတ်နိုင်ဘူး ဆက်ဆွဲတာပေါ့ဗျာ…။

ကြုံတုံး ကြိုပြောပြထားရရင်

သူနဲ့ပဲ ဖြစ်ဖြစ် ကျန်တဲ့ စီနီယာ ဂျူနီယာ နဲ့ပဲဖြစ်ဖြစ်ပေါ့

အောက်ဒိုး ရှုရင် ကျနော် နေလေ့ရှိတဲ့ နေရာက

စက္ကန်ဒရီ ဖိုတိုဂရပ်ဖာ ပဲ … ဘယ်တော့မှ ပရိုင်မာရီ နေလေ့မရှိ

အဲ့ဖီလင်ကိုလည်း မကြိုက်… (ထားပါလေ ..အဲ့အကြောင်း နောက်မှ ပြောပါ့မယ်)

အဲ့ဒါဗျာ တချို့ သော set တွေ တချို့ သော အချိန်အခါတွေမှာ

ဖလက်ရှ် ဖောက်ရလောက်အောင်လည်း မလို … ဒီတိုင်း အလွတ်လည်းမဖြစ်လို့

ရီဖလက်တာ ထိုးရတဲ့ အခြေနေမျိုးတွေ ရှိသပေါ့…

ပုံမှန်ဆို တယောက်ထိုး တယောက်ရိုက် … စကားပြော တိုင်ပင်ပေါ့ …

တခါတလေတော့ ကျနော် off-mood ဖြစ်ရင် မရိုက်တာမျိုး ရှိရဲ့….

အဲ့ဆြာသမား ကလည်း ငယ်ကတည်းက ဘော်ဒါ ဆိုတော့ အားနာတယ် မှတ်ပါတယ် (လူထူရင်ပိုဆိုး)

ကျော့်ကို သူ့ဒဗဲ့ ထင်သွားမှာ တခြားလူထက် သူက ပိုကြောက်တတ်တဲ့ တကယ့်သူငယ်ချင်းကောင်း

(ဂလိုလည်း နည်းနည်းပြန်ပင့်အူးမှ)

သူ့အတွက် မှန်ထိုးပေးပြီးရင် သူ တလှည့် မှန်ပြန်ထိုးပေးပြီး အတင်း ရိုက်ခိုင်းတတ်တာရယ်…

ပြဿနာက အဲ့သည့်မှာ ….

ကျနော့် အကျင့် နဲ့ စရိုက်က low angle ရိုက်တတ်တာပါ….

တခြား angle တွေနဲ့လည်း ရိုက်လေ့ရှိပေမယ့် base ကတော့ low ပါပဲ …။

အဲ့ဒါ တခါသားဗျာ …။ ဘီးကျဲက မှန်ဝင်ထိုးပြီး …ကျနော့်ကို ရိုက်ဖို့ လှမ်းခေါ်တာ …

low ဆရာကြီး လုပ်ပါ အုံး တဲ့ ….။

ကိန် ကိန်…။

အင်မတန် မျက်နှာ တည်ပါတယ်ဆိုတဲ့ မော်ဒယ် ရီလိုက်တာမှ မျက်ရည်တွေဘာတွေထွက်ပြီး ခွက်ထိုးခွက်လန်….

(သူလည်း ဘာကို ဆိုလိုတယ်ဆိုတာ သိပေမယ့် အသံထွက်ကြီးကဗျာ …)

ကျော် လည်း ဘာကို ရိုက်ရမှန်းကို မသိတော့ …..

အနည်းဆုံးတော့ … စိတ်လွတ်လက်လွတ် ရီနေတဲ့ အကွက် တချို့ အဲ့နေ့က ကျနော် ရလိုက်ပါကြောင်း….။

ဒချိ ဒချိ.။

နောက် တယောက်ကျ ပိုဆိုးသဗျ. …။

လူသတ်မှုဖြစ်ထားလို့ ကျက်သရေ တုံးနေတဲ့ ပန်းခြံထဲ သွားရိုက်တာရယ်…။

တမနက်လုံး မိုးရွာနေလို့ မော်ဒယ်ရော ကိုယ်တွေပါ ရိုက်မဟဲ့ ဆိုတဲ့ စိတ်က ကြီးစိုးနေပြီး

မုဒ် ကအကောင်းဆုံးဖြစ်နေချိန်…

ထုံးစံအတိုင်း ဂျောင်ဂျို ဂျောင်ဂျား ခေါ်သွားသပေါ့ဗျာ …

အဲ့နားမှာ အတွဲ တတွဲရှိနေတယ် (အကုသိုလ်တွေ အကုသိုလ်တွေ)

ကျုပ်တို့ မီးထိုး မှန်ထိုးနဲ့ ရှုကြတော့ … အတွဲလည်း အရှိန်တန့်ပြီး ပုခုံးလေးကိုင် စကားပြော အဆင့်နဲ့

အိန်ဒယေ ဆယ်မပေါ့ဗျာ ….

