ပါဝါရှိမှ အနိုင်ရမည်

kaungngelaySeptember 23, 20141min34927

နေရာတိုင်းမှာတော့ ပါဝါရှိမှ အနိုင်ရနိုင်မှာဖြစ်ပါတယ်… :) တစ်ခြား ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါ.. မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ့မည်သူ တစ်ယောက်စ နှစ်ယောက်စလောက်နဲ့ စကားလေး မတောက်တစ်ခေါက်ဝင်ပြောကြည့်ဖူးပါတယ်… သူတို့ လိုအပ်ချက်ကလည်း ပါဝါပါဘဲ… ဒီပါဝါကို ဘယ်လိုလုပ်မလဲ… ပါဝါရလာရင်ကော တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲပေါ့… စကားဦးဖြစ်တဲ့ ပါဝါဆိုတာ အင်္ဂလိပ်လိုတော့ Electricity လျှပ်စစ်ဓါတ်အား (ဝါ) လျှပ်စစ်ပါဝါ ကို ဆိုလိုတာပါ…

ဒီလျှပ်စစ်ဓါတ်အားကြီး မလိုပါဘူးဆိုရင်တော့ ကျွန်တော်တို့ ဂျပန်ကို ပြန်ကြည့်ရပါမယ်… ဂျပန်နိုင်ငံဟာ ဒုတိယကမာ္ဘစစ်ကြိးမှာ စစ်ရှုံးနိုင်ငံပါ… တိုးတက်မှု့နောက်ကျန်မနေခဲ့ပါဘူး… လက်ရှိ့မှာ အာရှတွင် ဂျပန်နည်းပညာနှင့် အထောက်အကူကောင်းများ ပေးရာမှာ ရှေ့တန်းက ဥိးဆောင်နိုင်ပါတယ်… ဂျပန်နည်းပညာ၊ ဂျပန်ရင်းနှီးမြှုပ်နှံ့မှုတွေဆို စနစ်ကျပါတယ်… ဒီဂျပန်တွေ ဘယ်လိုတိုးတက်လာတာလဲ… ကျွန်တော်ဉာဏ်လေးနဲ့ စဉ်းစားကြည့်တယ်… သူတို့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းထားနိုင်တယ်… နူကလီယားက သူတို့ကို ဒုက္ခပေးခဲ့ပေမယ့် ဒါကိုဘဲ တိုင်းပြည်တိုးတက်အောင် ပြန်သုံးထားတာများတယ်ဆိုတာ တွေ့ရှိ့ရပါတယ်… ဒီဇယ်နဲ့ ပေးတဲ့လျှပ်စစ်စက်ရုံက (၁) လုံး၊ ကျောက်မီးသွေးနဲ့ ပေးတဲ့ စက်ရုံက (၁၈)လုံး၊ လောင်စာဆီသုံးစက်ရုံ (၉)လုံး၊ ဂက်စ် စက်ရုံ (၁၈)လုံး နှင့် နူကလီယားစက်ရုံ (၂၂)လုံး တွေ့ရပါတယ်…

အန္တာရယ် ရှိတဲ့ အဆင့်တွေဘဲ နှိုင်းယှဉ်ကြည့်ရင် နူကလီးယားဆိုတာနဲ့ အရမ်းကို ကြောက်သွားကြတာပါ… ဒါပေမယ့် ဂျပန်တွေက ကြောက်ရင်-လွဲ၊ ရဲ-မင်းဖြစ်ဆိုတဲ့ အတိုင်း လုပ်နိုင်ခဲ့ကြပါတယ်… ဥပမာ – အိမ်တစ်အိမ်မှာရှိတဲ့ မိသားစုတစ်စုတိုးတက်သလိုပေါ့… သာမန်လက်လုပ်လက်စားမိသားစုမှာ မိဘတွေက ကျမ်းမာရေးစောင့်ရှောက်မှုဆိုတာဝေး ထမင်နပ်မှန်အောင်သာ စဉ်းစားလုံးပန်းနေရပါတယ်… ချမ်းသာတဲ့ မိသားစုတွေကတော့ တစ်လတစ်ကြိမ်ဆေးစစ်တာတို့၊ ကာကွယ်ဆေးတွေ ထိုးတာတို့၊ သားသမီးတွေကို ဘာသာရပ်ပေါင်းစုံကို သင်တန်းကောင်းတွေပို့ပြီး သင်ယူတာတို့ စသည်ဖြင့် အထူးဂရုပြုလုပ်ကိုင်နိုင်ကြပါတယ်… ချမ်းသာတဲ့ မိသားစုဖြစ်လာအောင် ဘယ်လိုလုပ်မလဲဆိုတာသာ အဓိကကျမယ်ထင်ပါတယ်… ဒီလိုဘဲ ချမ်းသာတဲ့ တိုင်းပြည်ဖြစ်လာရင် ကာကွယ်ရေးစနစ်တွေ၊ ထူးခြားကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပြည်သူတွေကို ပြန်ပေးနိုင်မယ့်အပြင်၊ ဂရုစိုက်မှုလည်း ပိုလာမယ်ထင်ပါတယ်… တိုင်းပြည်တစ်ပြည် (သို့) မိသားစုတစ်စု ဝင်ငွေအရမ်းအားနည်းနေရင် တိုးတက်မှုနှုန်းလည်း အားနည်းနေမှာပါ… ဒီနေရာမှာ ကျွန်တော်ဆွေးနွေးချင်တာက ကျမ်းမာရေး၊ ပညာရေး တို့က ထိပ်ဆုံးက စဉ်းစားထားတာပါ… နောက်ထပ်ပိုဆွေးနွေးရရင် စာရိတ္တပိုင်းပါ… အခုဆို မြန်မာလူငယ်တွေ စာရိတ္တဆိုတာ နားမလည်တော့ပါ… မိဘကလည်း အလုပ်သွားအလုပ်ပြန် ကလေးတွေကို သွန်သင်ဆုံးမမှုအားနည်းသွားပါတယ်… ပိုက်ဆံရှာရခက်လာလို့ပါ… ဒါတွေက သံသရာလည်သလိုပါဘဲ… ဒါကြောင့် ဒီဘက်က ငွေတွေဝင်လာရင်၊ တစ်ဘက်က ကျမ်းမာရေး၊ လူမူရေး၊ ပညာရေး စောင့်ရှောက်မှုတွေ ပြန်ပေးနိုင်မှာပါ… စိတ်ဓါတ်ခွန်အားတွေပါ အားသာလာပါမယ်… သံယံဇာတ တွေ ရောင်းနေရုံ နဲတော့ ရေရှည်အလုပ်မဖြစ်နိုင်ပါဘူး ထင်ပါတယ်.. ဂက်စ်လည်း တစ်နေ့ ကုန်သွားမှာပါ… တောလည်း တစ်နေ့ ပြုန်းသွားမှာပါ… ကျောက်မီသွေးဆို ပိုဆိုး အရည်အသွေးမှီမှပါ… သူလည်း ကုန်မှာပါဘဲ… ရေနံလည်း အမြဲမထွက်နိုင်ပါ… ဒါတွေကို မကုန်ခင် မကုန်ခန်းခင် အခြားနည်းလမ်းကို မြန်မြန်ဆန်ဆန် စိတ်ချလက်ချ ကြိုသွားနိုင်ရင် တိုင်းပြည်မှာ တောပြုန်းသက်သာမှာပါ.. သဘာဝ အန္တရာယ်လည်း နည်းသွားမှာပါ…

