“ ကိုခ နောက်ကလိုက်ခြင်း” (အိမ်ထောင်ဖက် ရက်ရွေးမယ်)

“ ကိုခ နောက်ကလိုက်ခြင်း”( (အိမ်ထောင်ဖက် ရက်ရွေးမယ်))

 

ကိုခရဲ့ “ နေ့ချင်းထပ်မြတ်သလား” ကိုဖတ်မိတော့ အတွေးတစ်ခုရလာပါတယ်။

ဗေဒင်ကိန်းခန်းနဲ့နွယ်ပြီး နေ့ခြင်း တည့် တာ မတည့် တာက တော့ အိန္ဒိယဘက်ကနေ

နွယ်လာတဲ့ အယူအဆဖြစ်မယ်ထင်ပါတယ်။

တရုပ်တွေကတော့ ကြွက်-နွား-ကျား-ယုန် -နဂါး-မြွေ-မြင်း-ဆိတ်-မျောက်-ကြက်-ခွေး ဝက်

အစရှိတဲ့ အကောင်(၁၂)ကောင်ကိုသာ

မူတည်ပြီး အိမ်ထောင်ဘက်ရွေးတယ်လို့ ကြားဘူးပါတယ်။

သိသလောက်တော့ အကောင်အကြီးနဲ့အသေး အိမ်ထောင်ဘက်မပေးဘူး ပေါ့၊

ကျနော်တို့ရွာထဲမှာလဲ အရွယ်စုံ အသက်စုံဆိုတော့ ဘဝတွေ စုံကြပါမယ်။

ရှေးအလိုအတိုင်း နေ့ သင့် နံ သင့် တွက်ချက်ယူသလို

ဘာမှ အယုံ အကြည်မရှိ ဘဲ ကိုယ်ကြိုက်တာ ကိုယ်ယူကြသူများလဲရှိပါမယ်။.

ဘဝတွေ စုံကြတော့ အိမ်ထောင်တည်မြဲသူရှိသလို အိမ်ထောင်မတည်မြဲသူတွေလဲ

ရှိနိုင်ပါတယ်။

အဲတော့ ကိုယ့်အိမ်ထောင်ဘက်နဲ့ ကိုယ့်နေ့နံလေး ကို ရေးပြပြီး

ကိုယ့် အိမ်ထောင်အကြောင်း ( မြဲ -မမြဲ)လေးကို မေးချင်မိလာပါတယ်။

အဲတော့မှ ရွာထဲက အပျိုလူပျိုလေးတွေ ကိုယ့် အိမ်ထောင်ဖက်ကို

ဘယ်လိုရွေးရင်းကောင်းမလဲ ပေါ့

အိန္ဒိယလိုစဥ်းစားတာမှန်မလား

တရုပ်လိုစဉ်းစားတာကောင်းမလား

ကိုယ်ကြိုက်တာ ကိုယ်ရွေးတာ ကောင်းမလားဆိုတာလေး တွေးလို့ရအောင်ပေါ့။

 

ကိုယ့် အကြောင်းကိုယ်စပြောမယ် နော်။

ကျုပ်က ကြွက် မဒမ်ပေါ်က်က ပူး = တကျက်ကျက် ကကျွတ်ကျွတ် ဖြစ်တာကလွဲရင် သာသာယာယာ

1983 က လက်ထပ်ခဲ့ကြတာ အခုထိ တူစုံတွဲ နေကြတုံးပါဘဲ။

(ကျုပ်တို့ က ကိုယ်ကြိုက်လို့ ကို်ယ်ယူတာ ဘယ်ဆရာမှ မမေးဘဲယူထားတာ)

ကျူပ်အဖေက တနင်္ဂနွေ-ကျုုပ်အမေက စနေ။

အိမ်ထောင်သက် ၈နှစ်အရောက်မှာကွဲတယ်

(အဖေတို့ကလဲ ကိုယ်ကြိုက်တာ ကိုယ်ယူတာ)