အဲ့မှာ လုံးဝ မထင်ထားတာ တခုဖြစ်လာတယ်…

ကျော်တို့တောင် မတွေ့ပါဘူး … ခြုံထဲက ၁၄-၅နှစ်သား ချာတိတ်တယောက် ထွက်လာတာလေ…

တကိုယ်လုံးလည်း ကျွတ်တွေတွယ်ထားတာ နည်းမှမနည်း…

ဟီးဟီး

အတွဲချောင်းနေပုံရတယ်…

အတွဲက ကျော်တို့လာလို့ မုဒ် ပျက်သွားချိန်

သူလည်း ချောင်းရတာ အရသာမရှိတော့ဘူးဆိုတော့ ခြုံထဲက ထွက်လာတာ…

အဲ့ကျမှ ကျွတ်တွေ သတိပြုမိပုံပဲ ….

သူ့ကျွတ်တွေထဲကတကောင်ကို ခွာပြီး ပစ်တာ ရီဖလက်တာပေါ် ကျသွားလို့ ….ဆဲခဲ့ရတဲ့ ငတိပေါ့ဗျာ …

(သူ့အမေနဲ့ ပါ တိုင်လိုက်သေးတာရယ်…)

အဲ့လို…

အဲ့ဒါနဲ့ဗျာ …အဲ့ ဂျောင်ဂျို ဂျောင်ဂျား ရိုက်ပြီး အပြန်…

ဘော်ဒါ ဒတ်ဆြာ ထပ်ပြီး စကားမှားပါတယ်….

ကျနော်တို့ သူငယ်ချင်း ထဲမှာ တယောက် (စဗျစ်သီးပေါ့ဗျာ)

အဲ့ဘဲကို အဲ့ လိုကေးရှင်း မှာ သူလာရိုက်ပေးဖူးကြောင်း စကားစပ်လို့

သူကျနော့်ကို ပြောပြတဲ့ အခိုက်ပေါ့ ….။

ဆိုးတာက အဲ့ ဇဗျစ်သီးကို သူ့အနုပညာ နာမည်ရော

ကျောင်းနာမည် ငယ်နာမည်ရော မခေါ်တဲ့အပြင် nick name ကိုပဲခေါ်တာပါ…။

အဲ့နာမည်ကလည်း ခပ်ဆိုးဆိုးပဲ…။

(ကြက်ဖအမောက်ထောင်သလို ဆံပင်ပုံ ထားတတ်လို့ အဲ့ဘဲကို ကျနော်တို့ခေါ်တဲ့ nick name က ကြက် ပါတဲ့ )

ဟို ဘဲက အာဘောင်အာရင်းသန်သန်နဲ့ စကားတွေ ပြောနေရင်း ……

ငါ *လတုန်းက ကြက် ကိုလာရိုက်ပေးတာ ဒီမှာပေါ့ကွာ …. တဲ့…

ကိန်ကိန် …။

မော်ဒယ် မျက်နှာ ကျုပ်ဖြင့် ကြည့်တောင် မကြည့်ရဲဘူး

အဲ့အခိုက်အတန့်…

နောက်မှ …

မသာယီး နင့်စကားက … ဘာဖြစ်သွားသဒုံး နင် ရှင်းစမ်းဆိုပြီး ပြောလိုက်ရတယ်…….

အဲ့လို အဲ့လို…

တော်တော် လွဲပါဒယ် ဗျာ …
လောလောလတ်လတ် … ကန်တော်ကြီးမှာ စူပါမော်ဒယ်ကို ချိန်းပြီး အပေါက်မှားစောင့်မိတဲ့ ကေ့စ် တက်ထားသေးတယ်…

(နောင်ကြုံမှ ပြောပြပါ့မယ်လေ…)

16 comments

  • alinsett

    September 21, 2014 at 1:19 pm

    ရိုက်ကွင်းပေါ်မှ အလွဲများ ပဲ….

