Small Modular Reactors ဆိုသည်မှာ

kaungngelaySeptember 24, 20143min24911

SMR ဆိုတာ ဘာပါလဲ ခင်ဗျာ?

  • SMR ဆိုသည်မှာ လက်ရှိနိုင်ငံအတော်များများတွင် အသုံးပြုနေသော
    အဏုမြူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံများ၏ ဓါတ်ပေါင်းဖိုငယ်မျိုးဆက်သစ်ပုံစံ
    ဖြစ်ပါသည်။
  • Light Water (H2O) စနစ်သုံး ဓါတ်ပေါင်းဖိုငယ် အမျိုးအစားဖြစ်ပါသည်။
  • NIEA အသိအမှတ်ပြုထားပြီး အနောက်နိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်
    ဓါတ်ပေါင်းဖိုကြီးများ နေရာတွင် အစားထိုး တပ်ဆင်နိုင်ရန် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။
  • ဓါတ်အား ထုတ်လွတ်မှု ၃၀ဝ မီဂါဝက် ထက် နည်းသော ပမာဏသာ ထုတ်ယူနိုင်သော
    ဓါတ်ပေါင်းဖိုအား IAEA မှ SMR အဖြစ် သတ်မှတ်ထားပါသည်။
  • ဓါတ်အား ထုတ်လုပ်မှုပမာဏ ၁ဝ မီဂါဝပ်မှ ၃၀ဝ မီဂွါဝပ်အထိ လိုအပ်ချက်အလိုက်
    တပ်ဆင် အသုံးပြုနိုင်ပါသည်။

SMR သုံးစွဲခြင်းကြောင့် ဘာအကျုိးကျေးဇူးရနိုင်မလဲ?

  • Gen-II, Gen-III Modular ဓါတ်ပေါင်းဖိုကြီးများထက် တပ်ဆင်ရလွယ်ကူခြင်း။
  • ငွေကုန်ကြေးကျ သက်သာနိုင်ခြင်း။
  • လိုအပ်သော စွမ်းအင် ပိုမိုရရှိနိုင်ရန် ဓါတ်ပေါင်းဖိုအသေးများအား အလျှင်အမြန် ထပ်မံ
    ဖြည့်တင်းတပ်ဆင်နိုင်ခြင်း။
  • ဓါတ်ပေါင်းဖို လုံခြုံရေးစနစ်မှာလည်း ရှေ့တွင်တည်ဆောက်ထားသောModular Reactor
    များထက် များစွာအဆင့်မြှင့်တင်ခြင်း။
  • ဝန်ထမ်းအင်အားပမာဏ နည်းနည်းဖြင့် အလိုအလျှောက်ထိမ်းချုပ်စနစ်များကြောင့်
    နှစ်စဉ် လျှပ်စစ်ကုမ္ပဏီများမှ ထွက်ငွေပမာဏ ထိမ်းချုပ်နိုင်ပြီး၊ ဝင်ငွေ တိုးတက်ရရှိနိုင်ခြင်း။
  • ဓါတ်အား ပမဏ အနည်းငယ်သာ လိုအပ်သော နေရာများတွင်လည်း အဏုမြူစွမ်းအင်
    အား တပ်ဆင်သုံးစွဲနိုင်ပါသည်။
  • သဘာဝပါတ်ဝန်းကျင် ထိမ်းသိမ်းရေးတွင် အဆင့်အမြင့်ဆုံး နေရာတွင် ရှိခြင်း။
  • ဓါတ်ပေါင်းဖိုငယ်အား ထုတ်လုပ်သည့်နေရာတွင် တည်ဆောက်ထားပြီး၊ အသုံးချမည့်နေရသို့
    တိုက်ရိုက်သယ်ယူ တပ်ဆင်နိုင်သဖြင့် လွယ်ကူ၊ လျှင်မြန်ပြီး တပ်ဆင်တည်ဆောက်သည့်
    အချိန်အား များစွာ လျှော့ချနိုင်သည့်အပြင် တည်ဆောက်ရာတွင်လည်း လုပ်ငန်းခွင် အန္တရာယ်
    ကင်းဝေးစေပါသည်။

လုံခြုံရေးစနစ်များ ဘယ်လိုတပ်ဆင်ထားသလဲ?

