မြန်မာနိုင်ငံ က လျှပ်စစ်မီး

ဆုိးဆုိးAugust 17, 20101min1033

သူကို ကျွန်တော်အမြဲစောင့်မျှော်နေမိသည် ။ သူမရှိရင် ကျွန်တော်ဘဝအတွက် ရှေ့ဆက်ရန် တွေဝေငေးမောမိသွားသည်။

သူမရှိရင် ဘာမှလုပ်မရသောကြောင့် စိတ်ညစ်မိသည်။ သူလာပြီ ကျွန်တော်ပျော်သွားသည် ။ ဟောပျက်သွားပြန်ပြီ။

တောက်……..ဒီ မီးတော့ကွာ ဟုပြောယုံကလွဲဘာမှမတက်နိုင်ပါ။သူလာချင်တဲ့အချိန်လာသည် ။ပြန်ချင်တဲ့အချိန်ပြန်သွားသည်။

လျှပ်စစ်မီး ကိုမျှော်ပြီး လုပ်ရသော အခြေခံလူတန်းစားတို့အတွက် ဘာမှလုပ်မရပါ။ သူကိုမျှော်နေကြရသည်။

တရက်ခြား မီးလာမည်တဲ့  မဆိုးပါဘူး။ လာတဲ့အချိန် ပျက်ပြန်ပြီး။ ဘာလုပ်မည်နည်း။

ဒီမီးကြောင့် စိတ်ညစ်ရသည်။ ပိုက်ဆံချမ်းသာရင်လည်း လျှပ်စစ်မီး ကိုမျှော်မနေပဲ မီးစက်ဝယ်လိုက်မည်။ အခုတော့…………။

မီးကိုအားကိုး ပြီး အလုပ်လုပ်နေသော ၊ ပညာသင်ယူနေသော အခြေခံလူတန်းစားတွေအတွက် ကိုယ်ချင်းစာမိပါသည်။

တခြားနိုင်ငံသားတွေကတော့ ကျွန်တော်တို့ ခံစားမှုများကို နားလည်နိုင်လိမ့်မည်မဟုတ်ပေ။

မီးအမြန်ပြန်လာပါတော့……….။ မင်းမရှိရင်လေ ငါဘာဆက်လုပ်ရမလဲမသိဘူး………..။ ကျေးဇူးပြုပြီး  အချိန်မှန်မှန် ငါဆီလာလှည့်ပါ။

3 comments

  • Pyaung Gye

    August 17, 2010 at 5:50 am

    မျှော် မနေနဲ့တော့ – –
    – အင်တာနက် နှေးတဲ့အချိန်
    – မီးပြက်ချိန်
    – ရေပြတ်ချိန်
    – ဖုန်းလိုင်းပြတ်ချိန်
    – တိုက်ဆိုင်နေရင် သဘောပေါက်
    – သကြားမင်းကြီးထိုင်တဲ့ ( မသိလို့) ကျောက်ဖြာ လှုပ်လာသလိုဘဲ
    – ဖြတ် ၄ ဖြတ် လုပ်တော့တာပါဘဲ

  • Yin Nyine Nway

    August 17, 2010 at 6:15 am

    မြန်မာနိုင်ငံသည်
    ပျော်စရာများနှင့်ပြည့်နေသောနိုင်ငံဖြစ်ပါသည်။
    မီးလာရင်လည်းပျော်ရသည်
    ရေလာရင်လဲပျော်ရသည်
    ကော်နက်ရှင်ကောင်းရင်လည်း ပျော်ရသည်…..:)

  • chitsayar

    August 17, 2010 at 3:23 pm

    မြန်မာနိုင်ငံ မြန်မာနိုင်ငံ
    လျှပ်စစ်မီး လျှပ်စစ်မီး
    aaa aaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaaa

Leave a Reply