ဧရာသားရဲ့ မာန်

တောင်ပေါ်သားSeptember 26, 20141min16415

ရိုးသားလို့ အေးချမ်း

ဧရာကမ်းနဘေး မွေးခဲ့တဲ့ငါ

အမေခေါ်ရာ ပါခဲ့ရင်း

ရန်ကုန်မှာ ကြီးပြင်းရ

ရက် လ တွေကိုဖြတ်သန်း

အနမ်း အလွမ်း အကြမ်းတွေနဲ့အတူ

ခံနိူင်ရည်တွေလည်း ထူခဲ့ပေါ့

ကျောင်းသားဘဝကနေ ဝန်ထမ်းဖြစ်

အသစ် အသစ်သော အတွေ့အကြုံကြား

နွားဖြစ်လိုက်  ကျားဖြစ်လိုက်

မချစ်ထိုက်သူကို လွမ်းလိုလွမ်း

ပစ်ထိုက်သူကို မှန်းလိုမှန်း

ခပ်ကြမ်းကြမ်းဇာတ်မှာ

ငါက မင်းသားဖြစ်လာတော့

ပျော့နေလို့မှ မရ

လာလေသမျှ ဒုက္ခများ

သုခ ဆိုတဲ့ဓါးနဲ့ရှင်း

ပျက်စီးခြင်း လမ်းတွေကိုကျော်

အရှေ့ကိုမျှော်လိုက်တော့

ဖျော့တော့လို့မှုန်ဝါး

စုန်နေသလား ဆန်လေသလား

မကွဲပြားပေမယ့်

ဧရာသားရဲ့  မာန်

မင်း သိချိန်ဖြင့် တန်လေပြီ ၊

3a

15 comments

  • ကေဇီ

    September 26, 2014 at 11:19 am

    ကဗျာ က ကောင်းလိုက်တာ။
    ဘဝနဲ့
    ပုံနဲ့ လိုက်ဖက်တယ်။

    • Myo Thant

      September 26, 2014 at 11:23 am

      ကျေးကျေးပါ ကေဇီရေ ၊

      ဘဝဆိုတာ ဒီလိုပါပဲလေ ၊

  • manawphyulay

    September 26, 2014 at 4:18 pm

    ဧရာဝတီ ကမ်းအထက်က ငွေသောင်ယံကမ်းအထက်မှာ မကွေးမြသလွန်ကို အတူဖူးခဲ့တာတွေ…..

    အဲ မွှားကုန်ပြီ။
    ခံစားမိသွားလို့ တစ်ခါတစ်ခေါက် ရောက်တဲ့သူတောင် လွမ်းစရာ့ နယ်မြေဆိုတော့…
    မွေးဖွားရာဒေသကို လွမ်းတဲ့သူအတွက်တော့ ဆိုဖွယ်ရာ မရှိတော့ပါဘူးလေ….

  • Ma Ei

    September 26, 2014 at 4:32 pm

    ကာရံ မိမိ နဲ့ လှလှပပ ရေးဖွဲ့ထားတဲ့
    ဘဝကဗျာ ဆိုပါတော့…

  • ခင် ခ

    September 26, 2014 at 8:46 pm

    ကဗျာရဲ့စာကားလုံးတွေမှာ အားပါနေသလို ခံစားမိတယ်ဗျ
    Good brother.

  • မြစပဲရိုး

    September 26, 2014 at 11:11 pm

    အဲဒီ ဧရာဝတီ ကို ငေးကြည့်ဖို့ ကို ကြိုက်လွန်းသူ တွေထဲ ကျွန်မလဲ ပါသပေါ့ ကိုမျိုး ရယ်။ :))
    ဒါနဲ့
    ရွာထဲ ဒီတစ်လော “ဓား” တွေ တယ် ခေတ်ဆန်း နေပါပေါ့။ lol:-))

  • Myo Thant

    September 27, 2014 at 8:28 am

    ကိုမိုက် ၊ မနော ၊ အရီးမြတို့ အားပေးသွားလို့ ကျေးဇူးပါ ၊

    အမအိ နဲ့ ကိုခ ရေ တစ်ခါတစ်လေတော့လည်း

    ဒီလိုကဗျာမျိုး နဲ့ပဲ ကိုယ့်ကိုယ်ုကို အားပေးနေရတတ်ပါတယ် ၊

  • ဆန်လိုဆန်
    မျောလိုမျော
    စုန်လိုစုန်
    ကြာလာတော့
    စိတ်တွေထုံ
    ကံကို ပုံမချပါဘူး
    ကြိုးစားပြီး
    ရှေ့ဆက်ပါတဲ့
    ဧရာကမ်းနံဘေးကငါ

  • kai

    September 28, 2014 at 3:29 am

    ဟန်မှမာန်

    ဧရာဘေးမှာမွေး
    ဧရာကျွေးဘူးသူတွေ
    မဆွေးရလေအောင်
    ဧရာပစ္စုပ္ပန်ကိုမြင်
    ဟန်မှမာန်ပြောင်း
    အမှန်ပင် ကယ်တင်ကြ…။

    ကယ်ပါဆိုမှ
    သဘာဝလွှဲချ၊
    ဘာမလုပ်ငါမလုပ်
    ဘာဘာ,ဘာမှမလုပ်.. မဟုတ်
    ထိုင်မကြည့် ရင်ဆိုင်သိ
    တကယ်အဟုတ် ကယ်ယူကြ..။

    • Myo Thant

      September 29, 2014 at 11:04 am

      ကိုယ့်ကိုယ်ကို ကယ်ဖို့ ကြိုးစားရင်း မြစ်ဧရာအတွက်လည်း . . . . .

  • Wow

    September 29, 2014 at 11:16 am

    မြစ်ဧရာကို ကယ်မနေပါနဲ့အေ လမ်းထိပ်က ရေမြောင်းပဲ အယင်သွားဖေါ်ပါ ဟီးးးး ဘာရယ်လို့ ဟုတ်ဖူးရယ် ဒလိုပဲ ပျောကျိစ်တာ :mrgreen:

  • Yae Myae Tha Ninn

    September 29, 2014 at 4:08 pm

    အနမ်း အလွမ်း အကြမ်းတွေနဲ့အတူ

    ခံနိူင်ရည်တွေလည်း ထူခဲ့ပေါ့

    မှာ အနမ်းက ဘယ်ကရတာလဲ ဟင်… စပ်စုထှာနော်… 😀

    • Myo Thant

      September 29, 2014 at 4:13 pm

      ဒါက ဒီလို ရှိတယ်လေ
      🙂

  • Yae Myae Tha Ninn

    September 30, 2014 at 11:05 am

    ဟားဟား… 🙂

Leave a Reply