” တစ်နေ့တာ “

ခင္ခOctober 1, 20141min1105

” တစ်နေ့တာ “

 

တစ်နေ့တာအချိန်

မှီကာပြုပြီး

တွေ့လာမြင်ကွင်း

ရေးကာသွင်းသည့်

ပထမမြောက်ခင်ခ

စပ်ဆိုပြရာ

ပြန်လည်စုကာ

ဖော်ပြလို့သာ

တင်လိုက်တာပါ။

 

 

” လင်းအာရုံ “

အရှေ့တစ်ခွင်

လောကဓာတ်က

တိုးထွက်လာမယ့်

နေမင်းအရောင်

ရောင်နီသန်းပါပေါ့

မြို့ဦးကျောင်းအုန်းမောင်းသံက

ပျံလွင့်ကာကျက်သရေဖြာတယ်

အမေအိုဆွမ်းချက်ဖို့မီးကိုမွှေးလို့

ဈေးရောင်းထွက်မည့်ဈေးသည်များရယ်

မိုးလင်းရင်ခင်းကာရောင်းစို့

ဈေးသို့သွားဖို့ရယ်ဟန်တပြင်ပြင်

ပဲပြုတ်သယ်ထွက်ကာရောင်းဖို့

သူလဲဘဲပြင်ဆင်ရပြီ

လဖက်ရည်ဆိုင်မှပရိတ်သံက

တိုးညှင်းကာထွက်စပြုတယ်

နေ့တစ်နေ့ပြန်ကာစမယ်ရွယ်

အာရုံတက်အချိန်အခါပါကွယ်။

 

……………………………………………………………………………………………………………………

” မနက်မိုးလင်း “

 

အရှေ့ကထွက်ပေါ်နေမင်း

လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့

ထွန်းတောက်ကာဖြန့်လေတယ်

ကျေးဌက်တို့အိပ်တန်းထသံ

ဆူဆူညံနဲ့ တေးဆိုဖွဲ့

လယ်သမားကလယ်တောဆင်းပြီ

အလုပ်သမားကသွားဖို့ရယ်ဟန်ပြင်

ကျောင်းသားငယ်စာကျက်သံဖွဲ့

ခဏနေကျောင်းသွားရတော့မယ်ဟဲ့

အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ

လင်းကြက်ရယ်တွန်သံသာနဲ့

နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့

တစ်နေ့တာပန်းချီကားဖွင့်ဖို့ရွယ်

မနက်မိုးလင်း အချိန်အခါပါကွယ်။

 

………………………………………………………………………………………………………………………

” နေ့မွန်းတည့် “

 

နေရာစုံအတော်များများ

တစ်ကမ္ဘာလုံးသတ်မှတ်ထားသလား

နေ့လည်ခင်းဆယ့်နှစ်ဝန်းကျင်မှာတော့

ဝမ်းဗိုက်က တကျုတ်ကျုတ်မည်သံနဲ့

အစာအိမ်အားဖြည့်ပါတဲ့နေလည်စာ

စားကြပါရဲ့မွန်းတည့်ချိန်အခါ

ဘုန်းတော်ကြီးနဲ့ကိုရင်မှာတော့

မွန်းတည့်ကာနေ့လွဲညစာမစားပါလို့

သီလစောင့်သူအတူတူပေဘဲ

နေမင်းကပူပြင်းလှခေါင်းတည့်တည့်ရွယ်

နေ့မွန်းတည့် အချိန်အခါပါကွယ်။

 

…………………………………………………………………………………………………………………………

” ညနေခင်းဆည်းဆာ “

 