    😆

  • မြစပဲရိုး

    September 21, 2014 at 2:34 pm

    အတွေ့အကြုံ အလွဲ လေးတွေ က တကယ်ကို ဖတ်လို့ ကောင်းပါတယ်။
    ဗဟုသုတ ရပါတယ်။
    ရီလဲ ရီရတယ်။
    ကျေးကျေး ပါ ဓါတ်ဆြာ .. :-)))

    ဆက်မယ်နော်။
    Post နဲ့ တော့ မဆိုင်။
    သို့ပေမဲ့ အရီး လေ။ 😉

    တို့ ရွှေပြည်ကြီးထဲ မော်ဒယ်လေး တွေ ဘယ်နှစ်ယောက် ရှိလဲ စာရင်း လုပ်ကြည့်ချင်တယ်။
    မြန်မာပြည် ထဲ မိန်းကလေးများ အရွယ်လောက်ပြီ ဆို မော်ဒယ် လုပ်ဖို့ ကို အားသန် နေကြသလားလို့။
    ဒီလောက် လူတွေ များနေတဲ့ လိုင်း မှာ နောက် ၁ဝနှစ် မှာ ငါ ဘာဆက် လုပ် မယ် ဆိုတာ ကိုရော သူတို့ စဉ်းစား ပြီး ပြီလား မသိ။

    အဲဒီ မော်ဒယ်ပေါင်း များစွာကို ရိုက်နေတဲ့ ဒါ့ပုံဆရာ တွေကလဲ ပရိုတွေရော၊ ဝါသနာရှင်တွေရော အများကြီး။
    အဲဒီပုံတွေ ဘယ်မှာ သွားသုံး ကြလဲ။

    တကယ်ကို နားမလည်နိုင်လို့ မေးတာပါ။
    စောစောစီးစီး ကျပ်တနာ လုပ်တာ ဝုတ်ဘူး။
    အမှန် က ဖြစ်နေပုံ တွေ ကို ဒါထက်တောင် ဆက်ပြီး ဝေဖန်ချင်ရဲ့။
    ဓါတ်ဆြာ စိတ်ကောက်သွားမစိုးလို့။ lol:-)))

    • ကန္နားစီး မိဂီ

      September 21, 2014 at 4:11 pm

      မှန်တာပြောရရင် …..မဟုတ်ဘူးဗျ
      အရီးဆက်ဆံရတဲ့ အဝန်းအဝိုင်းမှာ သာ ကြုံနေလို့ ဂလိုမြင်တာ ဖြစ်မယ်ထင်တယ်
      ဘရာဇီးမှမဟုတ်တာဗျာ …

      အဟွတ်
      နောင်မှ အေးဆေး သေချာ ပြောချင်ပါတယ်လေ…
      (ခုတလော ခေါင်းကျိန်းစရာများနေလို့ပါ)

  • ခင် ခ

    September 21, 2014 at 6:23 pm

    အတွေ့အကြုံအလွဲတွေမို့ ဖတ်ကောင်းတယ်ဗျ

  • naywoon ni

    September 22, 2014 at 1:57 am

    ဓာတ်​ဆြာ အလွဲများဆိုလို့ ဒါတ်​စာ လားလို့ လာကြည်​့တာ ပြီး​ဒေါ့ ဟုတ်​ဖူးရယ်​ ။ ပြန်​​ဒေါ့မယ်​ ။ ဒါထက်​ အတင်​းစကားစပ်​ …… ရွာထဲမှာ နံမယ်​ အ​ပြောင်​းအလဲ ​တွေက ဘယ်​သူ့ မှတ်​ပုံတင်​ ပြီး ​ပြောင်​းကြလဲ ဟင်​ ။ မလိုဘူးလား ။ အင်​း အင်​း မလိုလဲ ပြီးတာပါပဲ ။ နံမယ်​ အသစ်​​တွေ့လိုက်​ အရင်​ နံမယ်​ အ​ဟောင်​း သဲလွန်​စ လိုက်​ရှာလိုက်​ရနဲ့ ။ မျက်​စိလည်​လည်​သွားလို့ ။ တစ်​​ယောက်​​တော့ သဲလွန်​စ​တွေ့ပြီ ။

  • kyeemite

    September 22, 2014 at 9:15 am

    .ဓါတ်ဆြာအလွဲလေးတွေကို ပုံလေးတွေနဲ့ပါတင်ရမှာဗျာ…ဒါမှပိုအရသာတွေ့မှာဟ :))

  • sorrow

    September 22, 2014 at 11:13 am

    ..ကျော်တော့ဖြင့် ဆြာလေးရိုက်ထားပေးတဲ့ စုံတွဲပုံလေးကြည့်ကြည့်ပြီး…ပီတိဖြစ်မဆုံး….ကယ်တော့ …ဓါတ်ဆြာဆိုတာများ..အလိုလိုနေရင်း ကုသို်လ်ရနေတဲ့လူတွေဗျ….ထင်တာပြောပါတယ်…

    • ကန္နားစီး မိဂီ

      September 23, 2014 at 10:55 am

      ဟိတ်လူ
      သဒင်းကျွတ် မုဒ် တခု တွေးမိတာရှိတယ်..
      ဖုန်းဆက်မယ်ဗျာ…

  • kai

    September 23, 2014 at 2:19 pm

    လွဲတော့မလွဲပါဘူး..တည့်တည့်ပြောတာ..