ကျုပ်ယောက္ခထီးကသောကြာ ယောက္ခမက တနင်္ဂနွေ အိမ်ထောင်သက် ၂၅မှာ ယောက္ခမဆုံးသွားတယ်။

(သူတို့ကတော့ ဘယ်လိုယူတယ်မသိဘူး)

ကဲ ရွာသူားတွေ ရော ကိုယ်အိမ်ထောင်ဘက် နဲ့ ကိုယ့် အကြောင်း ဒီလို အကျဉ်းချုပ်လေးပြောမပြချင်ဘူးလားဗျိုး

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

27-9-2014

26 comments

  • Myo Thant

    September 27, 2014 at 1:13 pm

    ကဲဗျာ ကွဲတာက စ မယ် ၊

    အဖေ စနေ – အမေ အင်္ဂါ

    ကွဲပါသည် ၊

    ကျနော် တနင်္ဂနွေ – ဟိုမိန်းမ သောကြာ

    ကွဲပါသည် ၊

    ဘယ်သူကမှ ရိုက်ပေးစားထားတာ မပါပါ ၊

    • ခင် ခ

      September 27, 2014 at 2:14 pm

      ကိုမျိုးကလည်း မိန်ခလေးတစ်ယောက်ကို ကြိုက်လို့ ချစ်ကြောင်း ကြိုက်ကြောင်း ရည်းစားစကားမပြောမှီ အဲဒီမိန်းခလေးကို ဘာနေ့သမီးလဲလို့ အရင်မေးမယ့်သူမရှိသလောက်ရှားမယ်ထင်ပါတယ်ဗျ
      အချစ်ပေါက်ဖွားမှုက အလိုလိုဖြစ်တယ်လို့ထင်ပါတယ်နော်။
      နေ့နံတွေ တည့် မတည့် က စိတ်ဖြေစရာ တစ်ခုအနေနဲ့ ဖြစ်တည်မယ်လို့ထင်ပါတယ်။
      ကျွန်တော်မျှဝေပိုစ့်ရေးခဲ့ဘူးတာကလဲ သူများပြောတဲ့ ဟောတဲ့အခါ သိပြီးသားမို့ အပတ်မခံရအောင်ပါဗျ
      အားလုံး ကံ ကံ၏ အကြောင်းတွေပါဘဲလေ။

      • ကိုခ ရေ

        လူကြီးပေးစားတာယူပြီး တစ်သက်လုံးမြဲနေတာတွေရှိသလို

        ကိုယ်ကြိုက်တာ ကိုယ်ယူပြီး ကွဲ သွားတာ ကြတွေလဲရှိပါ့

        ကိုခ ပြောသလို

        နေ့ သင့် နံ သင့် ဆိုတာတွေက

        ဗဟုသုတ သဘောပေါ့ဗျာ။

        ဟုတ်တယ်ဟုတ်

      • Myo Thant

        September 27, 2014 at 2:24 pm

        ဟုတ်တယ် ကိုခ ရေ
        အဲဒီမိန်းမက ဗေဒင်ယုံ ၊ ကျနော်က မယုံတာမဟုတ် ၊ စိတ်ထဲ မထားတာ ၊
        ဗေဒင်က သားသမီးတွေနဲ့ ချမ်းချမ်းသာသာနေရမယ် ဆိုပဲ ၊
        ဒါပေမယ့် ဘယ်လိုမှ သဘောချင်းက တိုက်ဆိုင်မလာ
        ကြာတော့လည်း သည်းခံခြင်းတွေ ကုန်ဆုံးတော့တာပဲလေ ၊
        အဓိကက နေ့နာမ်ထက် လူ ပါပဲ ၊

        • ခင် ခ

          September 27, 2014 at 2:32 pm

          ကျွန်တော့်ပိုစ့်တာဆို စိမ်းတယ်လို့မှတ်ဗျာ ကိုမျိုးရေ
          ဗဟုသုတကိုရှာမှီးပါ သူသည်ပဓာနဖြစ်၍ လူသည် အဓိကဖြစ်သည်တဲ့ဗျ

