အောက်တိုဘာအလှပန်း – ပိုးအိဖြူဇင်

kaiSeptember 24, 20141min390424

MM13-12-8757Webjpgညီမနာမည်က ပိုးအိဖြူဇင်ပါ။ အသက်ကတော့ ၂ဝ ပါ။
ပိုးအိ အနုပညာလုပ်ငန်းတွေကို ၂၀၁ဝ နှစ်ကုန်ပိုင်းမှာ စလုပ်ခဲ့ပါတယ်။
မတင်မိုးလွင်ရဲ့ Talent & Model agency မှာ Part ~ Time Model လုပ်ရင်းနဲ့ပါ ။
အခုဆို အနူပညာအလုပ်တွေ လုပ်တာ ၃ နှစ်ကျော်ပါပြီ။
ညီမရဲ့ ဝါသနာကတော့ အေင်မြင်တဲ့ သရုပ်ဆောင်တဦး ဖြစ်ချင်တာပါ။
ညီမ Modeling အလုပ်လည်း လုပ်ရင်း ပြိုင်ပွဲတွေလည်း အများကြီး ပြိုင်ခဲ့ပြီးပါပြီ။
Miss Ngwe Saung 2011 ,
Miss People 1st runner up 2011 ,
Miss Tourism 1st runner up 2012 ,
Miss Tourism Photogenic 2012 ,
Miss Taw Win 2nd runner up ဆုတွေလည်း ရရှိထားပါတယ်။
ညီမ အခုလက်ရှိ TV Commercial, MTV နဲ့  Movies Seeies တွေလည်း ရိုက်ကူးနေပါတယ်။
ညီမကို ဒီထက်ပိုပြီး ပရိတ်သတ်ကြီးက အားပေးကြပါဦးလို့ ။
ညီမလည်း ပရိတ်သတ် လက်ခံနိုင်တဲ့ အောင်မြင်တဲ့သရုပ်ဆောင်ကောင်းတယောက် ဖြစ်အောင် ကြိုးစားပါ့မယ်လို့ ဆန္ဒပြုရင်း…

 

 

MM13-12-8919AWeb

24 comments

  • Mr. MarGa

    September 24, 2014 at 2:33 pm

    ပုံမပေါ်သေးဝူးး
    စာပဲဖတ်သွားတယ် :a:

  • ဇီဇီ

    September 24, 2014 at 2:33 pm

    အဆက်အပေါက်လေး လှမဲ့ သဘောရှိ..

    :k:

    • alinsett

      September 24, 2014 at 3:01 pm

      အနော့် အပေါက်လား.. မမဂျီးးး

      :mrgreen:

      • ဇီဇီ

        September 24, 2014 at 3:02 pm

        ငင်?
        ဆက်ဆက်ပေါက်ပေါက် မမေးရဝူးလေ!!

        :mrgreen:

        • alinsett

          September 24, 2014 at 3:31 pm

          သိပါဘူးဗျာ…
          အဆက် အပေါက်လေး..လှမယ့်ပုံဆိုတော့…
          ဒီမမဂျီးတော့…
          ..ပြောရော့မယ်..ဆိုပြီး..
          တွန့်ခနဲ..ဖြစ်သွားတာဂိုးးး

          ဂွစ်ဂွစ်စ်

          :mrgreen:

  • ခင် ခ

    September 24, 2014 at 3:04 pm

    ရန်ကုန်ဘူတာကြီးလားကွယ် အနောက်က အဆောက်အဦးက။

    • kai

      September 24, 2014 at 3:41 pm

      ဒီတောကဦးကြီး.. စွတ်တင်နေပါပြီ..။
      အဲဒါမြို့တော်ခန်းမခင်ဗျ…။ ရန်ကုန်လည်လည်လာရင်.. ဘုရားချည်းလှည့်ဖူးပြီး.. လိပ်ဥရှာနေတာ.. ဒါမျိုးတွေကျဘယ်သိတော့မလည်း..။
      (နောက်တာနော.. စိတ်မဆိုးနဲ့ဦး။ ဦးကြီးခကတော့.. တကယ်သိတယ်.. မှတ်ပါတယ်..။)

