ဓားညီအစ်ကိုများ (Brotherhood of Blades)

မောင်ဘလိုင်September 25, 20141min28738

Brotherhood_of_Blades_poster

Brotherhood of blades
မင် မင်းဆက် နောက်ဆုံးကာလများတွင် ဆရာတူ ညီအစ်ကိုသုံးယောက်သည် ဂျင်းရိဝေ ခေါ်

ဘုရင့်လျှို့ဝှက်ရဲအဖွဲ့ တွင် ဝင်ရောက်အမှုထမ်းကြသည်။ တစ်ကယ်တော့ သူတို့က ညီအစ်ကို

လေးယောက်ဖြစ်ပြီး တစ်ယောက်မှာ လေလွင့်နေ၍ ရံဖန်ရံခါ ညီအငယ်ဆုံးထံ အကြွေးလာ

တောင်းလေ့ရှိသည်။ သူတို့လုပ်ခလစာမှာ တစ်နှစ်မှ ငွေစ နှစ်ဆယ်ခန့်သာရှိသည်။ အစ်ကိုကြီး

ကရာထူးတိုးချင်သည်။ အထက်အရာရှိကို တောင်းပန် မျက်နှာချိုသွေးသော်လည်း အရာရှိက ငွေ

သာလိုချင်၍ အခက်တွေ့ရသည်။ အစ်ကိုလတ်ကလည်း သူ့ပယောဂမကင်းဘဲ ဆောင်ကြာမြိုင်

ရောက်သွားရရှာသော မိန်းကလေးကို ပြန်ရွေးချင်သည်။ အငယ်ဆုံးညီကလည်း လေလွင့်နေသော

အစ်ကိုက ငွေစ တစ်ရာ လာတောင်းနေ၍ ဒုက္ခရောက်နေသည်။ တစ်နေ့တွင် ဘုရင့်နန်းတော်မှ

ကုန်းကုန်းတစ်ယောက်ရောက်လာပြီး သစ္စာဖောက် ကုန်းကုန်း ဝေကျုံးရှန် ကို လိုက်လံဖမ်းဆီးဖို့

အမိန့်ပေးသည်။ ထိုကုန်းကုန်းက သူတို့ညီအစ်ကို သုံးယောက်ကို တိတ်တဆိတ်မှာသည်ကတော့

ဝေကျုံးရှန်ကို အသေသတ်ဖို့ဖြစ်ပေသည်။

မှတ်ချက်။       ။

(ဝေကျုံးရှန် ဆိုသော ကုန်းကုန်းမှာ သမိုင်းတစ်လျှောက် တန်ခိုးအာဏာအကြီးဆုံး၊ အဆိုးသွမ်းဆုံး

ကုန်းကုန်း တစ်ယောက်ဖြစ်သည်။ ဧကရာဇ် ထျန်းချိ ကို ငယ်စဉ်ကတည်းက ထိန်းသိမ်းစောင့်

ရှောက်ခဲ့သူဖြစ်ရာ ထျန်းချိ ဧကရာဇ်ဖြစ်သော အခါ  အဖအရာ ထား၍ မြှောက်စားထားသဖြင့်

နန်းတွင်းတွင် တန်ခိုးအထက်ဆုံး၊ အာဏာ အပြင်းဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သူ့လက်ထက်တွင်

ဂျင်းရိဝေ လျှို့ဝှက်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းနှင့်မတည့်သူများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့သည်။ ဧကရာဇ်

ကွယ်လွန်ခါနီးတွင် သူ့ညီ ချုံးကျန်းကို အာဏာလွှဲပေးခဲ့ရာ ဝေကျုံးရှန် အနည်းငယ် အခက်တွေ့ခဲ့သည်။

ချုံးကျန်းဧကရာဇ်သည် ဝေကျုံးရှန်ကို ကြောက်ရွံ့သဖြင့် မထင်မရှားသာ နေခဲ့ရာ ဘုရင်ဖြစ်သောအခါ

