မင်္ဂလာဆောင်ပို့စ်…

ကုိ ထြဋ္September 30, 20141min56022

. လေးပေါက်တို့ ကိုခတို့ ပို့စ်တွေ တင်တော့ … အားကျသွားတယ်… ကိုယ်လဲ မင်္ဂလာဆောင်ပို့စ်တင်မယ်ပေါ့…

. အမှန်တော့ အစောကတည်းက တင်ဖို့ပါ… မတင်အားတာလဲပါတယ်… ခုတော့ ခါတော်မှီပေါ့… 🙂

 

. ကျွန်တော်ရဲ့ မင်္ဂလာဆောင်ပို့စ်ကတော့ အပိုင်း ( ၅ ) ပိုင်း ရှိပါတယ်…

. တကယ်တမ်းဆို  စ တွေ့တာ.. လိုက်တာ.. မင်္ဂလာဆောင်အတွက် ကြိုးစားတာနဲ့ဆို အပိုင်းမနည်းလောက်ဘူး..  🙂

. ထားပါ.. အခုတော့

. ၁. နှစ်ဘက် မိဘတွေ့ဆုံပွဲ

. ၂. စေ့စပ် သမီးတောင်း

. ၃. လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေး

. ၄. မင်္ဂလာဆောင်အခမ်းအနား ကျင်းပ

. ၅. ဟန်းနီးမွန်း   ဆိုပြီး တင်ဆက်သွားပါမယ်…

 

. ၁.  နှစ်ဘက် မိဘတွေ့ဆုံပွဲ အတွက်ကတော့.. 

 

. စကြိုက်ပြီးတော့ မကြာပါဘူး… သူ့ကို လိုက်ပို့တယ်… ပထမ ကားမှတ်တိုင် ၃ ၄ ၅ မှတ်တိုင်ကို လမ်းလျှောက်ပြီး လိုက်ပို့… လမ်းထိပ်ထိ…

. အော်.. မေ့လို့… သူနဲ့ ကြိုက်ပြီး မကြာဘူး… ၂ သိန်းတန်ဖုန်းတွေ ထွက်လာတော့ နံပါတ် ရှေ့ဆင့် နောက်ဆင့်ဝယ်လိုက်သေးတယ်… 🙂 သူက အိမ်ရောက်ပြီဆို ဖုန်းလှမ်းဆက် အဲတော့မှ ပြန်တယ်…

. နောက်တော့ နည်းနည်း နီးစပ်လာတယ်.. ၂ မှတ်တိုင်လောက် လမ်းလျှောက်…  အိမ်နားထိ လိုက်ပို့…

. နောက်တဖြည်းဖြည်းနဲ့ အိမ်ရှေ့ထိ လိုက်ပို့… ဟဲ… ရုံးဆင်းတာက ၅ခွဲဆို.. ဖယ်ရီစီးတာနဲ့ သူ့အိမ်လိုက်ပို့နဲ့ဆို.. အိမ်ကို ၉ ခွဲ ၁ဝ နာရီမှ ပြန်ရောက်တယ်…

. ရက်မပြတ်ဘူး… နှစ်နဲ့ကို ချီတယ်…

. တနင်္ဂနွေဆိုလဲ တွေ့ချင်တော့ အကြောင်းရှာပြီးသွား… မုန့်ထွက်စားကြပေါ့…

. ဒီလိုနဲ့ သီတင်းကျွတ်ရောက်တော့ သူ့မိဘတွေကို သွားကန်တော့… ဟဲ… လိုက်ပို့ရင် အိမ်ထိလိုက်ပို့လို့ ရသွားတာပေါ့…

. ယောက္ခမတွေနဲ့လဲ ရင်းနှီး … ယောက်ဖတွေနဲ့လဲ ရင်းနှီးသွားတာပေါ့…

. အဖေ ( ဝါ ) ယောက္ခထီးက ပရဟိတ လုပ်ငန်းလုပ်တော့… ကိုယ်လဲ မျက်နှာလဲ ရ… တကယ်လဲ ဝါသနာပါ… ဝင်လုပ်ရင်း… ရင်းနှီးမှု တဆင့်တိုးခဲ့ပါတယ်…

