တကယ်​ကြုံမှယုံတာပါ

aye.kkOctober 2, 20141min14015

နာမ်​ဆိုတဲ့ငါ့စိတ်​​​လေးက….
ဖွင်​့ထားတဲ့ပြူတင်​း​ပေါက်​
​ခြောက်​ခုမှာမြူးတူးလွတ်​လပ်​
​ပေါ့ပါးစွာနဲ့သွားလာရင်​း
​ပျော်​မြူးခြင်​း​တွေနဲ့​နေလာလိုက်​တာ
အမှုမဲ့အမှတ်​မဲ့နဲ့….
ဆင်​းရဲမှန်​းမသိခဲ့တာ….
အိုနာ​သေခြင်​း
နှိပ်​စက်​ပြင်​းမှု မယွင်​းကြုံမှဆင်​းရဲခြင်​း ဆိုတာကို
နာမ်​ဆိုတဲ့ငါ့စိတ်​​လေးက အကြွင်​းမဲ့လက်​ခံယုံသွား တာ

15 comments

  • aye.kk

    October 2, 2014 at 11:27 am

    သဂျီး အယာတိုလာခိုမ်မေနီက အယုန်ဖူးဒဲ့..

  • ခင် ခ

    October 2, 2014 at 12:23 pm

    ရုပ်နာမ်နှစ်ပါး
    တူယှဉ်တွဲလို့
    မြဲနေဉ္စာ
    ဤခန္ဓာသည်
    အခါမလပ်
    ဖောက်ပြန်လို့နေ
    ဉာဏ်ဖြင့်ကြည့်သော်
    မြင်နိုင်ပေမယ့်
    ခန္ဓာဝန်ထမ်း
    မအားလပ်လေ
    ဗျာပါပွေတော့
    လက်တစ်ကမ်းပင်
    ရှိပေသော်လဲ
    မမြင်နိုင်ဘဲ
    ဘဝသံသရာ
    ခရီးသည်။

  • kai

    October 2, 2014 at 1:32 pm

    အဲလိုယုံတဲ့သူတွေများလေ…
    ဘုန်းဘုန်းတို့ချမ်းသာလေ..။ (စိတ်ပြောတာနော.. စိတ်..ဆိတ်..)
    နိုင်ငံပျက်ကိန်းဆိုက်လေ…။ (ရုပ်ပြောတာနော.. ရုပ်..ယုတ်)

    ကောင်းပါလေ့…။

  • aye.kk

    October 2, 2014 at 3:00 pm

    ​လောကကြီးကို ဦး​ဆောင်​​နေတာက စိတ်​
    ပါပဲ အမှုမဲ့အမှတ်​မဲ့​နေရင်​​ပေါ့​နော်​
    အပယ်​သွားငရဲလားမှာ အမ​ှန်​ပါဘဲ
    မကြုံရင်​​တော့ မယုံပါဘူး
    တကယ်​ကြုံမှ ယုံမှာပါ
    အခု​နေ​နေုကြတာက လူ့ဘုံဘဝ​လေ
    ကိုယ်​တိုင်​ကနတ်​မဟုတ်​ရင်​ နတ်​ဆိုတာကို
    ယုံမှာမဟုတ်​ဘူး​လေ
    ကိုယ်​တိုင်​နတ်​ဖြစ်​ရင်​​တော့ ယုံမှာ​လေ
    အဲလို​ပြောချင်​တာပါ တကယ်​မကြုံဘူး​သေးရင်​
    တကယ်​ယုံမှာ မဟုတ်​တာအမှန်​ပါ
    စိတ်​ဆိုတဲ့နာမ်​က အရာရာကိုဖန်​တီးနိုင်​စွမ်​း အားအပြည်​့အဝရှိ​နေတာ အမှန်​ပါ စိတ်​မှာ စွမ်​းအား အပြည်​့အဝရှိမရှိ တကယ်​သိချင်​ရင်​ တကယ်​စမ်​းသပ်​ကြည်​့ပါ တကယ်​ရှိ​တာကို တကယ်​ကြုံမှယုံမှာပါ အဲ့လို..အဲ့လို ​ဆိုချင်​တာပါ သူကြီး