နေမင်းရယ်ကအနောက်ကိုယွန်း

နေညိုချိန်ပန်းချီတစ်ချပ်လိုလှ

ဆည်းဆာအလှနေဝင်ချိန်

လယ်သမားတွေ လယ်တောကပြန်

နွားကျောင်းသားတို့အိမ်ပြန်သလေ

တစ်နေ့တာခရီး လုပ်ကာပြီးလို့

အိမ်ပြန်ကြပေါ့ အလုပ်သမားတွေ

ကျောင်းသားတွေ စာသင်လို့ပြီး

ထိုးပါပေါ့ ကျောင်းဆင်းခေါင်းလောင်းသံလေ

ကျေးဌက်ရယ်သာသကာတို့

တစ်နေ့တာအနားယူအိပ်စက်ဖို့

အိပ်တန်းတက်အပင်ဆီသို့

တိုးဝှေ့တာ ဆူဆူညံလို့

နေလင်းရောင်အားတွေဖျော့ရွယ်

ညနေခင်းဆည်းဆာ အချိန်အခါပါကွယ်။

 

……………………………………………………………………………………………………………….

” ညချမ်းချိန် “

 

လောကဓာတ်တစ်ခွင်ဝယ်

နေမင်းအရောင်ရယ်က ပျောက်ခါသွားပြီး

မိုးတိမ်ကြားက ထွက်ပေါ်လာတဲ့လမင်းရောင်ရယ်

နေ့အခါလိုလင်းအားမသာပေမယ့်

ထွန်းလင်းကာ တောက်ပပေးပါလို့

ကျေးဌက်တို သံသာတိတ်သာပ

တစ်နေ့တာခရီး ရပ်ကာအနားယူတော့မှာမို့

အိပ်စက်ဖို့ လူသားတွေပြင်ဆင်ကြပြီ

တစ်ချို့ရယ် ညဉ့်ချိန်မှာတော့

ဝမ်းစာရှာ အလုပ်ခွင်ဝင်ကြတယ်

တစ်ရက်ခရီး ပန်းချီကားတစ်ချပ်မှာတော့

လက်စသတ် အဆုံးရပ်မှာမို့

နေ့အရောင်အပူရယ်လျော့လာလို့ရယ်

ညချမ်းချိန် ရောက်ပါပေါ့ကွယ်။

………………………………………………………………………………………………………………………..

” ညဉ့်အခါ “

 

နေမင်းကြီးက ဝင်ကာပုန်းနေ

လမင်းကြီးက မင်းမူအုပ်စိုး

သူ့အလင်းကို ဖြန့်ကျက်ထိုး

ပတ်ဝန်းကျင်ရယ် တိတ်ဆိတ်ငြိမ်လျှက်

တစ်နေ့ပန်းချီကား အသက်မဲ့ပြီ

တစ်ခါတစ်ခါ ခွေးဟောင်သံဖွဲ့

လင်းနို့တောင်ပံ ခတ်သံသွဲ့လို့

ညဉ့်ဌက်အော်သံ စူးရှသံဖြင့်

အော်ကာမြည်လည်း နားထောင်သူမရှိ

နောက်နေ့နိုးထ လှုပ်ရှားကြဖို့

အားယူအိပ်စက် လူသူကင်းတဲ့

တိတ်ဆိတ်လွန်းလှ ညအခါသမယကို

ညဉ့်အခါလို့ ဆိုပေသကိုး။

 

…………………………………………………………………………………………………………………………

 

ခံစားဖတ်ပေးခဲ့ကြသူများကျေးဇူးပါ

ခင်ခ။

5 comments

  • ကေဇီ

    October 1, 2014 at 6:35 am

    လ ဖွဲ့ လေးးးတွေ လည်းး စု တင်ဦးးးလေ
    🙂

    • ခင် ခ

      October 1, 2014 at 9:07 am

      တင်ခဲ့ဖူးသလားလို့ ပြန်ကြည့်လိုက်အုံးမယ်လေ။

  • Crystalline

    October 1, 2014 at 7:20 am

    တစ်နေ့တာအချိန်တွေထဲ ညဥ့်အခါသဘောကျဆုံးပဲ.. မနက်စောစော ကျီးကန်းသံ..စာကလေးသံတွေကိုတော့ မုန်းမှမုန်းပဲ.. 😀

    • ခင် ခ

      October 1, 2014 at 9:12 am

      အကောင်းကြိုက်တဲ့ထဲ သူလည်းပါသကိုး။

Leave a Reply