” နေ့ချင်းထပ်မြတ်သလား နှင့် ဘာနဲ့ထဲ့စားမလဲ “

ခင္ခSeptember 26, 20141min70223

” နေ့ချင်းထပ်မြတ်သလား နှင့် ဘာနဲ့ထဲ့စားမလဲ “

 

နေ့ချင်းထပ် မြတ်သလား

အိမ်ထောင်ပြုတဲ့အခါ တစ်ချို့က ဘယ်နေ့သား ဘယ်နေ့သမီးနဲ့ လက်ထပ်ကြတာလဲ အဲဒီလိုလက်ထပ်ကြတဲ့ အခါ မွေးနေ့တူ နေ့ချင်းတူသူနှစ်ဦး လက်ထပ်ယူမိကြတဲ့အခါ နေ့ချင်းထပ်မြတ်တယ်လို့ ဆိုလေ့ရှိကြတယ်၊ ဒါဆိုနေ့ချင်းထပ်မြတ်သလားဆိုတာနဲ့ပက်သက်ပြီး သိထားသလောက်ပြန်မျှရရင်ဖြင့် ဒီလိုရှိပါတယ်။

မွေးနေ့ချင်းတူတဲ့ အိမ်ထောင်ဖက်တွေဟာ ကံကောင်းတတ်ကြတယ်လို့ ဆိုတဲ့ အယူအဆကြောင့် နေ့ချင်း ထပ်ရက်မြတ်တယ်ဆိုတဲ့ ဆိုရိုးတစ်ခုပေါ်လာပါတယ် ရှေးဟောင်းလောကီကျမ်းတွေရဲ့ အဆိုကို နေ့ချင်းထပ် ထားသူတွေ၊ ထပ်ချင်သူတွေ၊ ထပ်ဖို့ရည်ရွယ်သူတွေအတွက် ရည်ရွယ်လို့ပေါ့။

 

တနင်္ဂနွေ- တနင်္ဂနွေ
`ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသမီးချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်

တနင်္ဂလာ-တနင်္ဂလာ
`ကျားနှင့်ကျားမှာ ဦးချမ်းသာ၊ နောင်လာဒုက္ခရေးတဲ့´
အိမ်ထောင်ဦးကာလမျာ ပျော်/ရွင်ချမ်းမြေ့ဖွယ်ရာဖြစ်နိုင်ပေမဲ့ အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ နားလည် ခွင့်လွတ် သည်းခံမှုမရှိရင် ဒုက္ခတွေ့ရတတ်ပါတယ်လို့ သတိပေးထားပါတယ်။

အင်္ဂါ-အင်္ဂါ
`ခြင်္သေ့နှစ်တန်၊ပေါင်းတုံပြန်၊ ရင်နှင့်ကွာမဝေး´ ဆိုတာကြောင့်
အင်္ဂါသားသမီးအချင်းချင်း ချစ်သက်နှံရင်ဖြင့် အိုအောင်မင်းအောင် ပေါင်းရတတ်ပါတယ်။

ဗုဒ္ဓဟူး-ဗုဒ္ဓဟူး
`ဟိုင်းနှင့်ကားဆင်၊ ပေါင်းဖက်လျှင် ရှည်ပင်မမြဲသေး´လို အဆိုရှိတာကြောင့်ဗုဒ္ဓဟူးသားသမီးချင်း မေတ္တာသက်ဝင်ချစ်ခင်တဲ့ ချစ်သူဘဝမှာတင် တစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်နိုင်အောင်ကြိုးစားထားပါမှ တော်ကာကျမယ့်သဘောပါ။

ကြာသပတေး-ကြာသပတေး
`ကြွက်မင်း၏နံ၊ နေ့ချင်းပန်၊ သက်ပန်ချမ်းသာကြည်အေး` တဲ့
ကြာသပတေးသားသမီးချင်း အိမ်ထောင်ဖက်ထားသူတွေ ဘဝတစ်သက်တာ စိတ်အေးချမ်းသာစရာဖြစ်ပါလိမ့်မယ်။

