” နေ့မွန်းတည့် “

ခင္ခSeptember 24, 20141min822

” နေ့မွန်းတည့် “

 

 

နေရာစုံအတော်များများ

တစ်ကမ္ဘာလုံးသတ်မှတ်ထားသလား

နေ့လည်ခင်းဆယ့်နှစ်ဝန်းကျင်မှာတော့

ဝမ်းဗိုက်က တကျုတ်ကျုတ်မည်သံနဲ့

အစာအိမ်အားဖြည့်ပါတဲ့နေလည်စာ

စားကြပါရဲ့မွန်းတည့်ချိန်အခါ

ဘုန်းတော်ကြီးနဲ့ကိုရင်မှာတော့

မွန်းတည့်ကာနေ့လွဲညစာမစားပါလို့

သီလစောင့်သူအတူတူပေဘဲ

နေမင်းကပူပြင်းလှခေါင်းတည့်တည့်ရွယ်

နေ့မွန်းတည့် အချိန်အခါပါကွယ်။

 

 

ခင်ခ။

2 comments

  • alinsett

    September 24, 2014 at 3:43 pm

    တခါတုန်းက…
    ရန်ကုန်မြစ်ကမ်းဘေးက…စေတီတော်တစ်ဆူမှာ…
    ကျနော်ထိုင်နေတုန်း…
    ရဟန်းတစ်ပါး…
    ဆွမ်းဘုန်းမပေးရသေးလို့…တဲ့….
    နာရီကို ကြည့်တော့…
    နေ့လည် ၁၂ ထိုးဖို့…ဆယ်မိနစ်တောင် မလိုတော့တဲ့အချိန်…

    ကျနော်…
    အပြေးအလွှား… စားစရာတစ်ခုခု ရှာကြည့်တော့…
    ..ပြောင်းဖူးပြုတ်ပဲ.. ရလိုက်တယ်..
    ရတာနဲ့….အပြေးအလွှား…
    ၁၂ မထိုးခင် ဘုန်းပေးလို့..ရဖို့…
    ကပ်ခဲ့ဖူးတယ်.. ။

    ဘာရယ်မဟုတ်…
    လေးခရဲ့..ကဗျာလေးကို ဖတ်ပြီး… သတိရသွားတဲ့ အဖြစ်အပျက်ကလေး….

    ———

    ဟိုဘုန်းကြီးတစ်ပါးကတော့…
    နေကို တားတယ်..ဆိုပါလား..ဗျ…

    :mrgreen:

    • ခင် ခ

      September 24, 2014 at 3:55 pm

      ခဏတာအတွင်း အားထုတ်ခဲ့တဲ့ ကိုအလင်းဆက်၏ အလှုသဒ္ဒါကို သာဓုခေါ်ပါတယ်ဗျာ။
      ဝင်ရောက်မန့်ပေးတဲ့အတွက်လည်း အလွန်ကျေးဇူးပါ။

Leave a Reply