      ပြောရရင်.. အင်္ဂလိပ်တွေ တိုးရစ်အနေနဲ့မြန်မာပြည်ပြန်လာလည်ပတ်ကြတာ.. သူတို့ကိုလိုနီလက်ထက်တွေမယ်… သူတို့ဆောက်ခဲ့တဲ့.. ကိုလိုနီအဆောက်အဦးတွေကြည့်ချင်.. ပြချင်.. နောင်လာနောက်သားတွေကို.. ကြွားချင်တာတဝက်မကပါသဗျ…
      တွေ့လား.. ငါတို့ကမ္ဘာကိုအုပ်ချုပ်ခဲ့စဉ်က.. ဒီလိုဒီလိုတွေလုပ်ခဲ့တယ်ဆိုတာမျီုးပေါ့..

      အဲဒီ.. သဘောတရားကို.. နားလည်ထားရင်..မြန်မာ့ တိုးရစ်ဇင်အလုပ်တွေ..ဖွံ့ဖြိုးပြီး.. တနှစ်လူ၁ဝသန်းလောက်လာလည်တဲ့နိုင်ငံဖြစ်မယ်.. ထင်..။ :k:

      မှတ်ချက်။ ။ လူ၁ဝသန်း.. တယောက်ဒေါ်လာ ၂ထောင်ဖိုး.. မြန်မာပြည်ထဲသုံးသွားရင်.. မြန်မာပြည်ဝင်ငွေ ၂ဘီလီယန်.. အလုပ်အကိုင်.. မီလီယန်ချီတိုးတယ်လို့သာ ယူဆကြစေလို…။

      • ဇီဇီ

        September 24, 2014 at 3:49 pm

        သများတော့ လာမနောက်နဲ့။
        စိတ်ဆိုးတတ်တယ်။ အဟွတ်!! :mrgreenn:

        ရှက်ရှက်နဲ့ တစ်ခု ပြောရရင်….
        သများက အဲဒီ မြို့တော်ခန်းမနဲ့ ဘူတာနဲ့ လုံးဝကို မကွဲပြားဘူးးး
        :b:

      • alinsett

        September 24, 2014 at 3:52 pm

        သဂျီး…
        အဲ့ဒီကောင်မလေးက…
        အဲ့ဒီရှေ့မှာ..ဆန္ဒပြနေတာတော့ ဟုတ်ပါဘူးနော်.. ။

        :mrgreen:

        ဟွာလေ…
        အဲဒီ မြို ့တော်ခန်းမ ရှေ့က…
        ပန်းခြံထောင့်မှာ…
        ဆန္ဒပြနေတဲ့ မြေသိမ်းခံပြည်သူတွေရဲ့…တဲတွေ..စီစီ ရီရီ….
        ရှိနေတယ်.. ။

        ပြီးခဲ့တဲ့ ရက်ပိုင်းအထိ.. ရှိတုန်းပဲ…

        ဒါ့ပုံတောင် ရှိတယ်..။
        ကြုံမှ ပြမယ်.. ။
        အဟိ

      • sorrow

        September 24, 2014 at 4:31 pm

        ….အဲဒီ.. သဘောတရားကို.. နားလည်ထားရင်..မြန်မာ့ တိုးရစ်ဇင်အလုပ်တွေ..ဖွံ့ဖြိုးပြီး.. …တနှစ်လူ၁ဝသန်းလောက်လာလည်တဲ့နိုင်ငံဖြစ်မယ်.. ထင်..။ …အဲ့တခုထဲမဟုတ်သေးဘူးထင်တယ် သူကြီးရယ်…. ဒေသတွင်းနိုင်ငံတွေထက်ဈေးမြင့်နေပြီး …ဝန်ဆောင်မှု မပြည့်တဲ့ …..ဟိုတယ်တွေရယ် .. ချာတူးလန် …အချိန်မမှန်ဈေးကြီးတဲ့ … ပြည်တွင်းလေကြောင်းလိုင်းတွေ.( ရန်ကုန်ဘန်ကောက် သွားပြန် ..Nok Air ။ ..အဲအေးရှား ဒေါ်လာကိုးဆယ် မှ တစ်ရာခန့်…) ( ရန်ကုန်မန်းလေး တစ်ကြောင်း ..အဲပုဂံ ဒေါ်လာ 120 ) ..ရှုံ့ချည်နှပ်ချည်လုပ်နေတဲ့ လူဝင်မှု …ဥပဒေတွေရယ်…
        ..ဝန်ဆောင်မှုပိုင်း အတွေ့အကြုံနုနေသေးတဲ့ ခရီးသွားကုန်ပဏီတွေရယ် ..ခရီးသွားလမ်းညွှန်တွေရယ်…….အလုပ်မဖြစ်သေး..မထွန်းကားသေးတဲ့ ငွေလွှဲ ….ဘဏ်စနစ်တွေရယ်. ..
        ..ယခင်နှစ်…ယခုနှစ်..ကိန်းဂဏန်းများအရ …အင်္ဂလိပ်တိုးရစ်တွေက …အများဆုံးဝင်ရောက်သူများမဟုတ်….