သောကြာ-သောကြာ
`ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့် သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုူး၊ ငြင်းတာခုံတာကိုလျော့မှ အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

စနေ-စနေ
`နဂါးနှင့်မြွေ၊ ရန်မိုးစွေ၊ နောင်လာမေတ္တာဝေး´ လို့ဆိုထားတာကြောင့် သတိထားသင့်တဲ့ ဖူးစာဖက်ပါပဲတဲ့လေ။

 

” ဘာနဲ့ချက် ထဲ့စားမလဲ “

တစ်ချို့မင်္ဂလာဇနီးမောင်နှံတွေက ထိမ်းမြားလက်ထပ်ပြီးရင် ကိုယ့်အိုးကိုယ့်အိမ်ထူထောင်လို့ ချက်ပြုတ် စားသောက်မှုပြုလာကြပါတယ်။ အဲဒီလိုချက်ပြုတ်စားသောက်တဲ့အခါ အိုး ခွက် ပုဂံတွေရဲ့ အစွမ်းသတိ္တကို အာယုဗ္ဗေဒဆေးပညာရပ်မှာ အခုလိုဖော်ပြထားတာကို ဗဟုသုတအဖြစ်တင်ပြပါရစေ။

(၁) ရွှေ ပန်းကန်၊ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

လေ၊ သည်းခြေ၊ သလိပ်တည်းဟူသော အပြစ်ဒေါသသုံးပါးတို့ကို ပယ်ဖျက်စေနိုင်၏၊ နှုတ်မြိန်ခြင်းကိုဖြစ်စေ၏၊ သုက်ကိုတိုးပွားစေ၏၊ အဆင်းကိုလှစေ၏၊ အရွယ်ကိုတင်စေ၏၊ အသက်ကိုရှည်စေ၏၊ မျက်စိအကြည်ဓာတ်ကို တိုးပွားစေ၏၊ နူနာနှင်အရူးရောဂါတို့ကိုပျောက်ကင်းစေ၏၊ သွေးကိုသန့်စေ၏၊

(၂) ငွေ ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

နှုတ်ကိုမြိန်စေ၏၊ အရွယ်ကိုတင်စေ၏၊ ခွန်အားကိုဖြစ်စေ၏၊ မျက်စိကိုအကျိုးပြု၏၊ အေးမြစေ၏၊ အပူဓာတ်ကို ပယ်ဖျက်ပြီး အေးမြသောအကျိုးကို ရစေနိုင်၏၊

(၃) ကြေးနီ ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

သည်းခြေရောဂါ အစာမကြေရောဂါတို့ကို ပျောက်ကင်းစေ၏၊ ချောင်းဆိုးပန်နာရောဂါ ဖောရောင်ရောဂါတို့ကို သက်သာပျောက်စေ၏၊ ဝသောရောဂါ အဆိပ်ရောဂါတို့ကိုပယ်စေတတ်၏၊ အပူဓာတ်ကိုရစေ၏၊ တက်ကြွ စေ၏၊ သလိပ်တိုးပွားခြင်းကို ပယ်ဖျက်စေ၏၊ မျက်စိကြည်လင်မှုကို ပေး၏၊

(၄) ကြေးဝါ ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

သလိပ်တိုးပွားခြင်းကို ပယ်ဖျက်စေ၏၊ မျက်စိကိုအကျိုးပြု၏၊ အစာမကြေရေဂါ ဝမ်းကိုက်ရောဂါကို ကာကွယ် စေ၏၊ အဆိပ်ကိုနိုင်၏၊ ဖောရောင်ရောဂါကိုပျောက်ကင်းစေ၏၊

