အပျင်းပြေ ထိုင်ကစား

ဇီဇီNovember 12, 20149min58940

ဟို ငယ်တုန်းက ရပ်ကွက်တကျော ကညင်းကျောထ ကစားခဲ့တဲ့ ပို့(စ) ဖတ် အပြီးမှာ သများကို အင်မတန် မျောက်ကျတယ်လို့ ထင်နေတဲ့ သူများ အတွက် ဒီ ပို့(စ) ကို ရေးပါတယ်။
အဟိ။  :mrgreenn:

.

.
သများ ငယ်ငယ်က ထိုင်ပြီး ကစားရတဲ့ ကစားနည်းတွေလည်း ကစားခဲ့ဖူးပါရဲ့။
ထိုင်ပြီး ဦးနှောက်ကို သုံးတဲ့ ကစားနည်းကို ပြောတာ။ ဟိဟိ   :mrgreenn:

.
ဟိုလူဂျီးလို တော့ ဩဇာစေ့တောက်တာတို့ ဘာတို့ လာမပြောနဲ့နော်။
:kwi:

.
ထိုင်ပြီး ဆော့ရတဲ့ မြန်မာ့ရိုးရာ ကလေး ကစားနည်းတွေက နောက်မှ ရေးမယ်။

.
အိမ်က လူကြီးတွေကတော့ ကျနော်တို့ကို ငြိမ်စေချင်ရင် တစ်မျိုးမဟုတ် တစ်မျိုး ပေးထားတဲ့ ကစားနည်းတွေ။
နို့မို့ ရပ်ကွက်တကြော ဘွက်ပေါက်အောင် ဆော့လွန်းလို့။

:chee:

အဖိုးပြောနေကျ စကားတစ်ခွန်းရှိတယ်။
ဆော့တာနဲ့ ကစားတာ မတူဘူးတဲ့။
တောင်စဉ်ရေမရ ဟိုဖွဒီရှုပ် ဆော့တာထက်စာရင် စံနစ်ကျကျ ကစားစေချင်တာမျိုးးးး

.

.
အဲ။ ဖဲရိုက်တဲ့ ကိစ္စမှာပဲ လက်မခံတာ။
ဖဲဆော့တယ်မှ မရှိ၊ ဖဲကစားတာပဲ ရှိတာမို့ အပြစ်မဖြစ်ဘူး ပြောမိလို့ ဖဲသမားတွေအိမ်ပေါ်က ဆင်း လို့ နှင်ပါလေ့ရောလားးး
အာ့ကြောင့် ကင်းပုန်း တစ်ယောက်တစ်လှည့်စီ လုပ်ပြီး မှ ကစားရတာ။

.

.
ဟိ။  :mrgreenn:
လွမ်းတာ။

.
ဒါလည်း အလွမ်းပြေပို့(စ) တစ်ပုဒ်မို့ ပေါ့ပေါ့ပါးပါးသာဖတ်စေလိုကြောင်းးး

.
ဘလော့တုံးတွေနဲ့ အိမ်ဆောက်တာတို့၊ သံထည်ပစ္စည်းလေးတွေနဲ့ ဝက်အူတို့ မူလီတို့နဲ့ တည်ဆောက်ရေး ကစားတာတို့လည်း ချန်ခဲ့သေးတယ်။

:mrgreen:

 

၁) တစ်တက်တိုး ကစားခြင်း - Tic-Tac-Toe
၁) တစ်တက်တိုး ကစားခြင်း – Tic-Tac-Toe

 

 

 

 

 

 

 

 

 

 

 

 

 

၁) တစ်တက်တိုး ကစားခြင်း – Tic-Tac-Toe
ကျောင်းမှာ အားရင် စာရွက် အလွတ်မှာ အင်းကွက်လိုမျိုး ဆွဲပြီး ကြက်ခြေခတ်လိုက်၊ အဝိုင်း ဆွဲလိုက် ကစားခဲ့တဲ့ နည်းပေါ့။
ကျောင်းသူကျောင်းသားတိုင်း ကစားဖူးမှာပါ။
အသံတိတ်ပဲ။
ခေါင်းချင်းဆိုင်ပြီး သင်္ချာတွက်တာထက်အောင် စိတ်ဝင်စားပုံပေါက်လို့ ဆရာမလည်း မရိပ်မိဘူးပေါ့။  :mrgreenn:
ကိုယ်ယူထားတဲ့ ကြက်ခြေခတ်ဖြစ်ဖြစ်၊ စက်ဝိုင်းဖြစ်ဖြစ် ၃ ခု တတန်းတည်း ကျအောင် ကြိုးစားရတာဖြစ်ပြီး သူများက တစ်တန်းတည်း ကျမှာကိုလည်း လိုက်ဖျက်ရတာမျိုးပါ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂) ပိုလိုကားချပ်ထပ်ကစားခြင်း - Polo Cards
၂) ပိုလိုကားချပ်ထပ်ကစားခြင်း – Polo Cards

 

 

 

 

 

 

 

 

 

 

 

 

 

 

၂) ပိုလိုကားချပ်ထပ်ကစားခြင်း – Polo Cards
ပိုလိုကားးးချပ် ထပ်တာတော့ ဆော့ဖူးကြမယ် ထင်ပါတယ်။
ကျောင်းမှာ တစ်ခေတ်ဖြစ်ခဲ့ဖူးရဲ့။
အနည်းဆုံး ၂ ယောက်ကနေ ၄ ယောက်လောက်ထိ ကစားရရင် ပျော်စရာကောင်းတယ်။
ကားချပ်တွေ ပါတဲ့ အချပ်တွေ ဝယ်ရတယ်။ (မျိုးတူတွေပေါ့နော်)
တစ်ယောက်က ဘယ်၂ ချပ် စိုက်တယ် ဆိုပြီး ညီတူပေးထားပြီး ကားချပ်တွေ ရောမွှေလိုက်ရတာ။
ပြီးရင် အညီအမျှ ပြန်ခွဲတယ်။
ပြီးရင် စထပ်ရတော့တာပဲ။
ကိုယ့်ပိုင်တဲ့ အချပ်တွေကို လက်ထဲမှာ မှောက်ကိုင်ရတယ်။
ပုံတူ (သို့) စာလုံးတူ ရင် အဲဒီ အထပ်ထဲ က တစ်ချပ်ချန်ပြီး တူအောင်ထပ်နိုင်တဲ့သူက အကုန် သိမ်းခွင့်ရတယ်။
အဲဒီတုန်းက များ အချပ်တွေ သိမ်းထားနိုင်ရင် ဆရာကြီးပဲ။
ပိုက်ဆံအဟောင်းကြီးနဲ့ တစ်လုံးးး။
အပြောင်းအရွှေ့များ မွေးမေလေ့ က အဲဒီ ကတ်တွေ လွှတ်ပစ်ရင် ငိုချင်တာ။

:h:
၁ဝ တန်းလောက် ထိ မောင်နှမတွေ ဆော့တယ်။
ပုံ ကို ရှာမရပုံထောက်တော့ ဒါ အော်ရီချင်ဒယ် ကစားနည်းတော့ မဟုတ်လောက်ဘူးး ။
ဒါပေမဲ့ ငယ်တုန်း က အတော် ကစားခဲ့ဖူးလို့ မှတ်မိတယ်။

ဂျားကတော့  Old Maid Card Game   နဲ့ တူတယ်တဲ့။
ပုံကလည်း ရတာ ရှာထားတာ။

Old Maid Card Game
Old Maid Card Game

 