ဝေကျုံးရှန်ကို ရှင်းလင်းပစ်ရန် အကြံထုတ်သည်။ နန်းတော်တစ်ခုလုံး ဝေကျုံးရှန်လူချည်းဖြစ်သဖြင့်

သူ့အာဏာကို အတော်ပြန်တည်ဆောက်ယူရသသည်။ ထို့နောက် ပြစ်မှုများရှာ၍ ဝေကျုံးရှန်ကို

မြိုင်ရပ်နှင်လိုက်သည်။ သို့သော်ဘုရင့်အကြံပေးတစ်ယောက်က ကျားကို တောထဲပြန်လွှတ်သည်နှင့်

တူကြောင်းပြော၍ ဝေကျုံးရှန်ကို ပြန်ဖမ်းလာဖို့ အမိန့်ထုတ်သည်။ နောက်ဆုံး ဝေကျုံးရှန် ကိုယ့်ကိုယ်

ကိုယ်သတ်သေသွားသည်။ ချုံးကျန်းဧကရာဇ်သည် မင် မင်းဆက်၏ နောက်ဆုံး ဧကရာဇ်ဖြစ်ပြီး သူ

ကွယ်လွန်သောအခါ မန်ချုး ကျင်မင်းဆက်က တရုတ်တပြည်လုံးကို စတင်အုပ်စိုးသည်။)

ဝေကျုံးရှန်တို့ အဖွဲ့နှင့် ညီအစ်ကိုသုံးယောက်တို့တွေ့သောအခါ အစ်ကိုလတ်က ဝေကျုံးရှန်လာဘ်

ထိုးသည်ကို လက်ခံပြီးလူငယ်တစ်ယောက်အလောင်းကိုမီးရှို့၍ ပြန်ယူလာကာ ဝေကျုံးရှန်သေပြီဟု

အထက်ကို တင်ပြခဲ့သည်။အစ်ကိုလတ်လာဘ်ယူခဲ့သည်ကို ကျန်ညီကိုနှစ်ယောက်က မသိကြပေ။

ဝေကျုံးရှန်ကို သတ်ခိုင်းသော ကုန်းကုန်းသည် ဝေကျုံးရှန်နေရာကို လိုချင်သည်။ သို့သော် ဝေကျုံးရှန်

မသေကြောင်း သူသိသောအခါ တုန်လှုပ်သွားသည်။ ဝေကျုံးရှန်က ထိုကုန်းကုန်းကို သူလာဘ်ထိုး

လိုက်သော ညီအစ်ကို သုံးယောက်ကို အကြောင်းရှာ၍ ပြန်သတ်ခိုင်းသည်။ သို့သော် သူတို့ညီအစ်ကို

သုံးယောက်မှာလွယ်လွယ်နှင့်မသေချေ။ အစ်ကိုလတ်က သူ ရလာသော လာဘ်ငွေဖြင့် ညီအစ်ကိုတို့

၏ ငွေကြေးပြဿဏနာများကိုရှင်းသည်။ အစ်ကိုကြီးကို ရာထူးတိုးပေးဖို့ အထက်အရာရှိကို လာဘ်ထိုး