ပါဝါရဖို့အတွက် ဘယ်လိုလုပ်မတုန်းလို့ မေးပါတယ်… ပါဝါရဖို့က အထက်က နည်းတွေအတိုင်း အနူမြူ၊ ၊ ဂက်စ်၊ ကျောက်မီးသွေး၊ ဒီရေ၊ ဆိုလာ၊ မြစ်၊ ချောင်း၊ ရေတံခွန်၊ လောင်စာဆီ စသည်တို့မှ ရနိုင်ပါတယ်… စက်ရုံ၊ အလုပ်ရုံများအတွက် လုံလောက်သော ပါဝါ ရနိုင် မရနိုင်နဲ့ သဘာဝဘေးအန္တရာယ်များအပေါ်သာ ထောက်ရှု့သုံးသပ် တည်ဆောက်ကြပါတယ်… တစ်ချို့နည်းပညာတွေက သဘာဝပေါ်အခြေခံထားပေမယ့် မတည်ငြိမ်ပါဘူး… ရပ်ရင်ရပ်သွားနိုင်ပါတယ်… ဥပမာ – ဂက်စ်မရတော့ရင် ဂက်စ်တာဘိုင်ကြီး မလည်တော့ပါဘူး… မြစ်၊ ချောင်း၊ ရေတံခွန် ရေမစီးတော့ရင်၊ တိမ်ကောသွားရင် သူလည်း အလုပ်မဖြစ်ပါဘူး…. နေရောင်ခြည်ရနေရင် အလုပ်ဖြစ်ပြီး နေရောင်မရှိတော့ရင် အပူချောင်းတိုင်ကြီးနဲ့ အလင်းတွေ ထုတ်ပြီး လျှပ်စစ်ရယူတဲ့ ဆိုလာစနစ်လည်း မတည်ငြိမ်ပါဘူး… ကျောက်မီးသွေးဆိုလည်း မြန်မာပြည်ကျေက်မီးသွေးက လိုအပ်ချက်ရှိသေးတဲ့အပြင်… ဖန်လုံအိမ်အာနိသင်ကို ထိခိုက်စေပါတယ်… နည်းပညာအားသာချက်တွေ ရှိပေမယ့် အန္တရာယ်တော့ ရှိနေဆဲပါ… နူကလီးယားကတော့ ကျွန်တော်အထူးစိတ်ဝင်စားပါတယ်… တစ်ဦးတည်း ကြိတ်ကြိုက်နေတာပေါ့ဗျာ… အန္တရာယ်ရှိတာခြင်းအတူတူတော့ အစဦးတပ်ဆင်တဲ့ အချိန်မှာတင် အန္တရယ်ဖြစ်နိုင်ခြေ ၁% တောင် မရှိပါဘူး… သဘာဝဘေးအန္တာရယ်ကင်းပါတယ်… အခုဆို SMR (Small Modular Reactor) ဆိုပြီး နူကလီးယားစွမ်းအင် အခြေပြု နည်းပညာအသစ် လျှပ်စစ်စွမ်းအားအထူးပြု စမ်းသပ်နေကြပါပြီ… နောက်ဆို အိမ်ရှေ့မီးစက်နေရာ အစားထိုးမယ်ထင်ရပါတယ်…

