အန ္တရာယ်နံပါတ်-၄ ကို ကျော်လွှားနိုင်ဖို့ ဘာတွေလိုအပ်သလဲ?

sofiadimpleAugust 17, 20101min680

အန္တရာယ်နံပါတ်-၄ ကတော့ဖြင့် မာနကျွန်းခံ နေမယ်ဆိုရင် ရှေ့ဆက်ရမယ့် လမ်းပိတ်သွားပြီလို့ဆိုတာကို သိသွားကြရပြီပေါ့။ အင်း..ဒီလို မဖြစ်ရအောင် ဒီအန ္တရာယ်ကို တွေ့တာနဲ့ သတိနဲ့ရှောင်နိုင်ဖို့ကျတော့ ဘာတွေလိုအပ် သလဲ ဆိုတာလေးဆက်ကြရအောင်ပါ။ အဓိကကတော့ဖြင့် ဆရာကောင်းသမားကောင်းကိုဆည်းကပ်ဖို့ အရေးကြီး ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်လျှောက်နေတဲ့လမ်းဟာ ကိုယ်တစ်ကြိမ်တစ်ခါမှ ရောက်ဖူးသေးတဲ့လမ်းမဟုတ်လို့ပါပဲ။ ကိုယ်မရောက်ဖူး သေးတဲ့လမ်းကို လျှောက်တဲ့အခါမှာ ကြုံရမယ့် အန ္တရာယ်ဆိုတာကလည်း ကိုယ်တစ်ခါမှ မကြုံဖူးတာ မျိုးလည်း ဖြစ်နိုင်တယ်လေ။ ဒီတော့ ဒီလမ်းကိုလျှောက်ဖူးကြကုန်သော လမ်းဆုံးထိရောက်နှင့်နေကြကုန်သော သူတော်ကောင်း ပညာရှိတွေကို တွေ့အောင်ရှာပြီး ဆည်းကပ်လို့ နည်းနာခံနိုင်ရမယ်နော်။ လောကမှာ ဆရာ မလိုပဲ ကိုယ်ပိုင်ဉာဏ်နဲ့သိနိုင်တာဆိုလို့ မြတ်စွာဘုရားနှင့် ပစ္စေကဗုဒ္ဓါ ပဲရှိပါတယ်နော်။ ကိုယ်လိုသာမာန်ပုထုဇဉ် အကန်း သမား ကတော့ဖြင့် ဆရာသမားမပါပဲသူ့ဘာသူသိနိုင်တဲ့ဉာဏ်ရှိဖို့ကတော့ မဖြစ်နိုင်တာမို့ နံပါတ်-၁ အရေးအကြီးဆုံးကတော့ ဆရာကောင်းကိုမှီဝဲဆည်းကပ်ဖို့ပါပဲ။ နောက်တစ်ခုကတော့ ကိုယ်ကရန်ကုန်သွားမယ်ထားတော့။ ရန်ကုန်ကိုလည်း မရောက်ဖူးဘူးပဲထား။ အဲ..လမ်းမှာတွေ့နိုင်သော အခက်အခဲတွေ၊မှတ်တိုင်တွေကို ကြိုပြီးလေ့လာထားလို့လည်းရပါတယ်။ စာပေတွေဖတ်ပြီးရင် သော်လည်းကောင်း ၊ မြေပုံလေးထောက်လို့ ဘယ်ဘူတာကျော်ရင်ဖြင့် ဘယ်လောက်လိုုပါသေးလား ဆိုတာကို မြေပုံလေးကြိုကြည့်ထားမယ်ဆိုလည်း ဒါဟာ ကိုယ် တကယ်သွားနေတဲ့အချိန်မှာ ခန့်မှန်းကြည့်လို့ရတာ ပေါ့နော်။ အခုလို တွေ့နိုင်သောအန္တရာယ်တွေကို ဖတ်မှတ်လေ့လာလို့သိခွင့်ရမယ်ဆိုရင်လည်း