“မြန်မာတွေ သတ္တိရှိလာပြီ”

“မြန်မာတွေ သတ္တိရှိလာပြီ”

IMAG1121

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအုပ်စိုးတဲ့အချိန်ကစပြီး

၂၀၁၂ ပုံပြောင်းအစိုးရ မတိုင်မီအချိန်ကာလ က

တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းများက ပြည်သူပြည်သူများအပေါ်မှာ

စည်းကမ်းရှိအောင်အတော်လေးကို ကွပ်ကွပ်ညှပ်ညှပ်လုပ်ခဲ့ပါတယ်။

အထူးသဖြင့် ယဉ်စည်းကမ်းနဲ့ပါတ်သက်လို့ပေါ့။

ဒါဏ်ငွေဆောင်ခိုင်းတယ်။

ယာဉ်ကိုသိမ်းထားတယ်။

အဲ့လိုလုပ်တော့ စည်းကမ်းကိုအတော်လေး

လိုက်နာခဲ့ကြပါတယ်။

လူမလစ်ရင် စည်းကမ်းမဖောက်ဘူးပေါ့။

IMAG1122

ဒါပေမယ့် အခုနောက်ပိုင်း

ခေတ်မှီဖွံဖြိုး တိုးတက်ပွင့်လင်းသောခေတ်ကာလမှာ

လူတွေက အမြင်ကျယ်လာသလို မတရားဖိနှိပ်တယ်ထင်ရင်

မခံတော့ပါဘူး။

ပြောင်ပြောင်တင်းတင်းကို ဆန့်ကျင့်ကြပါတယ်။

ငုံ့ မခံ ကြ တော့ပါဘူး။

သတိ္တရှိလာတယ်ဆိုတဲ့သဘောပေါ့။

တစ်လမ်းမောင်းကိုလဲ နေ့ခင်းကြောင်တောင် ရော

ညရော လမ်းပြောင်းပြန်မောင်းရဲလာတယ်။

သတိ္တိရှိလာတဲ့သဘောပေါ့။

အခုတော့ အဲဒီထက်တောင်ပိုလာပါပြီ။

IMAG1124

ဘယ်လောက်လေးစားစရာကောင်းလဲလို့။

သတိ္တရှိရှိ ပြောင်ပြောင်တင်းတင်းဆန့်ကျင့်ကြတာ။

နေ့ခင်းကြောင်တောင်မှာတောင်မှ

လမ်းပြောင်းပြန်ရပ်ထားတဲ့ကားတွေလေ။

တကယ့် ကို လေးစား စရာကောင်းမှကောင်းပါဘဲ။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

22-9-2014

14 comments

  • htet way

    September 22, 2014 at 8:52 am

    သတိ္တိရှိလာတာ ကောင်းပါတယ် ။စည်းကမ်းချိုးဖေါက်ပြီး သေရဲလာကြတယ်။
    ကျနော့မြို့မှာဆို မရပ်ရတဲ့နေရာရပ်တာပဲ၊ဘယ်သူမှ ဂရုမစိုက်ဘူးဆိုတဲ့ သဘော
    သတ္တိကောင်းတာ။ဆိုင်ကယ်အရှိန်ပြင်းပြင်းမောင်းတယ် ။သတ္တိရှိတာ။
    ထောက်ပြတာလေးစားပါတယ် ဆရာ။

  • ဟုတ်တယ်ဆရာထက် မန်းလေးက ပိုစည်းကမ်းပျက်တယ်ထင်မိပါတယ်။
    နေ့စဉ်နဲ့အမျှ ရဲ တွေ စည်ပင် က စည်းကမ်းဖောက်ဖျက်သူတွေကိုဖမ်းတယ် ။
    ဒဏ်တတ်တယ်။
    တစ်ရက်တစ်ရက်အများကြီးဖမ်းမိတယ။်
    ဒီနားဖမ်းတော့ ဟိုဘက်က ရှောင်မောင်းတယ်။
    ဦးထုတ် မဆောင်းတာကို အစိုးရကို ဆန့်ကျင်တာ လို့ အယူအဆမှားနေတာကို မြှောက်ပေးနေတဲ့သူလဲရှိတယ်။
    လမ်းပြောင်းပြန်ကို အရှိန်ပြင်းပြင်းနဲ့မောင်းတယ်။်
    ညဆိုရင် ဆိုင်ကယ်တွေမီးမပါဘဲမောင်းတယ်။
    သေပြီ ဆိုမှ ဟိုလူအပြစ်တင် ဒီလူအပြစ်တင်။

    လာမယ်2015မှာ ဒီလို လူစားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်ရမှာကိုတွေးပြီးရင်လေးတယ်။
    ခေါင်းဆောင် ခေါင်း ကို သာ လို ချင် နေကြတယ်
    နိုင်ငံသားကောင်းဖြစ်အောင် နေမယ် လို့ ပြုပြင်တဲ့ စိတ်တွေမရှိသေးတာ ဆုးိတယ်

  • kyeemite

    September 22, 2014 at 9:24 am

    .ရန်ကုန်မှာလည်းထိုနည်း၎င်း…..
    .ကိုပေါက်ပုံလေးတွေမှာတစ်ခုသတိပြုမိတယ်ဗျ…အဲ့ဒါကတော့ ထူးထူးခြားခြား သန့်ရှင်းနေတာပဲ
    .သုံးပုံလုံးမှာလမ်းပေါ် လမ်းဘေး ဘာအမှိုက်မှမရှိ..ဒါလေးတော့ကြံဖန်သဘောကျပါရဲ့ဗျာ

