“တကယ်တော့ ငှက်ဟာ ငှက်ပါပဲဗျာ”

Paing LaySeptember 28, 20141min25212

ဇီးကွက် ၂ကောင် လာဘ်ကိုဆောင်ဆိုတဲ့အတိုင်း

ဇီးကွက်နဲ့ပတ်သက်လို့ ဆောင်လိုက်တဲ့လာဘ်တွေ တောင်လိုပုံလို့

တချို့ဆိုရင် ဇီးကွက် အရှင်ကို လှောင်ချိုင့်ထဲ ထည့်ဖမ်းကြသေးတယ်။

ဒါပေမယ့် တောင်ပေါ်ဒေသရောက်ရင် မကောင်းဆိုးဝါးဆိုပြီး

ပစ်သတ်ခံရတတ်တယ်။

ထိုနည်းတူပဲ…..

လူတိုင်း အကောင်အထည်မြင်ဖို့ ခက်ခဲတဲ့ ညဉ့်ငှက်ဆိုးတစ်ကောင်ဟာ

မြေပြန့်ဒေသက အိမ်တစ်အိမ်နား အသံပေးပြီး ဖြတ်သန်းသွားရင်

အိမ်တစ်အိမ်က မိသားစုဝင် တစ်ဦးဦး သေဆုံးဖို့ နိမိတ်ပုံတဲ့။

တောင်ပေါ်ဒေသ ကို ဖြတ်သန်းလာရင် သူ(ညဉ့်ငှက်ဆိုး)ဟာ ကံကောင်းခြင်းတွေကို

ယူဆောင်လာတဲ့ တမန်တော်တဲ့။

 

သူတို့ ၂ကောင်ဟာ လူတွေရဲ့ ပညတ်ချက်တွေကြားမှာ ချောင်ပိတ်နေတာ အခုချိန်ထိပဲပေါ့။

 

“တကယ်တော့ ငှက်ဟာ ငှက်ပါပဲဗျာ”

 

အားလုံးကို လေးစားတဲ့

Paing Lay

12 comments

  • aye.kk

    September 28, 2014 at 3:40 pm

    အတိတ်​တ​ဘောင်​​တွေနဲ့
    နမိတ်​​ဆောင်​ပြီး​နေလာ ကြတာဆို​တော့လည်​း
    အယူမသည်​းဘို့ဘဲလို တာပါ
    ကိုယ်​တိုင်​က လမ်​းသွားလာရင်​းနဲ့
    မထင်​မှတ်​ဘဲဇီးကွက်​ငှက်​
    ​လေး​တွေမြင်​​တွေ့ရင်​​တော့မကြာမီအချိန်​ရက်​ပိုင်​းအတွင်​း
    လာဘ်​ဝင်​လာတတ်​ပါတယ်​
    ကိုယ်​တိုင်​ကြုံဘူးခဲ့ပါတယ်​
    ဒါဟာလည်​းတိုက်​ဆိုင်​မှုတခုလို့သာမှတ်​ ယူမိပါ
    တယ်​

  • မြစပဲရိုး

    September 28, 2014 at 4:03 pm

    ကြောင်မဲမဲ လေး တွေ အိမ်ရှေ့ ဖြတ်ရင် လဲ “bad luck” လို့ မြန်မာပြည် မှာ အဆိုရှိတာ ကြားဖူးရဲ့။
    သတိထားမိသလောက်တော့ တို့ ရွှေပြည်ကြီး မှာလဲ တစ်ကိုယ်လုံး မဲ နေတဲ့ ကြောင် ရှားတာကိုး။
    အဝါ နဲ့ မီးခိုး၊ အဖြူ အမဲ စပ် ဒီ အကောင်မျိုး တွေ ဘဲ တွေ့တာများတာ။

    ဒီမှာတော့ မဲ နက် တူး နေတာ တွေ ပေါမှပေါ၊
    အဝါရောင် ရှားတယ် ထင်ရဲ့။
    ကြောင်မဲ တွေ အိမ်ရှေ့၊ နောက်၊ ဘေး သွားနေကြတာ နေရာ အနှံ့။

