” ရပ်နိုင်ပေ့ နဲ့ ဇရာအို အလွမ်း “

ခင္ခSeptember 29, 20141min962

” ရပ်နိုင်ပေ့ နဲ့ ဇရာအို အလွမ်း “

 

ရပ်နိုင်ပေ့လို့

မြူဆွအားပေး

ကလေးငယ်ကို

ငယ်ကပြုတာ

ကိုယ့်ခြေကိုယ်ပေါ်

ရပ်တတ်ဖို့နော်။

 

မြို့သစ်တွေချဲ့

စက်မှုဇုံနဲ့

မြို့ကွက်ချပေး

လမ်းမသာသေးတာ

ကိုယ်ထူကိုယ်ထလုပ်ကြဖို့ဟ။

 

ကျေးဇူးကြီးလှ မိနဲ့ဖ ရေ

ကိုယ်နေရပ်လေး

သာယာဖို့အရေး

လုပ်ဆောင်တတ်လာ

ကိုယ်ထူကိုယ်ထဟာ

ငယ်ကကျင့်ခဲ့ရ

ရပ်နိုင်ပေ့ ပါဗျ။

 

 

” ဇရာအို အလွမ်း”

 

ကလေးငယ်သွေး

ငယ်ပါသေးတယ်

ခွံကာမုန့်ကျွေး

နို့ချိုတိုက်ပေး

ပြုစုပျိုးကာ

မွေးခဲ့ရှာပြီး

ကျောင်းထားစာကျက်

ပညာတတ်လို့

လုပ်ငန်းခွင်ဝင်

ကျင်လည်ခဲ့ရ

ဘဝအဖုံဖုံ

အချိန်ရွှေ့လျား

မရပ်နားတော့

ဆည်းဆာချိန်ခါ

ဖြစ်တည်လာတဲ့

ဇရာအိုဘဝ

ရောက်ခဲ့လှပြီ

ငယ်ကအကြောင်း

အဆိုးအကောင်းကို

ပြန်ပြောင်းတွေးမိ

လွမ်းလိုက်ပါဘိ။

 

 

ခင်ခ။

2 comments

  • Myo Thant

    September 29, 2014 at 1:06 pm

    ကိုခက ဇရာအို ဟုတ်သေးပါဘူးဗျာ 🙂

    ဒါထက် စိုင်းဆိုင်မောဝ်ရဲ့ ဇရာအိုလွမ်းတေးသီချင်းကို သတိရသွားတယ် ၊

    • ခင် ခ

      September 29, 2014 at 1:56 pm

      ကြိုတင်ပြီး အို ကြည့်တာပေါ့ ကိုမျိုးရေ။

Leave a Reply