  • SMR လုံခြုံရေးအတွက် အအေးပေးသော စနစ်တွင် သဘာဝရေ ပျံနှံ့လည်ပတ်မှု
    နည်းစနစ်သာ သုံးစွဲထားခြင်း၊
  • ရေစုပ်တင်စက်များ၊ စက်ချို့ယွင်းနိုင်သော ပစ္စည်းအစိတ်အပိုင်းများ မပါဝင်ခြင်း။
  • ဓါတ်ပေါင်းဖိုအား ပိတ်ပြီး ယိုယွင်းသွားသော အပူများအား အထက်ပါနည်းဖြင့် ဖယ်ရှားသဖြင့်
    ဓါတ်ပေါင်းဖို၏ ဗဟိုမှ အပူလွန်ကဲမှု၊ အပူကြောင့်အရည်ပျော်ကျမှုများ မဖြစ်နိုင်ခြင်း။
  • အပူချိန်လွန်ကဲလာပါက အလိုအလျှောက် လည်ပတ်မှုအား လျှော့ချသွားနိုင်ခြင်း။
  • မြေကြီးအောက်တွင် တည်ဆောက်တပ်ဆင်နိုင်ခြင်းကြောင့် လုံခြုံရေးစနစ် အထူးကောင်းမွန်ခြင်း။

အရွယ်အစား

size

 

 

 

 

 

 

 

တည်ဆောက်ထားပုံ?

type

အဆောက်အဦးပုံစံ (NuScale)

build

အဆောက်အဦးပုံစံ နှိုင်းယှဉ်ချက်

compare

သယ်ယူပို့ဆောင်ခြင်း

transport1

transport2

စမ်းသပ်ထုတ်လုပ်လျှက်ရှိသော ကုမဏီများ

comsumption

နိုင်ငံအသီးသီးမှ ဓါတ်ပေါင်းဖို အမျိုးအစားများ

smr list

 

SMR များအား လုံခြုံရေးအဆင့် မြင့်မားသည့် ဓါတ်ပေါင်းဖိုများအဖြစ် မတင်စားစေချင်သော်လည်း မူလရှိယင်းစွဲများထက် အောက်ပါအချက်များအား သုံးသပ်နိုင်ပါသည်။

၁) ဓါတ်ပေါင်းဖို တည်ဆောက်သော မြေနေရာများစွာ သက်သက်သွားခြင်း

၂) ကုန်ကျစရိတ်သက်သာခြင်း

၃) နည်းပညာသစ်ဖြင့် လုံခြုံရေးစနစ်များ တိုးတက်လာခြင်း

၄) တည်ငြိမ်သော လျှပ်စစ်ပမဏ ထုတ်ပေးနိုင်ခြင်း

၅) ဖန်လုံအိမ်အာနိသင် မထိခိုက်နိုင်ခြင်း

 

လိုအပ်ချက်များ

၁) ကျွမ်းကျင်လုပ်သားများ

၂) နည်းပညာရှင်များ

 

မှတ်ချက်။     ။ အိမ်နီးချင်း တရုတ်နိုင်ငံတွင် လက်ရှိ Nuclear Infrastructure အား အရှိန်အဟုတ် တိုးမြှင့်ရန် WestingHouse နှင့် စာချုပ်ချုပ်ထားပြိး၊ SMR တစ်လုံး စမ်းသပ်တပ်ဆင်ပြီးဖြစ်ပါသည်။ တရုတ်နည်းပညာရှင်မှ တင်ပြထားသော Powerpoint file အား ကြည့်ရှု့လေ့လာလိုပါက အီးမေးဖြင့် ပေးပို့ပါမည်။

 

သူရိန်

မူး၍ရေးသည်

11 comments

  • Mr. MarGa

    September 24, 2014 at 6:49 pm

    သူ့ကြောင့် ဖြစ်လာမယ် ့side effect တွေကိုရော ချိန်ထိုးကြည့်ဖို့ တင်ပေးနိုင်မလား

    • kaungngelay

      September 24, 2014 at 7:17 pm

      လက်ရှိတော့ ကောင်းတာတွေဘဲ တွေ့သေးတယ်ဗျ… သူက အသစ်လေ အကိုမာဂ…
      ရတာနဲ့ တင်ပေးမှာပါ ခင်ဗျာ…

