သာယာရွှေပြည် တို့ရွာဆီ

သာယာရွှေပြည် တို့ရွာဆီ


စားပါ သောက်ပါ စေတနာနှင့်
သာယာကြည်အေး လေချိုသွေးသည်
တို့ရွာလေး၏ စေတနာ….

လာပါ ရေးပါ ချစ်ပျူငှာနှင့်
မေတ္တာချိုမွှေး လေချိုသွေးသည်
တို့ရွာလေး၏ အကြင်နာ…

ရေးကာဖတ်ကာ၊ ကူညီရှာကြ
ညင်သာကြည်အေး၊ လေချိုသွေးသည်
တို့ရွာလေး၏ ကရုဏာ…

အခေါက်ခေါက် အခါခါ ရောက်ခဲ့မိသည်
ရင်မှာ မမေ့ စိတ်ချမ်းမြေ့သည်
ယနေ့ထက်တိုင် တို့ရွာထဲတွင်
ရနံ့
ကြိုင်ဆဲ လှိုင်ဆဲ သင်းပျံ့ဆဲ….ပါတကား….

မနောဖြူလေး
၃၀.၉.၂၀၁၄

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။