သို့ ကိုကိုMPT

moonpoemOctober 1, 20141min17414

ကိုကိုMPTရေ ရှင်ဟာ ကျွန်မအပေါ်မှာ နွေးထွေးမူှမရှိဘူး။စိမ်းကားတယ်လို့ ထင်ခဲ့လို့ ကိုကို ooredooနဲ့ ကိုကို telenor
အပေါ်မှာ ကျွန်မ စိတ်တွေ တိမ်းညွတ်ခဲ့တာ ကျွန်မ ဝန်ခံပါတယ်။သူတို့က အပြင်ပန်း သိပ်smartကျတာတွေနဲ့ စွဲဆောင်ခဲ့တာကိုး။

ကျွန်မအထင်ကြီးတာ မလွန်ပါဘူး ကိုကိုmpt။ရှင်က နေ့နေ့ ညညခေါ်မကြား အော်မကြား၊ အေးတိအေးစက် ဆက်ဆံရေးတွေနဲ့ ကျွန်မရှင့်ကို စိတ်ကုန်မိတာ ဆန်းသလားလို့ ပြောစမ်းပါ။

ကိုကို Ooredoo နဲ့ ကိုကို Telenor ကို ကျွန်မအပါအဝင် တော်တော်များများ
သည်းသည်းလှူပ်ခဲ့ကြတာ မှန်ပေမယ့် သူတို့က ရှင်စိမ်းကားတာထက် ပိုတဲ့ အသည်းမာတဲ့ ရက်စက်တဲ့ နှလုံးသား
ပ်ိုင်ရှင်တွေဆိုတာ ကျွန်မ အခု နားလည်ခဲ့ပါပြီ။
အခုလည်း ရှင့်ကို ကျွန်မ သဘောကျ
လွန်းလို့ ရှင့်ဆီကို ပြန်လာတာ မဟုတ်ပေမယ့် ရွေးချယ်စရာ မရှိတဲ့ ဘဝမှာမို့ ဒါကို နားလည်ပါ။ချစ်လွန်းလို့ ရွေးချယ်ခဲ့တာ မဟုတ်တာကြောင့် ကိုယ့်ကိုယ်ကိုတော့ သိပ်အထင်မကြီး ပါနဲ့ ကိုကို mpt။

ဒါပါပဲ
နန်းခင်မိုးစက်မြတ်နိုးဂွက်

14 comments

  • ကေဇီ

    October 1, 2014 at 10:38 am

    ကိုယ့် ဂြိုဟ်တု နဲ့ ကိုယ်လာ မှ လက်ခံမယ်လို့ ပြောလိုက်..!!!
    :kwi:

  • Mr. MarGa

    October 1, 2014 at 12:23 pm

    မချစ်ပေမယ့် အောင့်ကာနမ်းနေရတယ်ကွယ်…

  • kyeemite

    October 1, 2014 at 1:03 pm

    .ဘယ်ကိုကိုမှ မစွံလှသေးပါဘူးကွယ် 🙁

  • တောင်ပေါ်သား

    October 1, 2014 at 1:46 pm

    ချစ်လွန်းလို့ ရွေးချယ်ခဲ့တာ မဟုတ်ပေမယ့်

    ရွေးချယ်ခံခဲ့ရတာနဲ့တင် ကိုကို ကျေနပ်ပါတယ်ကွယ် ၊ 🙂

  • Crystalline

    October 1, 2014 at 2:38 pm

    .​နေရာအနှံ့မှာရှိတဲ့ ကျွန်​​တော့သူငယ်​ချင်​း​တွေနဲ့ အဆက်​အသွယ်​ပြတ်​ခင်​လို့ပါ
    .မြို့​ပေါ်မှာအလုပ်​လုပ်​​နေတဲ့ ကျွန်​မအမျိုးသားနဲ့ ​နေ့တိုင်​းစကားမ​ပြောချင်​လို့ပါ
    .ကျွန်​​တော့​မြေး​လေး​တွေ​မွေး​နေ့မှာ မပျက်​မကွက်​ ဆုမွန်​​ကောင်​း​တောင်​း​ပေးဖို့ ဝန်​​လေးလွန်​းလို့ပါ
    .ကဘာတဝှမ်​းလုံးကအဖြစ်​အပျက်​​တွေကို အချိန်​နဲ့တ​ပြေးညီသိရတာစိတ်​ပျက်​လို့ပါ…
    ဟုတ်​ကဲ့..တနိုင်​ငံလုံး..အကျယ်​ပြန်​့ဆုံးကွန်​ရက်​နဲ့ အ​ကောင်​းဆုံးဝန်​​ဆောင်​မှု့​ပေးဖို့ စမ်​းသပ်​စပြု​နေတဲ့ အမ်​ပီတီလိပ်​.. တ​ခေတ်​စမ်​းပါအုန်​းမယ်​… :mrgreenn:

  • kai

    October 1, 2014 at 2:48 pm

    MPT ဆိုတော့.. လူနာမယ်များလားလို့..
    ဆိုတော့..
    Myanmar Post and Telecommunication တို့.. Myanma Port Authority (MPA) – တို့.. Myanma Airways တို့မှာ.. Myanmar နဲ့.. Myanma ဘာကွာပြီး.. ဘာတွေသိလို့.. သုံးနေကြသလည်းသိချင်တာ… :k:

    • Wow

      October 1, 2014 at 3:07 pm

      ဒဂျီးမသိလည်း သွသူအလုပ်ဖြစ်နေတာပဲလေ.. နေပေ့စေ :mrgreen:

      • kai

        October 1, 2014 at 11:28 pm

        Wow မမရေ..
        အီးမေးလ်လေးများစစ်ပါဦး.. :i:

        • Wow

          October 2, 2014 at 11:17 am

          ငင်င်င်…
          ဒဂျီးရယ် ခိုင်းရက်ပါ့ :mrgreen:
          ရုံးငါးရက်ပိတ် အိမ်ပြန်မို့ နောက်တစ်ပတ်ရုံးဖွင့်လောက်မှယူဖြစ်လား… :kwi:

    • ခင် ခ

      October 1, 2014 at 3:46 pm

      သဂျီးနဲ့ အာ (r) တစ်လုံးထဲနဲ့ ပတ်ရှုပ်နေပါလားဗျ။

  • မှောင်ကြီး

    October 1, 2014 at 3:42 pm

    အခုချိန်ထိတော့ MPT ကပိုကာင်းတုန်းပဲ. တစ်ပြည်လုံးအတိုင်းအတာထိ သုံးရတာကလဲသူပဲရှိတော့. 🙂

  • အာဂ

    October 1, 2014 at 4:47 pm

    ဒါကြောင့် ဒင်းက အခုထိ စင်ပေါ်ကခွေးလုပ်နေပြီး ဖုန်းပြောခတွေဈေးမလျော့သေးတာလေ..။

  • အလင်းဆက်

    October 1, 2014 at 6:55 pm

    ပြချင်လိုက်တာ…
    ကိုကို အမ်ပီတီ ရဲ့ လုပ်ဆောင်ချက်တွေ…
    စခွင်ရှော့တွေ ရိုက်ထားတာ… ။

    :mrgreen:

  • မြစပဲရိုး

    October 1, 2014 at 10:54 pm

    ဒီမှာတော့
    အိမ်သုံး အတွက် အင်တာနက် လိုင်း မှာ ကိုကို BT (British Telecom) တဲ့။
    ပြောင်းလာတဲ့ နေရာမှာ သူတစ်ယောက်ဘဲ ပေါက်မြောက် တယ်။
    တစ်ဦးဘဲမို့ ရွေးစရာမရှိ သူ့ဘဲ သုံးရတော့တာ။
    အံ့ဖွယ် ဖြစ်မနေဘူးလား။ 🙄 :))

Leave a Reply