ဒီနည်းပညာမှာ အမေရိကန်နည်းပညာကို သဘောကျပါတယ်… အမယ့် ကျွန်တော်တို့ အိမ်နည်းချင်း ပေါက်ဖော်ကလည်း ဒီနည်းပညာကို သူတို့ရဲ့ နူကလီးယားဓါတ်ပေါင်းဖို အဟောင်းတွေနေရာမှာ အစားထိုးတော့မယ်ဗျ… ဘယ်သူနဲ့ ထင်တုန်း အမေရိကန်အခြေဆိုက်ကုမဏီတစ်ခုဖြစ်တဲ့ WestingHouse နဲ့ဗျ… နားလည်မှူစာချွန်လွှာတွေတောင် ထိုးထားပြီး အရှိန်မြှင့်နေတာ… ဒို့ကျ မပေါင်းရဘူး၊ သူကျ ပေါင်းပြီး လိုတာတွေကို ပြင်ဆင်နေတယ်လေ… AP1000 ဆိုပြီး တစ်လုံးတောင် တည်ထားပြီ… နားလည်သင့်ပါပြီ… တစ်ခါက ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့ ပြောဘူးတယ်… သူက ဘာပြောတုန်းဆိုတော့… ငါ့မှာ သူငယ်ချင်းနှစ်ယောက်ရှိတယ်ပေါ့… တစ်ယောက်က အနည်းငယ်ချမ်းသာပြီး၊ တစ်ယောက်ကတော့ အတော်လည်း ချမ်းသာတယ်ပေါ့ဗျာ… အနည်းငယ်ချမ်းသာတဲ့ သူငယ်ချင်းကတော့ ပါပလေကာကားစုတ်ကလေး စီးနေတယ်ပေါ့… သူလည်း ကားပိုင်တာဘဲ… အတော်လေးချမ်းသာတဲ့တစ်ယောက်ကတော့ လန်းကယူဇာနဲ့ပေါ့တဲ့… သူလည်းကားပိုင်တာဘဲဗျတဲ့… သူငယ်ချင်းနှစ်ယောက်လုံးကတော့ ကူညီကြတာဘဲတဲ့… တစ်ရက် လမ်းကြုံလေး သူတို့ကားနဲ တင်ခေါ်တော့… ကိုယ်လည်း သက်သာတာပေါ့နော်တဲ့ ဆိုပြီး တက်စီး… ဒါပေမယ့် အိမ်နီးချင်းလည်းဖြစ်၊ ပိုလည်း ရင်းနှီးတဲ့ ပါပလေကာ ကားပိုင်ရှင် သူငယ်ချင်းကို ရွေးလိုက်တယ်ပေါ့.. ဟိုသူငယ်ချင်းတော့ အရင်ကလည်း နည်းနည်း အမြင်ကတ်တာလေး ရှိမယ်ထင်တယ်… (ကိုယ့်အမြင်ပြောပါတယ်… ဒီကောင် မြောက်ကြွမြောက်ကြွဆိုတော့) လမ်းခုလတ်မှာ ပါပလေကာပိုင်ရှင် သူဌေးက ကားပျက်ပါရောတဲ့… ဘာမှန်းမသိထိုးရပ်တော့ ဘထ္တရီဒေါင်းသွားတာထင်တယ်ပေါ့… နည်းနည်း တွန်းပေးရင် ပြန်နိုးနိုင်တယ်ပေါ့… ဒါနဲ့ဘဲ အားကလည်းနာ၊ ကိုယ်လည်း တက်စီးပြီးပြီဆိုတော့ကာ ကူညီညာ ဆင်းတွန်းပေးရတော့တာပေါ့ဗျာတဲ့… အပြစ်လည်း ကိုယ့်ကိုယ်ကို တင်မရ… သူကိုလည်း အပြစ်ပြောမရ… ကိုယ်လည်း ကားမဝယ်နိုင်… ချမ်းသာတဲ့ သူငယ်ချင်းကားတက်စိးပြန်တော့လည်း ဒီကောင်က မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်ဆိုပြီး အထင်သေးခံရမယ်… စသည်ဖြင့်တွေးနေရင်တော့.. ဂျပန်ကိုဘဲ ဆက်လေ့လာစေချင်ပါတယ်… ချမ်းသာတဲ့သူကို ရွေးပေါင်းရမယ်မဟုတ်ပါ… စိးပွားရေးနည်းဗူျဟာအရ သုံးသပ်လုပ်ဆောင်နိုင်ရပါမယ်လို့ ထင်ပါတယ်… ကူတော့ကူတယ် သူတောင် ရေနစ်နေတာ ဆိုတဲ့ အရပ်စကားလိုပေါ့… အပြည့်အဝမဖြစ်နိုင်ပါဘူးပေါ့…

ကျွန်တော်တို့လည်း နူကလီးယားနည်းပညာကို မေ့ပစ်ထားလို့မရပါဘူး… ကမာ္ဘက အသိအမှတ်ပြုရလောက်အောင်ကို မြေနေရာတွေ တောတောင်သဘာဝတွေ၊ သဘာဝ သံယံဇာတတွေ ပေါကြွယ်ဝတဲ့ တိုင်းပြည်အဖြစ်ဘဲ ဆက်လက်ရပ်တည်သွားနိုင်မှာပါ… တိုင်းသူပြည်သားတွေက တောင်းဆိုတက်လာပါပြီ၊ နှိုင်းယှဉ်တတ်လာပါပြီ၊ တိုင်းပြည်မှာ လုပ်ပေးနိုင်လောက်တဲ့ ဝင်ငွေမရှိပါ… ဝင်ငွေရှိနေသူများမှာလည်း အခွန်ရှောင်သူ၊ အခွန်မဆောင်သူ စာရင်းလိမ်ပြသူတွေ များနေသရွှေ့တော့ မီးမလင်းနိုင်ပါ… ပါဝါအပြည်အဝမရနိုင်ပါ… အဖေက အမေ့ကို ပိုက်ဆံကောင်းကောင်းမအပ်နိုင်လို့ အမေ့ခမျှာမှာလည်း ရှိတာလေးနဲ့ လောက်ငအောင်လုပ်ရတယ်လိုဘဲ ဖြည့်တွေးကြည့်မိပါတယ်…

ကျွန်တော်တို့ လမ်းတွေကြပ်နေပါတယ်… ကုန်းကျော်တံတားတွေ ဆောက်ပေးလို့ ဖြေရှင်းချက်မဟုတ်ပါ… မိုးပျံရထားစနစ် (Monorail)လိုမျိုးတွေ၊ ကျည်ဆန်ရထား(Bullet Train)တို့လို ရထားပို့ဆောင်ရေးစနစ်တွေကို ပိုကောင်းလာအောင် လုပ်ဆောင်ရပါမယ်… ဒါလည်း ပါဝါလိုပါတယ်…

ကျွန်တော်တို့ အလုပ်အကိုင် ရှားပါတယ်… စက်ရုံအလုပ်ရုံတွေ လာလုပ်ကိုင်ချင်အောင် အလုပ်သမားရနိုင်ပါတယ်… တိုင်းပြည်အကျိုးမပြုတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ လူတွေငတ်နေအုံးမှာပါဘဲ… စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေ မရှိရင် ဝင်ငွေခွန်နည်းပါမယ်.. ဝင်ငွေခွန်နည်းရင် တိုင်းသူပြည်သားတွေ ပြန်မကြည့်နိုင်ပါဘူး… အလုပ်လက်မဲ့များမယ်… ဒါကြောင့် စက်ရုံအလုပ်ရုံ၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင် ဥပဒေတွေခိုင်မာအောင်၊ အခွန်စနစ်တွေပြင်ရပါမယ်… လုပ်ငန်းလုပ်ချင်အောင်၊ လာရောက်ရင်းနှီးမြှုပ်နှံချင်အောင် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရေ၊မီးအစုံနဲ့ လေထီးခုန်နိုင်အောင် လုပ်ပေးနိုင်ရပါမယ်… ဒါကြာင့် သူလည်း ပါဝါလိုပါတယ်.. (လူကြီးတွေ Red Alert လို ဂိမ်းမျိုး များများ ဆော့ဖို့လိုပါတယ်)