    • ကိုမျိုးရေ
      တစ်ယောက်နဲ့တစ်ယောက်ချစ်တယ် လို့ ခံစားရ ချိန်မှာ
      ပေတံတွေအားလုံးကျိုးပါတယ်

      လက်တွဲရာကနေလမ်းခွဲရခြင်းမှာအကြောင်းတရားများစွာရှိပါတယ်။

  • မြစပဲရိုး

    September 27, 2014 at 2:18 pm

    အဖေ အမေ က စမယ်ဗျို့။
    သူတို့ ကို လူကြီးချင်း စပ်ပြီး ပေးစားတာပါ။
    သူတို့ ကတော့ နေ့ တွေ နံ တွေ ဗေဒင် အရ လဲ ပါမှာပါ။
    အခု အထိတော့ မြဲနေ ပါသေးတယ်။ lol:-))

    ကိုယ်တွေ ကတော့ ရီးစားမဟုတ် ဘာမှလဲ မဟုတ်ကနေ (အထင် ;-)) ) လက်တွဲ ခဲ့တာ
    အင်း
    အခု အထိတော့ မြဲနေ ပါသေးတယ်။
    မယူခင် မှာ လက်မှတ်ထိုးဖို့ ရက် ဘာညာအတွက် နေ့ကောင်း ရက်မြတ် ရွေးဖို့ ဗေဒင် မေးခိုင်းကြပါတယ်။
    မမေးပါ။
    ကွ ကိုယ် အဆင်ပြေ တဲ့ ရက် လုပ်လိုက်တာ ဘယ်သူမှတောင် မသိလိုက်။
    ဗဒင် ရဲ့ သီချင်းလိုပေါ့။
    “တို့နှစ်ယောက် ထက်ဘဲ ဗေဒင် ဆရာဟာ ပိုသိနိုင်မလား” တဲ့။

    သိပ်မှန်ပါတယ်။
    အိမ်ထောင်ပြုဖို့
    (၁) ကိုယ့်ဟာကိုယ် ငါ ဘာလဲ ဆိုတာ အရင် နားလည်ဖို့ ကြိုးစားပါ။
    (၂) ကိုယ်ရွေး မဲ့ သူ ကိုလဲ စေ့စေ့ပေါက်ပေါက် အကောင်း အဆိုး မရွေး အသိုင်းအဝိုင်း က အစ နားလည် နိုင်ဖို့ ကြိုးစားပါ။
    (၃) အဲဒီ နှစ်ချက် ကို အသေအချာ ရှင်းရှင်းလင်းလင်း နားမလည် နိုင်ဘဲ လက်ထပ် ရင်တော့ နောက်ပိုင်း “ကံ” ကို သာ ပုံချ ဖို့ ကြိုးစားပါလေ။
    (၄) အိမ်ထောင်ရေးမှာ အချစ် တစ်ခု ထဲ နဲ့ မပြီး ဘူး ဆိုတာလဲ သိထားကြဖို့။

    ဒါပါဘဲ။
    ပုံ
    အန်တီလတ်
    :))

  • အလင်းဆက်

    September 27, 2014 at 2:31 pm

    ဖွေးဖွေးကို ကား တင်ပြေးမယ်။
    ဒေါ်ဖွားမေကို အဖော်ခေါ်သွားမယ်။
    ဂလုစ်စ်

    :mrgreen:

    • အလင်းဆက်ရေ

      ဒီပိုစ်က ကလေးတွေ မပါ ရ ဘူး

      သတ်သတ်မှတ်မှတ် လက် ထပ ်ပြီးသူတွေ အတွက် လေ

      စလယ် ဝင် ဖင် မမဲ ခင် ကွဲ သွားသူတွေ တော့ အကျုံးဝင်တယ်

  • ကိုလတ်ကြီးရေ

    အချစ်တစ်ခု ထဲ နဲ့ မပြီး သလို

    အချစ်မပါရင် လဲ မခိုင်မာ

    အချစ်ဆို တာ ဆက်ကြောင်းတွေကို စေ့ အောင်လုပ်ပေးတယ် ကော် နဲ့ တူ တယ်

  • ဝင့်ပြုံးမြင့်

    September 28, 2014 at 12:07 am

    ကျမ ကြားဖူးတာက အိမ်ထောင်ကွဲမကွဲက မွေးတဲ့ခလေးနဲ့လည်း ဆိုင်တယ်တဲ့။ သားဦးစနေ၊ သမီးဦးအင်္ဂါ ဆိုရင် မိဘတွေကွဲတယ်လို့ ကြားဖူးတယ်။ ပတ်ဝန်းကျင်မှာလည်း တိုက်ဆိုင်တယ်ပဲပြောရမလားမသိဘူး။ သမီးဦးအင်္ဂါ ဆိုရင် ကွဲနေတာ မြင်ဖူးတယ်။ ကျမကြားဖူးတာပြောတာနော်။ ယုံတယ်လို့ပြောတာ မဟုတ်ဘူး။
    —-
    ကျမတို့ကတော့ သူ- ကိုမိုးကြီး တဲ့ (ကျမယောက်ျားနာမည်) သူက စနေ။ ကျမက ဗုဒ္ဓဟူး။ စနေ-ဗုဒ္ဓဟူး ဆိုရင် ချမ်းသာတယ်လို့ပြောကြတာတော့ လုံးဝမဟုတ်ဘူး။ ဗေဒင်အလိုအရဆိုရင် စနေ ဗုဒ္ဓဟူး ဆိုရင် ကောင်းတယ်ပေါ့။ ကြီးပွားတယ်ပေါ့။ လက်တွေ့မှာ လုံးဝမဟုတ်ဘူး။ နှစ်ဖက်ဆွေမျိ ုး တွေ ဝိုင်းနှိပ်စက်တာ ယဲ့ယဲ့ပဲကျန်တယ်။

    • မပြုံး ဒီလိုပြောင်းပြန်တွေးလိုက်ပါ။

      စနေဗုဒ္ဓဟူး မု့ိ ခံသာတာ ဒီပြင်နေ့နံဆိုရင်ဆွေမျိုးနှိပ်စက်တာနဲ့ ကွဲမှာသေချာတယ်လို့ တွေးရင် မရ ဘူး လားဗျာ

  • kai

    September 28, 2014 at 1:28 am

    ပညာရပ်များတွင်.. အပြစ်မရှိ…။
    ======
    ဆိုတော့…
    ယူအက်စ်က.. အယ်လ်အေ.. ဗေဘရီဟေးလ်ရပ်ကွက်ဆိုတာမယ်.. ဟောလိဝုဒ်ဆယ်ရီဘရိတ်တီတွေ.. မီလျံနာတွေတော်တော်နေသပေါ့…
    အဲဒီရပ်ကွက်က.. ပန်းခြံထဲ.. မနက်ဆို.. အားကစားသွားလုပ်တဲ့.. ဂျပန်မတွေဆိုတာရှိတယ်..။
    တိုကျိုကလာကြတာ…။
    သဘောက..
    မနက်စောစောထ.. ပန်းခြံထဲအားကစားလာလုပ်ကြတဲ့.. မီလျံနာတွေနဲ့.. နီးစပ်မိဖို့ပါပဲ…။
    အချစ်မှာမျက်စိမရှိဆိုပေမယ့်.. လုပ်ယူရတာတွေရှိပါတယ်..
    လုပ်ယူသင့်ပါတယ်..။ မျက်စိဖွင့်ပြီး.. မျက်စိနေရာတည့်တည့်နေရာရောက်အောင် နေရာရွှေ့ကြပါ..
    …. လုပ်ယူကြပါ..။
    အဲဒီအခါမျိုးမယ်.. ရှေးအယူအဆ.. (အဓိကအားဖြင့်) မြန်မာ့ရှေးအယူတွေ.. အပူတွေအကုန်ပစ်ထုတ်ပါ…။

    ဒါက.. ကျုပ်ပေးချင်တဲ့.. အကြံ..။ :k:

    အိမ်ထောင်ကျပြီးသူတွေကတော့…
    ယူပြီးရင်.. တတ်နိုင်သလောက် အပြန်အလှန်တာဝန်ယူပါ..တာဝန်ခံပါ။
    လူသားဆန်တဲ့ တန်းတူညီမျှမှုကိုထားပါ..။
    အဆင်မပြေ..မခံနိုင်တာတွေရှိရင်.. ပွင့်လင်းမြင်သာညှိပါ…။
    သားသမီးရှိရင်.. သားသမီးဘဝရှေ့ရေးထည့်တွက်ပါ..။
    သားသမီးဆိုတာ.. ကိုယ့်ရဲ့ကလုန်း(ကိုယ်ပွား)ဆိုတာထည့်တွက်ပါ…။

    လုံဝမှ.. ညှိလို့မှမရရင်.. စိတ်ရှုပ်အသက်တိုမခံပါနဲ့..
    နောက်ဘဝသစ်တခုပြန်စပါ..။

    လူဘဝတခုဆိုတာ.. တိုပါတယ်..။
    တဘဝ တအိမ်ထောင်လို့.. မည်သူမှသတ်မှတ်ခဲ့သည်မဟုတ်..။ :k:
    =============
    ကဲ.. ပို့စ်ရဲ့မေးခွန်းဖြေရရင်..
    အဖေက ဗုဒ္ဓဟူး၊ အမေက တနင်္လာ
    သေတဲ့အထိ မြဲ..။

    ကိုယ်တိုင်က တနင်္လာ၊ လေဒီက အင်္ဂ ါ၊
    အခုထိမြဲ..

    ပြောရရင်.. အမျိုးရင်းထဲ.. ကွဲတဲ့သူမရှိ၊ မသိမိကြောင်း…။ :k:

    • (ဒါက.. ကျုပ်ပေးချင်တဲ့.. အကြံ..။
      အိမ်ထောင်ကျပြီးသူတွေကတော့…
      ယူပြီးရင်.. တတ်နိုင်သလောက် အပြန်အလှန်တာဝန်ယူပါ..တာဝန်ခံပါ။
      လူသားဆန်တဲ့ တန်းတူညီမျှမှုကိုထားပါ..။
      အဆင်မပြေ..မခံနိုင်တာတွေရှိရင်.. ပွင့်လင်းမြင်သာညှိပါ…။
      သားသမီးရှိရင်.. သားသမီးဘဝရှေ့ရေးထည့်တွက်ပါ..။
      သားသမီးဆိုတာ.. ကိုယ့်ရဲ့ကလုန်း(ကိုယ်ပွား)ဆိုတာထည့်တွက်ပါ…။)
      ဒီကော်မင်းကတော့ တကယ် ကြိုက်တယ်။
      အမှန်တရားဘဲကိုုခိုင်

      အဓိက က အိမ်ထောင်ဘက်ဖြစ်လာရင် အိမ်မှာဖြစ်နေတဲ့ ပြဿနာအကောင်းအဆိုး ပွင့်လင်းစွာတိုင်ပင်
      မကျေနပ်တာ မြုံမထားတဲ့
      ချက်ခြင်းရှင်းအဲဒါဆို လင်မယား မကွဲ နိုင်ဘူး

      ကျနော်အဖေနဲ့အမေ လူကြီးတွေသဘောမတူဘဲခိုးပြေးခဲ့ကြတာ။
      တစ်ခါမှ စကားများတာမတွေ့။
      ဆွေရေးမျုးိရေးပါတ်သက်ပြီး စကားတွေလဲများရော အဲဒီတစ်ခါ နဲ့ ကွဲ သွားတော့တာဘဲ။

      အိမ်ထောင်ရေး မြဲဘိုစဉ်းစားမိတာလေး ပိုစ်တစ်ပုဒ်လောက်ရေးအုံးမယ်

  • ကေဇီ

    September 28, 2014 at 7:37 am

    My Kyi Kyi couple > Monday + Friday >> so far, so good
    My dad n mom >> Wednesday + Saturday >> so far, so good and I, first child am Tuesday born.
    My Aunty couple >> Sunday + Wednesday >> so far, so good
    My Uncle couple >> Wednesday evening + Monday >> so far, so good

    All are arranged marriages

    My Grandparents from my mom side >> Tuesday + Tuesday >> different religion & loved each other.