  • ခင် ခ

    September 24, 2014 at 8:43 pm

    လေ့လာဖတ်သွားပါတယ်
    တကယ်ကျယ်ကျယ်ပြန့်ဖြစ်လာရင်တော့ ကောင်းမှာဘဲနော်။

    • kaungngelay

      September 24, 2014 at 9:31 pm

      ကျယ်မယ်မမကြီး…
      ကျယ်အောင်လည်း ချဲ့မယ်ဗျာ… ဂျပန်ကတော့ သူတို့လာလုပ်ပေးချင်တယ်ဆိုဘဲ… ၁ဝ နှစ်တောင် ငွေထုတ်ချေးထားပေးမယ်… ၁၁ နှစ်ပြည့်မှ ဝ.၀၁ အတိုးနှုန်း…. ၁ဝ နှစ်အတွင်း NEA အသိအမှတ်ပြု နည်းပညာရှင်တွေ ကိုယ့်ဘာကိုယ်လုပ်… အကျိုးအမြတ် တော့ သိသေးဘူး ဘယ်လိုခွဲမယ်… ဒါပေသိ အနောက်အုပ်စု နည်းပညာပြောင်းလဲခွင့်လေး တော့ လိုမယ်ထင်တယ်…
      ကျွန်တော်တို့ နိုင်ငံကလူကြီးတွေက ကမာ္ဘ့အကောင်းဆုံး ကုမဏီတွေကို မဖိတ်တတ်ဘူးခင်ဗျ…. ဒီကနေ့ အရက်ဆိုင်မှာ ကိုယ့်ထက်ဝါကြီးတဲ့ ဆရာနဲ့တွေ့တော့ သူက ရှင်းပြတယ်… ဗီယက်နမ်လမ်းမကြီးအကြောင်း ကျွန်တော့်အထင် National Route 1A ဖြစ်မယ်ထင်တယ်… သိသူများ ရှိရင် ဖြေပေးပါ… သူတို့ အစိုးရလုပ်တာ လွယ်လွယ်လေး နိုင်ငံခြားမှာ နာမည်ကြီး ကုမဏီ ၁ဝ ခုကို တင်ဒါ တင်သွင်းခွင့်ပေးတယ် ဒါပေမယ့် သူတို့ နိုင်ငံထဲက Road Construction ကုမဏီတွေကိုဘဲ လုပ်ငန်းခွဲဝေ ပေးလုပ်ရမယ်.. Management နဲ့ Inspection ပိုင်းကို အဲ့ရမယ့် ကုမဏီက တာဝန်ယူရမယ်လို့ ဆိုတယ်… တနည်းအားဖြင့် ပြည်တွင်း လုပ်ငန်းရှင်တွေကို လုပ်တတ်အောင် သင်ခိုင်းတာနဲ့တူတယ်… ဒီနည်းနဲ့ဆောက်တော့ ဗီယက်နမ်တွေ လမ်းကောင်းကောင်း လုပ်တတ်လာတယ်… နောက်ပိုင်း လမ်းတိုတွေ သူတို့ဘာသာ သူတို့ ကောင်းကောင်း လုပ်တတ်သွားတယ်…
      ဒီမှာလည်း National အဆင့် ဖိတ်ကြားရင် လာကြမယ်ထင်ပါတယ်… အခုက ကိုယ်က Propose လုပ်ပါတဲ့..

      ကျေးဇူးပါ..

      သူရိန် မူး၍ရေးသည်

  • kai

    September 25, 2014 at 9:30 am

    နူကလီးယားကတော့… ဘယ်လိုလာလာ.. မြန်မာပြည်ရဲ့.. ပညာရေးအဆင့်.. နည်းပညာအဆင့်နဲ့ချိန်ဆရင်.. မလုပ်သင့်သေးဘူးလို့ထင်ပါတယ်..
    ကမ္ဘာတန်းမှီ မြစ်ကြီး၃စင်းရှိနေတာကိုး…။

    ယူအက်စ်မှာ.. နှူစွမ်းအားနဲ့ဆောက်တဲ့.. အင်ဂျင်သုံးကားတွေ.. ယဉ်ပျံတွေတောင်ရှိတယ်..
    ပါ့ဗလစ်အသုံးအတွက်.. ချကိုမပေးဘူး..
    အခုနေစင်္ကြာဝဌာကထွက်သွားပြီဖြစ်တဲ့.. ဗွိုင်ယေဂျာအာကာသယဉ်ရော…။
    အခုအင်္ဂါဂြိုလ်ပေါ်လိုက်သွားနေတဲ့.. ကျုးရိယပ်စ်စတီရော.. နူအင်ဂျင်တွေသုံးတာ…။
    ဆီရေဘာမှထည့်စရာမလို.. အနှစ်၂ဝလောက်အသာလေး… သွားနေကြတာ…။
    ဒါပေမယ့်…
    ဒါပေမယ့်…။
    နှူအဆိပ်.. ရောင်ခြည်သင့်တာက.. ပရုပ်ဆီလိမ်းမရ…
    ရောင်ခြည်သင့်..လူခန္ဓာဆဲလ်တွေက.. ပြန်ကောင်းစရာလမ်းမရှိ..။
    မီးလောင်ပြီးသွားတဲ့.. အသားစလို…။
    ကုရာနတ္တိ…။
    မျိုုးကန်းတတ်သဗျ…။ :k:
    =
    Many of Japan’s nuclear plants have been closed, or their operation has been suspended for safety inspections. The last of Japan’s 50 reactors (Tomari-3) went offline for maintenance on May 5, 2012.,[18] leaving Japan completely without nuclear-produced electrical power for the first time since 1970. Despite protests, on 1 July 2012 unit 3 of the Ōi Nuclear Power Plant was restarted.[19] As of September 2012, Ōi units 3 and 4 were Japan’s only operating nuclear power plants, although the city and prefecture of Osaka have requested they be shut down.[20]
    =
    Germany to Close All Nuclear Plants by 2022 – NYTimes.com
    http://www.nytimes.com/2011/05/31/…/31germany.html
    The New York Times
    May 30, 2011 – The German government said it would phase out its nine remaining … Britain has no plans to reduce its dependence on nuclear power. Poland …
    =
    BBC News – Japan halts last nuclear reactor at Ohi
    http://www.bbc.co.uk/…/world-asia-2409902...
    British Broadcasting Corporation
    Sep 15, 2013 – Japan is shutting down its last functioning nuclear reactor, with no timetable for a restart. Reactor 4 at Ohi in western Japan will stop generating …