    • kai

      October 2, 2014 at 3:24 pm

      အရီးအေးရေ..
      ပတ်စ်ဝပ်ကိုပြင်လိုက်.. ကြောင်တွေကို.. ပေးမသုံးနဲ့..။
      ကိုယ်​တိုင်​ကကြောင်မဟုတ်​ရင်​ ကြောင်​ဆိုတာ ပေါက်တတ်ကရရေးတတ်တယ်လို့.. ယုံမှာမဟုတ်..။ :k:

  • kyeemite

    October 2, 2014 at 3:01 pm

    .ပို့စ်ထဲက ဓမ္မကဗျာကတော့ထားပါတော့
    .

    aye.kk says:
    သဂျီး အယာတိုလာခိုမ်မေနီက အယုန်ဖူးဒဲ့..

    .ဒီကွန်မန့်ကိုသိပ်မသင်္ကာချင်ဘူး…ကြောင်သေးနံ့ရတယ် :k:

  • ဝင့်ပြုံးမြင့်

    October 3, 2014 at 3:40 am

    အန်တီအေးနဲ့တော့ ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူး။ ကျမကတော့ ဂွဇွတ်ရွာရဲ့ နာမည်ကျော် မိစာ္ဆဒိဌိ ပါရှင့်။ သဂျီးနဲ့ ခံယူချက်ချင်း တူသလိုလို ရှိပေမယ့် တကယ်ကတော့ မတူပါဘူး။
    . ကျမတို့ဟာ ideology တွေနဲ့ တိုက်ကြခိုက်ကြတယ်။ အဲဒီမှာ လောကီသမားနဲ့ လောကုတ်သမားတွေ အမြင်မတူဘူး။ ဒါပေမယ့် ဦးတည်ရာကတော့ တူမယ်ထင်တယ်။ ဘာဖြစ်လို့ အတွေးအခေါ်တွေနဲ့ နပန်းသတ်ကြသလဲဆိုတော့ ရည်ရွယ်ချက်က လူ့တန်ဖိုးကို ဖွေရှာဖို့ပါပဲ။ လောကီသမားတွေကတော့ မြတ်စွာဘုရားသာသနာတော်နဲ့ ကြုံ ကြိုက်ဖို့မလွယ်တဲ့အတွက် ဒီဘဝမှာ ဘာသာသာသနာအတွက် လုပ်မှ လူဖြစ်ရကျိုး နပ်တယ်ထင်တယ်။ လောကီသမား ကျမ တို့အတွက်ကတော့ လူ့တန်ဖိုးကိုမြင်တဲ့နေရာမှာ လူနေမှုအဆင့်အတန်းမြင့်မားပြီး စိတ်ချမ်းသာကိုယ်ကျန်းမာရဖို့ကို မြင်ပါတယ်။

    .အဲဒီမှာ ယုံခြင်း မယုံခြင်း ဆိုတဲ့အပိုင်းကို ထည့်သွင်းစဉ်းစားမလား။ ယုံခြင်း မယုံခြင်းထက် ထည့်သွင်း မစဉ်းစားခြင်းဆိုတာကိုရော။ ဥပမာ သဂျီ းက ငရဲ ရှိတယ်လို့ မယုံဘူး။ သူများတွေက ငရဲရှိတယ်လို့ယုံတယ်။ ကျမကတော့ ငရဲကို ထည့်သွင်းမစဉ်းစားဘူး။ ဘာဖြစ်လို့လဲဆိုရင် ငရဲ ရှိရှိ မရှိရှိ ဆင်းရင်လည်း ကိုယ်တစ်ယောက်ထဲမှ မဟုတ်တာ။ အများနဲ့ ဆင်းရမှာဆိုတော့ ဒါကို ကြောက်စရာလည်း မလိုဘူး။ ထည့်သွင်း မစဉ်းစားတော့ဘူး။ အဲသလို။
    .နောက်တစ်ခု ဥပမာ ဦးစံလင်းကြီး နဂါးယုံတယ်။ နဂါးယုံတဲ့လူတွေ မယုံတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီမှာ နဂါးကို ရှိတယ်လို့ ယူဆကြမယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီနဂါး ကတိမတည်ဘူး။ ကောင်းကျိုး မပေးဘူး။ ဒါကြောင့် သူ့ဟာသူ ရှိရှိ မရှိရှိ ထည့်သွင်းမစဉ်းစားတော့ဘူး။ အဲဒီလို။
    လူတစ်ယောက်ဟာ တကယ်လို့ နတ်ရှိတယ် မရှိဘူးဆိုတဲ့ ကိစ္စကြီးကို ထည့်သွင်းမစဉ်းစားဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။ အဲ့လာလေး မေးကြည့်တာပါ။

