. လေးပေါက်တို့ ကိုခတို့ ပို့စ်တွေ တင်တော့ … အားကျသွားတယ်… ကိုယ်လဲ မင်္ဂလာဆောင်ပို့စ်တင်မယ်ပေါ့…

. အမှန်တော့ အစောကတည်းက တင်ဖို့ပါ… မတင်အားတာလဲပါတယ်… ခုတော့ ခါတော်မှီပေါ့… :)

 

. ကျွန်တော်ရဲ့ မင်္ဂလာဆောင်ပို့စ်ကတော့ အပိုင်း ( ၅ ) ပိုင်း ရှိပါတယ်…

. တကယ်တမ်းဆို  စ တွေ့တာ.. လိုက်တာ.. မင်္ဂလာဆောင်အတွက် ကြိုးစားတာနဲ့ဆို အပိုင်းမနည်းလောက်ဘူး..  :)

. ထားပါ.. အခုတော့

. ၁. နှစ်ဘက် မိဘတွေ့ဆုံပွဲ

. ၂. စေ့စပ် သမီးတောင်း

. ၃. လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေး

. ၄. မင်္ဂလာဆောင်အခမ်းအနား ကျင်းပ

. ၅. ဟန်းနီးမွန်း   ဆိုပြီး တင်ဆက်သွားပါမယ်…

 

. ၁.  နှစ်ဘက် မိဘတွေ့ဆုံပွဲ အတွက်ကတော့.. 

 

. စကြိုက်ပြီးတော့ မကြာပါဘူး… သူ့ကို လိုက်ပို့တယ်… ပထမ ကားမှတ်တိုင် ၃ ၄ ၅ မှတ်တိုင်ကို လမ်းလျှောက်ပြီး လိုက်ပို့… လမ်းထိပ်ထိ…

. အော်.. မေ့လို့… သူနဲ့ ကြိုက်ပြီး မကြာဘူး… ၂ သိန်းတန်ဖုန်းတွေ ထွက်လာတော့ နံပါတ် ရှေ့ဆင့် နောက်ဆင့်ဝယ်လိုက်သေးတယ်… :) သူက အိမ်ရောက်ပြီဆို ဖုန်းလှမ်းဆက် အဲတော့မှ ပြန်တယ်…

. နောက်တော့ နည်းနည်း နီးစပ်လာတယ်.. ၂ မှတ်တိုင်လောက် လမ်းလျှောက်…  အိမ်နားထိ လိုက်ပို့…

. နောက်တဖြည်းဖြည်းနဲ့ အိမ်ရှေ့ထိ လိုက်ပို့… ဟဲ… ရုံးဆင်းတာက ၅ခွဲဆို.. ဖယ်ရီစီးတာနဲ့ သူ့အိမ်လိုက်ပို့နဲ့ဆို.. အိမ်ကို ၉ ခွဲ ၁၀ နာရီမှ ပြန်ရောက်တယ်…

. ရက်မပြတ်ဘူး… နှစ်နဲ့ကို ချီတယ်…

. တနင်္ဂနွေဆိုလဲ တွေ့ချင်တော့ အကြောင်းရှာပြီးသွား… မုန့်ထွက်စားကြပေါ့…

. ဒီလိုနဲ့ သီတင်းကျွတ်ရောက်တော့ သူ့မိဘတွေကို သွားကန်တော့… ဟဲ… လိုက်ပို့ရင် အိမ်ထိလိုက်ပို့လို့ ရသွားတာပေါ့…

. ယောက္ခမတွေနဲ့လဲ ရင်းနှီး … ယောက်ဖတွေနဲ့လဲ ရင်းနှီးသွားတာပေါ့…

. အဖေ ( ၀ါ ) ယောက္ခထီးက ပရဟိတ လုပ်ငန်းလုပ်တော့… ကိုယ်လဲ မျက်နှာလဲ ရ… တကယ်လဲ ၀ါသနာပါ… ၀င်လုပ်ရင်း… ရင်းနှီးမှု တဆင့်တိုးခဲ့ပါတယ်…

 

. ဒီကြားထဲတော့ အကျပ်အတည်းတွေ များခဲ့ပါတယ်… အမေကလဲ ယူမယ်ဆိုတော့မှ နေမကောင်းဖြစ်တာမှ အကြီးအကျယ်ပဲ ကိုယ့်သားတောင် ကိုယ် မမှတ်မိတော့ဘူး…