    ဒါပေမဲ့ ဒီမှာ လဲ ကြောင်မဲ လေးတွေ ဆို ပိုင်ရှင့် တွေ ကစွန့်ပစ်တတ်ကြတယ်။
    အကြောင်း က “bad luck” တော့မဟုတ်။
    ချစ်ဖို့ မကောင်း လို့ တဲ့။

    တကယ်တော့ ကြောင် က ကြောင် ပါဘဲ လေ။

    စကားအတင်းစပ်
    ရွာထဲက ကြောင်တစ်ကောင် လဲ ပျောက်ချက်သားကောင်းနေပါပေါ့။
    ဘူသူ့ လက်ချက် မိသွားပြီလဲ မသိ။ :))

  • ကေဇီ

    September 29, 2014 at 6:05 am

    ငှက် က ငှက် ဆို ပေမယ့်
    လူ က လူ
    အယူ က အယူ ကိုးးး
    :kwi:

  • kyeemite

    September 29, 2014 at 9:10 am

    .အတိတ်နမိတ်အဖြစ်ယူကြတာတော့..တွေ့ဖူးတာပဲ
    .မယူလည်းရတာပါပဲ
    .စွဲလမ်းလွန်းရင်ဒုက္ခတွေ့လိမ့်မယ်♫♪♫ ပျော်သလိုသာနေလိုက်ကြ♫♪♫ :kwi:

  • kai

    September 29, 2014 at 2:45 pm

    အဲဒီအကောင်ဘလောင်ကြည့်ပြီး.. နိမိတ်ဖတ်တာတွေက.. ကမ္ဘာ့နိုင်ငံတိုင်း.. လူမျိုးတိုင်းမှာရှိလောက်တယ်..
    သည်းသည်းလှုပ်ယုံကြတာနဲ့.. သိပ္ပံနည်းပညာပညာ..သညာအရည်အချင်းနဲ့ယုံကြတာပဲကွာမှာပါ…

    ဥပမာ.. ငလျှင်လှုပ်တော့မယ်ဆို.. ငါးတွေ.. မြေအောင်းသတ္တဝါတွေ ရုန့်ရင်းခုန်ကြွထွက်လာတတ်သမို့.. အဲဒီအကောင်တွေမြင်ရင်.. မကောင်းတဲ့နိမိတ်လို့ယူတာမျိုးက.. သဘာဝကျပါတယ်..။
    ဒါကိုကြည့်ပြီး.. ဘယ်လိုလူက..ဘယ်လိုတုံ့ပြန်မလည်းက.. ဝါ,သဘာနဲ့ဆိုင်တယ်ပေါ့လေ…။

    ဆိုတော့..ပို့စ်ကရေးတဲ့.. ဇီကွက်ပဲကြည့်ပြီး ဦးနှောက်တိုက်ဆွေးနွေးကြည့်ပါစို့..
    ဖီးကွက်က.. ကြွက်ဖမ်းစားသမို့.. ကြွက်ရှိတဲ့ဒေသမှာ ဇီးကွက်အမြင်များရင်.. ကြွက်ရန်နည်းကင်းသမို့.. ကံကောင်းတဲ့လက်ဆောင်ပေါ့…။
    ဒါပေမယ့်.. လူပမာရှိတဲ့အိမ်.. လူကသေခါနည်းခန္တာဓါတ်အပြောင်းအလဲကြောင့်.. ပါတ်ဝင်းကျင်ဓာတ်သဘာဝအပြောင်းအလဲဖြစ်.. အဲဒါကို..ဇီးကွက်က..အိမ်ခေါင်မိုးနားပြီး.. သေခါနီးစားရမယ့်အကောင်ထင်လို့စောင့်ရင်းအော်တာကို.. လူပမာသေမှာနဲ့တိုက်ဆိုင်ရင်.. ငှက်ဆိုးသံကြားပြီးလူသေတာမို့.. အကုသိုလ်ကောင်ဖြစ်ပြန်ရော..
    အဲလို.. ဆိုရင်ကော…