ဆက်သွယ်ရေးကဏ္ဍတွေ တိုးတက်အောင်လုပ်နေပါတယ်…. ဆက်သွယ်ရေးတာဝါတိုင်တွေတည်ဆောက်ပြီး၊ မြန်မာ့ဆက်သွယ်ရေး တစ်ခေတ်ဆန်းတာအတွက် ဂုဏ်ယူပါတယ်… အပြိုင်အဆိုင်ဖြစ်လာတော့ အရင်က တစ်ဦးတည်းချုပ်ကိုင်ရောင်းခဲ့တဲ့ ဖုန်းကဒ်တွေလည်း ဈေးသက်သက်သာသာသုံးနိုင်တော့ ပြည်သူတွေ ပျော်ကြတာပေါ့ဗျာ… တွေ့တဲ့အတိုင်း နိုင်ငံခြားသားတွေဆို မြန်မာတွေ ကဒ်တွေ ဝယ်နေတာကြည့်ပြီး ပီတိတွေဖြစ်နေကြတယ်.. အားလုံး ပွဲစားတွေကြီးဘဲ… တန်းမစီနိုင်တဲ့သူတွေကို ဈေးတင်ရောင်းဖို့ပေါ့… (အခုတန်းစီတဲ့သူတွေတောင် အိုင်ဖုန်းဝယ်ဖို့ စင်ကာပူကသူဌေးတစ်ယောက်က စာချုပ်လာချုပ်သွားသေးဆိုဘဲ :) ) ဒီနေရာမှာ တာဝါတိုင်တွေ လာပါပြီ၊ သူတို့လည်း ပါဝါလိုတာပါဘဲ…

အဝေးပြေးလမ်းတွေမှာ ယဉ်မတော်တဆမှုတွေဖြစ်နေပါတယ်… ဒါလည်း ပါဝါလိုတာဘဲနော်… ရန်ကုန်-နေပြည်တော်လမ်းတွေမှာ ဘေးဘက်နားလေးတွေမှာ ယဉ်ရဲအမြန်နှုန်းဖမ်းတဲ့ စက်တွေနဲ့ ယဉ်မောင်းကို သတိပေးထားတာလေးတွေ တွေ့ပါတယ်.. အရေးယူတာတော့မတွေပါဘူး… အဲ့စက်ကသတိပေးယုံပေးတာဆိုတော့… မလေးစားကြဘူးဗျ… ကိုယ်ကိုယ်တိုင်ဘဲ… တွေးမိတယ်လေ အဲ့စက်ကဖမ်း ရှေ့က ဂိတ်က ဒဏ်ရိုက်ရင် ဒါမျိုးဘယ်ဖြစ်တော့မလဲပေါ့လေ… ဗမာလူမျိူးတွေက အန္တရာယ်ဖြစ်မှ လမ်းဖောက်တဲ့သူကို ဝိုင်းတီးကြ၊ မေတ္တာပို့ကြတာ… ကိုယ်ကိုယ်တိုင်လည်း ဂရုစိုက်သင့်တယ်.. ဒါအဝေးပြေးလမ်းမဆိုပြီးလည်း အနီးအနား ပတ်ဝန်းကျင် မြို့၊ ကျေးရွာတွေကိုလည်း ဆောင်ရန်၊ ရှောင်ရန်တွေ ပညာပေးထားသင့်တယ်… ဒီလိုစနစ်တွေတပ်ဆင်ဖို့ ဖိုင်ဘာဆက်ကြောင်းတို့ ဘာတို့လည်း လိုတာပေါ့… ဒါတွေလည်း ပါဝါလိုတာပါဘဲဗျာ…

ကျွန်တော်နားလည်တတ်စက ကျွန်တော့်အဖိုးက ဂုဏ်ယူပြီးပြောဖူးတယ်… စင်ကာပူဆိုတာ ဗမာပြည် တိုးတက်ရင် အရောင်မှိန်မှိန်လေးဘဲ ရှိတော့မယ့် တိုင်းပြည်ပါလို့ ပြောဘူးတယ်… ဒါပေမယ့် ဒို့လူကြီးတွေ $သုံးမကျရင်တော့ တစ်သက်ဖြစ်မလာဘူးလို့တော့ မိန့်ဖူးတယ်.. ဒို့တိုင်းပြည်မှာ ရေရှိတယ်၊ မြေရှိတယ်၊ သံယံဇာတ ပေါတယ်… ဒါတွေကို လိုချင်တပ်မက်မယ့်လူတွေ ရှိတယ်… ဒါတွေ တကယ်မပေးဘဲ အမေရိကားမှာ လူတွေ စည်ကားလာအောင် လုပ်နိုင်တဲ့ နည်းနဲ့ လုပ်ရင် အောင်မြင်နိုင်တယ်လို့ ပြောဖူးပါတယ်.. အမေရိကားမှာ လူစည်လာတာ ရွှေတွေ့တယ်ဆိုပြီးတော့ ရွှေမုဆိုးတွေ စတဲ့ဇတ်လမ်းက စတယ်ဆိုဘဲ…

စိတ်ထဲရှိတာတွေ ရေးချလိုက်ရလို့ ကျေနပ်သွားတာကတော့ တစ်စိတ်တစ်ပိုင်းပါဗျာ နောက်မှ ကျွန်တော်ရေးပြီးသား SMR (Small Modular Reactor) လေးတွေအကြောင်း ဘာသာပြန်စုဆောင်းထားတာလေး တင်ပေးပါမယ်… အားပေးမယ်ဆို ဝိုင်းတီးကြပါအုံးလို့… လေးစားလျှက်…

 

ပါဝါမရှိရင် မနိုင်နိုင်တော့ပါ

သူရိန် မူး၍ရေးသည်

27 comments

  • ခင် ခ

    September 23, 2014 at 3:17 pm

    မနေ့က သတင်းတစ်ခုဖတ်ရတာတော့ အိမ်နီးချင်းထိုင်းနိုင်ငံက မြန်မာနိုင်ငံနေ လျှပ်စစ်ဓာတ်နဲ့ သဘာဝဓာတ်ငွေ ပိုပြီးတိုးမြှင့်ဝယ်ဖို့ ညှိုနှိုင်းဆွေးနွေးမှုလုပ်သွားမည့်အကြောင်း လက်ရှိထိုင်းအစိုးရ အဖွဲ့ကဆိုပါတယ်တဲ့၊ မကြာမှီလည်း မြန်မာနိုင်ငံကို ထိုင်းဝန်ကြီးချုပ် တရားဝင်အလည်အပတ်ခရီး လာမယ်ဆိုသတဲ့နော်။
    ကိုသူရိန် ပြောတဲ့ ပါဝါ ဒို့တိုင်းပြည်မှာ ရှင်သန်နိုးထနိုင်ပါအုံးမလားလို့ စိုးရိမ်မိပါရဲ့။