သည်။ အထက်အရာရှိကသူ့ထက်ရာထူးကြီးသူကို မျက်နှာလုပ်ဖွင့်ပြောရာ အစ်ကိုကြီး ရာထူးတိုး

အခမ်းအနားတွင် အရှက်ခွဲခံရသည်။အစ်ကိုလတ်ခမျာလည်း သူကြိုက်သော ဆောင်ကြမြိုင်က

မိန်းကလေးသည် သူ့ကိုမကြိုက်ဘဲ တခြားလူတစ်ယောက်ကိုကြိုက်နေသည်ကို သိရသောအခါ

အသဲကွဲရသည်။ ထို့နောက် အစ်ကိုလတ်က ကျန်ညီအစ်ကိုများကို သူလာဘ်ယူခဲ့ကြောင်းဝန်ခံ

သည်။ သူတို့ညီအစ်ကိုသုံးယောက်သည် ကြောက်မက်ဖွယ်ရာ လျှို့ဝှက် ပူးပေါင်းကြံစည်မှု

တစ်ခုကြားတွင် ရောက်နေကြောင်း သဘောပေါက်လာသောအခါ …..။

ဒါရိုက်တာ လုယန်ရိုက်ကူး၍ ချန်းချန် ခေါင်းဆောင်ပါဝင်ထားသော ဤဇာတ်ကားသည် ဒရာမာ

သိုင်းအက်ရှင်ကားကောင်းတစ်ကားဖြစ်သည်။ ယခု Box Office တွင် ဒေါ်လာဆယ့်လေးသန်း

ကျော်ရရှိထားသည်။

38 comments

  • မြစပဲရိုး

    September 25, 2014 at 2:14 pm

    အဲ့ ဓားကြီး တွေ ကြည့်ပြီး ဟင်နရီ ဆာနားဒါး ကိုတောင် ပြန်လွမ်း ရမလိုဘဲ။
    ပထမ မန့်သူကွ။ ဟိ ။ :))

    • ဇီဇီ

      September 25, 2014 at 2:16 pm

      ငင်။
      အရီးဦးသွားဘီ

      :mrgreenn:

  • ဇီဇီ

    September 25, 2014 at 2:21 pm

    ဟိ။
    ကြည့်မယ်။
    ကျေးကျေးး
    ဒီမင်းသားက (Chen Chang)
    ခရော့ချည်း တိုင်းဂါး ထဲက ဓားမြလုပ်တဲ့ တစ်ယောက်။
    နောက် ဟို “သဟန်း” ရုပ်ရှင်လည်း ကြည့်ဖူးတယ်။ ဟိဟိ။ :mrgreenn:

    • မောင်ဘလိူင်

      September 25, 2014 at 2:25 pm

      ကြည့်ကြည့်ပါ အစ်မ..။ ကျွန်တော်တို့ ဒီမှာတော့ အခွေအကြည်ရပါပြီ။

      • ဇီဇီ

        September 25, 2014 at 2:31 pm

        မင်းသမီးက အမှတ်မမှားရင် The Four ထဲက အောက်ပိုင်းသေသွားတဲ့ မင်းသမီး လားမသိဘူးးး
        အမက တရုတ်နာမည်တွေ မမှတ်နိုင်ဝူးး
        ဟီးဟီး :mrgreenn:

        • မောင်ဘလိူင်

          September 25, 2014 at 2:59 pm

          ဟုတ်ဖူး အစ်မ..ဒီကားက မင်းသမီးက စစ်စီလီယာ လွီ (သို့) လွီ ရှီးရှီး။
          သည်ဖိုး ကားက မင်းသမီးက လွီယီဖေး။

  • မြစပဲရိုး

    September 25, 2014 at 2:38 pm

    အရီး တို့ ငယ်တုန်းက ဂျပန်သိုင်းကားတွေ ပိုပြီး များတယ် ထင်တယ်။
    အလကားပေးလို့ လားမသိ။
    ဆာမူရိုင်းဆံပင် ဆိုပြီး ထားရသေးတယ်။
    ရှေ့ အတိ နဲ့။ ဟာသဘဲ။

    တရုတ်ကား ဆို အများစု က ဟောင်ကောင် ကားတွေ များတယ်။
    နောက်ပိုင်း တော့ တရုတ်ကား ဝူခုံး ကို တို့ ပေါင်ချိန်တို့ ကြည့်ဘူးတယ်။