    • kaungngelay

      September 26, 2014 at 10:47 am

      Hydropower ဆိုသည်မှာဆိုပြီး တော့ ထင်တယ် ကျွန်တော် အကျိုးအပြစ်တွေကို ဘာသာပြန် ရေးဖူးပါတယ်…သခင်သူရိန် ဆိုတဲ့ နာမည်နဲ့ပေါ့.. ကျွန်တော် အလုပ်တွေများသွားတော့ စာရေးဖို့ အလှမ်းအတော်လေး ဝေးသွားတယ်… ဒီရွာလေးကို လွှမ်းလို့ တပတ်ပြန်လှည့်လာတာပါ… စာပြန်ရေးချင်သွားတယ်… သူများတွေလောက် မကောင်းပေမယ့်… ပိုးအခံကတော့ ကြွပါတယ်…

      ဒါပေမယ့် ကျွန်တော့် အကောင့်မှာ ရေးထားတာလေး ရှိတော့ဘူးဗျ…. 🙁

      စာအရင်းအမြစ်လေးလည်း မသိမ်းထားမိတော့ ပျောက်သွားပြီဗျာ.. သူကြီးဆီမှာ backup လေး ရှိသေးလားပေါ့…

      ကျေးကျေး

      သူရိန်

  • kyeemite

    September 25, 2014 at 10:48 am

    .ဗဟုသုတတော်တော်ရပါသဗျ
    .ရှာဖွေဘာသာပြန်တင်ပြပေးတာကျေးဇူးပါ
    .သဂျီးပြောတဲ့အချက်ကလည်းထည့်စဉ်းစားဖို့လိုသဗျ
    .ကျုပ်တို့ဆီမှာက ဘွိုင်လာလို ဘဲရီးဆင်းပဲ ကရိယာတွေတောင်ထထပေါက်နေတာဆိုတော့… 🙄

    • kaungngelay

      September 26, 2014 at 11:04 am

      အကိုကြီးမိုက်…

      ဘွိုင်လာတွေလည်း ပေါက်ပေးရသလို…. လမ်းတွေလည်း ပေါက်ပေးရပါတယ် အကိုကြီး… ဒီလိုဘဲ တခြား အစိုးရပိုင်ဌာနပိုင် ပစ္စည်းတွေလည်း သူ့အလိုလို ထပေါက်တတ်ပါတယ်ခင်ဗျာ… အဲတော့မှဘဲ ပြုပြင်ထိမ်းသိမ်းစရိတ် ထွက်… SAE/AE တွေလည်း အလုပ်လုပ်ရ.. ဝင်ငွေဝင် နည်းနည်း ဆိုပြေလာပါတယ်… ဒါကြောင့် လမ်းကို နှစ် ၆ဝ ခံအောင် လမ်းဖောက်သူတွေကို ဒီ အစိုးရ အင်ဂျင်နီယာတွေက မေတ္တာပို့တာကြောင့် ခဏ ခဏ ခလုတ်တိုက်ပါတယ်ခင်ဗျာ…

      ဒါနဲ့ ဟိုနေ့က သူငယ်ချင်းကို လက်ဆောက် အထုပ်လေး တစ်ခု ပေးရင်း သူနဲ့ တွဲရက် ဆောင်ပုဒ်လေးပါ ကော်ပီပေးလိုက်တယ်… ရီလိုက်တာဗျာ… ခွက်ထိုး ခွက်လန်… “Prevention is better that cure”

      ဒါ ဒို့တိုင်း ဒို့ပြည်… ဒို့မြန်မာပြည်….

      သူရိန်

  • awra-cho

    September 26, 2014 at 1:40 pm

    လေ့လာသွားပါသဗျ အပန်း မကြီးရင် မေးပို့ပေးစေချင်ပါသဗျ
    awalyacho@gmail.com

  • tun swe

    September 29, 2014 at 3:47 pm

    ​လေ့လာဖတ်​မှတ်​သွာပါသည်​.

Leave a Reply