“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “

“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “

 

ကုန်လွန်ခဲ့သောနေ့ရက်များကို

ပြန်လည်ကာစဉ်းစားမိတော့

ခေတ်ဟောင်းရုပ်ရှင်ကား

ပြန်များကြည့် ရသလို

တုန်လိုတုန်

မူန်လိုမူန်

စကားပြောသံခပ်လေးလေး

ဒါပေမယ့်

ခပ်ရေးရေးတော့ မှတ်မိသလိုလို။

 

ကုန်လွန်ခဲ့သောနေ့ရက်များမှာ

ငိုချင်စရာရှိမယ်

ရီချင်စရာရှိမယ်

ပျော်တာတွေရှိမယ်

ဝမ်းနည်းတာတွေရှိမယ်

ရင်နာစရာတွေရှိမယ်

ကြင်နာစရာတွေရှိမယ်

မုန်းတီးခြင်းများရှိမယ်

ချစ်ခြင်းတရားတွေလဲရှိမယ်

ဥပေက္ခာတွေလဲရှိမယ်

မရူ့ရက်စရာတွေလဲရှိမယ်

တပ်မက်စရာတွေရှိမယ်

မပတ်သက်ချင်တာတွေလဲရှိမယ်

မေ့ထားချင်စရာလဲရှိမယ်

တသသ သတိရနေစရာလဲရှိမယ်

အခြေအနေ

အချိန်အခါ

အဖြစ်အပျက်များစွာ

အကြောင်းတရားများစွာကြောင့်

မရိုင်းချင်လဲရိုင်း

မယဉ်ချင်လဲယဉ်

မဆုံချင်လဲဆုံ

မကြုံချင်လဲကြုံ

မယုံချင်လဲယုံ

မသိချင်လဲသိ

မငြိချင်လဲငြိ

မတွေ့ချင်လဲတွေ့

မရွေ့ချင်လဲရွေ့

မသွားချင်လဲသွား

မထားချင်လဲထား

ကံတရားစီမံရာအတိုင်း

တရွေ့ရွေ့နဲ့သွားခဲ့ကြရ

တကယ်ပြန်သေချာတွေးမိတော့

ကုန်လွန်ခဲ့သောနေရက်များဆိုတာ

ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့

ပန်းချီကားတစ်ချပ်ဆိုတာ

အသေချာပါဘဲ။

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

25-9-2014

 

 

 

 

 

 

 

 

 

12 comments

  • Myo Thant

    September 25, 2014 at 4:14 pm

    ပြင်ခွင့်များ ရခဲ့ရင်

    ၁၈ နှစ်သားလောက် ပြန်ဖြစ်ချင်

  • အလင်းဆက်

    September 25, 2014 at 4:57 pm

    ဘဝဆိုတာ..ပန်ချီကားတစ်ချပ်ပဲ…လို့…တွေးမိနေတဲ့အချိန်….

    ဒီ ကဗျာလေး ဖတ်ရတာ…အရသာ ရှိလိုက်တာ… ။
    ———————

    လူ့ဘဝဆိုတာ…
    ကိုယ်တိုင် ရေးဆွဲရတဲ့ ပန်းချီကားတစ်ချပ်ပဲ..ဟ ကောင်လေးရ. . . . တဲ့… ။

    ကိုယ့် ပန်းချီကားအတွက်…ကိုယ်လိုသမျှ အရောင်တွေ စုံစုံလင်လင် ရဖို့က
    ကိုယ့် ရှာဖွေ စူးစမ်းနိုင်စွမ်း….

    ကိုယ့် ပန်းချီကားထဲမှာ.. ရေးမယ့်… အကြောင်းအရာတွေ…
    ( အရောင် / အရိပ်တွေ ) ပြည့်စုံလှပဖို့က…
    ကိုယ့်ရဲ့…ရေးခြယ်နိုင်စွမ်း…

    အဲဒီစကားကို ကြားတော့မှ…
    ကိုယ်လည်း..စဉ်းစားမိတယ်..စံပယ်… ။

    ကိုယ့်ပန်းချီကားထဲ…မှာ. . .
    အရောင် မစုံ . . .အသွေးလည်း..မပြည့်လှသေးပါလား…

    အကြောင်းအရာရယ်တောင်မှ မည်မည်ရရ မကြွယ်ဝသေးပါလား…ပေါ့. . .

