ဝန်ထမ်းဟူသည်  သူ့ဝန်ထမ်းရင်း

ဝမ်းဝခြင်းသို့  မျှော်လို့တွေးရ

ပေးသမျှဂျူတီ ငြင်းသည်ဘယ်မရှိ

မသိလျှင်မေး သိရင်တွေးရင်း

ကြွေးပြင်းတွေကြား နစ်နေသားလည်း

အမှားနဲဖို့ ဟန်ကိုကိုယ့်

သူ့ဖို့ ကိုယ့်ဖို့ မျှလို့ရုန်းကန်

ဘုန်းကံကမွဲ သည်ဘဝပဲလို့

ကံကိုလွှဲမချ   ငါဟ လူသား

သူများတွေလို  သည်ကိုယ်သည်ခေါင်း

သည်လက်သည်ခြေ ရှိနေသည်မို့

သူတို့ဝန်ကို မထမ်းလိုသော

သည်ဇောသည်စိတ်  ကြိတ်ကာကြိုးပမ်း

လွတ်လမ်းဆိုသည် ရှိရမည် ၊

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..