    စောစော က အတင်း နေရာ ရအောင် အတို မန့် လိုက်တာ ဇီကလေး ရဲ့။

  • Paing Lay

    September 25, 2014 at 2:40 pm

    14 Blades ဇာတ်ကားရဲ့ အဆက်လို့ထင်တယ်နော် အနော်ပြောတာ မှားများမှားနေမလားမသိ :k:

  • Wow

    September 25, 2014 at 3:35 pm

    စာဖတ်ရှမ်းပီး ‘မားညီအစ်ကိုများ’ ဆိုပီး ဖတ်လိုက်မိတော့ ဟိုမားအဖွဲ့ အဆော်ခံရဘီဆိုပီး ဝမ်းသာအားရဝင်လာတာ၊ ခုတော့ :chee:

  • ခင် ခ

    September 25, 2014 at 8:20 pm

    အင်း ဒီကားကို သိဘူးဗျ

  • ဂျက်စပဲရိုး

    September 25, 2014 at 8:26 pm

    ကြည့်ဖို့ ဒေါင်းလုပ် လုပ်နေပါပြီခင်ဗျား
    ညွှန်းပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။

    • ဇီဇီ

      September 26, 2014 at 8:06 am

      ငင်။
      ဂျက်!!
      ဘယ်က ဒေါင်းတုန်းး?
      နာ လိုက်ရှာတာမတွေ့သေးဝူးးး

      လင့်(ခ) ပေးပါ။

      :mrgreenn:

      • ဂျက်စပဲရိုး

        September 26, 2014 at 10:35 am

        ကျနော် torrent ကနေ ဒေါင်းလုပ် ဆွဲပါတယ်ခည။

      • Iris

        September 26, 2014 at 11:03 am

        Watch32 မှာလည်​းကြည်​့လို့ရမယ်​ထင်​တယ်​.
        ငယ်​ငယ်​တုန်​းကစက်​ရုပ်​ကား​တွေကြိုက်​ခဲ့လို့ထင်​့ စက်​ရုပ်​လိုအလုပ်​လုပ်​​နေရတယ်​။ 🙁

        • ကေဇီ

          September 26, 2014 at 11:22 am

          ငင်??
          အမငေးးး
          နာ့ မယ် ဂြိုယ်သားကား သိပ်ကြိုက်တာမို့…
          ဂြိုယ်ကောင်ဖစ်နေဘီလား မသိ….???

          :b:

        • ဂျက်စပဲရိုး

          September 26, 2014 at 12:44 pm

          ဟင့် ငယ်ငယ်ထဲက သရဲကား ကြည့်လာတဲ့ နာ့ ဘွ တော့ ဘယ်လို ဖြစ်နေပါလိမ့်….. ????

        • ကေဇီ

          September 26, 2014 at 1:11 pm

          အဟမ်းးး
          နာရောပဲ
          သရဲကား ပြောရရင် ဂန့်ပြရမစိုးလို့ မပြောတော့တာ။

          :k:

        • Iris

          September 26, 2014 at 6:37 pm

          ကက်​ပတိန်​ဂျက်​စပဲရိုးဆိုတာသရဲကြီးပဲဟာကို..​မေး​နေရ​သေးတယ်​. 😛

        • ဂျက်စပဲရိုး

          September 27, 2014 at 3:03 pm

          ကနေ့ ညတောင် The Babadook သွားကြည့်မလို့ ဘူးထွားဟားဟား 😛

        • Iris

          September 27, 2014 at 3:45 pm

          ဒရက်​ကူလာ တင်မှာကို​စောင်​့​နေတာ။ 😀

    • ဇီဇီ

      September 26, 2014 at 9:40 am

      သရဲကားမှာ ထိုင်း သရဲကားတို့ ကိုရီးယား သရဲကားတို့ ဂျပန် သရဲကားတို့ က အကောင်းဆုံးပဲ။
      ဟိ။
      :kwi:

  • ကန္နားစီး မိဂီ

    September 29, 2014 at 7:16 am

    မားကတော့လေ ..
    တိယား. ..ယူ အဲ့ပိုစ့်တင်တဲ့အချိန်

    Lost in Translation ကို (ကြီးမှ) တခေါက်ပြန်ကျိပြီး
    ဂငယ်တွေကိုချဉ်သလောက် … စကားဂျိုလေးကို ပို ခြစ်မိသွားတယ်ကွယ်…
    အားးးးဟိ
    ပို့စ့် ရိုးမန့်စ် ဆိုလားပဲ ….
    မား တို့က အသီးနုတော့ အဲ့လို ဓါးသရမ်းတဲ့ကားတွေ မကျိဖူးရယ်…
    အသက်လည်း ရလာဘီမို့ As Good As It Gets လိုမျိုး အငြိမ်မျိုး နှစ်သက်တာရယ်…

    အားးးဟိ

    • Wow

      September 29, 2014 at 10:20 am

      မားက ဓားပို့စ် မှာ လာပီး စိန်ခေါ်နေပါဒယ်.. :mrgreen:
      အိုက်ကားလေးနိမှာ ဒေါင်းပီးသားရှိလား :chee:

      • ကန္နားစီး မိဂီ

        September 29, 2014 at 10:30 am

        သားက အော်ရီဂျင်ဒယ် ပဲ ဝယ်ကျိတယ် အန်တီ…
        စကားမစပ်
        အခွေငှားဖို့ပြောတိုင်း ကျနော့်မျက်ခွက် ပင်လယ်ဓါးပြရုပ်ပေါက်သွားတတ်တယ်လို့ ငယ်ချစ်အူးက ပြောဖူးလေရဲ့

        :mrgreen:

        • Wow

          September 29, 2014 at 10:45 am

          ညီးအာ့ဂျောင့် မစားရညော်ခံဘွက မတက်တာ ညီးကိုမှီပီး သများဒွေ စပျစ်သီးကို ဖြစ်လို့ :sar:

    • မောင်ဘလိူင်

      September 29, 2014 at 1:30 pm

      အူးလေး ညွှန်းတဲ့ အန်ဒါးသည် စကင်တော့ ကျွန်တော် သိပ်နားမလည်ဘူးဗျ။
      စကားဂျို ဖောင်ပြင်တာပဲ မြင်သကိုး။ ဟီဟိ
      :k:

  • Crystalline

    September 30, 2014 at 3:56 pm

    တရုတ်ကားကြည့်ဖူးတာဆိုလို့ ငယ်ငယ်ကကြည့်ဖူးတဲ့ နဂါးနိုင်ဓါး နဲ့ ဟိုကျန်းဇီယီပါတဲ့ ဘာတိုင်းဂါးနဲ့..ဘာဒရက်ဂွန်ဆိုလားပဲ ကြည့်ဖူးတယ် :))

    • ကေဇီ

      September 30, 2014 at 3:58 pm

      ချောင်းနေတဲ့ ကျားနဲ့ ပုန်းနေတဲ့ နဂါး
      ဟိ။
      နဂါးနိုင်ဒါးက ဘယ် ဗားရှင်းကြည့်ဖူးတာတုန်းးး
      :mrgreen:

      • Crystalline

        October 1, 2014 at 6:32 am

        ဘယ်ဗားရှင်းလဲတော့သိဝူး..ကောကျင့်နဲ့ ယုန်အော်ပဲမှတ်မိတယ်.. :mrgreenn:

        • မောင်ဘလိူင်

          October 1, 2014 at 1:21 pm

          အဲဒါ သိမ်းငှက် သူရဲကောင်း ဟုတ်ဖူးလား အစ်မ..။
          en.wikipedia.org/wiki/Guo_Jing

  • Wow

    October 1, 2014 at 3:19 pm

    ခု ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအတွက် ပိုးမင်းသား ကျိနေဒယ် :s: :i: :buu:

Leave a Reply