ကံကြမ္မာက ဖန်တီးခဲ့

အမှတ်တမဲ့ မှ အမှတ်တရ

ပတ်သက်လာကြပြီးတဲ့နောက်

အခေါက်ခေါက်သော တွေ့ဆုံမှုကြား

တိုးပွားခဲ့ရ သံယောဇဉ်

ပြောချင်စရာ အများအမြင်ကြောင့်

စောင့်နေကျနေရာတွေကို ငါရှောင်

ဆာလောင်တဲ့ နှလုံးသားကို တပ်ဆုတ်

ကျပ်ထုပ်နေတဲ့ခံစားမှုကို ယမကာနဲ့မျှော

ချောမွေ့မယ့် မင်းဘဝလမ်း

ငါ့ကြောင့် မကြမ်းစေချင်သမို့

ထွက်စို့လို့ အသံပေး

ငါပြေးမယ် ကြံခါမှ

ခွာမရအောင် ကပ်လာတော့

ထပ်မကျော့သင့်တဲ့ ဇာတ်ဝင်ခန်း

ရပ်တန်းကရပ်လိုက်ရင်း

ဇာတ်တိုက်ခြင်း မရှိပဲ ငါတို့ငို

ပြိုမယောင် မိုးတွေကြား

သွားကြစို့မှန်း တစ်ယောက် တစ်လမ်း ၊

1

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..