လွမ်းအိမ်မက်

manawphyulaySeptember 27, 20141min826

ကိုယ့်အိပ်မက်ဥယျာဉ်ထဲက
တစ်ပွင့်တည်းသောပန်း
အမြဲလန်းတာ မြင်ချင်တယ်….
ပန်းဆိုတာ ကြွေနွမ်း မြေနမ်းရမဲ့ဘဝ
မလိုသူ ဆိုကြပါစေ
ပန်းမကိုဋ် နန်းထိုက်တင့်တယ်
ဝင့်ထည်ထာဝရ
ကျွန်မ ထားပါရစေ အိပ်မက်ခြောက်နွမ်း
စမ်းရေခမ်းတော့
ချစ်သူပျောက်လို့
လွမ်းရမှာ စိုးရိမ်တယ်….

မနောဖြူလေး ခံစားသည်။

6 comments

  • Myo Thant

    September 27, 2014 at 10:50 am

    လွမ်းရမှာ စိုးသတဲ့လား ?

    အဲဒါဆို အပူမရှာနဲ့ပေါ့ကွယ် ၊ 🙂

    ပြောသာပြောရတယ် ငါတို့မတော့ အလွမ်းနဲ့ အသားကျနေပါပြီလေ ၊

    • manawphyulay

      September 30, 2014 at 8:20 am

      အဲဒီအလွမ်းကို မနောလည်း ခံစားမိချင်လို့ပါ အဟိ :mrgreen:

  • Mr. MarGa

    September 27, 2014 at 11:33 am

    အလွမ်းး
    အဲ့ ခံစားချက်ပေါ့
    ရိုးရိုးလေးနဲ့ ဆန်း နေတာ 😉

  • ခင် ခ

    September 27, 2014 at 2:21 pm

    တစ်ခါတလေ လွမ်းခြင်းဖီလင်ကလည်း ကောင်းသလိုလို ရှိတတ်ပါတယ်
    ဒါပေမယ့် ဝမ်းနည်းခြင်းအလွမ်းတော့ မဟုတ်ဘူးပေါ့။

  • မြစပဲရိုး

    September 27, 2014 at 2:29 pm

    တစ်ချို့ ပန်းတွေ က ကြွေ မှ ပိုပြီး မွေး တာလေ မနော ရဲ့။
    ခရေပန်းလိုပေါ့။
    :))

  • အလင်းဆက်

    September 27, 2014 at 2:39 pm

    ဦးစိန်ဝင်း ရဲ့… ကဗျာလေးတွေကိုတောင် သတိရသွားတယ်ဗျာ…
    မမ မနောက… ကဗျားလည်း…အရေးကောင်းတာပဲ

Leave a Reply