    ဂျပန်မိုဒယ်တယောက်ကို.. ကိုယ်တုံးလုံးချွတ်ပြီး.. ပုံ၃ထောင်ရိုက်.. အဲဒီဓာတ်ပုံအခွေထုတ်ရောင်းတဲ့.. ဓာတ်ပုံဆရာရဲ့အခွေတော့ဝယ်ဖူးတယ်..
    အနည်းဆုံးတေ့ာ.. ဂျပန်မရဲ့ခန္တာအချိုးအစားအသေးစိတ်.. သိရတာပေါ့..
    ဂျပန်က.. အနောက်နိုင်ငံသားတွေထက်စာရင်.. ခါအလျှားရှည်တယ်..။ ပေါင်တန်တိုတယ်..စသဖြင့်ပေါ့..။

    မြန်မာတွေလည်း.. စနစ်တကျ.. လုပ်သင့်.. :k:

    • pooch

      September 23, 2014 at 2:36 pm

      အော် အဲ့လိုလား 😯 :k:

    • ကန္နားစီး မိဂီ

      September 23, 2014 at 5:03 pm

      စနစ်တကျ လုပ်ပီးရင် ဒီလာ တင်ရမား ဟင်င်င်င်င်

      • kai

        September 24, 2014 at 1:58 pm

        မြန်မာတွေမယ်.. ခန္တာအချိုး.. အကျင့်စရိုက်.. လက်အနေအထား.. လမ်းသွားရင်.. မျက်နှာချင်းဆိုင်တွေသူနဲ့.. ဘယ်/ညာရှောင်ပုံ.. လှေကားတက်လှမ်းတဲ့အမြင့်..။ ပျမ်းမျှ ဗိုက်။ အရပ်၊ ရင်..တင်.. စသဖြင့်.. လုပ်ထားသူမရှိတာမို့.. နိုင်ဂျံဂါးကုမ္ပဏီတွေ မားကက်တင်းဝင်ရင်ဖြစ်ဖြစ်..။ မြန်မာတွေ အဆောက်အဦ၊ လှေကား၊ လမ်း စတာတွေဖောက်မယ်..ဆောက်မယ်..ဒီဇိုင်ဆွဲမယ်ဖြစ်ဖြစ်.. ဖြစ်သလိုစခန်းသွားနေကြရမယ်မှတ်တယ်..။

        လုပ်ပြီးရင်.. တင်သာတင်..
        အင်အားကောင်းရင်.. ဝက်ဘ်ဆိုက်အသစ်လုပ်ပြီးကို.. ရောင်းစားပစ်မယ်..။ ဒေတာတွေ.. :k:

        • ဇီဇီ

          September 24, 2014 at 2:01 pm

          မလုပ်ပါနဲ့။
          ခုတောင် ဇဇထ ကို သွားရိုက်ပါမယ် လုပ်လို့ မနည်းတားနေရတယ်။

          :mrgreen:

  • လုံမလေးမွန်မွန်

    September 23, 2014 at 3:07 pm

    သများတို့မယ်. စုံတွဲပုံများများစားစားမရှိဘူးရယ်.. ဘာရယ်မဟုတ်ပါဘူး.. ကြုံလို့လာပြောတာ.. အဟိဟိ..

    • ကန္နားစီး မိဂီ

      September 23, 2014 at 8:23 pm

      ဥတုရာသီ ခြေခင်းလက်သာရှိပြီး
      ကားမကျပ်တဲ့ တညနေလောက် … ဆုံပြီး ရိုက်ပေးပါ့မယ်ဗျာ…
      ဘီဘီတော့ တိုက်ပါ …
      ဂလု ဂလု …

      (နောင်နောင် ဘာကျိုက်လဲ သိတယ်မလား ညီဘွားငဲ့)

      😛

      ဖောင်မစီး ဘူး ကျားပဲ စီးတာ..

  • မွသဲ ( 17082011 )

    September 24, 2014 at 4:13 pm

    နီ့မော်ဒယ်အလွဲတွေဖတ်ရင်း ဂျာပွန်က နီ့ ဝတ်လစ်စလစ်မော်ဒယ်လေးသွားသတိယသအေ

Leave a Reply