” မေးချင်လို့ “

ခင္ခOctober 2, 20141min1066

” မေးချင်လို့ “

 

မြစ်ကိုမြင်လျှင် တံတားဆင်လို့

တောင်ကိုတွေ့လျှင် လမ်းတွေဖောက်ပြီး

သွားလာရေးများ လွယ်ကူစေဖို့

လုပ်ဆောင်ကာပေး စစ်အစိုးရလေး

ဟိုဟိုဒီဒီ သွားလာလိုပြီ

တစ်နယ်နှင့်တစ်နယ် ကူးကာသွားရင်

ဇတ်ကူးသင်္ဘောမစောင့်ရဘဲ

လွယ်ကူကာနှင့် တံတားဖြတ်နိုင်

ခရိုင်ချင်းဆက် အို ကောင်းချက်ကြောင့်

အချိန်မကြာ ဖြတ်လာနိုင်သမို့

သမ္မတကတောင် ကျေးဇူးတင်သတဲ့

ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။

 

မြေအောက်တွင်းထွက် ပြည်ပထွက်ကာ

ကျွန်းတောတစ်ခွင် ပြောင်သလင်းပြင်ဖြစ်

ရလာလျှပ်စစ် တရုတ်အတွက်ဖြစ်ပြီး

သဘာဝဓာတ်ငွေ့ ထိုင်းသို့ပို့ကာ

ပြည်တွင်းမှာက ပြတ်တစ်လှည့်ငတ်တလှည့်

မှောင်မှောင်မဲမဲ ဆူညံမီးစက်

ချမ်းသာကြွယ်ဝ သူတို့ဘဝ

ခရိုနီခေါ် ရေပေါ်ဆီနဲ့

စစ်မျိုးစစ်နွယ် အုပ်ချုပ်သူရယ်

သမ္မတကထိုခေတ်ခါက အိပ်ပျော်နေလို့

မသိလေလား ထင်ကာထားမယ်

ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။

 

ဒို့ပြည်သာယာ ထွန်းကားဖို့ရာ

အင်အားဘယ်မှာ ဖွေရှာမိတော့

ပြည့်အင်အားသည် ပြည်တွင်းမှာရှိ

တစ်ဦးချင်းစီ ပြောင်းလဲသင့်ပြီ

အမှိုက်ဆိုလဲ လမ်းဘေးမပစ်ဘဲ

ကွမ်းတံတွေးများ နေရာတကာမထွေး

ထစ်ကနဲဆို ဆူပူအကျင့်ဖျောက်ကာပစ်

စည်းကမ်းဘောင်များ လိုက်နာထားလို့

ဘာသာရေးလည်း တစ်ယူမသန်ဘဲ

မိမိပြင်သင့် ပြင်ဖြစ်ကြလျှင်

စည်းလုံးညီညာ အောင်ကြောင်းဖြာလို့

ဘယ်သူအုပ်ချုပ်ပါစေ ပြည်သူကိုင်လှုပ်နိုင်မယ်လေ

ကဲ ဘာပြောကြမလဲ မေးစမ်းချင်ပါရဲ့။

 

 

ခင်ခ။

6 comments

  • အလင်းဆက်

    October 2, 2014 at 11:14 am

    တံတားတစင်းလောက် ဘူ လက်ဆောင်ပေးမဲ….တွေးနေတာ… ။

    :K:

  • aye.kk

    October 2, 2014 at 1:10 pm

    လူတစ်​​ယောက်​ချင်​းစီမှာ
    ပြုုပြင်​ရမှာ စိတ်​ဓတ်​ပါ
    စိတ်​ဓတ်​​ကောင်​းမွန်​မှု ရှိဘို့အဓိက လိုအပ်​ပါတယ်
    ​လောကကြီးကို ဦး​ဆောင်​

    • ခင် ခ

      October 2, 2014 at 1:26 pm

      မအေးပြောတာ အမှန်ဘဲဗျာ။

  • ကေဇီ

    October 2, 2014 at 4:01 pm

    ငယ်တုန်းက တီဗီကြည့်ကတည်းက နားမလည်တဲ့ ကိစ္စတွေ ။။
    ဘယ်နဲ့ တံတားတစ်ခုပြီးတိုင်း ဆည်မြောင်းတစ်ခု ပြီးတိုင်း နဝတကို ကျေးဇူးတင်ဖို့ သီချင်းတွေရော သီတင်းတွေရော အတင်းကာရော။

    ပြည်သူ့ ဘဏ္ဏာနဲ့ ဆောက်ပြီး (ခိုးပြီး) ဟာကို
    သူတို့ကို ဇွတ်ကျေးဇူးတင်ခိုင်းနေတယ်။
    ကိုယ့်တာဝန်ကို ၁၀ဝ ရာနှုန်း အပြည့်လုပ်ပေးရမှာကို ၁ ရာနှုံး အခါ တစ်ရာ ခွဲလုပ် ဟန်ဆောင်ပြီး ကျေးဇူး အခါ တစ်ရာ တင်ခိုင်း အခါ ၁၀ဝ ကန်တော့ခိုင်းးး
    ဘယ်နဲ့!!

