တဂျီးအပါအ၀င် ရွာသူရွာသား စာပေ၀ါသနာရှင်များကိုယ်တိုင် ဖွင့်ဆိုထားတဲ့ အကြောင်းအရာလေးတွေကို သိချင်မိတဲ့အတွက် မေးမြန်းမိတာပါ။ အားလုံး ရင်တွင်းဖြစ်လေးတွေကို ဖြေပေးကြမယ်လို့ မျှော်လင့်မိပါတယ်။

မေးခွန်းလေးတွေကတော့

၁။ ပထမဆုံး ဖတ်ဖြစ်တဲ့စာအုပ်

၂။ အများဆုံးဖတ်ဖြစ်တဲ့ စာပေ

၃။ လက်ရှိ အဖတ်ဖြစ်ဆုံး စာအုပ်များ

၎။ အကြိုက်ဆုံးစာပေ

၅။ အကြိုက်ဆုံးစာရေးဆရာ

၆။ အတွေ့ချင်ဆုံးစာရေးဆရာ

၇။ လေးစားမိသော စာရေးဆရာ

၈။ အဖတ်ဖြစ်ဆုံး ဘာသာပြန်စာရေးဆရာ

၉။ ခရီးသွားရင် ယူသွားဖြစ်တဲ့စာအုပ်

နောက်ဆုံးမေးခွန်းလေးကတော့
၁၀။ ကိုယ်ရေးချင်တဲ့ စာပေအမျိုးအစား ပဲ ဖြစ်ပါတယ်။

"ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက သားမယားပင်၊  သိမြင်ကင်းကွာ မလိမ္မာလည်း၊ စာပေစကား နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ ရှိသည်သာတည်း.... "

“ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက
သားမယားပင်၊ သိမြင်ကင်းကွာ
မလိမ္မာလည်း၊ စာပေစကား
နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ
ရှိသည်သာတည်း…. “


မနောရဲ့ ရင်တွင်းခံစားချက်လေးတွေကတော့…….

၁။ ပထမဆုံး ဖတ်ဖြစ်တဲ့စာအုပ်
မိုးသောက်ပန်း

၂။ အများဆုံးဖတ်ဖြစ်တဲ့ စာပေ

တက်ကျမ်း၊ သုတရသစာပေ၊ ဘာသာရေးစာပေ

၃။ လက်ရှိ အဖတ်ဖြစ်ဆုံး စာအုပ်များ

အင်္ဂလိပ်ဘာသာရပ်နှင့်ဆိုင်သော စာပေများ၊ တက်ကျမ်း၊

၎။ အကြိုက်ဆုံးစာပေ
အကုန်ကြိုက်တယ်

၅။ အကြိုက်ဆုံးစာရေးဆရာ
ဘယ်လိုပြောရမလဲ အကြိုက်ဆုံးရယ်လို့တော့ မရှိဘူး။ အကုန်ကြိုက်တယ်။

၆။ အတွေ့ချင်ဆုံးစာရေးဆရာ
အတော်များများ တွေ့ဖူးပါတယ်။ သူတို့နဲ့တွေ့ချိန်တွေမှာ သူတို့ဆီက ဗဟုသုတတွေ၊ အတွေ့အကြုံတွေ အကုန်ရလိုက်ပါတယ်။

၇။ လေးစားမိသော စာရေးဆရာ

စာပေမြတ်နိုးသူ တစ်ဦးဖြစ်တဲ့အတွက် မှန်ကန်သော ရေးသားချက်များနဲ့ ပြည်သူတွေကို စာပေဖြန့်ဝေသူတိုင်းကို လေးစားမိပါတယ်။

၈။ အဖတ်ဖြစ်ဆုံး ဘာသာပြန်စာရေးဆရာ

ပါရဂူ၊ နတ်နွယ်၊ မင်းကျော်အခြားကလောင်အမည် ကျော်လှိုင်ဦး ၊ ကျော်အောင်၊ ၀င့်ပြုံးမြင့်(ဂျာမန်ဘာသာပြန်)၊ တင်မောင်မြင့်(ဘာသာပြန်)၊

၉။ ခရီးသွားရင် ယူသွားဖြစ်တဲ့စာအုပ်
ခရီးသွားလမ်းညွှန်စာအုပ်နှင့်အတူ ရောက်လေရာဒေသမှ ရောင်းသော စာအုပ်

နောက်ဆုံးမေးခွန်းလေးကတော့
၁၀။ ကိုယ်ရေးချင်တဲ့ စာပေအမျိုးအစား ပဲ

အင်းပြောရရင်တော့ ခုလက်ရှိ ရင်ထဲမှာ သိမ်းဆည်းထားပြီး အပြင်ကို သိပ်မထုတ်ဖြစ်ဘူးဖြစ်နေတယ်။ ရေးဖြစ်တာတွေကတော့ လူငယ်တွေအတွက် အကျိုးရှိစေမယ့် သုတစာပေများပဲ ဖြစ်ပါတယ်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။