        …ပုံ…ပြုတ်ခါနီး.ထွားဘဲမန်နေဂျာ…ဆောရိုး

        • kai

          September 25, 2014 at 9:06 am

          ဒီလိုပဲ.. ချိန်ဆ..ညှိမျှရင်း.. အလုပ်ကသင်သွားမယ်ထင်ပါ့…။
          မသင်လည်းမရ.. လူတွေလှိမ့်ဝင်လာမှာကိုး…
          လူတွေနဲ့အတူတူ.. ငွေတွေပါလာသမို့.. အရင်းရှင်စီးပွားရေးစနစ်အရ.. လည်ပါတ်မှုဖြစ်ကိုဖြစ်ပါတယ်..။

          ကိုလိုနီဆိုတာက.. ဥရောပနဲ့.. အနောက်နိုင်ငံ(အခုပထမနိုင်ငံများရဲ့).. သမိုင်းတွင်အောင်မြင်မှုကြီးတခု…။
          လူဖြူများရဲ့.. သမိုင်းမှတ်တမ်းကျန်လက်ရာရယ်ပါ..။
          ဒါကို.. လူဖြူတွေ.. အများဆုံးလာကြည့်မယ်လို့သာ.. ရည်ရွယ်ရင်းပါ..။
          ရွေတိဂုံဘုရားပုံ.. ပို့စ်ကဒ်၊ ပန်းချီထုတ်ရောင်းတာထက်.. ကိုလိုနီခေတ်အဆောက်အဦ၊ စိန့်မေရီဘုရားကျောင်းပုံ ထုတ်ရောင်းတာက.. ဈေးကွက်ပိုကြီးမယ်… ဆိုတဲ့..လမ်းညွှန်ကြည့်ယုံသက်သက်ပါ..။

          ထိုင်းလူမျိုးတွေကတော့.. ရွှေတိဂုံလာဖူးကြမယ်ပေါ့..။
          စိနတိုင်းသားတွေကတော့.. တရုတ်တန်းဝင်မွှေမယ်ပေါ့…။
          သူတို့ဆီကလည်း.. ဆွဲကြပေါ့….။

          ဆိုတော့…
          တိုးရစ်ဇင်နဲ့ပါတ်သက်တဲ့အလုပ်တွေ.. မပြုတ်ရေးချရယ်တဲ့မှ.. မပြုတ်…။ :k:

        • sorrow

          September 25, 2014 at 2:41 pm

          ..နောက်တခု….စကားအတင်းစပ်…မြန့်ကျန့်လေဆိပ်တွေ …တစ်နှစ်ဆယ်သန်းလက်ခံနို်င်မယ့် ဆားဗစ်ကက်ပက်စတီ..
          …လုံးဝ..ဆိုလုံးဝမရှိ…အဟိဟိ .နိုင်ငံတကာအဆင့်မှီ..သယ်ယူပို့ဆောင်ရေးယာဉ်တွေမရှိ…
          .ဆယ်သန်းမပြောနဲ့ ..တစ်သန်းဆိုရင်တောင် ..ပြည်တွင်းလေကြောင်းလိုင်းတွေ.လွန်းထိုးသယ်ပို့နိုင်တဲ့..အင်အားမရှိ…..
          …Myanmar Air transportation outlook ဆိုပြီး.. ကွကိုယ် လုပ်ထားတဲ့ …အချက်အလက်အတိအကျနဲ့…စာတမ်းတောင်ရှိ….အားရစရာတစိဆိုတစိမှမရှိ….
          …ဘာဆိုဘားမှမရှိ….သူကြီးကိုပေးမယ့် ..The Report 2014 ဆိုတဲ့ စာအုပ်ကိုလဲ ..အယုံအကြည်မရှိ….ခု 24 ရက်က နယူးရောက်…Grand Hyatt မှာလုပ်နေတဲ့ …Myanmar investment Outreach 2014ဖိုရမ် ကိုလဲ အယုံအကြည်မရှိ…အဟိဟိ
          …ဒီအလုပ်လုပ်မိတဲ့ ကွကိုယ်တောင်…ဦးနှောက်ရွှေချထားချင်မိ…..
          ..ဒီကြားထဲ ..မြှောက်ထိုးပင့်ကော်လုပ်ပေးတဲ့ ဂီဂီကရှိ