  • Iris

    October 3, 2014 at 5:51 am

    မမပြုံး​နောက်​ကလိုက်​မယ်​။ 😀
    ယုံခြင်​းမယုံခြင်​းထက်​ထည်​့သွင်​းမစဉ်​းစားတာပါ။ ကိုယ်​့ကိုယ်​ကိုယုံကြည်​တဲ့စိတ်​​လျော့သွားမှာစိုးလို့။ ငရဲဆိုတာကိုလည်​းအခု​နောက်​ပိုင်​း​တွေးပြီးမ​ကြောက်​​တော့ပါဘူး။ နတ်​ပြာ်​ဆိုတာကိုလည်​း ကိုယ်​သွားချင်​တဲ့ ခရီး​တွေ​လောက်​စိတ်​မဝင်​စား​ပါဘူး။ ဘိုး​တော်​​တွေထက်​ သပ်​ရပ်​တဲ့မျက်​လှည်​့ပြကွက်​​တွေကပိုစိတ်​ဝင်​စားဖို့​ကောင်​းတယ်​။

  • aye.kk

    October 3, 2014 at 12:43 pm

    ပစ္စုပ္ပန်​တည်​့တည်​့​လေးသာ
    ထည်​့သွင်​းစဉ်​းစားဘို့လိုအပ်​ ပါတယ်​
    ယုံခြင်​း မယုံခြင်​းဆိုတာထက်​
    ပစ္စုန်​ပ္ပန်​ အ​နေအထား​ပေါ်မှာသာ မူတည်​ပါတယ် မအိုခင်​မှာ အိုခြင်​းသ​ဘောတရား ဆိုတာ ခန္ဓာကမသိမခံစား တဲ့အတွက်​
    အ​တော်​များများက အမှုမဲ့အမှတ်​မဲ့​နေလာကြမှာပါဒါကလည်​းမိမိကိုယ်​တိုင်​က ​နေလာခဲ့မိလို့ပါ မိမိထင်​မြင်​ချက်​ပါ အားလုံးဟာ ကိုယ်​ပိုင်​အမြင်​ ကိုယ်​စီရှိကြပါတယ်​ မငြင်​းလိုပါဘူး ညီမဝင်​့ပြုံးမြင်​့​ရေ….

  • aye.kk

    March 1, 2015 at 4:49 pm

    အမြင်မကြည်လင်ရင်တော့ မှုုံဝါးဝါး အူကြောင်ကြား ဖြစ်တတ်သတဲ့(စကါးပုံ-ပြောပြတာ)

  • naywoon ni

    March 1, 2015 at 7:52 pm

    ဘယ်​​လောက်​ပဲ ဆင်​းရဲ ဆင်​းရဲ ဘယ်​​လောက်​ပဲ ဒုက္ခ ​တွေ ​တွေ့မလဲ ဒါ​ပေမဲ့ လူ့​လောကထဲမှာ လူသားဆန်​စွာ ပြုမူ​နေထိုင်​ပါ​သေးတယ်​ ။

  • အိုနာ​သေခြင်​း
    နှိပ်​စက်​ပြင်​းမှု မယွင်​းကြုံမှဆင်​းရဲခြင်​း ဆိုတာကို
    နာမ်​ဆိုတဲ့ငါ့စိတ်​​လေးက အကြွင်​းမဲ့လက်​ခံယုံသွား တာ