    ဒီလိုနဲ့ပဲ…
    ကိုယ့် ပန်းချီကားကို . . . ပြီးပြည့်စုံတဲ့ အလှတရားနဲ့…
    တန်ဖိုးတက်လာဖို့..
    ကြိုးစား ရေးဆွဲရဦးမှာပါလား..လို့…တွေးမိတာပေါ့..စံပယ်…

    ————-
    ဝါးပင်ရိပ်မှာ အိပ်ပါရစေလား မိစံပယ် http://myanmargazette.net/204847 ….မှ…

    —————–

    :mrgreen:

  • ဒီစာသားလေးကိုခေါင်းစဉ်လုပ်ပြီးရေးမယ်လို့စဉ်းစားထားတာကြာခဲ့ပြီ

    ဒီစား သားလေး က 2011 က ရေးတဲ့ နွေးသီး ဝတ္တုရဲ့ နောက်ဆုံးပိတ်စာသား

    ဒီစားသားလေးကို ကြိုက်တယ် လို့ ပြောခဲ့ သူက ရွာ သူ ပန်ပန် ချစ် (ခ) ပေးကလန်

    အခုရက် သူ့ ကို သတိရ သွားတော့

    ဒီကဗျာကို ချရေးဖြစ်တယ်

  • Mr. MarGa

    September 25, 2014 at 7:47 pm

    ဪ..
    ဖြစ်နိုင်မယ် ဆိုရင်
    အချိန်တွေကို ရပ်ထားလိုက်ချင်ရဲ့

  • ခင် ခ

    September 25, 2014 at 8:52 pm

    ယခင်ဆေးစက်ကျပြီးသား ပန်ချီကားကို ပြင်ဆင်ခွင့်မရှိပေမယ့် နောက်လာလတ္တံ ပန်ချီးကားကိုတော့ ကောင်းအောင်ရေးတတ်ကြကုန်ရာ၏

  • kyeemite

    September 26, 2014 at 8:40 am

    .ပြန်လည်ပြင်ဆင်ခွင့်မရှိတော့သော မှုံဝါးဝါး ပန်းချီကားကိုပြန်ကြည့်ရင်း လက်ရှိပစ္စက္ခပန်းချီကားကိုလည်းကြိုးစားရေးဆွဲနေကြရပြန်သေးသပေါ့…. :a:

  • aye.kk

    September 26, 2014 at 9:31 am

    ပစ္စုန်​ပ္ပန်​ သာ အမှန်​တကယ်​ပိုင်​တာ
    အတိတ်​အနာဂတ်​က ကိုယ်​မပိုင်​
    စွဲညိတဲ့တဏှာ​တွေ
    ​ကြောင်​့သာ စိတ်​မှာထင်​ကျန်​​နေတာ
    ပယ်​သတ်​နိုင်​တာ ဝိပဿနာ သတိပဌာန်​​လေးပါး
    မြတ်​တရားသာ

  • မာဃ ရေ
    အချိန်တွေကို ရပ်ထားလို့ ဘယ်ရမလဲ။

    ကိုခရေ
    ပြင်ဆင်လို့မရတဲ့ အမှားတွေကိုကြည့်ပြီး
    နောက်ရေးမယ့်ပန်းချီကားအတွက် ကောင်းအောင်ကြိုတင်ပြင်ဆင်ရမယ်လေ။

    ကိုမိုက်ရေ
    မူန်ဝါးဝါးပန်းချီမှာ သတိရစရာတွေအများကြီးနော်

    မမအေးရေ
    လောက ကို ဓမ္မအမြင်နဲ့ကြည့်ရင်း ကောင်းအောင်ပြင်ဆင်ကြပါစို့

  • မြစပဲရိုး

    September 26, 2014 at 11:17 pm

    အဟောင်း မှာ လို တဲ့ ဆေးချက် တွေ ကို အသစ်မှာ ပိုကောင်း အောင် ဆွဲလို့ ရနိုင်ရင်
    ပိုပိုပြီး လှ တဲ့ ဗားရှင်းသစ် ပန်းချီကား တွေ ရလာမလားဘဲ ကပေါက်ကြီး။ :))

  • ကဲ တည့်တည့်ဘဲပြောလိုက်ပါတော့မယ်

    ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံက အခြေခံဥပဒေက

    ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့ ပန်းချီကားလို့ဖြစ်နေတာကို တင်စားပြီး ရေးထားတာပါ

  • အတွေးလေး

    September 29, 2014 at 12:00 pm

    ဘဝဆိုတာ ပြင်​ဆင်​လို့မရတဲ့ပန်​းချီကား
    တဲ့လား

  • ကုန်လွန်ပြီးမြောက်ခဲ့သောဘဝ ကတော့ ပြန်လည် ပြင်ဆင်ခွင့်မရှိသော ပန်းချီကား နဲ့ တူပါတယ်

    အတွေးလေး ရေ

Leave a Reply