    အဲဒီတော့ မတည့် တဲ့ နေ့ နံ တွေ လည်းး သက်ဆုံးးတိုင်မြဲ နိုင်တယ်လို့
    လူသာ အဓိကလို့
    ယူဆ မိတော့ ၈ ယောက် လုံးးး အဲလေ ၈ မျိုးး လုံးးး ထဲ က ကြိုက်တာ ရွေးးးပဲ!!!
    :k:

  • ဇီဇီရေ

    တကယ်တမ်းပြောရရင်တော့ ဗေဒင် တွေ လက္ခဏာတွေက

    ဖြစ်တန်ရာ၏ ဆို တဲ့ အချက်ကို စွဲ ကိုင်ပြီးပြောခဲ့ကြတာပါ။

    လုံးဝကြီးမှားနိုင်တာ မရှိ သလို သေချာပေါက်မှန်ရမယ်လဲ မပြောနိုင်ပါ.

    ဒီရက်ကလူတွေ ဒီလိုတွဲတော့ ဒီလို ဖြစ်နိုင်တယ် လို့ ဆိုလို ရင်းဖြစ်သလို

    လက်ဖဝါးက ဒီနေရာလေး မှာ ဒီလို လေး ပါ ရင် ဒါဖြစ်နိုင်တယ်လို့ သတ်မှတ်ကြတာပါ

    အဲတော့ ချင့်ယုံ ပေါ့

  • aye.kk

    September 28, 2014 at 12:24 pm

    တနင်္ဂ​နွေ သားကို အိမ်​​ထောင်​ချ​ပေး
    တဲ့အခါ အုန်​းပင်​​ပေါက်​ကို မင်္ဂလာ
    အပင်​အ​နေဖြင်​့ ထည်​့သွင်​းပြီး မင်္ဂလာ
    ​ဆောင်​နှင်​းကြတာ ​တွေ့ရှိရပါတယ်​
    အုန်​းပင်​ကသက်​တမ်​း အနှစ်​တရာပါ
    အို​မင်​းရင်​့​ရော်​သည်​့ တိုင်​​အောင်​အနှစ်​တစ်​ရာ
    ရှည်​ကြာသည်​့တိုင်​​အောင်​ ​ပေါင်​းသင်​းနိုင်​​စေ
    ဘို့ခိုင်​မြဲ​စေလိုတဲ့အယူအဆပါ​
    ​ရှေးထုံးလည်​းမပယ်​နှင်​့​ဈေးသုံးလည်​းမကြွယ်​
    နှင်​့ဆို​ပေမည်​့ အခု​ခေတ်​မှာ​တော့ ထည်​့သွင်​းအသုံးပြုတာ မ​တွေ့ရ​တော့ပါဘူး
    ​အောင်​အတိတ်​​အောင်​နမိတ်​
    အ​နေဖြင်​့​အောင်​​စေရတု​ဆောင်​​စေတဲ့
    ယတြာပြုသ​ဘောပါ
    ကျမသိရတဲ့မိတ်​​ဆွေဘကြီး မင်္ဂလာ ​ဆောင်​
    ဓတ်​ပုံမှာ အုန်​းပင်​​ပေါက်​ပါရှိ​နေတာ ကျမမြင်​သိခဲ့ရပါတယ်​ အသက်​၉၄နှစ်​တိုင်​တိုင်​ အို မင်​းရင်​့​ရော်​အသက်​ထက်​ဆုံး ချစ်​ခင်​ကြင်​နာမြတ်​နိုး ​ပေါင်​းဖက်​သွားတာ ​တွေ့မြင်​ရပါတယ်​ ​ဗေဒင်ယတြာ ကိန်​းခန်​း​တွေရဲ့ဓတ်​သ​ဘော ​တွေက ဆန်​းကျယ်​ပါတယ်​