    • ခင် ခ

      September 22, 2014 at 10:39 am

      မန်းမှာက အမှိုက်သိမ်းစနစ်က နာရီအကန့်အသတ်နဲ့ အမှိုက်ပုံသို့ပစ်ရသလို၊ အမှိုက်ပုံမပစ်ချင်ရင် အမှိုက်သိမ်းကား လာတဲ့အခါဘဲပစ်ရတယ် ကျန်တဲ့အချိန်အမှိုက်ပစ်တာတွေ့ရင် စည်ပင်ကဒါဏ်ရိုက်အရေးယူ လို့ရယ် ဒေသရာသီဥတုအရ ခြောက်သွေ့တဲ့သဘောရယ်ကြောင့် အမှိုက်စိုသိပ်မရှိတာလဲ ပါမယ်ဗျ။
      မုံရွာဆို အမှိုက်သိမ်းစနစ်ကို ကုမ္မဏီကန်ထရိုက်စနစ်ပေးထားတော့ အိမ်တိုင်ရာရောက်အမှိုက် ကုမ္မဏီ ကန်ထရိုက်ဝန်ထမ်းက လာသိမ်းပြီး၊ လမ်းပေါ်သစ်ရွက်အမှိုက်လည်း သူတို့ဘဲရှင်းရတော့ ပိုလိုတောင် မြို့ကွက်သန်းသေးတယ်လေ လစဉ်ကြေးတော့ အိမ်တွေကပေးရတယ် ထောင်ဂဏန်းပါဘဲ ဆြာမိုက်ရေ။
      ရန်ကုန်အနေနဲ့လည်း အမှိုက်သိမ်းစနစ်ကို အဲလိုကုမ္မဏီကန်ထရိုက်စနစ်လုပ်သင့်ပြီ ထင်တယ်ဗျ။

    • ကိုမိုက် ရေ ဒါက သနပ်ခါး လိမ်း ပန်း ပန် ထားတာ

      နောက်ရက် ပေါင်သေးစီးကြောင်းတွေလာမယ်

  • ဇီဇီ

    September 22, 2014 at 10:15 am

    သတ္တိရှိလာပြီ။
    အုပ်ချုပ်တဲ့ အစိုးရကိုက သတ္တိရှင်တွေကိုးး

    :b:

  • manawphyulay

    September 22, 2014 at 11:11 am

    သတိ္တကတော့ ခုမှ ရှိလာတာမဟုတ်ဘူး လေးပေါက်ရဲ့
    အရင်ထဲက ရှိတာ။ ခုတော့ ကားလမ်းကြပ်တော့ ပိုတောင်ဆိုးလာပြီသိလား…

  • Paing Lay

    September 22, 2014 at 2:51 pm

    သတ္တိရှိပုံကတော့ မပြောနဲ့တော့ လေးပေါက်ရေ။ လွန်ခဲ့တဲ့ တစ်ပတ်ကမှ ရတနာပုံမှာ ကျောင်းတက်နေတဲ့ အနော့ ညီမဝမ်းကွဲတစ်ယောက် ၂၆လမ်းမှာ ညဦးပိုင်း ယာဉ်တိုက်မှုဖြစ်ခဲ့သေးသဗျ။ ပြီးတော့လည်း လျော်ကြေးနဲ့ပဲ အဆုံးသတ်လိုက်ရတယ်။ :buu:

  • ကိုပေါက်(မန္တလေး)

    September 22, 2014 at 11:07 pm

    လျော်ကြေးရလိုက်တာတော်သေးတာပေါ့ နုမို့ ဆိုရင် သဒ္ဒါကြေးလောက်နဲ့ ပြီးသွားမယ်

  • kai

    September 23, 2014 at 2:07 pm

    လမ်းကတော်တော်ကောင်းနေပြီး.. ဝန်းကျင်လည်းရှင်းသန့်နေတာက.. တခြားမြို့တွေအတုယူစရာစနစ်တခုသက်ရောက်နေတယ်လို့ထင်မိတယ်..။

    လမ်းအမှတ်အသားတွေ.. စည်းကမ်းဆိုင်းဘုတ်တွေထားဖို့တော့.. လိုနေသေးတယ်ပေါ့..။

  • ကိုပေါက်(မန္တလေး)

    September 23, 2014 at 10:06 pm

    မန်းလေးမြို့ရဲ့ သန့်ရှင်းမူ့ကအရင်ထက်စာရင် တိုးတက်လာပြီလို့ဆိုနိုင်ပါတယ်။
    ဒါပေမယ့် တို်က်ခန်းတွေလို လူမြင်ကွင်းမှာမရှိတဲ့ နေရာကတော့ အရင်အတိုင်းဘဲရှိပါသေးတယ်
    လမ်းအမှတ်အသားဆိုင်းဘုတ်တွေက လုပ် ပေးထားတယ်

    ဒါပေမယ့် လူမပီသတဲ့ကောင်တွေက အမြဲတမ်းဖျက်ဆီးသွားတယ်

  • မ " တတ် ပါ့ "

    September 24, 2014 at 10:57 am

    ပြောမယ်ဆို ပြောစရာချည်းပဲ…ပြောတဲ့လူသာ အမောဆို့သွားမယ်ဟေ့…သူတို့ကတော့………………

Leave a Reply