 

 

 

 

 

 

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၃) ဒိုးဇက် ဆက်ကစားခြင်း - Doe Z
၃) ဒိုးဇက် ဆက်ကစားခြင်း – Doe Z

 

 

 

 

 

 

 

 

 

၃) ဒိုးဇက် ဆက်ကစားခြင်း – Doe Z
ဒိုးဇက် ကတော့ ခု ကလေးတွေလည်း အတော်များများ ကစားဖူးမယ်ထင်ရရဲ့။
အနက်ရောင် အတုန်းလေးတွေမှာ ၂ ကန့်ပါတယ်။
တကန့်မှာ ၁ပေါက် ကနေ ၆ ပေါက် အထိရှိတယ်။ ၁ ကနေ ၆ ပေါက်ထိ ပတ်ပတ်လည်တွဲထားတာပဲ။
ဒါကလည်း ၂ ယောက်ကနေ ၄ ယောက်ထိ ကစားလို့ရတယ်။
အဲဒီ အတုံးလေးတွေကို ဝေယူပြီး စတဲ့ သူက ချလိုက်တဲ့ အပေါက်အတိုင်း အစဉ်အလိုက် လိုက်ဆက်ရတာပါ။
ကိုယ့် မရှိတဲ့ အပေါက်ဆို အလှည့်ကျော်ပါတယ်။
အရင်ကုန်တဲ့သူက နိုင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၄) မြွေလှေကား ထိုင်ကစားခြင်း - Snakes & Ladders
၄) မြွေလှေကား ထိုင်ကစားခြင်း – Snakes & Ladders

 

 

 

 

 

 

 

 

 

 

 

 

 

၄) မြွေလှေကား ထိုင်ကစားခြင်း – Snakes & Ladders
“အပျင်းပြေ မြွေလှေကား အိမ်ရှေ့မှာ ထိုင်ကစား” ဆို တဲ့ စိုင်းစိုင်း သီချင်းလေး ကြားတိုင်း သတိရတယ်။
အဲဒီ ကစားနည်းကို ပြောတာပါ။

😳
လိုတာက အံစာတုံးးး။ (ဟို သွားကျိုးလေးကို ပြောတာမဟုတ်)
အံစာတုံး ခေါက်ပြီးမှ ကျတဲ့ နံပတ် အတိုင်း အကွက်ရွှေ့ရတာ။
မြွေခေါင်းရှိတဲ့ အကွက်ကျရင် မြွေမြိုခံရတယ်။
လှေကားရှိတဲ့ အကွက်ရောက်ရင် တက်သွားရတယ်။

ပန်းတိုင် ရောက်တဲ့ထိ မြွေမြိုခံလိုက်ရ၊ လှေကားကိုတက်လိုက်ရနဲ့ လောကဓံ ရဲ့ ဒဏ် အတော်ခံပြီး ကစားရတာပါဗျာ။

:c:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၅) ပေသီးရွှေ့ကစားခြင်း - Chinese Checker
၅) ပေသီးရွှေ့ကစားခြင်း – Chinese Checker

 

 

 

 

 

 

 

 

 

 

၅) ပေသီးရွှေ့ကစားခြင်း – Chinese Checker
ပေသီး (ချိုင်းနိစ ချက်ကာ) ကတော့ ၂ ယောက်ကနေ ၄ ယောက် ဒါမှ မဟုတ် ၆ ယောက်အထိကစားလို့ရတယ်။
ကိုယ့်ပေသီးအရောင်တူ ၁ဝ လုံးဟာ ဒီဘက်ကနေပြီး ဟိုဘက် ၁ဝ နေရာကို အရောက်သွားနိုင်ရတာပါ။
တစ်ခါရွှေ့ တစ်နေရာပါပဲ။
ဒါပေမဲ့ အရှေ့ကပ်ရက်က အလုံးကို ကျော်ခွင့်ရှိတာမို့ ကိုယ့် ကျော်ကွက် ကိုယ်ထွင်၊ အဲ သူ့ကျော်ကွက်ကို ပိတ်ပြီး ကစားသွားရတာပါ။
စားခွင့်မရှိတဲ့ ကစားနည်းမျိုးမို့ အလုံးရေမပျက် ဟိုဘက်ကို ရောက်ဖို့က အဓိကပါ။
၆ ယောက် ကစားရရင်တော့ ပျော်စရာ အကောင်းဆုံးပါပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၆) ကျားထိုးကစားခြင်း - Checker
၆) ကျားထိုးကစားခြင်း – Checker

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၆) ကျားထိုးကစားခြင်း – Checker
ကျားထိုး ကစားနည်းကတော့ အတော် လူသိများမယ်ထင်ရဲ့။
ကျနော်တို့ ငယ်တုန်းကတော့ မောင်နှမတွေ ရပ်ကွက်လည်ပြီး ကစားတယ်။

:c:
၂ ယောက် ကစားရတဲ့ ကစားနည်းမျိုးပါ။
ခါတလေ ကစားတဲ့သူ ကိုယ်တိုင်ထက် ဘေးကလူက ပို အကွက်မြင်နေတတ်တာမျိုးး
ပေသီးလို မဟုတ်တာက ကိုယ့် အကောင်ကို ကိုယ် ကျော်ခွင့်မရှိပါဘူးး
စားလို့ ရတဲ့ ကစားနည်းမို့ သူစား ကိုယ်စား နဲ့နောက်ဆုံးကျန်တဲ့သူက နိုင်တဲ့ ကစားနည်းပါ။ တဘက်လူ နောက်ဆုံးနေရာရောက်ရင်တော့ ကင်းတင်တယ် ခေါ်ပြီး အဲဒီ ကင်းကောင်က အရောင်တူ အကွက် တောက်လျှောက် ပြေးလို့ ရ ကျော် စားလို့ ရတာမို့ ကင်းရအောင်လည်း သူဘက် နေရာကို ရောက်အောင်သွားရပါသေးတယ်။
အဲ။ အဲဒီ ကျားကွက် ကနေ ဆင့်ပွါး ကစားဖြစ်တာက သိုး တစ်ကောင်နဲ့ ဝံပုလွေ ၄ ကောင်။
တစ်ကောင် တည်းသမားက လွတ်အောင်ထွက်ဖို့ ကြိုးစားရပြီးးး
၄ ကောင်သမားက ပိတ်ပြီး ကစားရဖို့ ကြိုးစားရတာမျိုးမို့ ဉာဏ်ကောင်းပြီး စိတ်ရှည်တဲ့ဘက်က နိုင်နိုင်တာမျိုးပါ။
(ဟတ်ကဲ့။ ကျနော် အမြဲရှုံးပါတယ်။ သိုးဖြစ်ရင် အစားခံရပြီး ဝံပုလွေဖြစ်ရင် မိအောင်မဖမ်းနိုင်ပါဘူး ဂစ်ဂစ်)

:f:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၇) စစ်တုရင်ကစားခြင်း - Chess
၇) စစ်တုရင်ကစားခြင်း – Chess

 

 

 

 

 

 

 

 

 

 

