အကျိုးထူးတဲ့ စားစရာ ငှက်ပျောသီးပူတင်း လေးပါ…..

Ma EiSeptember 29, 20142min27335

ငှက်ပျောသီး ပူတင်းလေးမစားခင် ငှက်ပျောသီးမှရရှိစေသော အကျိုးထူးလေးတွေ အရင်ဖတ်ကြည့်နော်…

(၁) စိတ်ကျရောဂါ ဖြစ်နို်င်ခြေတွေကို လျှော့ကျစေတယ်။
(၂) အူမကြီးရှိ အညစ်ကျေးတွေကိုဖယ်ရှားပေးတယ်
အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။
(၃) သွေးအားကောင်းစေတဲ့အပြင် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်တယ်။
(၄) အရိုးဆစ်တွေ ခိုင်မာစေတယ် သန်မာစေတယ်။
(၅) ငှက်ပျောသီစားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့ အတွက် ဆေးလိပ်ဖြတ်တဲ့သူတွေအတွက်စားသုံးသင့်တယ်။
(၆) အမျိုးသားတွေအတွက် ဒူလာပိတ်၊ ဒူလာခြောက်၊ အမျိုးသမီတွေ အတွက် မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်နိုင်ခြေတွေကိုလျှော့ကျ အောင် တားဆီးပေးတယ်။
(၇) ကိုယ်ခံအား ကောင်းမွန်စေတယ်။
(၈) အမျိုးသမီးတွေ သွေးဆင်းချိန်၊ ဓမ္မတာ လာချိ်န်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲ ခြင်းကို သက်သာစေတယ်။
(၉) ဦးနှောက်ဉာဏ်ရေကောင်းမွန်ဖွံ့ဖြိုးစေတယ်။
(၁၀)ခန္ဓာကိုယ် အပူချိန်ကြောင့်ဖြစ်တတ်တဲ့ အပူကံခြင်း၊
ပြည်တည်နာဖြစ်ခြင်း အစရှိတဲ့ရောဂါ ဝေဒနာတွေ ငှက်ပျောသီးစား သုံးပေး
ရင် သက်သာ ပျောက်ကင်းစေတယ်။
စတဲ့ အကျိုးကျေးဇူးတွေ ငှက်ပျောသီးကနေရရှိစေပါတယ်။
Ref: General Knowledge

By Health Digest
ငှက်ပျောသီးမှာ သဘာဝ သကြား ဓာတ် သုံးမျိုး ပါဝင်ပါတယ်။ ဆူးခရို့စ်၊ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ အမျှင်ဓာတ် တို့ ပါဝင် ပါတယ်။ ငှက်ပျောသီးက အားဖြစ်စေတဲ့ အာဟာရ ဖြစ်စေတဲ့ အသီးအနှံ တစ်ခု ဖြစ်ပါတယ်။ ငှက် ပျောသီး ၂ လုံး စားခြင်းက အား အင်သုံးပြီး မိနစ် ၉ဝ ကြာလေ့ကျင့် ခန်းလုပ်ခြင်း အတွက် လုံလောက်တဲ့ စွမ်းအင် ပမာဏကို ပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် ကမ္ဘာ့အားကစား သမားများ ကြားထဲမှာ ငှက်ပျောသီး က နာမည်ကျော ်နေတာဖြစ် ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးက ပေးနိုင်တာ စွမ်းအင် တစ်ခုတည်း မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေး ပြဿနာများနဲ့ ရောဂါများကို သက်သာ စေရာမှာရော ကာကွယ်တဲ့ နေရာမှာပါ ကူညီပေး ပါတယ်။ နေ့စဉ် အစားအသောက်ထဲ ထည့်သွင်းရမယ့် အစားအစာ တစ်ခုဖြစ် ပါတယ်။

***

ဒီလိုအကျိုးထူးတွေရရှိစေတဲ့ ငှက်ပျောသီးကို ပူတင်းလေးလုပ်စားကြရအောင်နော်

ပူတင်းလုပ်ဖို့ အတွက် ပါဝင်ပစ္စည်းများ……..