(ကြေးနီ၊ ကြေးဝါ ပန်းကန်ခွက်အိုးများကို အချဉ်ဓာတ်(မကျီးသီးအနှစ်)ဖြင့် တိုက်ချွတ်ပွတ်ဆေးသင့်ပါသည် သို့မှသာ အစာအဆိပ်သင့်မှုမှ ကင်းမယ်ကို သတိပြုပါ )

(၅) သံ၊ သံမဏိ ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

ခွန်အားဗလကိုတိုးစေတယ်၊ အသားဝါရောဂါနှင့် အသားအရည်ညိုလိုက် ပြာလိုက်ဖြစ်သော ရောဂါတို့ကိုနိုင်၏၊ သုက်ကိုပွားစေ၏၊ လေထိုးလေနာကိုနိုင်၏၊

(၆) ယွန်း ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

နှုတ်ကိုမြိန်ခြင်းနှင့် ကျက်သရေရှိခြင်း မျှသာဖော်ပြထားသည်။

(၇) ကြွေ ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

နှုတ်ကိုမြိန်စေ၏၊ မျက်စိကိုအကျိုးပြု၏၊ ဝမ်းမီးကိုတောက်စေ၏၊ သွေးနှင့် သည်းခြေကိုသန့်စေ၏၊ သာဏ်ပညာကိုတိုးပွားစေသောသတိ္တရှိ၏၊

(၈) ပလတ်စတစ်၊ မယ်လ်မိန်း ပန်းကန်၊ ခွက် ၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

အေးမြခြင်းကိုပေးသည် ဟုသာဖော်ပြထားသည်။

(၉) ကျောက် ပန်းကန်၊ ခွက်၊ အိုး တို့ဖြင့် ချက်ပြုတ်ထဲ့စားသောက်ခြင်း။

လေသလိပ်ကိုနိုင်၏၊ ကိုယ်ကိုနွေးစေ၏၊ ဉာဏ်ပညာကိုဖြစ်စေတတ်၏၊ အညစ်အကြေးတို့ကင်း၏။

 

ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။

ခင်ခ။

23 comments

  • ဇီဇီ

    September 26, 2014 at 8:02 am

    ငင်??
    အင်္ဂါချင်းနေ သောက ပွေ၍ ဆိုလို့ …
    ဂူ တစ် ဂူထဲ ခြင်္သေ့ ၂ ကောင်း မအောင်းသင့်ဘူး ဆိုလို့…..
    :a:

    အဟင့်!!
    ဒီ စာဆိုတွေ ဘာလို့ ဂုမှ တွေ့ဖူးတာတုန်းး

    အဟွတ်!!
    :kwi:

  • kyeemite

    September 26, 2014 at 8:19 am

    .ဓမ္မာ၊သောက၊အင်းဝ၊ရာဇာ…လောက်ပဲကြားဖူးတာ
    .ကိုခင်ခရေးပြတဲ့အကြောင်းတွေတော့ခုမှကြားဖူးတယ်ဗျာ
    .စိတ်မရှိနဲ့နော…ကျုပ်ကိုယ်ပိုင်သဘောကတော့ အဲ့ဒီဆိုရိုးတေါလိုက်နာလေ့မရှိပါဘူး :a:
    .တခါတလေ အရွဲ့တိုက်ပြီး ပြသဒါးနေ့မှာတောင်လုပ်စရာရှိတာလုပ်လိုက်တာပဲ
    ………………………..
    .စကားမစပ်..အပေါ်ကခေးမလေးက ချောင်းတွေတော်တော်ဆိုးနေတယ်ဗျ..ကိုခဆေးနည်းပေးလိုက်ပါအုံး
    :k:

    • ဇီဇီ

      September 26, 2014 at 8:22 am

      သူ ဘယ်မှာလဲ သတိရနေတယ်~~
      ခါတလေတော့လည်း လွမ်းမိပါတယ်~~~~~
      အဟွတ်။
      အဟမ်းးး

      :k:

  • အလင်းဆက်

    September 26, 2014 at 9:21 am

    `ပူးနှင့်ပူးမှား၊ ငြင်းတတ်စွာ၊ ဒုက္ခာမောက်လို့ထွေး´ဆိုတာကြောင့် သောကြာသားသမီးစုံတွဲတွေဟာ မသင့်မြတ်သက်ပါဘုူး၊ ငြင်းတာခုံတာကိုလျော့မှ အိမ်ထောင်ရေးမြဲမဲ့သဘောဖြစ်ပါတယ်။

    ဆိုတော့…ထိုင်ငြင်းနေရာနဲ့ကို အလုပ်ဖြစ်မှာ မဟုတ်ဘူးပေါ့ ။

    အင်းးးရှောင်မှ…ရှောင်မှ…

    ဒါနဲ့ ဖွေးဖွေးလေးကတော့ ဗုဒ္ဓဟူးသမီးလေးထင်ပါ့…

    :mrgreen:

    ဒေါ်ဖွားမေလည်း..ဗုဒ္ဓဟူးသမီးကြီးပဲ..

    ဂွစ်ဂွစ်စ်

    :mrgreen:

  • Ma Ei

    September 26, 2014 at 9:37 am

    တနင်္ဂနွေ- တနင်္ဂနွေ
    `ဂဠုန်နှစ်သွယ်၊ မောင်နှင့်မယ် ပေါကြွယ်ဥစ္စာဌေး´
    ရယ်လို့ အဆိုရှိတာကြောင့်တနင်္ဂနွေသားနဲ့တနင်္ဂနွေသမီးချင်း ဖူးစာဖက်ရင် ဓနဥစ္စာပေါကြွယ်ပါလိမ့်မယ်…
    … :kwi:
    တမင်ရွေးထားတာတော့ ဟုတ်ပါဘူး…
    တိုက်ဆိုင်သွားတာပါ…
    🙂

  • Iris

    September 26, 2014 at 11:15 am

    အဲ့ဒါ​တွေထက်​ ​သွေးအမျိုးအစားခြင်​းထပ်​တူညီရင်​ဘာဖြစ်​တတ်​လဲ​တော့သိချင်​တယ်​။

    • ကေဇီ

      September 26, 2014 at 11:21 am

      သွေးလိုရင် ချက်ချင်း လှူနိုင်တယ်လေ။

      :k:

  • Iris

    September 26, 2014 at 11:25 am

    အွန်​..မီးမီး သိချင်​တာက ဂျန်​န​ရေးရှင်​းအတွက်​ကို…​ဆေးပညာအမြင်​အရ. :'(

  • ဂျက်စပဲရိုး

    September 26, 2014 at 12:34 pm

    ဟွာလေ နေ့မတူတာလေးတွေ…
    ဥပမာ တနင်္လာ နဲ့ အင်္ဂါ ပေါ့ညော်…
    အဲ့ဒါမျိုးကျတော့ကော ဘယ်လို ရှိလဲဟင်င်င်..
    (ဗေဒင် အချောင် ဝင်မေးကြည့်တာ :P)

  • Crystalline

    September 26, 2014 at 1:21 pm

    ဂဠုန်တစ်ကောင်လောက်ရှာအူးမှပါ.. ချက်စားမို့… :mrgreenn: နေ့ချင်းထပ်အပြင်.. နေ့သင့်နံသင့်ဆိုတာလည်း တော်တော်သုံးကြတယ်.. ဘယ်နေ့နဲ့ ဘယ်နေ့ အုံးမနွေးဆိုတာမျိုး.. :))

    • ကေဇီ

      September 26, 2014 at 1:24 pm

      အဟမ်းး။
      ရွာက အကိုကြီးတွေထဲ မှာ
      ဂလုန် ၂ ကောင် အလွတ်ရှိပါကြောင်းးး
      ခွစ် ကိုသာ ယောင်းမ တော်ရမည် ဆိုရင်ဖြင့် ထမင်းဝိုင်းနဲ့ကို ကြိုဆိုပါကြောင်းးး
      :chit:

      ခွစ်ခွစ်ခွစ်
      ကေဇီ!!!
      မင်းပိုင်သကွာ!!