၇) စစ်တုရင်ကစားခြင်း – Chess
ထမင်းမေ့ ဟင်းမေ့ ကစားခဲ့တဲ့ ကစားနည်းပါ။ အိပ်မက် မက် ရင်တောင် စစ်တုရင် ကွက်တွေ မြင်တဲ့ထိ၊ ဘာမြင်မြင် ရွှေ့ကွက် ဘယ်လို့ ရွှေ့မယ်ပဲမြင်တဲ့ထိ မောင်၂ မှ ၂ ယောက် ကစားခဲ့ကြတာ။
ကစားနည်းကတော့ လိပ်ပတ်လည်အောင် မရေးနိုင်လို့ ခွေးလွှတ်ကြပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၈) လက်တောက်ခုံ တောက်ကစားခြင်း - Carrom
၈) လက်တောက်ခုံ တောက်ကစားခြင်း – Carrom

 

 

 

 

 

 

 

 

 

 

 

၈) လက်တောက်ခုံ တောက်ကစားခြင်း – Carrom
၆ တန်းလောက်ကတည်းက စ ကစားဖြစ်တဲ့ ကစားနည်းး။
ခု ပြန်ကစားတော့ တလွဲတွေ။ လက် ပျက် ချက်များတော့။
ကစားစဉ် ကာလက ဖြူးတဲ့ အမှုန့်တို့ နံပတ်သီးလေးတွေတို့ ပါ ဝယ်ထားရတာ။
လက်တည့်တာချင်းတူရင်တောင် တောက်တဲ့အချိန် ကွန်စဲန်ထရေးရှင်း ကောင်းမှ သာ ဝင်တာမျိုးပေါ့။
၄ ယောက်ကို တလှည့်စီ တောက်ချင်တောက်။ နောက်ဆုံး ကုန်တဲ့ အချိန် ကိုယ်ရတဲ့ နံပတ်တွေ ပေါင်းပြီး အနိုင်အရှုံး ဆုံးဖြတ်။
ဒါမှမဟုတ် နံပတ်သီး နှိုက်ခေါက်ပြီး အဲဒီ နံပတ်ကို ရွေးတောက်ချင်တောက်၊
အဲဒီ ၂ မျိုး ကစားတာ များပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၉) မိုနိုပိုလီကစားခြင်း - Monopoli
၉) မိုနိုပိုလီကစားခြင်း – Monopoli

 

 

 

 

 

 

 

 

 

 

 

 

 

၉) မိုနိုပိုလီကစားခြင်း – Monopoli
အသက်ကြီးလေ ကစားဖို့ စိတ်ပါလေ ဖြစ်တဲ့ ထိုင် ကစားနည်းပေါ့။
ကိုယ့် စီးပွါးရေး အမြင်နဲ့လည်း ဆိုင်သမို့ ငယ်တုန်းကတည်းက ကလေးတွေ ကစားခိုင်းထားသင့်တဲ့ ကစားနည်းပါ။
အံစာတုံးကလည်း မပါမဖြစ်ပေါ့။
သူ့ နံပတ် ကျတဲ့ အတိုင်း သွားရတာမှာ လောကဓံ အတိုင်း ကိုယ့် ကံ အတိုင်း ပေးသလောက် ကို ရသလောက် အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီး ကစားရတာလေ။
အဆုံးမရှိတာမို့ ရပ်ချင်တဲ့ အချိန် ရပ်ပြီး ဆက်ကစားချင်ရင် ဒီတိုင်းပဲ သိမ်းထားကြပါတယ်။
မောင် နှမတွေ စုံရင် တစ်လ ကိုးသီတင်း ဆက်တိုက် ကစားပါတယ်။
ကိုယ့် တကယ် စီးပွါးလိုကို ခံစားပီး တွေးတောကြံဆ ကစားကြတာပါ။

:dd:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၀) ဖဲ - Playing Cards
၁၀) ဖဲ – Playing Cards

 

 

 

 

 

 

၁၀) ဖဲ – Playing Cards
ဆီးအောင့်၊ လေအောင့်၊ ဝမ်းချုပ် ၊ စီးပွါးပျက် ကစားတာမဟုတ်ရင်တော့ ဖဲ ကစားတာ အတော်အားပေးချင်တယ်။
၁) ဘူကြီး
၂) တွမ်တီဝမ်း
၃) ရှမ်းကိုးမြှီး
၄) ၂ အကြီးဆုံး ကစားနည်း
၅) ပိုကာဒေါင်း
၆) ဟောလိဝုဒ်
၇) ရှိုး
စတဲ့ထဲတော့ ၆ နဲ့ ရ က လွဲရင် ကျန်တာကို မထတမ်းကစားဖူးပါရဲ့။
ပိုကာဒေါင်းတာကို အကြိုက်ဆုံးပါပဲ။
စိတ်ရှည်မှု၊ ဆုံးဖြတ်ချက်မှန်မှု၊ ဖြတ်ထိုးဉာဏ်ရှိမှု၊ တရားသေထားမလား၊ ပြင်မလား စတာတွေကို ကစားသမားပေါ် မူတည်ပြီး မြင်ရလို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၁) စာလုံးဆက်ကစားခြင်း - Scrabble
၁၁) စာလုံးဆက်ကစားခြင်း – Scrabble

 

 

 

 

 

 

 

 

 

၁၁) စာလုံးဆက်ကစားခြင်း – Scrabble
၂ယောက် ကနေ ၄ ယောက်လောက် ထိ ကစားလို့ရပါတယ်။
ပထမဆုံး စာလုံး ရ လုံး ကို မကြည့်ပဲ ယူရတယ်။
လူစုံ တယောက် ရ ခုစီ ယူပြီးရင် ကျန်တာ ဘူးလေးနဲ့ ဖယ်ထားး။
စ တဲ့ တစ်ယောက်က ကိုယ့် ရ လုံးထဲကနေ စကားလုံး တစ်ခုဖြစ်အောင် ကစားချပ် ပေါ်မှာ စ ပေးရတယ်။
ကျန်တဲ့သူတွေက တလှည့်စီ ကိုယ့်မှာ ရှိတဲ့ အင်္ဂလိပ် စာလုံးလေးတွေနဲ့ စာလုံးတစ်ခု ဖြစ်အောင်ဆက်ဆက်သွားရတာပါ။
ကိုယ့်မှာ ဆက်ပြီးရင် ကုန်သွားသလောက်ကို ဘူးထဲက ကျန်တဲ့ စလုံးတွေထဲက ထပ်ယူရပါတယ်။
စာလုံး တစ်လုံးဆီ ပေါ်မှာ အမှတ်လေးတွေ ပါတယ်။ ၁ ကနေ ၁ဝ မှတ်ထိပေးထားပါ။
2 blank tiles (scoring 0 points)
1 point: E ×12, A ×9, I ×9, O ×8, N ×6, R ×6, T ×6, L ×4, S ×4, U ×4
2 points: D ×4, G ×3
3 points: B ×2, C ×2, M ×2, P ×2
4 points: F ×2, H ×2, V ×2, W ×2, Y ×2
5 points: K ×1
8 points: J ×1, X ×1
10 points: Q ×1, Z ×1
ကျနော်တို့ ဆက်တဲ့ စကားလုံးပြီးရင် အဲဒီ အမှတ်တွေကို မှတ်ထားရတာပါ။
Blank tiles က ကြိုက်ရာ စာလုံးအဖြစ်ယူလို့ ရပေမဲ့ အမှတ်မရပါဘူးး
အွန်လိုင်းမှာ ကစားနေတာနဲ့ နည်းနည်း ကွဲတာတွေတော့ ရှိတယ်။ အခြေခံကတော့ တူတူပါပဲ။
ကစားချပ် အကွက်ပေါ်မှာ စလုံး ၂ ဆ ၃ ဆ စသည်ဖြင့် ရေးထားတယ်၊
အဲဒါက အဲဒီ အကွက်ပေါ်မှာ ကျတဲ့ စာလုံးရဲ့ အမှတ်တက်ပြီး ပေါင်းရပါတယ်။
DL အကွက်ပေါ် ဆိုရင် အဲဒီ အကွက်ပေါ် ကျတဲ့ စာလုံးရဲ့ အမှတ် ၂ ဆ ရတယ်။
TL အကွက်ပေါ် ဆိုရင် အဲဒီ အကွက်ပေါ် ကျတဲ့ စာလုံးရဲ့ အမှတ် ၃ ဆ ရတယ်။
စကားလုံးရဲ့ ၂ ဆ ၃ ဆ၊ အဲဒါက စကားလုံး တစ်ခုလုံးရဲ့ အမှတ်ပေါင်းတက်တာမျိုး စသည်ဖြင့်ရှိပါတယ်။
DW အကွက်ကို မိရင် အဲဒီ စကားလုံး တစ်ခုလုံးအမှတ်ပေါင်းရဲ့ ၂ ဆတက်တယ်။
TW အကွက်ကို မိရင် အဲဒီ စကားလုံး တစ်ခုလုံး အမှတ်ပေါင်းရဲ့ ၃ ဆတက်တယ်။
ကျနော် ၅ တန်းမှာ စ ကစားတော့ လူကြီးတွေက ကျနော့ကို အဗိဓာန် ကိုင်ခွင့်ပေးပါတယ်။
ဟန်းဒီကက် ပေးသလိုမျိုးပေါ့။
အဲဒီတုန်းက ဆို စကားလုံးရဲ့အဓိပ္ပာယ်ကို မကြည့်နိုင်သေးဘူးး ကိုယ်ဆက်ချင်တဲ့ စကားလုံး ရှိမရှိ၊ စလုံးပေါင်းမှန်မမှန်ကို အပြေးအလွှားကြည့်ရတဲ့ အချိန်တွေပေါ့။
ပျော်စရာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၂) တရုတ်ကျားကစားခြင်း - Chinese Black White Stone
၁၂) တရုတ်ကျားကစားခြင်း – Chinese Black White Stone

