မိုနိုရေးဆိုတာ…

မိုနိုရေးဆိုတာ မိုနို (တစ်)၊ ရေး (ရထားသံလမ်း)၊ အဓိပါယ် ဖွင့်တော့ ရထားလမ်းတစ်လမ်းတည်းပေါ်သွားသော ရထား….  ဒီရထားလေးတွေက တန်ဖိုးရှိတယ်ဗျ…. မွန်ဘိုင်းလို ကားကြပ်၊ လူထူ နေရာမှာ ဒီရထားစနစ်ကြောင့် အတော်လေး သွားရေးလာရေးအဆင်ပြေလာတယ်ကြားတယ်… မရောက်ဘူးပါ… အရက်ဆိုင်မှာတုန်းက သူများပြောပြတာ… Beam လို့ခေါ်တဲ့ သံတန်းရက်မတန်းထူကြီးတစ်ခုပေါ်မှာ ခွညှပ်လိုခွပြီး လျှပ်သွားတဲ့ ရထားတွေပေါ့… ဘူးလက်ထရိန်းလို မမြန်ပေမယ့် မြန်သင့်သလောက်အမြန်နှုန်းနဲ့သွားတယ်… ဒို့ဆီက မြိုပါတ်ရထားလို့ ဂျုတ်ဂျုတ် ဂျက်ဂျက်လေးတော့ မကြားရတော့ဘူး ဆိုဘဲ… ဂျပန် မိုနိုရေးတွေကျတော့ တွဲလောင်းသွားတာ တကယ်လှပါတယ်… ဘက်စ်ကား သုံးစီးစာလောက်တော့ လူတင်နိုင်မယ်ထင်တယ်…. အစားစားပေါ့….

သူရဲ့ ပြေးလမ်းဖြစ်တဲ့ သံရက်မတန်းတွေကို အမြင့်ဘက်မှာ အောက်ပါပုံထဲကအတိုင်း နေရာအကျယ်ကြီးပေးစရာမလိုဘဲ လမ်းလယ်ကျွမ်းလေးတွေနေရာမှာလောက်တင် တည်ဆောက်နိုင်တယ်လို့ သိရပါတယ်… ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အသံဆူညံမှုလည်း နည်းတယ်သိရပါတယ်… ဒါပေမယ့် ပါဝါ (သို့) စွမ်းအင်လိုအပ်ပါတယ်… ဒါလည်း လျှပ်စစ်ပါဘဲ… ရေးမလို့ စဉ်းစား စာဖတ်လုပ်တုန်း အင်မတန်ကောင်းတဲ့ အခြေခံတွေရလိုက်ပါတယ်… ဘာသာပြန်ပြီး အခန်းဆက်ရေးပါမယ်.. မြန်မာလိုလေးလည်း မှတ်တမ်းလေး တစ်ခုဖြစ်အောင်ပေါ့.. ကိုယ့်လိုဘဲ စိတ်ကူးရှိတဲ့သူများလည်း မူးမူးနဲ့ လိုက်ရေးနိုင်အောင် ခေါင်းစဉ်ကို (၁) (၂) သုံးလေး ဆိုပြီး ဝိုင်းဘာသာပြန်ပေးရင် သိပ်ကောင်းမှာပါဘဲ…. လူလည်ကျတာပါ :)

ဒီလင့်ဒ်လေးမှာ ဖတ်ပေးကြပါ… ဒီထက်ကောင်းတာလေး တွေ့လည်း ပေးပါခင်ဗျာ…

http://www.urbanaut.com/index.htm

ဒါမျိုးလေးတွေစီးပြီး ရုံးတက်ရရင်အဆင်ပြေမှာပါဗျာ…

 

သူရိန်

မူး၍ရေးသည်

 

About kaungngelay

has written 5 post in this Website..