ရေဖြည့်သူ

zaw winSeptember 24, 20141min1113

– ရေအိုးလေးကို ရေဖြည့်တယ်
ပြည့်နေတဲ့အိုးလေး လျှံကျတယ်
ပိုနေတဲ့နေရ အကျိုးမဲ့ဖြစ်ပြီကွယ်၊

– မပြည့်တဲ့အိုးလေး ရှာဖြည့်တယ်
တန်ဖိုးရှိတဲ့ရေ နေရာမှန်ရောက်ပြီကွယ်၊

– လောကလူ့ဘောင် လူသားအလယ်
ပြည့်စုံသူကို ပိုပံ့ပိုးတယ်
မပြည့်စုံသူများ ပစ်ပယ်ထား
သတိတရားနဲ့ ဆင်ခြင်ဖွယ်။

မင်းသုတ
15:00 P.M
24.9.2014

3 comments

  • ခင် ခ

    September 24, 2014 at 8:52 pm

    အတ္တဟိတ နဲ့ ပရဟိတ ကတော့ ကွာခြားနေတတ်စမြဲလေ
    ပရဟိတ စိတ်တွေများလေလေ လူဘောင်ဘဝ သာယာလေလေ ဖြစ်မှာပေါ့ဗျာ

  • kyeemite

    September 25, 2014 at 9:24 am

    .လူတွေစဉ်းစားကြ..စဉ်းစားကြ..လောကအတွက်…♫♪♫

  • tun swe

    September 29, 2014 at 3:51 pm

    ​ရေများရာမိုးရွာ.

Leave a Reply