        • sorrow

          September 30, 2014 at 12:42 pm

          ….http://burma.irrawaddy.org/business/2014/09/27/65266.html ..အဟိဟိ ..ကျော်ပဲမယုံသလားဆိုတော့ ..ဘူမှလဲမယုံ…သက်သေလေးတွေ့လို့ မလာတာ ..

      • ခင် ခ

        September 24, 2014 at 9:36 pm

        တမင်တကာ တလွဲ မန့်ကြည့်တာပါ
        ဒါမှသဂျီး ပြန်ရေးမှာလေ ဟုတ်ဘူးလား ဗျ။

    • pooch

      September 24, 2014 at 3:46 pm

      မြို့တော်ခန်းမထင်တာပဲ :mrgreenn:

    • pooch

      September 24, 2014 at 3:50 pm

      အောက်က ပြောနေတုန်း တင်လိုက်တော့ကွန်းမန့် ၂ ခုဦးသွားပြီ ဟီး :mrgreenn:

  • kai

    September 24, 2014 at 3:58 pm

    ကြုံလို့.. အဲဒီမြို့တော်ခန်းမရဲ့.. လင်န်းစကိတ်ပြင်တဲ့သူကို.. ပြောချင်တာက.. ဒီလိုအဆောက်အဦးမှာ.. သူ့ဂုဏ်ရှိပြီးသားကို.. အပေါ်ထိုးထောင်ထွက်လာမယ့်.. အုံးပင်လိုလို. အပင်တွေစိုက်ပြီးကွယ်အောင်လုပ်ထားတာကတော့.. တော်တော်ကို.. မသိသားဆိုးလှတယ်လို့…။

    မှတ်ချက်။ ။ အရင်စစ်အစိုးရတုံးကလို.. အဲဒီတိုက်အပေါ်ကနေ.. အောက်ကလူထုကို.. ဓာတ်ပုံချောင်းရိုက်.. သေနတ်နဲ့ချောင်းပစ်မှာမို့..(တမင်ကို) အမြင် ကွယ်အောင်လုပ်တယ်ဆိုလည်း. တမျိုးပေါ့.. :k:

  • manawphyulay

    September 24, 2014 at 4:57 pm

    လွတ်လပ်ရေးကျောက်တိုင်နှင့် ပေါင်တိုစတိုင်က သိပ်တော့ မြန်မာနိုင်ငံအတွက် မလိုက်ဖက်ဘူးဖြစ်နေတယ်။
    ဗိုလ်ချုပ်သာ ရှိနေရင် ဘာပြောမယ် မှတ်နေလဲ
    ငါ လွတ်လပ်ရေးရအောင် လုပ်ပေးခဲ့တာ ခုလို အရမ်းဟော့ဖို့အတွက် မဟုတ်ဘူး မြန်မာပြည်ကြီး လွတ်လပ်ဖို့ ခေတ်မီအမြင်ရှိဖို့လို့ ပြောမယ်ထင်မိပါတယ်.. :mrgreen:

    • kai

      September 25, 2014 at 9:14 am

      ဗိုလ်ချုပ်အောင်ဆန်းက.. ပုဂ္ဂလိကတဦးချင်းရဲ့.. အပြင်အဆင်.. အဝတ်အစား..စတိုင်လ်တွေကို.. မဝေဖန်ပါဘူး..။
      သူဆိုလိုချင်တဲ့.. ဖာသည်နိုင်ငံရဲ့အဓိပ္ပါယ်ပေါ်အောင်.. မြင်သာအောင်.. အောက်မှာ.. ဗိုလ်ချုပ်မိန့်ခွန်းဖတ်ကြည့်ပါနော..။

