“ပထဆုံးသောအတွေအကြုံ”

 

 

“ပထဆုံးသောအတွေအကြုံ”

 

အရပ်ထဲမှာဗိုလ်ကျ

ဘယ်သူ့မှ ဂရုမစိုက်တဲ့ လူမိုက်

သူ့ထက်မိုက်တဲ့ အခြားအရပ်ကလူမိုက်

ဝင်ရိုက်သွားတော့

ခံစားရတာ

စပ်ဖျဉ်းဖျဉ်း။

 

သခင်အားကိုးနဲ့ မဲမဲမြင်သမျှ

ခြံအပြင်မထွက်ဘဲဟောင်နေတဲ့ခွေး

အဝေးက ဂဲနဲ့ ထုသွားတော့

ခံစားရတာ

စပ်ဖျဉ်းဖျဉ်း။

 

ဘယ်သူမှ ငါ့မထိရဲလို့

ဟန်တစ်ခွဲသားနဲ့ မာန်တက်နေတဲ့သူ

ခပ်မှန်မှန်နေတဲ့သူကိုသွားကလိတော့

မအေနှမအစုံ ငါ နဲ့ ကိုင်တုတ်တာခံလိုက်ရတော့

စပ်ဖျဥ်းဖျဉ်း။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

22-9-2014

 

4 comments

  • kyeemite

    September 23, 2014 at 9:59 am

    .ကဗျာလေးဖတ်ပြီး တွေးမိတယ်
    .အဲ့လိုစပ်ဖျဉ်းဖျဉ်းဖြစ်ပြီးရင်တော့ နောင်တရဖို့ကောင်းတာပေါ့နော :mrgreenn:

    • ကိုပေါက်(မန္တလေး)

      September 23, 2014 at 10:08 pm

      ကိုမိုက်

      အဲ လို စပ် ဖျဉ်း ဖျဉ်းလေးကို အရ သာ ရှိတယ် ထင်တဲ ့ လူကတော့ ဘယ်နောင်တရ မလဲနော်

  • ခင် ခ

    September 23, 2014 at 10:56 am

    ကဗျာ အမည်က ” စပ်ဖျဉ်းဖျဉ်း ” လို့ပေးရမှာဗျ။
    စပ်ဖျဉ်းဖျဉ်း အကြောင်းဖွဲ့ထားတာကိုး။

Leave a Reply