“နေရာ”

“နေရာ”

 

လူတစ်ယောက်အတွက်

ဘဝမှာ

နေရာနေတစ်နေရာရှိဘို့တော့

လိုအပ်မယ်ထင်ပါရဲ ့။

 

မရှိမဖြစ်

အဓိက

“သစ်”

နေရာမှာဖြစ်ချင်လဲဖြစ်မယ်။

 

လိုရာမရခင်စပ်ကြား

ခဏထားတဲ့

“ပေါင်းကွပ်ဝါး”

နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်.။

 

ပယ်မရဖျက်မရ

ခိုင်မာစွာတည်ထားတဲ့

အုတ်ကျောက်လို

နေရာမျုးိလဲဖြစ်ချင်ဖြစ်မယ်။

 

သစ် ဘဲ ဖြစ်ဖြစ်

ဝါး  ဘဲ  ဆိုဆို

အုတ်ကျောက် နေရာဘဲ ရရ

 

ကိုယ် ရထားခဲ့တဲ့ နေရာမှာ

အားလုံးအတွက်အသုံးဝင်

အံဝင်ခွင်ကျဖြစ်ခဲ့ဘို့ဘဲလိုမယ်ထင်ပါတယ်။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

28-9-2014

 

 

 

 

 

8 comments

  • aye.kk

    September 28, 2014 at 2:18 pm

    ပညတ်​တရား​တွေ….ကင်​း​ဝေးစင်​ကြယ်​တဲ့
    ​နေရာ..အဲဒီ​နေရာ​….လူ​တစ်​​ယောက်​ရဲ့ဘဝအတွက် အမှန်​လိုအပ်​တဲ့…​နေရာပါ

  • kyeemite

    September 29, 2014 at 12:00 pm

    .နေရာမရသူ
    .ဖွေရှာကြသူ
    .သေခါမှသူ..နေရာအမှန်ရ။

  • ခင် ခ

    September 29, 2014 at 12:13 pm

    ဪ နေစရာ
    ဪ သေစရာ
    ဪ ထိုနေရာ
    ဪ မရေရာ။

  • ကိုပေါက်(မန္တလေး)

    September 29, 2014 at 12:37 pm

    ကိုမိုက်နဲ့ ကိုခ တို့ရေ

    မရေ မရာ

    ဖွေရှာကြတဲ့

    နေရာ

    သေခါမှ

    အသေအချာ

    မီးသဂြီုဟ် စက်

    ထိုနေရာ

  • Mr. MarGa

    October 1, 2014 at 12:36 pm

    နေရာ
    ကိုယ့်နေရာ ဘာ ဆိုတာထက်
    ကိုယ့် နေရာက ဘာလုပ်ပေးနိုင်တယ် ဆိုတာ ပိုတွေးရင်
    ဒီကမ္ဘာ သာသာယာယာ

  • အလင်းဆက်

    October 1, 2014 at 7:37 pm

    နေရာ ဆိုလို့…
    သံ လုပ်မလား..
    သစ် လုပ်မလားးး
    သံလုပ်ရင်…ချွန်မှ ဖြစ်မယ်..
    သစ်လုပ်ရင်..သံချွန်ဒဏ် ခံနိုင်ရည်ရှိမှ ဖြစ်မယ်…
    ချွန်တဲ့သူက… ဖောက်ထွင်းပြီး နေရာယူတတ်တယ်

Leave a Reply