  • မြစပဲရိုး

    September 28, 2014 at 4:08 pm

    ကျုပ် အထင်တော့ ကပေါက်ကြီး ရဲ့
    လူ တွေက “စွဲလမ်းမှု” ကို “အချစ်” နဲ့ ရောပြစ်လိုက် နေတာထင်ရဲ့။
    လူ တစ်ယောက် နဲ့ တစ်ယောက် အကြောင်းမသိသေးဘဲ ချစ်တယ် ဆိုတာ တကယ်တော့ အမှန်မဟုတ်။
    စွဲလမ်း တပ်မက် တာ။
    အဲဒါက မမြဲဘူး။
    တစ်ယောက် နဲ့ တစ်ယောက် နားလည်နိုင်ပြီး ဖြစ်လာတဲ့ သံယောဇဉ် ပေါ်မှာ လူတွေ ရဲ့ ပေါင်းသင်းရေး တည်မြဲမှု ဖြစ်သွားတာ။
    ဒီတော့ ကြားထဲ ဘယ်မှာလဲ “အချစ်”???? 🙄
    ဟိ။
    အန်တီလတ် ဝင်ရှုပ်သည်။
    ကပေါက်ကြီး ရှင်းပါ။ :))

  • ကိုပေါက်(မန္တလေး)

    September 28, 2014 at 10:04 pm

    ကိုလတ်ကြီး

    ချစ်ခြင်းအစ မျောက်စေ့ ကတွေ ဘာတွေ ရှေးကတည်းက စခဲ့ ကြတာ

    အိမ်ထောင်ရေးတည်မြဲဘို့ ဆိုတာ စောင့် ထိန်းနိုင်ခြင်းဆိုတာနဲ့ ဘဲ ဆိုင်တယ် ထင်ပါတယ်

    ဒါပေမယ့် လူရယ်လို့ဖြစ်လာ ရင် ကျား မ နှစ်ဦးကြားမှာအချစ်ဆိုတာ မရှိမဖြစ်

  • kyeemite

    September 29, 2014 at 9:05 am

    .ကိုပေါက်နဲ့ ကျုပ်က ပြောင်းပြန်ဗျ
    .ကျုပ်ကပူး…မဒမ်မိုက်က ကြွက်…အိုကေပါပဲ
    .မြဲမမြဲဆိုတာတော့ လူနဲ့ပဲဆိုင်ပါလိမ့်မယ်ဗျာ :))

  • Novy

    September 30, 2014 at 10:41 am

    နိုဗွီလည်းပါလိုက်အုံးမယ်

    သောကြာ+ဗုဓ္ဒဟူး (ရာဟု) အခုထိမြဲသေး
    သောကြာ သက်ဦး ကလေး

    ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့

    နာလည်းခွင့်လွတ်သီးခံမှု့ကြိုးတွေနဲ့ ချည်ထားကျတယ်လေ
    အချစ်တစ်ခုထဲနဲ့မလုံလောက်လို့ အချစ်ဆိုတာကတစ်ချိန်ချိန်မှာ မုန်းသွားနိုင်တယ်

    • (နာလည်းခွင့်လွတ်သီးခံမှု့ကြိုးတွေနဲ့ ချည်ထားကျတယ်လေ)

      အမှန်ဆုံးသော ဆုံးဖြတ်ချက်ပါ မနို ရေ

      ချစ်တာက မုန်းနိုင်ပေမယ့် အပြန်အလှန်နားလည်တာကတော့ ခိုင်မြဲပါတယ်

  • manawphyulay

    September 30, 2014 at 11:15 am

    ကိုယ့်အကြောင်းတော့ ပြောစရာ မရှိ..

    ပြောစေချင်ရင်တော့ မေမေက သောကြာ ပူး နဲ့ ဖေဖေက တနင်္လာ ကျား

    သူများတွေပြောတော့ အိမ်ထောင်မမြဲဘူးပြောကြတယ်ပေါ့လေ ခုတော့ သားသမီးတွေနဲ့ မြဲနေသေးပါကြောင်း

    လူနဲ့စိတ်သာ သက်ဆိုင်မည် ဖြစ်သည်ဆိုတာ ပြောလိုက်ပါရစေ….

Leave a Reply