 

. ဒီကြားထဲတော့ အကျပ်အတည်းတွေ များခဲ့ပါတယ်… အမေကလဲ ယူမယ်ဆိုတော့မှ နေမကောင်းဖြစ်တာမှ အကြိီးအကျယ်ပဲ ကိုယ့်သားတောင် ကိုယ် မမှတ်မိတော့ဘူး…

. ဆီးချို၊ ၊ ကျောက်ကပ် ၊ ဦးနှောက်တခြမ်း လေဖြန်းနဲ့  ၃ လလောက် ကျွန်တော်လဲ အိပ်ရေးတွေပျက်ပြီး… မနည်း ရုန်းခဲ့ရတယ်… အမှန်က ကြိုက်ပြီး ၁ နစ်အတွင်းကို ယူဖို့ စဉ်းစားထားတာ…

. ဆေးရုံတက်လိုက်ရတော့ ပိုက်ဆံတွေ အကုန်ကုန်တာပဲ… အဖတ်တင်တာ ကတော့ အမေနဲ့ ချွေးမ အိုကေသွားတယ်.. ဇနီးလောင်းကလဲ စကားနည်း… အမေကလဲ စကားနည်းဆိုတော့…

. ကီးချိန်ရ ခက်နေတာ… သူလဲ အိမ်ကို ဝင်လို့ ထွက်လို့ အဆင်ပြေသွားတယ်…

. ပိုက်ဆံတွေလဲ အစ က ပြန်စုပဲ… ကံကောင်းတာ တခုကတော့ ကုန်သွားတဲ့ ပိုက်ဆံတွေ တတိတတိ နဲ့ ပြန်ရတယ်…

. ကျွန်တော်က မိန်းမ ယူလဲ မိစုံဖစုံ နဲ့ ယူချင်တော့ ဆုလဲ တောင်း ကြိုးလဲ စားတာ… အမေဆို လုံးဝ လူကောင်း ပကတိ ပြန်ဖြစ်လို့ ပတ်ဝန်းကျင်က အံ့ဩရတယ်…

. အဲတုန်းကများဆို ညဆို ဆေးရုံစောင့်… နာ့စ်ဌားတာတောင် စိတ်မချလို့… မအိပ်ရဲဘူး… သူက ဆောရီးပါဆိုလဲ ဒီမှာက အသက်ထွက်ပြီလေ…

. တချက်ငိုက်လို့ မရဘူးလေ… 🙂  နေ့ဆို ရုံးသွား… ခွင့်လဲ ယူလို့ မရဘူး… ဘောနပ်စ် ပြုတ်သွားမှာ…

. ရလာဒ်ကတော့ အမေ ပြန်ကောင်းလာတယ်…

. လုပ်ငန်းတွေ အိုကေလာတော့ ဖြစ်နိုင်မယ့် ရက်ကို သတ်မှတ်ပြီး… နှစ်ဘက်မိဘ တွေ့ဆုံဖို့ စီစဉ်လိုက်တာပါပဲ…

 

. ရက်သတ်မှတ်ရာမှာလဲ… ယုံတယ်လဲ မဟုတ်ဘူး.. ဒါပေမဲ့ မိဘတွေ အလိုအရရော.. ရှေးထုံးလဲ မပယ်ချင်တာရော… ပဲခူး ဆရာတော်(နာရီစင်)မှာ ရက်သွားတွက်သေးတယ်…

. မင်္ဂလာဆောင်မယ့် ရက်ကိုပေါ့… ကျန်တဲ့ နှစ်ဘက်မိဘတွေ့ဆုံပွဲ ရက်တို့… စေ့စပ်တာတို့.. လက်မှတ်ထိုးတာတို့ကတော့ ကိုယ်ဘာသာပဲ ပြက္ခဒိန်ကြည့်ပြီး တွက်လိုက်တယ်…

. မှတ်မှတ်ရရ နေ့တွေကို တွက်ပြီး ရွေးထားတာ… 🙂

 