    • kaungngelay

      September 24, 2014 at 7:51 pm

      အမကြီး…
      တကယ်က မြန်မာဝန်မင်းများ တိုင်းပြည်ကို အခုလို ကြာကြာ အုပ်ချုပ်တဲ့နည်း လာသင်မှာပါ ခင်ဗျာ…
      ရောင်းစရာ လျှပ်စစ်ကတော့ ဖယောင်းတိုင် တစ်တိုင်အသုံးချပြိး အပူထွက်လာရင် ဒိုင်နမို လည်ကာ လျှပ်စစ်ရယူတဲ့နည်းနဲ့ တည်ဆောက်မယ့် တာဘိုင်ထွင်နေပါတယ်… လက်တလော အကြောင်းပြစရာမရှိပါခင်ဗျာ…

      • ခင် ခ

        September 24, 2014 at 9:12 pm

        ဪ ကိုသူရိန် ရယ် ကွယ်

  • ဇီဇီ

    September 23, 2014 at 3:36 pm

    လျှပ်စစ် ပါဝါက လိုပါတယ်။
    ဟိ။ :mrgreenn:
    မီးမှန်မှန်လာဖို့ကိုလဲ ဆုတောင်းပါတယ်။
    ဟိ :mrgreenn:
    အဲ!
    ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေ အရင် လုံခြုံ အောင် လုပ်ပေးရင် ပိုကောင်းပါလိမ့်မယ်။
    ဟိ။ :mrgreenn:

    ဆက်သောက်ပါ (အဲလေ)
    ဆက်ရေးပါ။
    ဆက်ရေးပါ။

    :mrgreen:

    • kaungngelay

      September 24, 2014 at 7:48 pm

      အမကြီး…
      သူရိန်မူး၍ရေးသည်ဆိုတာ တခြားမဟုတ်ဘူးမမကြီး နည်းနည်း ဥပဒေဘောင်ထဲလက်တစ်လုံးခြား လုပ်ချင်တော့ ‘ကျွန်တော်မူးနေလို့ပါ’ ဖြေရင် တချို့က ခွင့်လွှတ်မလားလို့ပါ….

  • Mလုလင်

    September 23, 2014 at 4:04 pm

    စနစ် တစ်ခုထည်းကြောင့် မဟုတ် . . စနစ်တစ်ခုထည်းကြောင့် မဟုတ် . .။

    • kaungngelay

      September 24, 2014 at 7:56 pm

      အကို…
      စနစ်မှာ အပြစ်မရှိပါ… ဒီစနစ်ကို ပုံဖော်တဲ့လူတွေမှာသာ အဓိကပါ… ကွန်မြူနစ်လည်း ကောင်းတာဘဲ… ဆိုရှယ်လစ်လဲ ကောင်းတာဘဲ… လုပ်တဲ့သူတွေက သူလုပ်ချင်တာ လုပ်လို့သာ စနစ်တွေ ပျက်ကုန်တာပါ… ဒါပေမယ့် ဒီဘက်ခေတ်ကတော့ ဒီမိုကရေစီပေါ့… ဒို့ မြန်မာ့ပညာရှင်များကတော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီတဲ့ ဗျုို့ သတိသာထားပေတော့… နည်းနည်း ပြင်လိုက်ပြီ….

      သူရိန် မူး၍ရေးသည်

  • Mr. MarGa

    September 23, 2014 at 6:28 pm

    ပါဝါ
    အင်းးး
    အဲ့ ပါဝါ အပြည့်အဝ မရခင် ရှိတဲ့ ပါဝါ လေးပဲ သူများဆီ ပါ မသွားအောင် ဆုတောင်းပါဦး
    ပါဝါ လိုလို့ ပါဝါ ထုတ်ဖို့ နေရာလေးတွေရော ကျန်သေးလား ပြန်ကြည့်ဦးဗျ
    တော်ကြာ လက်သိပ်ထိုး ရောင်းထားခဲ့တဲ့ မြေတွေထဲ ပါကုန်ရင်ဖြင့် အခက်

    • kaungngelay

      September 24, 2014 at 7:59 pm

      အကို အခုက ခေတ်ပြောင်းသွားပြီ….
      အသိမ်းခံရမယ့်မြေဆို ပိုတောင် လိုက်ဝယ်နေသေး… ဟေးဟေး… နို့ဆို အခု စည်းကမ်းပြည့်ဝသော ဒီမိုကရေစီခေတ်မှာ မြေမသိမ်းတော့ဘူး မြေကို ဝယ်ထားတဲ့ဈေးထက် ၂ ဆပေးပြီး ပြန်ဝယ်ရတယ်လို့ ကြားတာဘဲ.. ဒါနဲ့ ဂျပန်တွေလည်း ပြန်ပြေးရော…

      သူရိန် မူး၍ရေးသည်

  • Iris

    September 23, 2014 at 7:25 pm

    ဟီးး သူကြီးထက်​အရင်​ Mလုလင်​ဦးသွားပြီ။ ဟုတ်​တယ်​စနစ်​တစ်​ခုတည်​း​ကြောင်​့​တော့မဟုတ်​။ 😀

  • ကိုပေါက်(မန္တလေး)

    September 23, 2014 at 10:43 pm

    ခက်တာ က မြန်မာပြည်သူ ပြည်သူများအက အပြောင်းအလဲ လက်မခံ

    အခု ပို ဆိုး သည်

    ထစ် က နဲရှိ ဆန္ဒပြ ဆိုတော့

  • naywoon ni

    September 24, 2014 at 2:19 am

    စနစ်​ကိုပြင်​ချင်​ရင်​ လူကို အရင်​​ပြောင်​းမှ ရမှာပါ ။ လူ​ပြောင်​း မူ​ပြောင်​း စနစ်​​ဟောင်​းကိုလဲ လွှင်​့ပစ်​နိုင်​မဲ့ တစ်​​နေ့ ​ရောက်​လာဦးမှာပါ ။

    • kaungngelay

      September 24, 2014 at 8:03 pm

      အဲ့အချိန်ကတော့ ကမာ္ဘပျက်တဲ့နေပါခင်ဗျာ..

      သူရန် မူး၍ရမ်းသည်….