      :k:

      • Crystalline

        September 26, 2014 at 2:11 pm

        ဂဠုန်ဆိုတာလည်း နဂါးနဲ့ နင်လားငါမြင်းပဲနော်.. တကယ်ရှိလို့လား.. ကိုယ့်နေ့နာမ်ကောင် ဘယ်လိုမှန်းတောင်သေချာမသိ.. :mrgreenn: လွတ်နေတဲ့ ဂဠုန်၂ကောင်ကို စားဖိုမှုးကျောက်တို့ ဆာတို့လက်ထဲထည့်ပြီး နောက်တစ်ပတ်အတွက် တစ်ပတ်စာမီနျူး လုပ်ပစ်ကွာ.. :mrgreenn:

        • ကေဇီ

          September 26, 2014 at 2:24 pm

          အေးနော်
          နဂါး က လူကို ပူးသေးးး
          ဂလုန်က လူကို မပူးပြဘူးးး
          ဟိဟိ။
          ဘာကောင်တွေလဲ မသိဘူးးး
          ခွီးခွီး
          :k:

  • kai

    September 26, 2014 at 2:27 pm

    တခါတုံးက.. မဂ္ဂဇင်းတခုမှာ.. ကော်ဖီကိုဗူးနဲ့ထည့်သောက်တဲ့အခါ.. ဒန်(အလှူမီနီယန်)ကိုမသုံးဖို့.. ရေးတာဖတ်ဖူးတယ်..။
    ဒန်ဓာတ်က.. ကော်ဖီအပူနဲ့.. ကော်ဖီရည်ထဲ.. မဆိုစလောက်လေးပျော်ဝင်တတ်လို့.. လူကိုဒုက္ခပေးတတ်တာတဲ့..။အဲဒါကြောင့်..
    vending machineနဲ့ရောင်းတဲ့.. ကော်ဖူအပူဗူးတွေမှာ.. စတီးဗူးတွေနဲ့လုပ်ကြရတာလည်း..သတိထားမိတယ်..

    ဆိုလိုချင်တာက…
    အစားအသောက်ထည့်တဲ့.. ကွန်တိန်နာ(ဗူး၊ခွက်၊)က.. လူ့ကျမ်းမာရေးကို.. တိုက်ရိုက်ဆိုင်တယ်… ထင်..။ :k:

    နေ့နာမ်တွက်.. အိမ်ထောင်ဖူးစာရှာတာကတော…
    ရှိတာမှ တပါတ်ရရက်..။ ရကောင်.. ရာဟုပေါင်း၈ရက်ရှိတာ…
    လူတွေစုံတွဲချတဲ့အခါမှာ.. ဟိုဟာမတည့်..ဒီဟာတည့်လုပ်ရင်.. ရွေးချယ်စရာရှား.. တွေဝေစရာတွေဖြစ်ပြီး.. အပျိုကြီးလူပျိုကြီးတွေများကုန်မယ်ဖြစ်လို့…
    လူသားရဲ့ အီဗော်လူရှင်းထိခိုက်မှာပါ…။
    သဘောမတူရေးချ.. မတူ..။ :i:

    ကြည့်ရတာ.. ပဒေသရာဇ်ခေတ်က.. မင်းညီမင်းသားနဲ့.. မင်းဘုရင်တွေ.. မိန်းမများများယူလို့ရအောင်.. လူထုကိုရိုက်သွင်းခိုင်းလိုက်တာတွေနဲ့တူပါတယ်..
    လူတွေရှာရခက်.. မယူကြမှ.. သူတို့.. ကိုယ်လုပ်တော်အယောက်တရာ..တထောင်ထားနိုင်မှာလေ…
    ကွိ.. :k:

    • ခင် ခ

      September 26, 2014 at 8:21 pm

      ဖတ်မိတဲ့စာပေထဲမှာတွေ့လို့ ဗဟုသုတ အနေနဲ့ မျှဝေရေးတာပါ သီတင်းကျွတ် နီးလို့ ခါတော်မီပေါ့
      ကျုပ်ကတော့ အချစ် ချင်းထပ် မြတ်၏ တဲ့လေ။
      အချစ်မပါသောအိမ်ထောင်သည် ဆားမခတ်သောဟင်းကဲ့သို့ ပေါ့လေမည်။

  • manawphyulay

    September 26, 2014 at 4:04 pm

    ဖန်ပန်းကန်နဲ့ဆိုရင်ကော ဘယ်လိုဖြစ်ပါသလဲ…

    နောက်ပြီး အင်္ဂါနဲ့ ကြာသပတေးဆိုရင်ကော ဘယ်လိုအဓိပ္ပာယ် သက်ရောက်ပါသလဲ လေးခ

    ဖြေပေးပါဦးနော်… :mrgreen:

  • ဥ သာ (တနင်္ဂနွေနဲ့သောကြာ)

    စိန် ပန်း(အင်္ဂါနဲ့ ကြာသာပတေး)

    ဒါန်း လှ (စနေနဲ့ ဗုဒ္ဓဟူး)

    ကို ရှာ (တနင်္လာနဲ့ ဗုဒ္ဓဟူး) လို့ အဆို ရှိပါသေးတယ်။

    ဒီအယူအဆတွေက ဗေဒင်ပညာ က နေ ဆင်းသက်လာတယ် လို့ ယူဆ နိုင်ပါတယ်။

    ဟုတ်မဟုတ်တော့ ပညာ ရှင်များ မှ သာ သိနို်င်မယ်ထင်ပါတယ်။

  • မြစပဲရိုး

    September 26, 2014 at 11:07 pm

    သများ မိဘ နှစ်ပါး လုံး ကတော့ နဂါး တွေ ပေမဲ့ အတော်တည့် တယ်။
    အမေက သဘောကောင်းပြီး အေးတဲ့ ချစ်စရာ နဂါး မို့ လားတော့မသိ။
    lol:-))

    ဒါထက် ကိုခ – မယ်လမင်း ပန်းကန် တွေ က ပေါ်တာမှ မကြာသေးတာ အပြင် အဲဒါ တွေက လူကို အန္တရာယ် ပေးတယ်လို့ ပြောနေပါပြီ။
    ကိုခ စာ တွေ ကို ကန့်လန့် တိုက် တာမဟုတ်။
    အပြုသဘောပါရှင့်။ :))

  • ကန္နားစီး မိဂီ

    September 26, 2014 at 11:17 pm

    ပိုစ့်ပါ စာအရတော့
    အူလေးခရေ … ၂ပိုင်းကွဲ တယ် ခံစားမိတယ်..
    ပထမ တပိုင်းက ဗေဒင်ဘက် ဘက်ဂရောင်းကလာတာ
    အမှတ်မမှားရင် ဒုတိယပိုင်းက စိန အယူတွေဘက်က လာတာ ရယ် …
    ၂ခုက ဆက်စပ်လို့လည်းမရ … (ဆိုလိုချင်တာ ဘယ်နေ့သားသမီး ဘယ်နေ့သားသမီးနဲ့ယူရင်
    ဘယ်လိုဆိုတာပေါ့) ထားပါဗျ…
    မကြားဖူးသေးတာ ကြားဖူး ဖတ်ဖူးရလို့ ကျေးဇူးပါ…

    အိမ်ထောင်ရေးဆိုတာက …
    ကာယကံရှင်တွေသာ သဘောညီတယ် အပေးအယူမျှတယ် ဆိုရင်…ဖြင့်
    နေ့တိုင်း ရက်ရာဇာ ချည်းလို့သာ မှတ်ထားပါတယ်…။

