ကျပ်ဆယ်သိန်းဖြင့် တယ်လီဖုန်း၊ အင်တာနက်နှင့် ရုပ်သံလိုင်းများ အသုံးပြုနိုင်ပြီ

Yin Nyine NwayAugust 17, 20101min895

ရတနာပုံတယ်လီပို့မှ စတင်ဝန်ဆောင်မှုပေးမည့် ဖိုင်ဘာဆက်သွယ်ရေးကြိုးတစ်ချော

င်းတည်းဖြင့် နေအိမ်အရောက် အင်တာနက်တယ်လီဖုန်း၊ တီဗီဝန်ဆောင်မှု ၃ ခု တစ်ပြိုင်နက်ရရှိသော FIBER TO THE HOME(FTTH)စနစ် သရုပ်ပြရှင်းလင်းပွဲ အခမ်းအနားကို ဧပြီလ ၄ ရက် နံနက် ၉ နာရီ က မန္တလေးဆီဒိုးနားဟိုတယ် အမရပူရခန်းမတွင် ကျင်းပသည့် FITTH Services ဟာADSL Wimax စနစ်များထက် ဈေးနှုန်းချိုသာခြင်း၊ လိုအပ်သော Bandwialth အား အလုံအလောက် ရရှိနိုင်ခြင်း၊ ထိန်းသိမ်းမှု စရိတ်သက်သာခြင်း၊ လျှပ်စစ်သုံးစွဲမှု သက်သာခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ပါတယ်။ မိမိတို့နေအိမ်သို့ ဖိုင်ဘာ (၁)ကြိုးရောက် ရှိရုံမျှဖြင့် တယ်လီဖုန်း (၁)လုံး အင်တာနက် ဆက်သွယ်မှု ရုပ်မြင်သံကြား လိုင်းများပါဝင်သော Tripleplay Services အား ရတနာပုံတယ်လီပို့မှ စတင်ဝန်ဆောင်မှုပေးနေပြီ ဖြစ်သည်။ မန္တလေးမြို့မှာ FTTH စီမံကိန်းကို ဧပြီလ ကုန်တွင် အကောင်အထည်ဖော်မှာဖြစ်ပြီး လိုင်းအရေအတွက် ငါးထောင် စတင်ရောင်းချမှာ ဖြစ်ပါတယ်။ မန္တလေးမြို့ FTTH System အတွက် ရန်ကုန်-မန္တလေး လမ်းကြောင်းအတိုင်း မရမ်းကုန်-နေပြည်တော်၊ မန္တလေး-ရတနာပုံ-ပြင်ဦးလွင်ဖြစ်ပါတယ်။ မန္တလေးမြို့ရွှေတရောင်း အရှေ့ဘက် နဲ့ နန်းရှေ့ကြားမှာ စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မုံရွာနဲ့တောင်ကြီးမြို့များမှာလည်း ဈေးကွက် အခြေအနေအရ FTTH စနစ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအစီအစဉ်တွင် ရွှေရောင်ကဒ်၊ ငွေရောင်ကဒ်နဲ့ ကြေးရောင်ကဒ် သုံးမျိုးခွဲခြားထားပါတယ်။ ကနဦး တပ်ဆင်ခအတွက် ကျပ် ၉ သိန်း၊ ကြေးကတော့ ကျပ်တစ်သိန်း၊ ကျပ်ငါးသောင်းနဲ့ ကျပ်သုံးသောင်း သတ်မှတ်ထားပါတယ်။ ပထမနှစ်မှာ နှစ်စဉ်ကြေး ပေးသွင်းရန် မလိုအပ်ဘဲ နောက်နှစ်များမှာ ကောက်ခံသွားမှာဖြစ်ပါတယ်။ ရွှေရောင်ကဒ်က အမြန်နှုန်း 2 MB, ငွေရောင်ကဒ်က 1 MB, ကြေးကဒ်က 512 Kbps အမြန်နှုန်းရှိပါတယ်။ တယ်လီဖုန်းတစ်လုံးအတွက် တပ်ဆင်ခနဲ့ နှစ်စဉ်ကြေး ကျပ် တစ်သိန်း နှစ်သောင်း ပေးသွင်း ရမှာဖြစ်ပါတယ်။ ဖုန်းပြောခကတော့ ပုံသေ တစ်မိနစ် ၂၅ ကျပ်ဖြစ်ပါတယ်။ FITTH Service လျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကဒ် မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း၊ ရဲစခန်းထောက်ခံစာ၊ နိုင်ငံရေးကင်းရှင်းကြောင်း ကိုယ်တိုင်ခံဝန်ချက်များလိုအပ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ —


5 comments

  • zawana

    August 17, 2010 at 5:20 am

    တယ်လီဖုန်းတစ်လုံးအတွက် တပ်ဆင်ခနဲ့ နှစ်စဉ်ကြေး ကျပ် တစ်သိန်း နှစ်သောင်း ဆိုတာက နှစ်တိုင်း ပေးရမှာလား။ ဘာဖြစ်လို့ ပါလိမ့်။ တီဗီဝန်ဆောင်မှု အတွက်လည်း သက်သက် ပေးရမယ်ထင်တယ်။ ရန်ကုန်မှာ ရော ဘယ်တော့ လုပ်မှာလဲ မသိဘူး။

  • william hoe

    September 11, 2010 at 7:05 am

    ရန်ကုန် မှာရော ဘယ်အချိန်လောက်ရမလဲ မသိဝူးနော်… အဲလို သာဆိုရင် အင်တာနက်ဆိုင်တွေ တော ့လျှော ့သွားတော ့မှာပေ့ါနော်… 🙂 🙂 🙂

  • babyshan

    September 11, 2010 at 7:45 am

    အဲဒါ အခု ၆၀၀ဝ ပဲချထားပေးမှာဆို ဝယ်မယ့်လူတွေကများတော့ ရရောရနိုင်ပ့ါမလား။

  • kai

    September 11, 2010 at 10:07 am

    အဲဒါ ဧပြီလက သတင်းဆိုတော့..အခုဘယ်လောက်များဖြစ်မြောက်နေပြီလဲ..သိချင်မိပါတယ်..။
    ဈေးက..စတပ်ရင်..ဒေါ်လာ ၁ထောင်ကျော်ကျော်ပေါ့နော..။
    ပုံမှန်အတိုင်းဆို..အဲဒီကေဘယ်ကြိုးတွေ(အင်ဖရာစရပ်ချာအဖြစ်)ဆင်ပြီးတာနဲ ့…ဈေးတွေပိုပိုကျလာရမှာဖြစ်ပါတယ်။
    နိုင်ငံတော်တော်များများမှာ..အဲဒါမျီုးဆားဗစ်ရှိနေပြီဖြစ်တာပဲလေ..။

  • ဆူး

    September 11, 2010 at 10:50 am

    ဘယ်ဟာမဆို သူများ စမ်းပြီးလို့ ကောင်းတယ်ဆိုမှ ဝယ်သုံးတာ အကောင်းဆုံးဘဲ

Leave a Reply