ဒါဟာနည်းနည်းနောနော မမှတ်ပါနဲ့။ ကိုယ်တကယ်ကြုံတွေ့ရပြီဆိုရင် အော်ဒါဟာ အန ္တရာယ်ပဲလို့သတိလေးထားလို့ ကွေ့ရှောင်နိုင်တာပေါ့နော်။ နောက်တစ်ခုကတော့ တရားအလှူခံတတ်ရပါမယ်နော်။ ဒို့တွေဟာ တရားပွဲတွေ သွားတယ်။ တရားတွေနာကြားတယ် ဆိုတာဟာ တကယ်တော့ တရားအလှူခံနေတာပါပဲ။ အလှူပေးသူကတော့ ပလ္လင်ထက်ကနေ တရားအသိတွေ ဟောဖော်ညွှန်ပြပေး နေသော ဆရာတော်၊ သံဃာတော်တွေ ပဲပေ့ါ။ အလှူတကာ့အလှူထဲမှာက တရားအလှူဟာ အမြတ်ဆုံးပဲဆိုတာကိုတော့ သိထားပြီးသားပါနော်။ ဘာကြောင့်များပါလိမ့်လို့စစ်လိုက်တော့ အလှူပေးတဲ့ ပုဂ္ဂိုလ်ရော အလှူခံတဲ့ပုဂ္ဂိုလ်မှာပါ ကိလေသာတွေပါးစေပြီး ငြိမ်းအေးမှုကို ပေးစွမ်းနိုင်လို့ပဲပေါ့။ အပါယ်ကလွတ်မြောက်စေနိုင်ပြီး သံသရာလည်မယ့်အရေးကရုန်းထွက်နိုင်မယ့် အသိတွေရစေနိုင်တာမို့ ့ ဒီလို အလှူလောက်မြတ် တဲ့အလှူရှိပါဦးမလား။ ကိုယ့်ဖက်ကအလှူခံတတ်ဖို့တော့လိုပါလိမ့်မယ်နော်။ ဘာလို့လဲဆိုရင် တစ်သံသရာလုံးက မရောက်ရသေးဖူးသော နိဗ္ဗာန်ခရီးကို ခုမှစတင်လျှောက်လှမ်းနေသူတွေမို့ပါပဲ။ ဒါကြောင့် အခုလို အန္တရာယ်တွေနဲ့တွေ့နေခိုက်မှာ ကိုယ့်မှာ အလှူခံထားတဲ့ တရားဗဟုသုတအသိလေးမရှိခဲ့လျှင်သော် လည်းကောင်း၊ လမ်းမှန်ကိုတဲ့ပေးမယ့် ဆရာကောင်းမရှိခဲ့လျှင် သော်လည်းကောင်း၊ ဒီနေရာမှာသောင်တင်သွားနိုင်ပြီး သံသရာရှည်နေပါတော့မယ်နော်။ အော် ဒါကြောင့်ပဲ ကိုယ့်လျှောက် နေတဲ့ လမ်းကြောင်းလေးပျောက်မသွားဖို့နဲ့ လမ်းဆုံးမရောက်သေးပဲ ရောက်ပြီထင် သွားမယ့် အန ္တရာယ်နံပါတ်-၄ က လွတ်စေဖို့ ဆရာသမား တွေညွှန်ကြားတဲ့အတိုင်းလေးလေးစားစား လိုက်နာ ပြီး မာန်မာနကို ချိုးနှိမ်ထားရပါမယ်။ ဒါမှသာ လမ်းဖြောင့်ပါမယ်ဆိုတာလေးကို လေ့လာမိသမျှ တင်ပြရင်းနဲ့ ပဲ ဒီနေ့ စာ ကိုနိဂုံးချုပ်လိုက်ပါပြီ။

နည်းလမ်းကောင်းလေးများရှိပါကလည်းပြန်လည်ဝေမျှစေလိုပါတယ်နော်။