    -ဆိုတာကိုဖတ်ပြီး ရိပ်သာခဏခဏဝင်တဲ့သူငယ်ချင်းက ရိပ်သာတစ်ခုကထွက်ထွက်ချင်း ဖုန်းနဲ့လှမ်းတိုက်တွန်းတာအမှတ်ရမိတယ်။

    သေခြျင်းရဲ့ဒုက္ခတအားကြီးကြောင်းတွင်တွင်ပြောတာနဲ့ စောဒကလေးတက်မိတယ်။

    ဇက်ကို တိခနဲဒါးနဲ့ပိုင်းရင်ကော

    ဆိုတော့ တိခနဲပိုင်းခံရတဲ့ စက္ကန့်ပိုင်းလေးဒုက္ခကလည်းကြီးတာပဲတဲ့။
    ဘဝတစ်လျှောက် အစစအရာရာကိုယ်ချင်းစာစိတ်မွေးပြီး ဆင်ခြင်နေထိုင်ပြုမူပြောဆိုနိုင်ရင်တော့ အကောင်းဆုံးလို့ထင်မိပါတယ်။

    • kai

      March 2, 2015 at 2:03 pm

      ဗုဒ္ဓဆိုလိုတဲ့.. ဒုက္ခကို.. ကိုယ့်သဘောနဲ့ကောက်ယူပြောနေကြလို့ဖြစ်တဲ့.. ပြဿနာလို့ထင်မိတယ်……။
      အဲဒီလိုသေတဲ့..စက္ကန့်ပိုင်းဒုက္ခဆိုတာလေးကို.. မဖြစ်လာဖို့.. ကိုယ့်ရဲ့.. လုပ်နိုင်ကိုင်နိုင်တဲ့… လူ့ဘဝသက်တမ်းတခုလုံး(ဒါမှမဟုတ်) တချို့တပိုင်းကိုစတေး.. ဘာသာရေးဆိုတာလုပ်နေကြသူတွေက.. ဗုဒ္ဓအလိုကျမဟုတ်ဖူးလို့.. ပြောချင်မိကြောင်း…။
      =
      http://buddhism.about.com/od/thefournobletruths/a/dukkhaexplain.htm
      Life Is Suffering? What Does That Mean?
      Dukkha: A Little Word With a Lot of Meaning

      The Buddha didn’t speak English. This should be obvious, since the historical Buddha lived in India almost 26 centuries ago. Yet it’s a point lost on many people who get stuck on the definitions of English words used in translations.

      For example, people want to argue with the first of the Four Noble Truths, often translated as “life is suffering.” That sounds so negative.

      But, remember, the Buddha didn’t speak English, so he didn’t use the English word, “suffering.” What he said, according to the earliest scriptures, is that life is dukkha.
      “Dukkha” is Pali, a variation of Sanskrit, and it means a lot of things. For example, anything temporary is dukkha, including happiness. But some people can’t get past that English word “suffering” and want to disagree with the Buddha because of it.

      I’ve noticed that some translators are chucking out “suffering” and replacing it with “dissatisfaction” or “stress.” I’m a bit dissatisfied with that approach, however. Sometimes translators bump into words that have no corresponding words meaning exactly the same thing in the other language. I believe “dukkha” is one of those words.

      Understanding dukkha, however, is critical to understanding the Four Noble Truths. And the Four Noble Truths are the foundation of Buddhism.

      • တခါတလေကျတော့ တချို့ဘုန်းကြီးတွေက ခြိမ်းခြောက်နေသလိုုုလိုအမြင်မှားမိတယ်။
        အခုဆိုရင် နိဗ္ပန်ရောက်ကြောင်းဟောတဲ့ကိုယ်တော်တွေထား နိဗ္ပန်သွားရာလမ်းမပျောက်စေဖို့လို့ နိဒါန်းချီပြီး ဟောလာတဲ့ မဘသဘုန်းကြီးတွေတရားပွဲတွေတော်တော်တွေ့လာရတယ်။

Leave a Reply