. ၁၁.၁၂.၁၃ ဒါက ဘာနေ့လဲ မှတ်မိလား… အဲဒါ နှစ်ဘက်မိဘ တွေ့ဆုံပွဲ ( Sea Game ဖွင့်ပွဲနေ့ပေါ့… )

 

2013-12-11 12.39.20

 

ဆက်လက်ဖော်ပြပါဦးမည်…. ရေမြေ့သနင်း(ခ) လူတလုံး (ခ) ကိုထွဋ်

 

22 comments

  • ကေဇီ

    September 30, 2014 at 11:07 am

    မင်းသား မင်းသမီး မြင်ဖူးရင် ပိုဖတ်ကောင်းမလားလို့။

    :kwi:

    • Yae Myae Tha Ninn

      September 30, 2014 at 11:15 am

      အော်… ဖဘ မှာ ရှိတယ်လေ.. ပုံတွေ အကုန်နီးပါးတင်ထားပါတယ်… 🙂

  • ခင် ခ

    September 30, 2014 at 11:11 am

    အဲ စားပွဲကြီးချပြပြီး ကျုပ်တို့လဲ ဘာမှမစားရဘဲနဲ့ ခေတ္တရပ်လိုက်တယ်ဆိုတော့ကာ အင်း နောက်ဆက်ရန်မျှော်လျှက်ပါဘဲဗျာ။

  • Yae Myae Tha Ninn

    September 30, 2014 at 11:17 am

    ဟုတ်ပါဘူး.. ကိုခရယ်.. စားချင်ရင် တရက် ချိန်းလိုက်လေ… ကျွေးပါ့မယ်… 🙂

    • Yae Myae Tha Ninn

      September 30, 2014 at 11:36 am

      ဘာကိုလဲ မနောရဲ့.. အင်ထိုဆိုတာ… 🙂

  • ဂျက်စပဲရိုး

    September 30, 2014 at 12:49 pm

    ဆိုတော့ကာ မင်္ဂလာဆောင် အကြောင်း ပြန်ပြောပြရင်းနဲ့ ကျနော်တို့ကိုပဲ နောက်တစ်ပွဲ ပြန်ကျွေးမယ် ဆိုတဲ့ အရိပ်ပြ ပို့စ်များလားဟင်… း)

  • Yae Myae Tha Ninn

    September 30, 2014 at 1:01 pm

    လက်ဖွဲ့ ပြန်တောင်းမို့ပါ… 🙂

  • Myo Thant

    September 30, 2014 at 1:15 pm

    သာပါတယ်ဗျာ 🙂

    • Yae Myae Tha Ninn

      September 30, 2014 at 2:07 pm

      ငင်… နောက်တာလား… 🙂

  • အခုမှ တွေ့ဆုံပွဲ တဲ့ ဒီလူနဲ့တော့ ကျုပ်လဲ ဝဋ်လည်တော့တာဘဲ

    နည်းနည်းခြင်းချကျွေးနေတာ နော်

  • Yae Myae Tha Ninn

    September 30, 2014 at 5:01 pm

    ဟားဟား… လေးပေါက် … 🙂 ဟုတ်တယ်.. ဟုတ်တယ်… ဝဋ်လည်တာ.. 😀

  • Crystalline

    October 1, 2014 at 7:13 am

    သွားမယ်..စားမယ်..ဝါးမယ်လောက်ကို စိတ်မဝင်စားဘူး :mrgreenn:

  • Yae Myae Tha Ninn

    October 1, 2014 at 10:52 am

    အိလိုတော့ မပြောပါနဲ့ ခရစ်ရယ်… ဒါက တကယ့် အဖြစ်အပျက်တွေပါဗျာ.. 🙂

  • kyeemite

    October 1, 2014 at 10:53 am

    . ရေမြေ့သနင်း(ခ) လူတလုံး (ခ) ကိုထွဋ် ရဲ့မင်္ဂလာဆောင်ပို့စ်ကို ခုလိုဝါလကင်းလွတ် သီတင်းကျွတ်ခါနီး
    .အချိန်မီတင်လိုက်တာ ကျေးဇူးတင်ပါတယ်…ကျုပ်အတွက်တော့မဟုတ်ဘူးဗျ :k:
    .ရွာက အပျိုလူပျိုတွေ အားကျစေချင်လို့ပါ….. :mrgreenn:
    .ဘာမဆို သိပ်တွေးမနေပဲ ဖြစ်ချင်တာဖြစ်အောင်လုပ်ရင်ရတယ်ဆိုတာလေးလည်း အတုယူစရာပါ
    .ဆက်ဆွဲ ဆြာရေ့