(1)ဂျုံ 1 ခွက်

(2) သကြား 1 ခွက်

(3) ကြက်ဥ 3 လုံး

(4) နွားနို့ 50 သား

(5) ငှက်ပျောသီး 4 လုံး

(6) ထောပတ် ၊ ဗနီလာ ၊ ဆား နဲနဲ ပါ..

ပါဝင်ပစ္စည်းများ
ပါဝင်ပစ္စည်းများ

ပြုလုပ်ပုံ အဆင့်ဆင့်

**ငှက်ပျောသီးကို ပါးပါးလှီးထားပါ…

***ကျန် ပါဝင်ပစ္စည်းတွေ ရောခေါက်ပါ ( အချို အတွက် သကြား လိုအပ်လျှင် ထပ်ထည့်ပါ)

ဒုတိယအဆင့်
ဒုတိယအဆင့်

***မုန့်ရည်ကို အနေတော်ပျစ်ခဲခဲထိ ကျိုပေးပါ…

***မုန့်ဖုတ်မည့် ဗန်းထဲ ထောပတ်အနည်းငယ် အပူပေးထားပါ..

***မုန့်ရည်ပျစ်များ တစ်ဝက်လောင်းထည့်ပါ..

***ငှက်ပျောသီး ပါးပါးလှီးထားသည်များ ဖြန့်ခင်းပါ ..

အဆင်သင့်ပြင်
အဆင်သင့်ပြင်

***မုန့်ရည် ထပ်လောင်းထည့်ွပါ..မျက်နှာပြင်ညှိပေးပါ…

***180ံ နှင့် 20 မိနစ်လောက် အပေါ်အောက်မီး ဖြင့် ဖုတ်လိုက်ပါက လှပမွှေးကြိုင် စားကောင်းစေရာ ငှက်ပျောသီး ပူတင်းလေးကို ရပြီဖြစ်ပါသည်..

ပြီးပါပြီ
ပြီးပါပြီ

ကော်ဖီလေးတစ်ခွက်နှင့် လိုက်ဖက်လှသော စားစရာ ဖြစ်ပါကြောင်း သတင်းကောင်းပေးလိုက်ပါတယ်…

ကော်ဖီနဲ့
ကော်ဖီနဲ့

ခင်တဲ့

မအိ

35 comments

  • ကေဇီ

    September 29, 2014 at 1:12 pm

    စားချင်စရာလေးဗျ။
    သာမာန်အားဖြင့်တော့ မကြိုက်ဘူးး
    ဟိ။
    သများက ရွှေကြည် အစစ်ကိုပဲ ကြိုက်တာ။

    :chit:

    • Ma Ei

      September 29, 2014 at 1:18 pm

      ရွှေကြည်က ဆနွင်းမကင်းလေ ဆွိရဲ့…
      ခုက ပူတင်း…မျိုးစုံထဲက…ငှက်ပျောပူတင်း…
      မအိလက်ရာလေး စားကြည့်ပြီးရင်ဖြင့်
      အမေတို့ ပြောသလို မောင်ကြီးမပြန်နိုင် ဖြစ်သွားမှာမြင်သေး…
      :chit:

      • ကေဇီ

        September 29, 2014 at 1:22 pm

        အယ်။
        မှားလို့။
        ဒါက ပူတင်း ဟုတ်သားးး
        သများက ဆနွင်းမကင်းနဲ့ မှားတာ။
        အဟိ။
        အဲလို ကျွမ်းကျင်တာ။

        :k:

  • မအိရေ

    အိမ်ကတော့ ဖီးကြမ်းငှက်ပျောသီးနဲ့လုပ်ပေးတာများတယ်

    အခုမအိ လုပ်သလို သီးမွှေးနဲ့ တော့ မစားဘူး သေးဘူး

    တစ်ခါလောက်လုပ်ခိုင်းအုံးမယ်

    နောက်ကြုံတုံးလေးပွားရ ရင်

    အခုခေတ်က အိမ်အတော်များများမှာ မုန့်တွေဘာတွေ လုပ်စားတာမရှိကြတော့ဘူး။

    ဝယ်စားလိုက်တာ လူ ရော အချိန်ရောငွေရော သက်သာတယ်လို့ မြင်ကြတယ်။

    အိမ်မှာ မုန့်လုပ်မစားတော့

    နောက်ပေါက်ကလေးတွေ ဘာမှ မတတ်တော့ ဘူး

    မိသားစုခြင်း ချစ်ခင် ရင်းနှီးစွာ ဝိုင်းဖွဲ့စားသောက်တဲ့ ဓလေ့ပျောက်သွားတယ်

    အိမ်က အစား အစာ ကို ခင်တွယ် တဲ့ စိတ်ပျောက်သွားတယ်

    ကျနော်တို့ ငယ်ငယ် က ကျောင်းပိတ်တဲ့ရက်တွေဆိုရင်
    ုမုန့်တီ တို့ မုန့်ဟင်းငါးတို့ ခေါက်ဆွဲကြော် ကြာဇံကြော် ချပါတီ ပူရီ အစရှိတာတွေကို အိမ်မှာ

    ထမင်းလွတ်လုပ်စားကြတာ
    ကျနော်တို့ကလေးတွေက တောက်တို မယ်ရ ကူ လုပ်ပေါ့

    အင် မတန် သတိရ စရာကောင်းတယ်ဗျာ

    • Ma Ei

      September 29, 2014 at 2:04 pm

      ဝါသနာ အရ ရှာဖွေလုပ်နေဖြစ်တာပါကိုပေါက်ရေ…
      ငယ်က အိမ်လုပ်မုန့်တွေ မစားခဲ့ရတာလဲပါမပေါ့…
      ခုတော့ သမီးက မအိရဲ့ ပင်တိုင် စားသုံးသူပါ…
      ဒါကောင်းတယ် ဒါမကောင်းဘူးနဲ့ သူကအကဲဖြတ်ပေးတယ်လေ…
      🙂

    • Yae Myae Tha Ninn

      September 29, 2014 at 3:05 pm

      လူများရင် ကိစ္စ မရှိဘူး.. လေးပေါက်ရဲ့.. အိမ်မှာက လင်မယား ၂ ယောက်ထဲဆိုတော့… မိဘကလဲ အသက်ကြီးပြီလေ… အဲတော့ လုပ်ပြီး မစားနိုင်တော့ဘူး… 🙂

      • ပြည့်ရှင်မင်းကြိးရယ်

        အခု အိမ်မှာ ကျနော်နဲ့ မဒမ်ပေါက် နှစ်ယောက်ထဲပါ

        ကျနော်တို့ က သား သမီး မထွန်း ကား ပါဘူး

        အဲ့ လာ လာ ပြောတာ

  • kyeemite

    September 29, 2014 at 2:01 pm

    .ငှက်ပျောပူတင်း…ပုံလေးကြည့်ပြီး မွှေးနံ့တောင်ရသလိုပဲ
    .သွားရည်ယိုသွားပါတယ်ဗျ
    .တွေ့ဆုံပွဲကျ လုပ်ခိုင်းအုံးမှ..ခိခိ :k:

    • Ma Ei

      September 29, 2014 at 2:12 pm

      မီးမီးရဲ့ နန်းကြီးသုပ်လေးစား..ပြီးမှ
      ကော်ဖီနဲ့ ပူတင်း အချိုတည်း ရရင် ပိုကောင်းမှာနော်…
      🙂

      • kyeemite

        September 29, 2014 at 2:18 pm

        .ရပါတယ်မအိရယ်…အချိန်မရွေးပါ 🙂

  • ခင် ခ

    September 29, 2014 at 2:10 pm

    ငယ်ငယ်က ဌက်ပျောသီးပူတင်းကို အဖွားလုပ်ကျွေးတဲ့အခါ ရခိုင်ဌက်ပျောသီးနဲ့ သုံးတာတွေ့တယ်ဗျ။
    စားလို့တော့ကောင်းတယ်ဗျ။
    မအိ လုပ်ထားတာလေးလဲ စားချင်စဖွယ်နော်။