 

 

 

 

 

 

 

 

 

၁၂) တရုတ်ကျားကစားခြင်း – Chinese Black White Stone
အရင် တီဗီဂိမ်းထဲ ပါလို့သာ ကစားဖူးတာ။
အကျွမ်းကျင်တော့ သိပ်မဟုတ်လှ။
ဒါပေမဲ့ ထိုင်ပြီး ဦးနှောက်လေး သုံး ကစားရမဲ့ ကစားနည်းမို့ ထည့်ထားတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၃) ဂဏန်းဖြည့်ကစားခြင်း - Sudoku
၁၃) ဂဏန်းဖြည့်ကစားခြင်း – Sudoku

 

 

 

 

 

 

 

 

 

 

၁၃) ဂဏန်းဖြည့်ကစားခြင်း – Sudoku
ဒီကစားနည်းကို စလုံး ရောက်ခါစ က အင်မတန် စွဲလန်းပြီး ကစားဖြစ်တာ။
အိမ်နဲ့ အလုပ်က သွားတာတာ ရထား လေးဆယ်ငါးမိနစ်လောက် စီးရတယ်။
ဘူတာမှာ သီတင်းစာအလကားဝေတယ်။ အဲဒီ ကစားနည်းက နေ့တိုင်းပါတယ်။
အဲဒါ ခဲတံလေးတစ်ချောင်းနဲ့ ကစားတာ။ သီတင်းစာတစ်ခုလုံး ပွလို့။
ဟိ။
အသေးကိုးကွက် တစ်တန်း…
ကိုးတန်း ပါတယ်။
၁ ကနေ ၉ အထိ တစ်တန်းထဲမှာမထပ်ရ။
အသေးကိုးကွက်ပတ်လည်ထဲမှာလည်း မထပ်ရအောင် စဉ်းစားရတာ။
ကျနော်ကစိတ်တွက် အင်မတန်ညံ့တယ်။
ဖြစ်နိုင်တာတွေ ချရေးလိုက် ဖျက်လိုက် နဲ့ …

ဟိဟိ၊ ၄၅ မိနစ်မလောက်ဘူးးး

:s:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၄) ဂျစ်ဆော အရုပ်ကတ် ကစားခြင်း - Jitsaw Puzzle
၁၄) ဂျစ်ဆော အရုပ်ကတ် ကစားခြင်း – Jitsaw Puzzle

 

 

 

 

 

 

 

 

 

 

၁၄) ဂျစ်ဆော အရုပ်ကတ် ကစားခြင်း – Jitsaw Puzzle
မှတ်မှတ်ရရ စ ရတဲ့ ကစားကတ်လေးတွေပါ။
ဦးလေး သင်္ဘောက ဆင်းတော့ ပါလာတာ။ အဲဒါလေးနဲ့ ဆိုရင် ငြိမ်ပြီး ကစားလို့ ထင်ရဲ့။
အမျိုးစုံ ကို အိမ်က ဆက်ဝယ်ပေးတော့တာပဲ။ ဟိဟိ

:n:
ပြီးပြည့်စုံတဲ့ ရုပ်စုံကားချပ်လေးဖြစ်ဖို့ အံဝင်ခွင်ကျတဲ့ တွဲဖက်မှု ရှိရတယ် ဆိုတဲ့ အတွေးမျိုး ဝင်သွားစေတဲ့ ကစားနည်းလို့ ဆိုချင်ရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၅) စာလုံးဖြည့် ကစားခြင်း  - Crossword Puzzle
၁၅) စာလုံးဖြည့် ကစားခြင်း – Crossword Puzzle

 

 

 

 

 

 

 

 

 

 

 

 

 

၁၅) စာလုံးဖြည့် ကစားခြင်း – Crossword Puzzle
ဒေါင်လိုက်တန်းကို ဖြည့်ရမဲ့ စကားလုံးတွေ အတွက် သဲလွန်စ တွေပေးထားတယ်။
အလျားလိုက်တန်းကို ဖြည့်ရမဲ့ စကားလုံးတွေ အတွက် သဲလွန်စတွေပေးထားတယ်။
မှန်တာပြောရရင် တစ်ချို့ Crossword တွေဟာ ဗဟုသုတကို အခြေခံထားတာမျိုးပါ ပါလို့ မဖြည့်ဖြစ်ပါဘူးး
ငယ်တုန်းကတော့ မြန်မာ မဂ္ဂဇင်းက မင်းသားမင်းသမီးနဲ့ ပတ်သက်တဲ့ Crossword မျိုးကတော့ လာထားပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၆) အတုံးလှည့်စား ကစားခြင်း - Cubic Puzzle
၁၆) အတုံးလှည့်စား ကစားခြင်း – Cubic Puzzle

 

 

 

 

 

 

 

 

 

 

 

 

 