    (ဘယ်နေ့သား ဘယ်နေ့သမီးက ဓါတ်မျှပါတယ်ဆိုပြီး ဆိုင်ယန်နိုက်ကို ဘာအိုးထဲ ထည့်ချက်ချက်
    မာလကမှာမဟုတ်လားဗျာ…)

    P.S စနစ်ကြောင့် မဟုတ်ဘူး ..အချစ် ကြောင့် …

    😛

  • ကိုပေါက်(မန္တလေး)

    September 27, 2014 at 11:25 am

    ကျနော်အမြင်ကတော့ အိမ်ထောင်ခိုင်မြဲဘို့ ဆိုတာ နှစ်ဦးနှစ်ဘက် စောင့်ထိန်းလိုက်နာရမယ့်
    လူ့ကျင့်ဝတ်တွေကို သာ လိုက်နာ ရင် အိမ်ထောင်တည်မြဲပါတယ်။
    တစ်ခါတစ်ရံအတိမ်းအစောင်းရှိခဲ့ တဲ့ အခါမျုးိ မှာ သဘောထားကြီးစွာ ညှိနိုင်း လိုက်ရင် မြဲပါတယ်။

    အဲ ဒါတွေ နဲ့ မညီညွတ်ရင် အိမ်ထောင်မမြဲဘူးပေါ့ဗျာ

    နေ့ နံ တွေ အကောင်တွေ နဲ့ ချိန် ထိုး ကြတယ်ဆိုတာကလဲ

    အရင်က ဖြစ်ခဲ့ ဘူးတာတွေကို မူတည်ပြီး တွက်ချက်ထားတာဆိုတော့
    မှန်ချင် မှ လဲ မှန် နိုင်ပါ မယ်

    ကောင်းမွန်သာယာ သော အိမ် ထောင်တစ်ခု ကို ထူထောင်ချင် လို့ တွက်ကြ ချက် ကြ တာပေါ့

    အဲ ကျနော် အမြင်ကတော့ ဘာအကောင် တွေ ညာအကောင်တွေ ထက်

    ကိုယ်တိုင် ကောင်း ကြ ဘို့ ဘဲ လို ပါ သဗျာ

  • aye.kk

    September 27, 2014 at 12:00 pm

    ​ဗေဒင်​ပညာနည်​းကျယ်​စွာ
    ​ဖွေရှာရှုံ့ညှိအကျိုးရှိလို့
    ဆိုပါတယ်​​
    ​ဗေဒင်​ ပညာကျယ်​​ပြောတဲ့အတွက်​
    အဖက်ဖက်က ​​တိုက်​ဆိုင်စစ်​​​ဆေး
    ကြည်​့နိုင်​မှသာ​တော်​ယုုံ
    ကြမယ်​လို့​ပြောပြပါရ​စေ

  • ခင် ခ

    September 27, 2014 at 2:17 pm

    လိုက်နာခြင်း မလိုက်နာခြင်းထက် သူများပြောမယ် ဟောမယ်ဆိုရင် သိထားပြီးသားမို့ အဘတ်မခံရအောင် မျှဝေတာပါနော်

  • aye.kk

    September 28, 2014 at 4:10 pm

    ကိုခ​​ရေ

    သိတာ​လေးကိုထပ်​ဆင်​့
    မျှ​ဝေ​ပေးတာ​ကျေးဇူးပါ
    ​ဗေဒင်​ကဓတ်​သဘာဝ​တွေကို
    ​ဟော​ပြောတွက်​ချက်​ပြသတဲ့အတွက်​
    နည်​းပညာရပ်​ဝန်​းက ကျယ်​​ပြောလှပါတယ်​
    မသိ​သေးတာ​တွေသိရလို့​ကျေး ဇူးတင်​​ကြောင်​း ​ပြောပြပါ​ရ​စေ

Leave a Reply