  • Yae Myae Tha Ninn

    October 1, 2014 at 11:35 am

    ကျေးဇူး… ဦးကြီးမိုက်ရေ…
    တကယ်ကို သိပ်မတွေးခဲ့တာပါ… မတွေးဘူးဆိုတာ.. ဘယ်လောက်ကုန်မယ်… ယူပြီး ဘာညာ စဉ်းစားမနေတော့ဘူး ပြောတာ.. ၂ ယောက်ကံက ပြောင်းသွားတတ်တယ်လေ… ကောင်းမယ်ဆိုးမယ် တွက်မနေတော့ဘူး… အချစ်ကိုပဲ ဦးစားပေးလိုက်တာကို ပြောတာပါ… ကုန်ကျစရိတ်တို့ ဘာတို့တော့ တွက်ရတာပေါ့… 🙂 အကြွေးတင်ရင် ပျော်စရာမကောင်းတော့ဘူး… 🙂

  • Mr. MarGa

    October 1, 2014 at 12:28 pm

    အမ်
    အစ အဆုံးလားလို့ ဝင်ဖတ်တာ
    တစ်ဝက်တစ်ပျက်ကြီး
    မဖတ်ဘူးကွာ
    ပြန်ထွက်တယ်

  • Yae Myae Tha Ninn

    October 1, 2014 at 12:51 pm

    လူဆိုးတွေပဲ.. တခန်းတခန်းကို သေချာလေး.. အသေးစိတ် တင်ချင်လို့ပါ… အမှတ်တရပေါ့… 🙂

    • Yae Myae Tha Ninn

      October 2, 2014 at 9:02 am

      အခု ဒုတိယပိုင်းရေးနေပါတယ်… ပုံပါ ထည့်ပေးမယ်… အိုကေလား… ဆက်ဆက်… 🙂

  • မြစပဲရိုး

    October 1, 2014 at 11:12 pm

    ကိုထွဋ် တို့ ကတော့ ပိုင် သကွာ။
    မိန်းမ ကို အတိတ်တူးပြီး အလွမ်းပြန်သယ် လို့ ရရော။
    အတည်ပြော ရရင် အမေ့ ကို ဒီလောက် ဂရုစိုက်တဲ့ သားမို့ ဘယ်တော့ မှ မဆင်းရဲ ဘူးမှတ်။

    ဒါထက်
    { Crystalline says: သွားမယ်..စားမယ်..ဝါးမယ်လောက်ကို စိတ်မဝင်စားဘူး
    Yae Myae Tha Ninn says: အိလိုတော့ မပြောပါနဲ့ ခရစ်ရယ်… ဒါက တကယ့် အဖြစ်အပျက်တွေပါဗျာ.. }

    ဆိုတော့ ကာ
    မင်း ဟာ က “သွားမယ်..စားမယ်..ဝါးမယ်” တွေ က အင်ထု ထားတာပေါ့လေ။ 🙄

    နောက်ပြောတာဟေ့ (အတည်မှတ်မစိုးလို့) :))

    • Yae Myae Tha Ninn

      October 2, 2014 at 9:44 am

      သွားမယ်၊ ဝါးမယ်တွေလဲ အတည်ပါခင်ဗျာ… နောက်ထပ်လာဖို့ စီစဉ်နေပါတယ်… သို့သော တဂျီးက စပွန်ဆာ မပေးလို့ ကြန့်နေတာပါ… 😛 ဟဲ.. တကယ်တော့ ရိုက်မယ်လုပ်လိုက်ရင်… စားမိသွားတာာ.. အဲတော့ မရိုက်ဖြစ်တော့ဘူး… ဟီး

Leave a Reply