    • Ma Ei

      September 29, 2014 at 2:23 pm

      ငှက်ပျောသီး ဆနွင်းမကင်းမှာတော့
      ရခိုင်ဌက်ပျောသီးကိုသုံးတာ ကိုခ ရဲ့..
      အဲ့ဒါလေးလဲ လုပ်ဖြစ်ရင် ထပ်တင်ဦးမယ်နော်…
      🙂

  • Myo Thant

    September 29, 2014 at 2:25 pm

    အမအိရေ

    နွားနိူ့အနံ့ မခံနိူင်လို့ ဘာနဲ့လုပ်လို့ ရသေးလဲဗျာ ၊

    • ကေဇီ

      September 29, 2014 at 2:28 pm

      ဝီစကီနဲ့ ရောလေ။
      ဟိ။
      အာ့ဆို အနံ့ခံနိုင်မှာ။

      :k:

    • Ma Ei

      September 29, 2014 at 2:43 pm

      အုန်းနို့နဲ့ လုပ်လေ…
      ရွှေကြည်မှုန့်ရယ် အနီရောင် အရောင်လေးနဲနဲထည့်
      ငှက်ပျောသီး ဆနွင်းမကင်းဖြစ်ရော…

      • Myo Thant

        September 29, 2014 at 3:05 pm

        Ok…OK….Thanks….a-ma-ei

  • Yae Myae Tha Ninn

    September 29, 2014 at 3:08 pm

    သဘောကျပါတယ်.. လွယ်လဲ လွယ်တယ်… ဒါပေမဲ့.. ခက်တာက အမေက ဌက်ပျောသီးနဲ့ မတည့်ပါ… 🙁 ပိုတက်စီယမ် များလို့… အိမ်နီးရင် ကောင်းမယ်.. လုပ်စားတဲ့နေ့ လာကူပြီး.. ကြိတ်လို့ရတယ်… 😀

  • Ma Ei

    September 29, 2014 at 3:17 pm

    ငှက်ပျောသီးနဲ့ မတည့်ရင် …
    အာလူးတို့ မုန်လာဥနီတို့နဲ့ လုပ်ကြည့်ပါလား..
    ဒီလိုလေ
    http://myanmargazette.net/167267
    🙂

  • Crystalline

    September 29, 2014 at 3:34 pm

    စားချင်စရာလေး… သီးမွှေးသီးနဲ့ဆိုတော့ မွှေးနေမှာပေါ့… ကိုယ်တိုင်တော့ လုပ်ဖို့ပျင်း.. နောက်တခါလုပ်စားရင်… ပါဆယ်လာဆွဲလို့ရမလား.. :))

    • Ma Ei

      September 29, 2014 at 3:41 pm

      နောက်ခါဆို စားကူခေါ်မယ်နော်…
      Crystalline….
      Yae Myae Tha Ninn ….
      🙂

  • Yae Myae Tha Ninn

    September 29, 2014 at 3:36 pm

    ဟုတ်… ကျေးဇူးပါ… တွေ့ဆုံပွဲမှာ လုပ်ကျွေးပါလား.. ချက်ပြုတ်တတ်တဲ့သူတွေ များပါတယ်.. ဒီမှာ.. ကျွန်တော်ကတော့ နည်းကို သေသေချာချာလိုက်ကြည့်… လုပ်ကူ ကပ်စားမယ်လေ… 🙂

  • Iris

    September 29, 2014 at 5:56 pm

    မမအိ..မိုက်​ခရို​ဝေ့ နဲ့ဖုတ်​လို့ရလားဟင်​။ မီးအပူချိန်​နဲ့အချိန်​လဲသိချင်​တယ်​ မိုက်​ခရို​ဝေ့အတွက်​. ကြက်​ဥပူတင်​းလုပ်​တာ တစ်​ခါလုပ်​ပုံစံတစ်​မျိုးထွက်​​နေလို့..ထည်​့ချင်​တာ​တွေ​လျှောက်​ထည်​့လို့.ဟီး

