” မနက်မိုးလင်း “

ခင္ခSeptember 23, 20141min794

” မနက်မိုးလင်း “

 

အရှေ့ကထွက်ပေါ်နေမင်း

လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့

ထွန်းတောက်ကာဖြန့်လေတယ်

ကျေးဌက်တို့အိပ်တန်းထသံ

ဆူဆူညံနဲ့ တေးဆိုဖွဲ့

လယ်သမားကလယ်တောဆင်းပြီ

အလုပ်သမားကသွားဖို့ရယ်ဟန်ပြင်

ကျောင်းသားငယ်စာကျက်သံဖွဲ့

ခဏနေကျောင်းသွားရတော့မယ်ဟဲ့

အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ

လင်းကြက်ရယ်တွန်သံသာနဲ့

နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့

တစ်နေ့တာပန်းချီကားဖွင့်ဖို့ရွယ်

မနက်မိုးလင်း အချိန်အခါပါကွယ်။

 

 

ခင်ခ။

4 comments

  • alinsett

    September 24, 2014 at 4:34 pm

    မနက်မိုးလင်းတာနဲ့…
    (အိမ်ရှင်မ မရှိတဲ့..ကျနော်ကတော့)
    ဖွေးဖွေးကို…ဒဒိယဒယ်..

    :mrgreen:

    • ခင် ခ

      September 24, 2014 at 8:28 pm

      အင်း သန်ရာသန်ရာ သတိရတာပေါ့
      ဒါလည်း မနက်အားဆေးပေါ့လေ

  • မ " တတ် ပါ့ "

    September 24, 2014 at 4:46 pm

    အိမ်က ဖွင့်တဲ့ မဟာကန်ပတ်လည ်ဆရာတော ်ဦးနန္ဒမဉ္ဖူ ပဌာန်းဒေသနာ တရားတော် ကြားရင်ဖြင့်
    မိုးလင်းပြီဆိုတာ ဒို့သိပြီ။

    • ခင် ခ

      September 24, 2014 at 8:30 pm

      မြန်မာတို့ရဲ့ပြယုဒ်ပေါ့လေ

Leave a Reply