၁၆) အတုံးလှည့်စား ကစားခြင်း – Cubic Puzzle
တစ်ခါတစ်လေတော့လည်း ဒီ တစ်တုံး နဲ့ တစ်နေကုန်ပါရဲ့။
မွှေလှည့်ထားတဲ့ ကျူဘစ် တုံးကို အရောင်တူ တစ်မျက်နှာချင်း ရအောင် ပြန်လှည့်ရတာပါ။
၅ မျက်နှာထိပဲ ရဖူးတယ်။
(၆ မျက်နှာ ကို ရသွားတာ တစ်ယောက်ပေါ့။ ဟိ။)
စူးစိုက်မှုအားကောင်းပြီး ဘေးပတ်ဝန်းကျင်ကို မသိလိုက်ဖြစ်တဲ့ ကစားနည်းပါ။

:q:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၇) စားပွဲပေါ်က ဘောလုံးပွဲ - Table Football
၁၇) စားပွဲပေါ်က ဘောလုံးပွဲ – Table Football

 

 

 

 

 

 

 

၁၇) စားပွဲပေါ်က ဘောလုံးပွဲ – Table Football
ခု ကစားကြသေးလားတော့မသိ။
အထက ကျောင်းတုန်းကတော့ လောင်းကြေးနဲ့ ကျိပ် ဝိုင်း တွေကို ရှိရဲ့။ ခု စလုံးမှာလည်း ရုံး အကြီးတွေ ရဲ့ နားနေဝိုင်းတွေမှာ ထားပေးတယ်။
ကစားပါများရင် လက် ဖဝါးတွေကို ပွန်းပြီး အသားမာတက်လို့။
အိမ်က မောင်တွေ အကုန်လုံး အင်မတန် ကစားတဲ့ နည်းမို့ အလွမ်းပြေထည့်လိုက်တာ။
ဒီ ကစားနည်း မစွဲလန်းတာတော့ ကိုယ်ပဲရှိ။ ဘောလုံးကို မှ သဘောမကျ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၈) ၄ ခု တစ်တန်း ကစားနည်းး - 4-in-a-row
၁၈) ၄ ခု တစ်တန်း ကစားနည်းး – 4-in-a-row

 

 

 

 

 

 

 

 

 

 

 

 

 

၁၈) ၄ ခု တစ်တန်း ကစားနည်းး – 4-in-a-row
အဟိ။
မေ့နေတာကို တဂျားလေး သတိပေးလို့ ထည့်လိုက်တယ်။
၂ ယောက် ကစားရတယ်။
တစ်တန်းတည်းမှာ ၄ ခု ရအောင် ထည့်ရတာဖြစ်ပြီး သူများက ၄ ခု တစ်တန်းဖြစ်မသွားအောင်လည်း ပိတ်ကစားရတာမျိုးပါ။
တစ်ချို့ ကစားကွင်းတွေမှာ အကြီးကြီး လုပ်ထားတာမျိုးရှိတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၁၉) အစက် ကို ဆက် - Dot Connection Game
၁၉) အစက် ကို ဆက် – Dot Connection Game

 

 

 

 

 

 

 

 

 

၁၉) အစက် ကို ဆက် – Dot Connection Game
ဟိ။
ဒါလည်း ဂျား သတိပေးလို့။ အဲလို အားကိုးရတဲ့ မောင်လေးးး
ဒါလည်း စာရွက်နဲ့ ခဲတံ ရှိရင် ၂ ယောက်တည်းလည်း ကစားဖြစ်နေတဲ့ ကစားနည်းပဲ။
တစ်လှည့်စီ အစက်လေး ၂ ခုကို လိုက်ဆက်ရတယ်။
ဒါပေမဲ့ သူများက လေးထောင့် အပိတ် မရအောင် ရှောင်ရတယ်။
ကိုယ်က လေးထောင့် တစ်ခု ပိတ်နိုင်အောင် ကြိုးစားရင်း အမှတ်တွေ တိုးပြီး မှတ်ရတာမျိုးး
ပြီးခါနီးလေ ပျော်စရာကောင်းလေ။
ကျောင်း ဗလာစာအုပ် နောက်ဆုံး စာ မျက်နှာတိုင်းမှာ အဲဒါမျိုးကစားကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀) ဆက်တုံး ပန်းပု - Lego Blocks
၂၀) ဆက်တုံး ပန်းပု – Lego Blocks

 

 

 

 

 

 

 

 

 

 

၂၀) ဆက်တုံး ပန်းပု – Lego Blocks
အင်္ဂလိပ်လိုတော့ ဘာကစားနည်းခေါ်တုန်းမသိ။
ဂျား က Lego လို့ ပြောလို့ ရှာလိုက်တာ။ The Lego Group
Toy company က ထုတ်ထားတဲ့ ဆက်တုံးလေးတွေပါ။
ဉာဏ်ကောင်းရင် ကောင်းသလို အရုပ်မျိုးစုံလုပ်လို့ ရတာမို့ ပါးစပ်ထဲ အရုပ်ကောက်ထည့်တဲ့ အရွယ်လွန် ကလေးတွေ ကစားသင့်ပါတယ်။
ကျနော့ ရဲ့ ခရီရေးတစ် စွမ်းရည် အတော်အားနည်းကြောင်း ဒီ ကစားနည်းမှာ သိရပါတယ်။
ဂစ်ဂစ်။

:chee:

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

လုံးဝမကစားတတ်တာ Chinese Chess လို့ ခေါ်တဲ့ တရုတ် စစ်တုရင် ကစားနည်း ရှိသေးတယ်။
နောက် ဘာကျန်ဦးမလဲ??

 

ပုံတွေကို ဂူးလဂဲ မှ မစ်တာဖြင့် ကူညီသည်..

:kwi:

40 comments

  • Kaung Kin Pyar

    November 12, 2014 at 11:30 am

    အတော်စုံတာပဲ…..။
    ရွာထဲက ကလေးရှိပြီး…ဆော့လွန်းတဲ့သူတွေတော့ ငြိမ်ငြိမ်ပေးနေဖို့…နည်းလမ်းကောင်းရပြီ….
    ငယ်ငယ်က လက်တောက်ခုံလေး အိမ်မှာရှိလို့ဆော့ဖူးတယ်…
    ပြီးတော့ Jitsaw ဆက်တယ်…ကျားထိုးဖူးတယ်…
    မချွိတင်ထားသလောက်တော့ မစုံဘူးရယ်…

    • ကေဇီ

      November 12, 2014 at 2:32 pm

      ဘဝမှာ ရခဲ့တဲ့ ကလေးဘဝကို အကျေနပ်ဆုံးပဲ။
      အတော် ကစားရတယ်။ လုပ်ချင်တာ လုပ်ခွင့်ရတယ်။
      အဲ လူလတ်ပိုင်းဘဝလည်း ကျေနပ်ပါတယ်။
      ဝဋ်မလည်ဘူး ဆိုရင်။ ငိငိငိ။

      :k:

  • kyeemite

    November 12, 2014 at 11:31 am

    ၁၂) တရုတ်ကျားကစားခြင်း – Chinese Black White Stone
    ၁၃) ဂဏန်းဖြည့်ကစားခြင်း – Sudoku
    ၁၇) စားပွဲပေါ်က ဘောလုံးပွဲ – Table Football… အဲ့သုံးမျိုးပဲမကစားဖူးတာ..
    .စွဲစွဲလန်းလန်းဖြစ်ဖူးတာတော့ စစ်တုရင်နဲ့ ဖဲကစားနည်းပဲ :k:
    .