      =

      ဆိုဗီယက် ယူနီယံ ဆိုတဲ့ တိုင်းပြည်ဟာ တော်လှန်ရေး လုပ်ပြီးတုန်းက စစ် အတောအတွင်း မှာ လုပ်တဲ့ ကွန်မြူနစ် စနစ် ဆိုပြီး လုပ်တယ်။ စစ်ပြီး တဲ့နောက် (New Economic Policy) ဆိုတဲ့ သဘောနဲ့ စီးပွားရေး စနစ်နဲ့ လုပ်ရတယ်။ နောက် ငါးနှစ် စီမံကိန်းတွေ ဆိုဗီယက် ယူနီယံမှာ လုပ်တယ်။ ငါးနှစ် စီမံကိန်းတွေ လုပ်တဲ့ အခါ ပထမ စီမံကိန်း လုပ်တုန်းက တစ်နိုင်ငံလုံးရဲ့ အခြေအနေ အားလုံးကို ခြုံပြီး ရှေ့ရှု ပြီးတော့ တစ်တိုင်း တစ်ပြည်လုံး ရဲ့ ကောင်းဖို့ ရှေ့ရှုပြီး လုပ်ရတဲ့ အတွက် လူတွေဟာ စားချင်တိုင်း မစားရဘူး၊ ဝတ်ချင်တိုင်း မဝတ်ရဘူး၊ နေချင်တိုင်း မနေရဘူး အဲဒီလို ဖြစ်နေရတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြမယ် ဆိုရင် ( National Planning ) ခေါ်တဲ့ အဲဒီလို စီမံကိန်းမျိုးနဲ့ မလုပ်ဘဲ ကျွန်တော်တို့ တိုင်းပြည် ဘယ်တော့မှ မကြီးပွား နိုင်ဘူး။ မထူထောင် နိုင်ဘူး ဆိုတာ ခင်ဗျားတို့ သိစေချင်ပါတယ်။

      အဲဒီတော့ ပဒေသာပင် မြေက ပေါက် မလာနိုင်ဘူး။ ကျွန်တော်တို့ အလုပ်လုပ်မှ ပေါက်မယ် ဆိုတာ ခင်ဗျားတို့ နားလည် စေချင်တယ်။ လွတ်လပ်ရေး ရပင်ရငြား သော်လည်း တိုင်းသူပြည်သား လူအများ အပေါ် ကျရောက် လာမယ့် တာဝန်တွေ ကျွန်တော်တို့ မထမ်းဆောင် ချင်ဘူး ဆိုရင် ခင်ဗျားတို့ ရတဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ ရပြီး နက်ဖြန်ခါ တခြား လက် ပြန်ပါသွားမယ် ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီလို လွတ်လပ်ရေး ရတဲ့အခါမှာ စီမံကိန်း အမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ် နှစ်ဆယ် လောက် ကြာမယ်။