  • ဇီဇီ

    September 24, 2014 at 8:18 am

    Aww… Power… Power…!!
    :a:
    ————

    The Ladies News Journal
    နောက် ၁၅ နှစ်မှသာလျှင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရမည်ဟု လျှပ်စစ်ဝန်ကြီးဆို

    မြန်မာနိုင်ငံတွင် ၂၀၃ဝ ၌ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက် ပြည့်မီ ရန် နှစ်ဆတိုး ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု လျှပ်စစ်ဝန်ကြီးဌာနက ဆိုသည်။

    လက်ရှိလျှပ်စစ်ထုတ်လုပ်မှုအား မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းအပါအဝင် ထိရောက် သည့် နည်းလမ်းများအသုံးပြုသွားမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံတွင် လျှပ်စစ်မီးရရှိသည့် အိမ်ထောင်စုအရေအတွက် နှစ်စဉ် ၂၀၀,၀၀ဝ ခန့် တိုးနေသော်လည်း ထိုနှုန်းအ တိုင်းဆိုပါက တစ်နိုင်ငံလုံး လျှပ်စစ်မီးရရန် ၃၆ နှစ် ကြာမြင့်မည် ဖြစ်ပြီး ၂၀၃ဝ ပြည့်နှစ် ရည်မှန်းချက်အား ပြည့်မီရန်မဖြစ်နိုင်ဟု ဦးခင်မောင်စိုး က ဆိုသည်။

    ရည်မှန်းချက်ပြည့်မီရန် မြန်မာနိုင်ငံသည် လူဦးရေ၏ ၆ရ ရာခိုင်နှုန်းဖြစ်သော အိမ်ထောင်စု ၇.၂ သန်း အား ၁၆ နှစ်အတွင်း လျှပ်စစ်မီးရရှိ စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ စာရင်းဇယားများ အရ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ၃၃ ရာ ခိုင်နှုန်း မြင့်တက်လာပြီး ၂၀၁၁ က အိမ်ထောင်စု ၂.၄ သန်း လျှပ်စစ်မီး ရရှိရာမှာ ၂၀၁၄ တွင် ၃ သန်းထိရှိ လာခဲ့သည်။ မြန်မာနိုင်ငံ ၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူး ခြင်းများတွင် ကမ္ဘာ့ဘဏ်က ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ် နေပြီး လာမည့် ၅ နှစ်အတွင်း လျှပ် စစ်ဓာတ်အားရရှိမှု ပိုမိုလာမည် ဟု မျှော်လင့်လျက်ရှိသည်။ ၂၀၃ဝ ရည် မှန်းချက်အား ပြည့်မီရန် ၂၀၂ဝ တွင် လူဦးရေ၏ ၅ဝ ရာခိုင်နှုန်း လျှပ်စစ်မီးရရန် လိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

    အာရှဖွံ့ဖြိုးရေးဘဏ်ကလ်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေး ကွန်ရက် အဆင့်မြှင့် ရန် ဒေါ်လာ သန်း ၆ဝ ထုတ်ချေးမည်ဟု ကတိပြုထားသည်။ ဝန်ကြီးဌာန ၏ နောက်ဆုံး စာရင်းအရ မြန်မာနိုင်ငံတွင် တည်ဆောက် ထားသည့် ရေအားလျှပ်စစ် ထုတ်ယူနိုင်စွမ်းမှာ ၄၃၆၁ မဂ္ဂါဝပ်ရှိသည်ဟုဆိုသည်။

    KHTun

    The Ladies News Journal

    • kaungngelay

      September 24, 2014 at 9:47 pm

      ဒါလေးဖတ်ရတော့ အမဇီ ဟိုဟာလေး ပြေးမြင်တယ်ဗျာ….
      အရက်ဆိုင်မှာ သူငယ်ချင်းတွေ စုံတော့ အရက်သမား တစ်ယောက်က ဟေ့ သူရိန် မနေ့က အဆောက်အဦးကြီး ဖွင့်ပွဲလုပ်တော့ ဝန်မင်းတစ်ပါးလာပြီး ဖဲကြိုးဖြတ်ပေးပါတယ်… ဆောက်လုပ်ရေး ကံထရိုက်ရယ်… ဆောက်လုပ်တဲ့ အင်ဂျင်နီယာမှုးကြီးရယ်လည်း လက်ကလေး ကိုယ်စီနောက်ပစ်လို့ အရိုအသေပေးပြီး လိုက်ဖား… အဲ့ ရောင်လို့… လိုက်ပါခြံရံလျှက်ပေါ့… ဝန်ကြီးက ဘာမှမသိတော့ ဘေးက ကံထရိုက်တာကြီးကို မေးတာပေါ့.. မင်းတို့ ဆောက်တဲ့ အဆောက်အဦးကြီးက ဘယ်လောက်ခံမတုန်းတဲ့… ကြည့်စမ်းမေးတတ်တယ်… ဒဲ့ဘဲ.. ဒါမှ တို့ဝန်ကြီး… အဲ့တော့ ကံထရိုက်တာကြီးက နှစ် ၆ဝ ဆယ်တော့ အသာလေးပါ ဘုရားပေါ့… ဆိုပြီး ဒက်ကနဲ ပြန်ဖြေတာဗျို့.. ဘယ်ပြောကောင်းမလဲ ဘေးက အင်ဂျင်နီယာမှုးကြီးဆိုတာ ငါတောင် ဒီလောက်မသိ… သူက ဒိုင်းကနဲ ဖြေချလိုက်တယ်ပေါ့… ဒါနဲ့ ပွဲပြီးတဲ့အထိ မစားနိုင်၊ မငမ်းနိုင်(ဘေးက ဖဲကြိုးဖြတ်ဖို့ ကူညီတဲ့ မော်ဒယ်တွေကို ပြောပါတယ်)… ဖြစ်နေတာ ဖြစ်နေတာဗျ… အရက်က ကောင်းလိုက်တာ… သူကလည်း အစာမကြေနိုင်ဆိုတော့ ပွဲလည်း ပြီးရော ကံထရိုက်တာကြီးကို မေးတာပေါ့.. ဆရာ ကျွန်တော်တောင် အဲ့လောက်ခံမယ်မထင်ဘူး… ဆရာက ဘယ့်နှယ့် နှစ် ၆ဝ တော့ အသာလေး ဆိုပြီး ပြန်ဖြေရတာတုန်း… ကျွန်တော်ကို တောင် မမေးဘူး ဘာညာပေါ့ဗျာ… အေ့….