    တကယ်တော့.. ယေဓမ္မာဟေတုပ္ပဘဝါ..
    အကြင်တရားတို့သည်.. အကြောင်းကြောင့်ဖြစ်ကုန်၏.( ဖြစ်ရပ်တို့သည် အကြောင်းအရင်း ရှိကုန်၏ ဟူ၍ …). ပဲ..
    ဒီစကား/တရားကို.. လောကီရေးမှာ အသုံးချလို့ရသေး…။ :k:
    =
    Rats and owls – Appropriate technology: Journey to Forever
    journeytoforever.org/at_rats_owl.html
    Rats and mice are nocturnal, but hiding in the dark won’t save them from an owl. Owls have very large, deep and specially adapted eyes that can see in the dark …
    ===

  • manawphyulay

    September 29, 2014 at 2:56 pm

    ခေတ်ပြောင်း စနစ်ပြောင်း နည်းပညာတွေတိုးတက်နေပေမယ့်
    ရှေးရိုးတစ်ဘောင်ကတော့ မပစ်ပယ်ကြသေးပါဘူး။

    • kai

      September 29, 2014 at 3:21 pm

      .. ရှေးရိုးတစ်ဘောင် …တဲ့..။
      ဘိုနေဝင်းကောင်းမှုနဲ့ပေါ့..။
      နောက်ဆို.. ရှေးရိုးနှစ်ဘောင်.. ရှေးရိုးသုံးဘောင်တွေလာမယ်ထင်တယ်…။

      ဆိုတော့.. မနောမမရေ..စိတ်ဆိုးတော်မူမနေနဲ့ဦး.. နောက်တာ..။

      ရှေးထုံးလည်း..မပယ်နဲ့.. ဈေးသုံးလည်းမကြွယ်နဲ့တဲ့..။
      သချင်္ာမတတ်.. အောက်ပြည်အောက်ရွာသွားရင်.. တခြားကမ္ဘာသွားတယ်လို့ထင်သူတွေကပြောခဲ့တယ်..။

      ရှေးထုံးပယ်ရင်.. အောင်မြင်သူဖြစ်လိမ့်မယ်..
      ဈေးသုံးကြွယ်ရင်.. ငွေလည်ပါတ်မှုများပြီး.. စီးပွားတက်လိမ့်မယ်.. :k:

  • Yae Myae Tha Ninn

    September 29, 2014 at 3:42 pm

    တကယ်တော့ ဌက်က ဦးထုပ်ပါကွယ်… Htoo Aein Thin ( HAT ) …. 😀

  • အလင်းဆက်

    September 29, 2014 at 6:06 pm

    ငှက်တွေ ပျံရင်း သေကြသလို
    လုတွေလည်း ကြံရင်းသေကြမယ်ဆိုလားးး
    အဲဒီမှာ ငှက်တွေအပိုင်းကထားပါ
    လူတွေအပိုင်းမှာ ကြံပုံကြံနည်း တွေးခေါ်ယူဆနည်းတွေကတော့
    အရေးကြီးတယ်ထင်တာပဲ

    ပေါက်ကရအတွေးတွေ နဲ့ ယုတိ္တမရှိ အသိမှောက်မိုက် အတွေးမည်းမည်းတွေနောက် လိုက်ရင်တော့
    မြန်မြန်တွေး မြန်မြန်သေတာ အေးတယ်။

    :mrgreen:

  • Mr. MarGa

    October 1, 2014 at 1:18 pm

    ဒေသအလိုက်
    ယုံကြည်ရာ… အယူလေးတွေ… သဘောလေးတွေတော့ ရှိတတ်ကြတာချည်း ကိုး

  • Paing Lay

    October 1, 2014 at 3:17 pm

    ရွာထဲမှာချိတဲ့ ကြောင်တစ်ကောင်တော့ လာမယ့် ပြာသိုလအတွက် စိုင်းပြင်နေတယ်ထင်သပ အရီးလတ်ရေ။

    သဂျီးမင်းရေ I’ll Be Back. :k:

Leave a Reply