  • ဝင့်ပြုံးမြင့်

    September 30, 2014 at 5:29 am

    .မွအိ တို့ကိုလည်း အားကျပါတယ်။ ကျမတော့ ဘဝမှာ ဘယ်တော့များမှ အခုလို စိတ်အေးလက်အေး မုန့်လုပ်စားနိုင်မလဲ မသိဘူး။ အခုတော့ မုန့်လုပ်စားဖို့ နေနေသာသာ ထမင်းဟင်းတောင် ဖြစ်သလိုကြဲနေတာ။

    • Ma Ei

      September 30, 2014 at 1:00 pm

      Iris ရေ…
      မိုက်​ခရို​ဝေ့ နဲလဲရပါတယ်…
      သူက မုန့်ရည်က ကျိုု ပြီးသား ကျက်ပြီးပြီလေ..
      အပေါ်ကျောလှပြီး အတွင်းသားမာရုံဘဲဆိုတော့
      ဒီလိုဘဲ ကြည့်ကျက်လုပ်ပါလေ…
      🙂

      တူတူပါဘဲ ပြုံးရေ…
      တစ်ခါတစ်လေ ရုံးပြန်ရောက် ညစာစားပြီးချိန် ညရှစ်နာရီ ကိုးနာရီမှ စိတ်ရပြီး မုန့်လေးတွေလုပ်တာမျိုးလဲရှိရဲ့ ပင်ပန်းရမယ့် ဝါသနာ ဆိုပါတော့..

      မနောလေး…
      စားချင်မိတဲ့သူ ကိုလဲ ကျွေးချင်မိပါတယ်နော်…
      🙂

  • manawphyulay

    September 30, 2014 at 9:17 am

    လုပ်ပြီးတာလေးတော့ စားချင်မိသား…. :mrgreen:

  • ကေဇီ

    September 30, 2014 at 9:38 am

    သို့/
    ချစ်သော မွအိ

    ရှာရသလောက် ….
    နာ့ အမွ အိ လုပ်ကျွေးတဲ့ ပူတင်း ၄ မျိုးရှိပါပြီ.. :mrgreenn:
    ၁) ပေါင်မုန့် ပူတင်း
    ၂) အာလူး၊ဥနီ ပူတင်း
    ၃) ငှက်ပျောသီးပူတင်း
    ၄) ကြက်ဥပူတင်းမုန့်

    အာ့လေ နောက်ထပ် ပူတင်း ၃ မျိုးလောက် ထပ်ပြီး လုပ်ကျွေးပါဦးလို့။
    ရ ရက် ပြည့်ရင် “မွအိ ပူတင်း” ဆိုပြီး မုန့် အစီအစဉ်မှာ ထည့်ချင်လို့ပါ။
    ဟီးဟီးး
    နော် နော်။

    :chit:

    • Ma Ei

      September 30, 2014 at 1:08 pm

      ပူတင်း ရ မျိုး…
      နောက်ထပ် ၃ မျိုး ကို ဘာလုပ်ပေးရမလဲ…
      စဉ်းစားပြီး လုပ်ပါမယ် ဆွိ ရေ….
      အိမ်စာ….
      အိမ်စာ….
      :chit:

      နိုဗွီရေ…
      လုပ်စားကြည့်လိုက်ပါ..အမ သမီးကတော့ ကြိုက်တယ်တဲ့…
      သူ့ Commentက အရေးကြီးတယ်လေ…
      ဒါမှ ဆက်လုပ်ဖို့ အားရှိမှာ..
      🙂

    • Mr. MarGa

      October 1, 2014 at 12:40 pm

      ဒီဂျီးဒေါ်ကတော့ အစားဆို နှစ်ခါမပြောရဘူး :mrgreenn:

  • Novy

    September 30, 2014 at 11:08 am

    မအိရေ..
    ကူးသွားတယ်နော် အိမ်မှာ အားတဲ့နေလုပ်စားကြည့်လိုက်အုံးမယ်
    ကျေးကျေး……………