    :a:

  • Yae Myae Tha Ninn

    October 3, 2014 at 1:58 pm

    ကိုခကြီးက သံချပ်လဲ ရသကိုး…. 😀

  • ကေဇီ

    October 3, 2014 at 2:15 pm

    မင်းတုန်းမင်းလက်ထက်မှာ
    တောင်ရှည်ပုဆိုးတွေ ထိုင်မသိမ်းတွေဝတ်တယ်..

    စစ်အစိုးရလက်ထက်မှာ..
    မြန်မာလူမျိုးတွေ ဘောင်းဘီ၊
    စကပ် တွေဝတ်လာတယ်..၊

    အဲဒါ စစ်အစိုးရလက်ထက်
    တိုးတက်မှုပဲမဟုတ်ဘူးလား၊

    —————

    မင်းတုန်းမင်းလက်ထက်မှာ.
    တီဗွီတွေ ၊ ဖုန်းတွေမရှိဘူး..၊

    စစ်အစိုးရလက်ထက်မှာ..
    တီဗွီတောင်မှ Smart TV တွေဖြစ်လာတယ်၊
    ဖုန်းတောင်မှ Touch Screen ဖုန်းတွေဖြစ်လာတယ်၊

    အဲဒါ စစ်အစိုးရက တိုးတက်အောင်
    လုပ်ခဲ့လို့ပေါ့ဗျာ..၊

    ————–

    မင်းတုန်းမင်းလက်ထက်မှာ..
    နွားလှည်း ၊ မြင်းလှည်းနဲ့ ဆင်ပဲစီးကြတယ်၊

    စစ်အစိုးရလက်ထက်မှာ.
    မော်တော်ကားတောင် ဂျပန်ကတစ်ပတ်ရစ်
    ကေားကောင်းကားသန်းတွေ ၊
    ဆိုင်ကယ်တွေစီးနိုင်ကြတယ်၊

    အဲဒါ စစ်အစိုးရရဲ့ စွမ်းဆောင်ချက်တွေပေါ့ဗျာ..၊

    ——————

    မင်းတုန်းမင်းလက်ထက်မှာ..
    တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်ကို..
    သစ်သားရွက်လှေကြီးတွေ၊ မီးသင်္ဘေံာကြီးတွေနဲ့ပဲ
    အကြာကြီး ရွက်လွှင့်ပြီး ခရီးသွားရတယ်..၊

    စစ်အစိုးရလက်ထက်မှာ..
    လေယာဉ်ကြီးတွေ၊ အဆင့်မြင့်ဇိမ်ခံသင်္ဘေံာကြီးတွေနဲ့
    တခဏအတွင်း နိုင်ငံတစ်ခုနဲ့တစ်ခုကို သွားလာနိုင်ပြီ..၊

    အဲဒါ..စစ်အစိုးရရဲ့ ထူးချွန်ပြောင်မြောက်တဲ့
    ဆောင်ရွက်ချက်တွေပေါ့ဗျာ..၊

    —————-

    မင်းတုန်းမင်းလက်ထက်မှာ..
    ဖယောင်းတိုင်၊ မီးခွက် ၊ မီးတိုင်တွေနဲ့
    ညဖက်မှာ အလင်းရောင်ပေးရတယ်၊
    တွက်မယ်ချက်မယ်ဆိုရင် ရေးသားတွက်ချက်ရတယ်၊

    စစ်အစိုးရလက်ထက်မှာ..
    လျှပ်စစ်မီးတောင် ပိုလျှံလို့ရောင်းစားရတယ်၊
    တွက်ချက်မှုအံ့မခန်းမြန်ဆန်တဲ့ကွန်ပြူတာစနစ်တွေ
    အများကြီးပေါ်ပေါက်လာတယ်..၊

    ဒါဟာ..စစ်အစိုးရရဲ့ထူးချွန်ပြောင်မြောက်တဲ့..
    ဆန်းသစ်မှုတွေပေါ့ဗျာ..

    ———————

    မင်းတုန်းမင်းလက်ထက်မှာ..
    ကျွန်တော့ကိုမွေးဖို့နေနေသာသာ
    ကျွန်တော့အဘိုးကိုတောင်မမွေးသေးဘူးဗျ..

    စစ်အစိုးရလက်ထက်မှာ..
    ကျွန်တော်က လွှတ်တော်အမတ်တောင်ဖြစ်နေပြီ..

    ဒါဟာလဲ စစ်အစိုးရရဲ့ ဆောင်ရွက်မှုတွေပေါ့ဗျာ..

    စစ်အစိုးရက သိပ်တော်တာပဲဗျာ..၊

    ( ပုံ- ဘူးလက်ဖါတစ်ရာ)

    :kwi:

    Credit to Zaw Myint Aye

Leave a Reply