ရွှေအကြောင်းသိကောင်းစရာ (160)

အလိမ်ခံရတဲ့အကြောင်းတွေရေးတော့ တစ်ယောက်က comment ဝင်ရေးပါတယ် သူများကိုလိမ်ခဲ့ရင် ပြန်အလိမ် ခံရမှာပဲတဲ့ မှန်ပါတယ် အဲဒါကြောင့် ကျွန်တော်တို့ ဘယ်သူ့ကိုမှ မလိမ်လည်မိအောင် ဒုက္ခမပေးမိအောင် ကြိုးစားကြရပါမယ် စိတ်ချမ်းသာအောင် အဆင်ပြေအောင် တတ်နိုင်သမျှ ကူညီကြရပါမယ် ဒါပေမယ့် ငါအရင်ဘဝတွေက သူများကိုလိမ်ခဲ့ရင် ပြန်အလိမ်ခံရမှာပဲဆိုပြီး အလိမ်မခံရအောင် ကြိုးစားအား ထုတ်လေ့လာမှုမလုပ်ပဲ မနေသင့်ပါဘူး ကြီးပွားမယ့်ကံပါ လာရင် ကြီးပွားမှာပဲဆိုပြီး မကြိုးစားဘဲမနေသင့်ပါဘူး အစွမ်းကုန်ကြိုးစားအားထုတ်ရမှာက ကိုယ့်တာဝန်ပါ အခုcomment ကိုရေးတဲ့သူလဲ ငါသူများပစ္စည်း မခိုးခဲ့ရင် ငါ့ပစ္စည့်းလဲပြန်အခိုးခံရမှာမဟုတ်ပါဘူးဆိုပြီး ညဘက်တံခါးမပိတ်ဘဲ အိပ်တဲ့သူတော့ မဟုတ်လောက်ဘူး ထင်ပါတယ် ရွှေအကြောင်းကနေ တစ်ခါတစ်လေ ဘေးချော်သွားတာ မကြိုက်ရင်လဲ ဝေဖန် ချက် comment ပေးလို့ရပါတယ်။

ရွှေအကြောင်းသိကောင်းစရာ (161)

facebook မှာ page ဖွင့်ပြီးကတည်းက phone ဆက်ပြီး ရွှေဈေးစုံစမ်းတဲ့သူတွေများလာတယ် ကြိုဆိုပါတယ် မေးတဲ့သူတိုင်းကို သေချာဖြေပေးပါတယ်။လာဝယ်ချင်တဲ့ သူကိုလည်း ဆိုင်နေရာလမ်းညွှန်ပေးလိုက်ပါတယ်။တစ်ချို့လဲလာဝယ် သွားကြပါတယ်။လာရောင်းချင်တယ်လို့ ဖုံးထဲကနေပြော ရင်တော့ ကျွန်တော့်ဆိုင်က ဝယ်သွားတဲ့ရွှေကိုဘဲ ပြန်ဝယ် ပါတယ်လို့ပြောပြရတယ်။ရွှေဆိုင်တွေပြင်ပရွှေမဝယ်တဲ့ အကြောင်း အမှတ်စဉ် 15 မှာ ရေးပြီးပါပြီ အဓိကအကြောင်းကတော့ ပြဿနာရှိနေတဲ့ ရွှေဖြစ်မှာ ကြောက်လို့ပါ။ဒါပေမယ့်ကိုယ့် customer ကိုအဲလိုသွား ပြောရင်စော်ကားရာရောက်မှာပေါ့။ကိုယ်ဝယ်ခဲ့တဲ့ဆိုင်မှာဘဲသွားပြန်ရောင်းလိုက်ပါ ဈေးမှန်ရမှာပါ။နောက်ထပ်ဝယ် ရင်သာကျွန်တော့်ဆိုင်မှာအားပေးပါ။ရွှေဈေးနှုန်းကို အမြဲတမ်း facebook page မှာတင်ပေးထားပါတယ်။ဆိုင်မှာလဲ white board မှာရေးပေးထားပါတယ်။အချိန်မရွေးဝယ်လို့ရောင်းလို့ရပါတယ်လို့ရှင်းပြလိုက်ရပါတယ်။်

About Zaw Aung

Zaw Aung has written 48 post in this Website..