  • Mr. MarGa

    October 1, 2014 at 12:44 pm

    ပုံကို 3D Printer နဲ့ အပြင်ထုတ်ပြီး စားချင်တယ် 😥

    • Ma Ei

      October 2, 2014 at 9:33 am

      စာတွေ.ဗွီဒီယိုတွေ ပို့နိုင်တဲ့ ခေတ်ကနေ 3D Printer …နဲ့
      တစ်ကယ့် ပစ္စည်းတွေ ပို့လို့၊ ထုတ်ယူလို့ ရတဲ့ ခေတ်ကိုတော့ ရောက်လာမှာပါသဂျားရေ…
      ဒါပေသိ…မှီ၊မမှီ တော့ မသိ…
      😥

      • Mr. MarGa

        October 2, 2014 at 9:51 am

        တို့ခေတ်ကိုရောက်ရမည်မှာမလွဲပါ…… 🙂

  • အလင်းဆက်

    October 1, 2014 at 7:30 pm

    ငှက်ပျောသီးးးး
    မကြာခဏ စားဖြစ်တဲ့အရာ..
    ဒါပေမယ့်…အပြင်မှာလျှောက်သွားနေရင်းးး အပြင်ဆိုင်တွေက ထမင်းမစားချင်တိုင်း
    ဝယ်စားဖြစ်လို့…အသီးအတိုင်း…စားဖြစ်တာများတယ်…

    ဒီလိုလေးတွေ လုပ်ကိုင်ကျွေးဖို့….
    ဖွေးဖွေး(သို့မဟုတ်) ဖွေးဖွေးနဲ့ တူသူ ကို အလိုရှိသည်။

  • pooch

    October 2, 2014 at 4:52 pm

    အိမ်ကအမေလည်းဟိုဟိုဒီဒီ လုပ်ကျွေးပါရဲ့ ကိုယ်က စားဖို့ပဲ အာရုံလာပြီး ကူမလုပ်ချင်တော့ စားတဲ့အချိန် တရုန်းရုန်း ပြီးမှ ဆေးကြောရေးပဲ ကူလေ့ရှိတယ်
    တောင်ငူမုန့်ဟင်းခါးသုပ်ရယ် ဟင်းရည်ကျဲရယ်
    ငါးထမင်းရယ်
    တောင်ငူဖက်က ဟင်းထုပ်ရယ် ဒါမျိုးတော့ မကြာမကြာစားရတယ် ( ပြောရင်းနဲ့စားချင်လာပြီ)

    ငှက်ပျောပူတင်းတို့ ဆနွင်းမကင်းတို့ တော့ အမေက လုပ်ကျွေးလေ့မရှိဘူး အမေက သွေးတိုးရှိတော့လေ သူနဲ့ တည့်တာပဲ လုပ်ကျွေးတယ် 😥

    လွန်ရောကျွံရော ကျောက်ကျောလောက်ပဲ ဒါတောင် juice နဲ့လုပ်တာ

    စားချင်ရင် ဆိုင်ကပဲ ဝယ်စားဖြစ်တယ်
    ကိုယ်တိုင် လုပ်စားကျတဲ့ လက်စရှိတဲ့သူတွေ အားကျပါ့

    စားချင်ပေမဲ့ မလုပ်ချင် မချက်ချင်တဲ့ ပျင်းကျောကို ဘယ်နှယ့်ကုရပါ့ 🙁

  • မြစပဲရိုး

    October 8, 2014 at 10:59 pm

    နပေါသီး ကို ကြိုက်သော်လည်း ဒီအတိုင်း စားလို့ မရ သူမို့ ပူတင်း ထဲ ထည့်လုပ်ကြည့်ဦးမယ်။
    ဘာမှ မထည့်ဘဲ လဲ ပလိန်း လုပ်ကြည့် မယ်။
    ကျေးဇူးပါ မွအိရေ။ :))

Leave a Reply