. ဆီးချို၊ ၊ ကျောက်ကပ် ၊ ဦးနှောက်တခြမ်း လေဖြန်းနဲ့  ၃ လလောက် ကျွန်တော်လဲ အိပ်ရေးတွေပျက်ပြီး… မနည်း ရုန်းခဲ့ရတယ်… အမှန်က ကြိုက်ပြီး ၁ နစ်အတွင်းကို ယူဖို့ စဉ်းစားထားတာ…

. ဆေးရုံတက်လိုက်ရတော့ ပိုက်ဆံတွေ အကုန်ကုန်တာပဲ… အဖတ်တင်တာ ကတော့ အမေနဲ့ ချွေးမ အိုကေသွားတယ်.. ဇနီးလောင်းကလဲ စကားနည်း… အမေကလဲ စကားနည်းဆိုတော့…

. ကီးချိန်ရ ခက်နေတာ… သူလဲ အိမ်ကို ၀င်လို့ ထွက်လို့ အဆင်ပြေသွားတယ်…

. ပိုက်ဆံတွေလဲ အစ က ပြန်စုပဲ… ကံကောင်းတာ တခုကတော့ ကုန်သွားတဲ့ ပိုက်ဆံတွေ တတိတတိ နဲ့ ပြန်ရတယ်…

. ကျွန်တော်က မိန်းမ ယူလဲ မိစုံဖစုံ နဲ့ ယူချင်တော့ ဆုလဲ တောင်း ကြိုးလဲ စားတာ… အမေဆို လုံးဝ လူကောင်း ပကတိ ပြန်ဖြစ်လို့ ပတ်ဝန်းကျင်က အံ့သြရတယ်…

. အဲတုန်းကများဆို ညဆို ဆေးရုံစောင့်… နာ့စ်ဌားတာတောင် စိတ်မချလို့… မအိပ်ရဲဘူး… သူက ဆောရီးပါဆိုလဲ ဒီမှာက အသက်ထွက်ပြီလေ…

. တချက်ငိုက်လို့ မရဘူးလေ… :)  နေ့ဆို ရုံးသွား… ခွင့်လဲ ယူလို့ မရဘူး… ဘောနပ်စ် ပြုတ်သွားမှာ…

. ရလာဒ်ကတော့ အမေ ပြန်ကောင်းလာတယ်…

. လုပ်ငန်းတွေ အိုကေလာတော့ ဖြစ်နိုင်မယ့် ရက်ကို သတ်မှတ်ပြီး… နှစ်ဘက်မိဘ တွေ့ဆုံဖို့ စီစဉ်လိုက်တာပါပဲ…

 

. ရက်သတ်မှတ်ရာမှာလဲ… ယုံတယ်လဲ မဟုတ်ဘူး.. ဒါပေမဲ့ မိဘတွေ အလိုအရရော.. ရှေးထုံးလဲ မပယ်ချင်တာရော… ပဲခူး ဆရာတော်(နာရီစင်)မှာ ရက်သွားတွက်သေးတယ်…

. မင်္ဂလာဆောင်မယ့် ရက်ကိုပေါ့… ကျန်တဲ့ နှစ်ဘက်မိဘတွေ့ဆုံပွဲ ရက်တို့… စေ့စပ်တာတို့.. လက်မှတ်ထိုးတာတို့ကတော့ ကိုယ်ဘာသာပဲ ပြက္ခဒိန်ကြည့်ပြီး တွက်လိုက်တယ်…

. မှတ်မှတ်ရရ နေ့တွေကို တွက်ပြီး ရွေးထားတာ… :)

 

. ၁၁.၁၂.၁၃ ဒါက ဘာနေ့လဲ မှတ်မိလား… အဲဒါ နှစ်ဘက်မိဘ တွေ့ဆုံပွဲ ( Sea Game ဖွင့်ပွဲနေ့ပေါ့… )

 

2013-12-11 12.39.20

 

ဆက်လက်ဖော်ပြပါဦးမည်…. ရေမြေ့သနင်း(ခ) လူတလုံး (ခ) ကိုထွဋ်

 

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...