    • ကေဇီ

      November 12, 2014 at 2:31 pm

      ဟုတ်ပါ့။
      အဲဒီ ၂ မျိုးကတော့ အစွဲလန်းဆုံးပဲ။
      အသည်းကွဲခဲ့တဲ့ နှစ်တွေ ဖဲရိုက်ပြီး ကျော်ဖြတ်ခဲ့တယ် ဆို ယုံမလားဟမ်?

      :mrgreen:

  • တောင်ပေါ်သား

    November 12, 2014 at 11:33 am

    ရန်ကုန်လာရင် ပိုကာဒေါင်းရအောင်လား 🙂

    • ကေဇီ

      November 12, 2014 at 2:29 pm

      စိန်လိုက်လေ။

      :k:

  • weiwei

    November 12, 2014 at 11:35 am

    ကစားနည်းတော်တော်များများ ၈၀%လောက်ကို ကျွမ်းကျင်စွာ ကစားဖူးပါကြောင်း …..
    အဲဒီထဲမှာ မပါတာက ငယ်ငယ်က တော်တော်စွဲခဲ့တဲ့ ကာတင်တောက်ခြင်း (ဇယ်တောက်တယ်လို့လဲခေါ်တယ်) အဝိုင်းပြားလေးတွေနဲ့ တောက်တာ .. ချောအောင် ပေါင်ဒါဖြူးပြီးတော့ .. ကြမ်းပြင်ပေါ်မှာချပြီး ကုန်းပြီးတောက်ကြတာမို့လု့ိ ဖင်ထိုင်တဲ့နေရာကကြမ်းတွေက ပြောင်လက်နေတော့တာပဲ ..

    အခုနောက်ဆုံးတော့ ဖုန်းနဲ့ဂိမ်းတွေကြောင့် လူအများမလိုပဲ တစ်ယောက်ထဲနဲ့ အဆင်ပြေနေတော့တာပဲ .. အနီးကြည့်ပါဝါတိုးသွားတာ အဲဒါကြောင့်လဲ ပါမယ် …
    ကြုံတုန်းကြွားရရင် Candy Crush ကစားတာ ၆၅ဝ ကျော်သွားပြီလို့ …

    • Mr. MarGa

      November 12, 2014 at 11:42 am

      တီဝေရ
      အဲ့ဒါ လက်တောက်ခုံ (carrom) မဟုတ်ဘူးလား
      နံပါတ် (၈) မှာ ပါတယ်လေ

      • weiwei

        November 12, 2014 at 9:42 pm

        ဟုတ်ပ သိကြားမင်းရေ ..
        စာကိုသေချာမဖတ်ပဲ ပုံတွေထဲမှာ မတွေ့တာနဲ့ မပါဘူး အောက်မေ့သွားတာ .. ဆောရီး …

    • ကေဇီ

      November 12, 2014 at 2:28 pm

      ခါတလေများ ဆို ဖုန်း နဲ့ ကစားနေရင်းးးး
      မောင်လေးတွေနဲ့ အော်ကြီးဟစ်ကျယ် ပျော်ပျော်ရွှင်ရွှင်ကစားတာကို လွမ်းပြီး ငိုချင်လာရော။
      :h:

  • Mr. MarGa

    November 12, 2014 at 11:51 am

    အကုန်ဆော့ဖူးတယ်
    scrabble က ခုတလောလေးမှ စ ဆော့ဖူးတာ
    cubic puzzle ကို ဘယ်တော့မှ မအောင်ဖူးဘူး 🙁

    • ကေဇီ

      November 12, 2014 at 2:24 pm

      Scramble ဆိုတာ ရှိသေးတယ်။
      Phone မှာ ရှာကြည့်။
      ပိုစိတ်လှုပ်ရှားစာကောင်းတယ်။
      :mrgreen:

  • pooch

    November 12, 2014 at 1:23 pm

    အခု Tango မှာ အဲ့လို game တွေ အများကြီးပဲ
    Reversi game
    Tic – Tac – Toe ရယ်
    checker ရယ် အကြိုက်ဆုံးပဲ

    Reversi ကို ပိုရင်ခုန်တယ်
    cubic puzzle က ဆော့ဖူးတယ် နှစ်ပေါက်ဆော့တော့ အောင်ဖူးတယ်

    Farm Hero saga က နောက်လာမဲ့ ဗားရှင်းအသစ်ကိုစောင့်နေတာ ဟိုရက်ကမှ အောင်တာ
    Pet Rescue လည်း အောင်ပြီ
    Tiny Thief လည်း နောက်အသစ်စောင့်နေတာ
    ခုက Magic တွေ ဆော့နေတာ အပင်လေးတွေကနေ အသဲပုံထိရပြီ
    ခု ခရစ္စမတ်ဆော့နေတာ တခုကျန်နေသေးတယ် :mrgreenn:
    candy crush က ပျင်းသွားလို့ မဆော့တော့ဘူး

    အော် ချက်ချင်ပြုတ်ချင်တဲ့စိတ်မရှိတာလည်း မပြောပါနဲ့ အားတာနဲ့ လုပ်ရတဲ့အလုပ်တွေက နည်းမှ မနည်းတာလို့ :((

    ဒါတောင် ကြည့်တဲ့ ရုပ်ရှင် ဖတ်တဲ့ စာအုပ်မပါသေးဘူး အွန်လိုင်းကလည်း တက်ရသေးတာ
    သူငယ်ချင်းတွေနဲ့ကလည်း ချိန်းရသေးတာ
    ခရီးကလည်း ထွက်ချင်သေးတာ

    လူဖြစ်ရတဲ့ ဒုက္ခ :loll:

    • ကေဇီ

      November 12, 2014 at 2:22 pm

      တယ်လီဖုံးနဲ့တော့ ကစားတော့ဘူးကွယ်။
      မျက်လုံးက ပါဝါ တိုးတာ တစ်နှစ် တစ်ခါမို့ (အဲလို တိုးတက်နေတာ)
      ဟိဟိ။
      ပိုက်ဆံများ အဆင်ပြေရင် ဒီလို ကစားနည်းတွေ ရှိတဲ့ ကစားရုံထောင်ဦးမှာ။