      အဲဒီလို မလုပ်နိုင်လို့ ရှိရင် ယိုးဒယားပြည်ရဲ့ အဆင့်အတန်း တောင်မှ မီမှာ မဟုတ်ဘူး။ ယိုးဒယားပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံထဲမှာတော့ ညံ့ညံ့ပဲ၊ သို့သော် လည်းပဲ ယိုးဒယား ပြည်ဟာ ကျွန်တော်တို့ ဗမာပြည်နဲ့ စာလျှင် သာတာပဲ။ စစ်တပ်တွေ ကောင်းကောင်း ရှိတယ်။ ရေတပ်တွေ ရှိတယ်။ လေတပ်တွေ ရှိတယ်။ အဲဒီလိုဟာတွေ ယိုးဒယားပြည်က ရှိတယ်။ ကျွန်တော်တို့ မှာတော့ အဲဒီလိုဟာတွေ မရှိသေးဘူး။ ကျွန်တော်တို့မှာ သုညက စပြီး အကုန်လုံး ပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ် ရမှာ ဖြစ်တော့ ကျွန်တော်တို့က တခြား နိုင်ငံတွေက ခြေလှမ်း တစ်လှမ်း လှမ်းရင် ကျုပ်တို့က ခြေလှမ်း လေးငါးဆယ် လှမ်း လှမ်းမှ နောက် ဆယ်နှစ် (၁၅) နှစ် လောက် ကြာလို့ ရှိရင် တန်းတူညီတူ ဖြစ်နိုင်မယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလပတ်လုံး တိုင်းပြည်ကြီး ဟာ လွတ်လပ်တယ် ဆိုပေမယ်လို့ ဟိုလူ မြင်လည်း မျက်နှာ ချိုသွေးရ၊ ဒီလူမြင်လည်း မျက်နှာချို သွေးရတဲ့ ဖာသည် နိုင်ငံမျိုး ဖြစ်မယ်ဆိုတာ ခင်ဗျား တို့ကို အတိအလင်း ပြောလိုက်မယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ လူထု ညီညွတ်ရေး ရှိဖို့ အရေးကြီးတယ်။ စားဖားတွေ ညီညွတ်ရေး ကို မလိုချင်ဘူး။

  • kyeemite

    September 25, 2014 at 10:59 am

    .ဂွတ်…ပုံလှလှလေးလည်းကြည့်ရင်း…တိုင်းပြည်တိုးတက်ရေးအတွက်ဆွေးနွေးတာတွေလည်းဖတ်ရတာပေါ့
    .ပြောသာပြောတာ..ကျုပ်အဲ့လွတ်လပ်ရေးကျောက်တိုင်နား သူ့လောက်တောင်မကပ်ဖူးဘူး
    .ကပ်ကျော်ဖြစ်ဖြစ်နေလို့ :k:

  • မြစပဲရိုး

    September 25, 2014 at 3:42 pm

    ပြောရရင်
    ဒီလ သတင်းစာထဲ က ပိပိလေး ပုံ လေး ကို အကြိုက်ဆုံးပါ။
    ကလေး ကအတော်ကြီးလာပြီဘဲ။
    မျက်နှာကြည်ကြည် လေး နဲ့ အရမ်းချစ်ဖို့ကောင်းတယ်။
    သူ့ကာတွန်းပုံလေး ကလဲ အတော်အဆင့်မြင့်တယ်။
    ပြိုင်ပွဲ တွေ ဝင်ပြီး ဆုရအောင် ကြိုးစားပါလို့ ပြောပေးပါရှင့်။
    :))

  • မြန်မာပြည် ခရီးသွားလုပ်ငန်းတိုးတက်စေချင်ရင်

    နိုင်ငံခြားသားတွေ တော့ အုပ်ထဲ့လိုက်အုံးမှာဘဲ ဆိုတ ဲ့ အမြင်နဲ့

    လုပ်ကိုင်စားသောက် နေကြတဲ့ အမြင်ကို ပြင် ပြီး

    အလည်လာတဲ့ နိုင်ငံခြားသားလဲ မြန်မာပြည်သူပြည်သားတွေလို ဝင်ကြေးတွေ တည်းခိုခန်းခတွေ ကို ညှိနိုင်းပေးလိုက်ရင်

    လူပိုဝင်မယ်ထင်ပါတယ်။

    ဥပမာပေးရ ရင် စားတော့ စားကြည့် ချင် တယ် မတန် ဘူး ထင်တော့ ဝယ် မစား ဘူး ဆိုတာမျိုးပေါ့

  • Crystalline

    October 1, 2014 at 6:47 am

    ဟိုအင်န်ဝိုင်မှာလုပ်တဲ့ 3M ပွဲရောသတင်းစာထဲမထည့်ဘူးလား…သများအမျိုးတွေပါတယ်.. :mrgreenn:

    • kai

      October 1, 2014 at 12:23 pm

      အဲဒါ.. အဲဒီလုပ်တဲ့သူတွေကို ပရက်စ်ရလိစ်တောင်းထားတာ.. မရသေး..
      ဓာတ်ပုံလည်း.. မရှိသေး..။
      ဂရုဖိုတိုရှိရင်ပို့လိုက်လေ..။ သတင်းစာထဲပါမှာပါ..။

Leave a Reply