      အဲ့တော့ ကံထရိုက်တာကြီးက ဘာပြန်ပြောတယ်ထင်လဲ… ဒီမှာ ကိုယ့်ဆရာ အဲ့အနှစ် ၆ဝ ကျ အဲ့ ဝန်ကြီးကော၊ ကျုပ်တို့ကော သေလောက်ပြီဗျ အခုတောင် ကျုပ်သက် ၅ဝ ရှိပြီ ခင်ဗျားမှတ်… ဆိုပြီး စီပွားရေးသမားများ လူလည်ကျတတ်ပုံလေးကို အရွှန်းဖောက်တယ်ဗျို့ …

      ကျေးဇူး

      သူရိန် မူး၍ရေးသည်

  • kai

    September 24, 2014 at 9:34 am

    ပါဝါဆိုတာထက်…အန်နာဂျီ..စွမ်းအင်ဆိုရင်ပိုကောင်းမလားပဲ..
    ဆိုတော့..
    စွမ်းအင်ကြောင့်..စစ်ကြီးတွေဖြစ်ခဲ့တယ်..။ ဖြစ်နေဆဲ…ဖြစ်လတ္တံ…။

    မြန်မာပြည်ကအင်မတန်သနားစရာကောင်းခဲ့ပြီ..
    ဧရာဝတီကြီးရှိ…ရေခဲတောင်တွေပျော်ကျနေလျှက်နဲ့… ရေအားလျှပ်စစ်မထုတ်ရ..
    မြှောက်ပေး…မြှောက်ပေးတဲ့အတိုင်းလုပ်ကြတော့တာပဲ..။

    စကားအတင်းစပ်..
    အနုမြူယိုစိမ့်ရင်တော့… ပရုပ်ဆီလိမ်းမရ..
    ကုရာနတ္တိ…. :k:

    User:Americanus/Energy War – Wikipedia, the free …
    en.wikipedia.org/wiki/User:Americanus/Energy_War
    Wikipedia
    World War IV is the global war for energy. Over the past 100 years, the dominant source of energy has been oil. Oil is found primarily in the Middle East, so much

    • kaungngelay

      September 24, 2014 at 7:33 pm

      သူကြီးရေ …..
      ရွာဘေးမှာ minihydro လာလုပ်ဖို့ စဉ်းစားသေး…. ဒါပေမယ့် မြစ်က ဝိုက်ပြီး မစီးတာတို့… ရေတံခွန် အသေးလေးတွေ ရှိမှတို့ လိုအပ်ချက်လေးတွေ ရှိနေသေးတယ်… ဒီကြားထဲ အာဏာပိုင်တွေက တစ်မှောက် သူများ လာလုပ်ပေးတာတောင် သူတို့ ခွင့်ပြုချက်ရမှတို့ ဘာတို့နဲ့… သူတို့ကျ ဘာမှ မလုပ်နိုင်… လုပ်နိုင် လှူနိုင်တော့လည်း အားမပေး… အခုတော့ ပြောင်းလဲလာပါဘီ.. နည်းနည်း….
      အနူမြူကြောက်နေတာတော့ ကျွန်တော်လည်း ပါတယ်… ဒါပေမယ့် သံယံဇာတတွေ ကုန်မှာထက်စာရင်တော့ နောက်ဆုံးလည်း ဒါဘဲ ဒီဘူတာဘဲ ဆိုက်မယ်ထင်တာဘဲလေ… ဒီအလှတရားလေးတွေ မပျောက်ခင် ကြိုလုပ်ပစ်လိုက်တာမှ ကောင်းသေးလို့ တွေးမိလို့ပါဗျာ… ဒီလောက်လည်း ဉာဏ်မမှီ၊ ဦးမဆောင်တတ်ပါဘူး…
      Nuscale ကတော့ ကျွန်တော့် အကြိုက်ပါ Gen-IV အထိတော့ ဆောရီးပါ… ကြောက်လွန်းလို့… အခုဟာလေးက တရုတ်တောင် အမြောက်အများ ဆောက်မယ်ကြားတယ်.. ဒါနဲ့တောင် ဘာကြောင့်များ ကျွန်တော်တို့ တိုင်းပြည်မှာ ရေကာတာတွေ လာလုပ်ပြီး နေရာလာလုနေတယ်မှတ်တယ်… မဟုတ်မှ လွှဲရော Backup ဘဲ နေမှာပါ… ဂျပန်လည်း ရှိတာဘဲလေ… ဝေ့ဝှိုက်နေလည်း နောက်ဆုံးတော့ သွားရာလမ်းကြောင်းက ဒါနဲ့ အဆုံးသတ်မဲ့ အတူတူ ခုကတည်းက ကြိုတင် လုပ်ထားရင် သဘာဝအရင်းအမြစ်တွေအတွက်များ ကောင်းမလားလို့ပါ…
      တရုတ်နဲ့ စာချုပ်ထားတဲ့ WestingHouse တော့ မကြိုက် Package မဖြစ်ဘူးလေ… ကျွန်တော့် အကြိုက်တော့ Nuscale ဘဲ ဒါပေမယ့် Technology Exchange အတွက် အနောက်အုပ်စုနဲ့ အဆင်ပြေမှ NEA တို့ ဘာတို့လို အဖွဲ့တွေနဲ့ အဆင်ပြေပါလိမ့်မယ်… ဒီအတိုင်းတော့ Devil Country တွေထဲက ခုမှ ထွက်စ တစ္စေပေါက်စလေးကို ဟိုကလည်း ဆောရီးပါ ကိုကို….

  • alinsett

    September 24, 2014 at 4:12 pm

    မူးပြီးရေးတဲ့ သူရိန်ဆိုတာ kaungngelay ပဲလား..ခည

    😆

    • kaungngelay

      September 24, 2014 at 7:22 pm

      အကိုအလင်းဆက်…
      ကျွန်တော်ပါဘဲ သူရိန်=ကောင်ငယ်လေး

  • Shwe Ei

    September 24, 2014 at 9:36 pm

    …မစ်ဇိမ သတင်းမှာပြောသွားတယ်တဲ့….လူတစ်ဦးချင်း.အိမ်ထောင်စုတစ်စုခြင်းပေါ့လေ….
    …လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုကို အခြေတည်ပြီး ဆင်းရဲမွဲတေမှုကို တိုင်းတာနိုင်တယ်တဲ့……
    ..သများတို့ မြန်တျန့်ပြည်ရဲ့ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်မှုကိုကြည့်မယ်ဆိုရင် (အခုတောင် မီးပျက်လို့ ..အင်တာနက်ဆိုင်ရောက်နေတာဆိုတော့လေ)… မြ်ို့ကြီးတွေတောင် …နပ်မမှန်တာ တောကြိုအုံကြားပါထည့်တွက်လိုက်ရင် အောက်ဆုံးအဆင့်များရောက်နေမလားဘဲနော် 😛
    ..စကားမစပ် ရာသီဥတုပူလာလေ မီးပိုပျက်လာလေ ဆိုတဲ့ သဘောတရား၂ခု ဘလိုများ …ဆက်စပ်နေပါလိမ့် သိချင်သား :mrgreen:

    • kaungngelay

      September 24, 2014 at 9:58 pm

      အမရွှေအိ…
      ရာသီဥတုပူတော့ မီးပျက်ပေးရပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ မီးလာနေရင် လူတွေက ပန်ကာတွေ လေအေးပေးစက်တွေကို ဖွင့်ကြပါတယ်… ဒီအချိန်မျိုးမှာ ပိုဖွင့်ကြပါတယ်… ဒီတော့က သဘာဝကပေးတဲ့ လေကို အသုံးမချတတ်တော့ပါဘူး… ဒါအပြင် ပြည်တွင်းစီပွားရေးလုပ်ငန်းများကိုလည်း ကာကွယ်စောင့်ရှောက်ချင်ပါတယ်… ဒီတော့ တစ်ခြားနိုင်ငံတွေမှာလို ရက်တောင် ဆိုတဲ့ အရာကို မတွေ့ဘူးပေမယ့် ဒီမှာတော့ ပြည်တွင်းဖြစ် ရက်တောင် တွေ အရောင်းသွက်စေချင်တာလည်း တစ်ကြောင်း၊ မီးစက်သမားများနှင့် ဓါတ်ဆီ၊ဒီဇယ်ဆိုင်များ ပြည်တွင်းလုပ်ငန်းရှင်များအား ကာကွယ်စောင့်ရှောက်ချင်တာကလည်း နောက်တစ်ကြောင်းပေါ့နော်… အလကားစတာပါ… လောပိတ ရေခန်းလို့ပါလို့… ဒါလေးဘဲ အကောင်းရှိတယ်… ကျန်တာတွေက ပုံလာလာပြောတိုင်းယုံ….

      ကျေးဇူး

      သူရိန် မူး၍ရေးသည်

  • မြစပဲရိုး

    September 25, 2014 at 3:10 pm

    လေးဖြူ ကတော့
    ပါဝါ ၅၄ တဲ့။

    ဒါထက်
    တွေ့ရတာနော်။ အများကြီး ဝမ်းသာတယ်
    ကြိုဆိုပါတယ် ဂန်ဂလေး။
    စာများများ ရေးတင်ပါ ဂန်ဂလေး။
    :-))

  • မြစပဲရိုး

    September 25, 2014 at 3:14 pm

    ဒါထက်
    မူးလို့ဆိုပြီး သူများ က ပြသနာ လုပ်လို့ မရသလို
    ကိုယ်ကလဲ သူများ ကို တရားစွဲ လို့ မရဘူး ကွဲ့။
    တစ်နေ့ကမှ သတင်းထဲ မိန်းမတစ်ယောက် က လူတစ်ယောက် က သူ့ကို မုဒိမ်း ကျင့်ပါတယ်လို့ တရားစွဲတယ်။
    တရားရုံးက စစ်တော့ သူ မူး နေလို့ ဘာမှ မသိတုန်း ကျင့်သွားတာ ပြောတော့ ရီ စရာဖြစ်ကုန် ရော။
    lol:-))

    • kaungngelay

      September 25, 2014 at 11:05 pm

      အကိုလား အမလားမသိ….
      ကျွန်တော်က မူးချင်ယောင်ဆောင်တာပါဗျာ… ရှုးတိုးတိုး…
      ဖြစ်နိုင်တယ်အကို ကျွန်တောတုန်းကလည်း ကြောက်လို့ ညိမ်နေရတယ်ဗျ… 🙂
      အခုထိ ဘယ်သူမှ မပြောရဲဘူး…
      သူကပြောသေးတယ်… မောင်လေးကို မမက တာဝန်ယူမျာပါတဲ့…
      ကျွန်တော်လည်း ရှက်တာနဲ့ ခေါင်းညှိတ်ပြီး လက်ခံထားလိုက်တာ…
      အခု ခလေး သုံးယောက်ရတဲ့အထိဘဲ အကို…. ရှက်လိုက်တာဗျာ 🙂

      လူကြီးကို မူး၍ နောက်သွားသည်…

      • ဇီဇီ

        September 26, 2014 at 8:08 am

        ဟေ့ဟေ့!!

        မူးချောင်ဆောင်တာ အပြစ်မလွတ်ဘူးဟေ့ ဟေ့!!

        ရူးချောင်ဆောင်တာမှ အပြစ်လွတ်တာ ဟေ့ ဟေ့!!!

        :mrgreen:

        အဲဒါ အကိုလည်း မဟုတ် အမလည်း မဟုတ်ဘူးးး
        အရီးခင် လို့ ခေါ်တယ်။

        :k:

        • kaungngelay

          September 26, 2014 at 10:36 am

          အမကြီး…
          ရူးတာနဲ့ မူးတာက ခံစားချက် ပြင်းပြတာခြင်း တူပုံဘဲဗျာ….
          အချစ်အတွက် – အရူးအမူးဆိုတဲ့ စကားကို အရူးအမူးချစ်တယ် ဆိုတာမျိုး သုံးတာမျိုး ရူးရူးမူးမူးစွဲလမ်းတယ် ဆိုတာမျိုးတွေ ရေးကြတယ်လေဗျာ…

          မနိုင်နိုင်ရာ လျှောက်ပြောတာ… စိတ်ဆိုးရဘူး 🙂

          သူရိန် ရူး၍ရေးသည်ဆိုရင်တော့ ဘယ်သူမှ ဖတ်မှာ မဟုတ်တော့ဘူး

  • aye.kk

    September 26, 2014 at 4:21 pm

    ​ေဩာ်​….​လောက​လောက

    ​မေတ္တာ ပါဝါစွမ်​းအား ကျဆင်​း​နေသ​ရွေ့​တော့
    ဘာစနစ်​မှလည်​း မတတ်​နိုင်​တာ
    အမှန်​ပါလို့ ဆိုပါရ​စေ

Leave a Reply