      ရေးထားဖူးတဲ့ အလုပ်ရှုပ်သူ ဆိုတာလေးးး ပြန်ပြမယ်။
      သများ ဘယ်လောက် အလုပ်ရှုပ်ပြီး မျက်လုံး အနားမပေးတုန်း သိရအောင်။
      :k:
      ~~~~~~~~~~~~~~~~~~~~~
      စဉ်းစားကြည့်ကြပါလေ။
      မနက်ဆို မျက်လုံးနှစ်လုံးဖွင့်ပြီဆိုကတည်းက အနားက ဖုန်းလေးလှမ်းဆွဲပြီး Missed Call တွေ၊ မက်ဆေ့တွေစစ်ကြည့်ရ၊ အချိန်မတူတဲ့နိုင်ငံက မိတ်ဆွေများနဲ့ ကစားထားတဲ့ ဂိမ်း တွေ ပြန်ဆော့ရနဲ့ နေ့တစ်နေ့ကို စရတာ။
      .
      အိမ်ကနေ ရုံးကို သွားတဲ့ လမ်းမှာလည်း Viber တို့၊ Line တို့၊ Whatapps တို့၊ Tango တို့ Hangout တို့ Messenger တို့ က ကိစ္စတွေကလည်းရှင်းရသေး။
      .
      ရုံးရောက်လို့ ကွန်ပြူတာလေးဖွင့်လိုက်တာနဲ့ ရုံး အီးမေး က ကိုယ့်တာဝန်။
      .
      ပါစင်နယ် အီးမေးတွေ ကလည်း ကိုယ်ပဲစစ်ရတာလေ။
      .
      ဖေ့ဘုတ် ၂ ခုနဲ့ကလည်း ချာချာလည်နေတာ။ နောက်တစ်ခုမှာက ဖရန့် တစ်ယောက်ပဲရှိလို့ မစစ်ဖြစ်ဘူး။
      .
      ဂေဇက်တို့ တခြားဘလော့တို့မှာလည်း သူများတွေ ပို့(စ) အသစ် တင်၊မတင် မျက်ခြေပြတ်လို့မဖြစ်။
      .
      ဒီကြားထဲရုံးအလုပ်ဆိုတာ လု လုပ်ရတာ။
      .
      အိမ်ရောက်ရင်လည်း Burmeseclassic တို့ Shwevideo တို့, Shwedreamတို့ က ကိုယ့်မြန်မာကားသစ်ကောင်းကောင်းလေးတွေကို အဆက်မပြတ် ဒေါင်းပြီးကြည့်ရသေးတာပါ့။
      .
      တီဗီက နေလာတဲ့ X-factor လေး၊ American Idol လေး Movie Channel လေးတွေလည်း အလွတ်မပေးချင်ပြန်ဘူး။
      .
      ဒါ..ကို Youtube က သီချင်းတွေ ဘာလေးကောင်းတယ်ဟဲ့ဆို ပြေးလိုက်ရသေးတာ။
      .
      ကိုရီးယားကားဆက်လေးတွေကောင်းတယ်ဆိုပြီး လင့်(ခ) လာပေးတဲ့သူတွေ ကျေနပ်အောင်ယူထားရသေးတယ်။ အဲဒီဘက်မရောက်နိုင်သေးဘူး။
      .
      ဘာလို့တုန်းဆို ထွက်သမျှ ဝတ္ထုလေးတွေလည်း ကောင်းနိုးရာရာ ဖတ်ချင်သေးတာကိုး။
      .
      အတိတ်က အကြောင်းတွေ တွေးမိလို့ စာလေးရေးပြီး တင်လိုက်ပြီများဆို “နင် အဲဒါတွေ တွေးဖို့ အချိန်တွေပိုပြီး အရမ်း အားနေသလား” ဆိုတဲ့ အပြစ်တင်သံတွေက ကြားရသေး။ သူတို့တွေနဲ့ gathering Plan တွေ၊ shopping ထွက်ချိန်တွေကိုလည်း ရအောင် စဉ် ပေးရသေးတာကို။
      .
      ကဲ ဒီလောက် ကွန်ပြူတာနဲ့တီဗီ နဲ့ စာအုပ်တွေနဲ့ မျက်နှာမခွါနိုင်ဖြစ်နေတာ…….၊
      ဘယ်မလဲ အချိန်ပို??? ဟင် ….??
      :k:

  • Yae Myae Tha Ninn

    November 12, 2014 at 1:50 pm

    တရုတ်ကျားကလွဲရင် အကုန်ကစားဖူးတယ်… ဖဲမှာတော့ ၂ အကြီးဆုံးကစားတာကို ဒီမှာ စင်္ကာပူဖဲလို့ဆိုပြီး ဆော့တယ်… ရာရှင်ရှိတယ်.. အုန်းသီးခွဲတာလဲ ရှိတယ်…

    အငြိမ်ကစားတဲ့အထဲမှာ ဖားရုပ်လေးတွေမှုတ်တာ…ယမ်ယမ်က ဆင်ကတ်လေးတွေ(နောက်ကျောမှာ နိုင်ငံအလံတွေနဲ့) ထပ်တာ(မှုတ်ပြီးထပ်တာ).. သရေကွင်းမှုတ်တာ… ဂျမ်ဘိုမုန့်က ကတ်တွေကို ထပ်တာ.. ပါပါသေးတယ်… ဒါတွေက စီးပွားတောင် ဖြစ်သေးတယ်… 🙂

    • ကေဇီ

      November 12, 2014 at 2:14 pm

      ညာဏ်ကူရတဲ့ ထိုင်လျက် ကစားနည်း တွေလို့ ပြောထားပါတယ်ကွယ်။
      :k:
      ဂျမ်ဘို ကာဒ် ထပ်တာက နံပတ် ၂ ပိုလိုကာဒ် နဲ့ ဆင်တူမယ်ထင်ရဲ့ ..
      :mrgreenn:

  • Yae Myae Tha Ninn

    November 12, 2014 at 2:40 pm

    ဉာဏ်ကူရတာပေါ့.. ဇီဇီရယ်.. ဒါကြောင့် တော်ရုံ မရှုံးတာ… လေ… ဟီး… ညစ်တယ်ဆိုတာ ဉာဏ်သုံးနည်း တမျိုးပဲမလား… 😛

  • ဂျက်စပဲရိုး

    November 12, 2014 at 6:35 pm

    1, 4, 6, 7, 8, 18, 19, 20 ပဲ ဆော့ဖူးတယ်
    ဒါတောင် ကျွမ်းကျွမ်းကျင်ကျင် မဟုတ်ဘူး ပျင်းလို့ ဆိုပြီး ထိုင်ဆော့ဖူးတာ။
    လူက တစ်နေရာရာ မှာ ဖင်ငြိမ်ငြိမ် ထိုင်လို့ ကို မရ 😀

    • ကေဇီ

      November 13, 2014 at 11:25 am

      ဟာ။
      သိပ် မကျွမ်းကျင်ဘူး ဟုတ်လားးး
      ပိုက်ဆံကြေး ကစားမလားး

      :kwi:

      • ဂျက်စပဲရိုး

        November 13, 2014 at 1:08 pm

        ဒိန်..
        သိပ် မကျွမ်းကျင် ဘူး လဲ ပြောရော ချက်ချင်း ကို ပိုက်ဆံကြေး ကစားမယ် ဖြစ်သွားပါ့လား…
        ဒီ အမကြီး သိပ် ဈေးတွက် မတွက်တတ်ဘူး ထင်ပ 😛

        • ကေဇီ

          November 13, 2014 at 1:10 pm

          နာက မလည်ရှုပ် (အဲလေ) မလည်မဝယ်မို့
          အိမ်ပြန်တိုင်ပင်ရသေးလို့
          အကြောင်းချက်ချင်းမပြန်နိုင်တာ။
          ဟိ။

          :kwi:

  • uncle gyi

    November 12, 2014 at 11:01 pm

    အခုခေတ်ကလေးများသနားစရာအလွန်ကောင်းတာကိုးမဝေရဲ့
    မဝေရေးသွားတာအကုန်လောက်ဆော့ဖူးတယ်
    အခုခေတ်ကလေးများအကုန်ဆော့ဖူးမယ်မထင်
    မနက်အိပ်ရာထကျူရှင်
    ကျူရှင်ကပြန်ကျောင်း
    ကျောင်းကပြန်ကျူရှင်
    အချိန်နဲနဲရသေးရင်ဂိမ်း
    သနားပါတယ်

    • ကေဇီ

      November 13, 2014 at 11:24 am

      အန်ကယ်ကြီးးး
      ကျနော့ ကို အမွဝေ နဲ့ မှားနေပြီ
      :k:

  • manawphyulay

    November 13, 2014 at 9:51 am

    ဒါဆို ကစားတာတွေက အငြိမ်တွေပဲ ကစားခဲ့တာပေါ့နော်။ မနောတို့ကျတော့ ငယ်ငယ်က ဖန်ဂေါ်လီလုံး ပစ်တယ်။ နောက် ဇယ်တောက်တယ်။ နောက် ဘောလုံးကန်တယ်။ နောက် ကျွင်းကြိမ်တာလည်း ကစားတယ်။ ကျွင်းတွေ အများကြီး တူးပြီး တစ်ကျွင်းပြီး တစ်ကျွင်း ဆင့်ကဲပစ်တာလေ။ နောက် သရေကွင်းပစ်တယ်။ နောက်လေသေနတ်ပစ်တာလည်း ဆော့တယ်။ ထုပ်စီးတိုးကစားတယ်။ ဘောလုံးကန်တယ်။ ပိုက်ကျော်ခြင်းလည်း အဖေနဲ့ဆော့ဖူးတယ်။ ကြက်တောက်ရိုက်တယ်။ ခိုကစားတယ်။ အများကြီးပါပဲ။ အငြိမ်ကတော့ ဒိုးဇက်ကစားတာနဲ့ မိုနိုပိုလီ ကစားဖြစ်တယ်။ နောက်ကျားကွက်ဆော့တယ်။ ကျန်သေးတယ်။

    • ကေဇီ

      November 13, 2014 at 11:21 am

      http://myanmargazette.net/177167

      ဒီပို့(စ) က အရင်တင်တာပါ မနောရေ။
      ကစားနည်းတော့ အငြိမ်ရော အလှုပ်ရော အကုန်ကစားဖြစ်ပါတယ်။
      :k:

  • အလင်းဆက်

    November 13, 2014 at 10:40 am

    အခုတလော…
    ဖွေးဖွေးနဲ့… ယင်မနားလုပ်တမ်း…အဲ… ချစ်တမ်း ကစားချင်နေတယ် လို့ ပြောရင်..မောကင်းဘူးထင်ပါရဲ့..
    အေးလေ…မပြောတော့ပါဘူး ။

    :k:

    • ကေဇီ

      November 13, 2014 at 11:22 am

      ခွေးရူးလိုက်တမ်း ကစားပါလားး

      :kwi:

  • ကန္နားစီး မိဂီ

    November 14, 2014 at 5:15 pm

    အတော်ကစားတာပဲ …
    ကျော်တော့ ဗျာ ..အဲ့ကစားနည်းတွေထက် တခြား ကစားနည်း ကို ပို စွဲလမ်းလေရဲ့…

    ဒချိ ဒချိ….
    (ညီမယေး ကိုယီး ရှီ လာာာာာာ)

    ဒတ်သေရိုက်တမ်း ကစားတာပြောပါတယ်…

    • ကေဇီ

      November 17, 2014 at 12:03 pm

      ကစားတယ်။။
      ကစားတယ်။
      နာတို့က လူကို မကစားတတ်လို့
      ကစားနည်းတွေကိုပဲ ကစားရတယ်။

      :boss:

  • uncle gyi

    November 14, 2014 at 9:12 pm

    ကေဇီရေတောင်းပန်ပါတယ်
    မဝေစာဖတ်ပြီးဆက်ဖတ်လိုက်တာ
    အရေးမှားသွားတယ်
    မဖြစ်သင့်ပါဖူး
    တကယ်တောင်ပန်ပါတယ်နော်

  • မြစပဲရိုး

    November 15, 2014 at 3:39 pm

    အန်ကယ်ကြီးမှ ဝုတ်ဘူး။
    သများတို့ လဲ မှားပါ့။ ဟိုဘက်မှာ ဖတ် ဒီဘက်မှာ မန့် ။
    စိတ်မပူပါနဲ့လေ။

    ဇီကလေး ရဲ့။
    ကောင်းလိုက် Post လေးပါ။
    ဒီလို board game လေးတွေ က ဘယ်တော့ မှ မရိုး အောင် ကစားရတာ။
    ဒီမှာ ဆို ခရစ်စမတ်ချိန် အရောင်းရဆုံးပေါ့။
    မိသားစု စုစုဝေးဝေး ကစားကြတာကိုး။
    အရီး တို့လဲ ငယ်တုန်းက အဖေ့ကျေးဇူး နဲ့ အားလုံး ကစားတတ်ပါ့။
    အခုလဲ တစ်ချို့ အတော်များများ ပိတ်ရက်တွေ ရှိရင် မိသားစု ကစားနေဆဲ။

    ပြန်လာမယ်။
    ကွန်ပြူတာဂိန်း အကြောင်း အတင်းပြောမို့။
    lol:-))

    • ကေဇီ

      November 17, 2014 at 12:02 pm

      ဟုတ်။
      အရီးးး
      ပြန်လာပါဦးးး
      ငယ်တုန်းကတော့ မိသားစုနဲ့ နေချိန်အများကြီးပိုင်ဆိုင်ခဲ့ရတာကို လွမ်းလို့ ပြန်စဉ်းစားပြီး စဉ် ထားတာ။

      :a:

  • Crystalline

    November 17, 2014 at 11:15 am

    အာ့ဟား… အကုန်ကစားဖူး..တတ်… ကေဇီနဲ့အပျင်းပြေ ပိုကာဒေါင်းချင်ထှာ.. ဒေါင်းကြေးစလုံး၁၀၀… ပိုက်ဆံဖဲ တလုံး ၃ဝကြေး… :mrgreenn:

    • ကေဇီ

      November 17, 2014 at 12:01 pm

      အပြောနဲ့ တင် မရပ်နဲ့။
      တကယ်လာခဲ့။

      :k:

  • Ma Ei

    November 17, 2014 at 12:26 pm

    မျိုး တွမ်တိ ထဲက တဝက်လောက်ပဲ ကစားခဲ့ရတယ်…
    :h:

    • ကေဇီ

      November 17, 2014 at 12:30 pm

      ခိ၊။ နို နဲ့.။
      တစ်တစ် မွအိလေးးး
      နောက် လာဦးမယ် ရိုးရာ ကစားနည်းတွေ။
      :chit:

  • ခင် ခ

    November 17, 2014 at 2:35 pm

    အဲဒီ အပျင်းပြေတွေထဲက အတော်များများ ဆော့ခဲ့ဖူးတယ် ငယ်ငယ်ကပေါ့။
    အပျင်းပြေဆော့ရင်း ပျင်းလာတော့လဲ နောက်အပျင်းပြေကို ပြောင်းဆော့ရင်း ထပ်ပျင်းလာတော့ အပျင်းပြေ အိပ်စက်မိတော့တာဘဲလေ၊ အိပ်ချင်လို့ဟုတ်ဘူး ပျင်းလို့ အိပ်တာနော်။

    • ကေဇီ

      November 19, 2014 at 2:02 pm

      အရင်က အိပ်ခိုင်းရင်ကို လူကြီးတွေကို မကြည်ဘူးး
      ကစားဖို့ အချိန်တောင် မလောက် လို့ပါဆို။
      ခုတော့ အိပ်ချင်တာတောင် အချိန်မရှိ။

      :a:

    • ခင်ဇော်

      April 24, 2015 at 4:24 pm

      ဒါဆို အတော်စုံတာပဲ။
      ကလေးဘဝ ဖြစ်ရကျိုးနပ်တယ်။

      :k:

Leave a Reply