Perngmangthehaunteddrum

 

. မိန်းမက သရဲကား ကြိုက်တယ်ဆိုတော့ ကျွန်တော်လဲ လိုက်ကြည့်ရတယ်… တချို့ကားတွေတော့ ကြိုက်ဘူး…

. ခုတကားလဲ မဆိုးဘူး ပြောရမယ်… မင်းသားက ဟိန်းဝေယံနဲ့ ဆင်သလားပဲ… အယူအဆတွေက မြန်မာတွေနဲ့ တော်တော်တူတယ်…

. ဇာတ်အိမ်လေးလဲ ခိုင်တယ်… ကြောက်ဖို့ချည်းပဲ စွတ်ရိုက်တာ မဟုတ်ဘူး… ပရလောက နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သဘောပေါ့…

. ဒါပေမဲ့ သူက စွမ်းနေတယ်… :) သူများတွေ အကုန်လုံးကို ခြောက်တယ်ပေါ့… မင်းသားကိုတော့ ခိုက်ပြီး ကြိုက်သွားတယ်… ဘ၀တွေက မတူတော့ နောက်ဆုံးတော့ ခွဲရတယ်…

 

. ဇာတ်လမ်း အကျဉ်းပြောပြမယ်… ဗုံတွေကို တန်ဖိုးထားတယ်… အောင်မြင်မှုကို လိုချင်တော့ လူ့ရဲ့ အသက် နဲ့ သွေး အရေခွံတွေပါ ရင်းပြီး အစီအရင် လုပ်တယ်…

. ပတ်လုံးခေါ်မလားပဲ.. ပတ်ပတ်လည်လည်တီးရတာလေ… အဲမှာ လုပ်ထားတာ…

. ရင်းတာက မင်းသမီးက ရင်းတာ… လိုလိုလားလားနဲ့ပါ.. ဒါပေမဲ့ ဒါက ဇာတ်လမ်းမှာ မြုပ်ထားတယ်.. နောက်ဆုံးမှ ပြတာ…

. မင်းသားကလဲ ပါရမီရှင်ပေါ့… အဘိုးဆုံးတော့ ဆိုင်းဝိုင်းတခုကို သွားဖို့ နောက်ဆုံး မှာခဲ့တယ်… အဲဒါကလဲ ခုနက ဗုံသရဲ ရှိတဲ့ ဆိုင်းဝိုင်းပေါ့…

. အပေါ်မှာ ပြောထားသလိုပေါ့… မင်းသားကိုတော့ မခြောက်ပဲ… ကြိုက်သွားတယ်… သရဲမကလဲ အချောနော်… ပုံက အတိုင်းပဲ…

 

. သူတို့ ဆိုင်းဝိုင်းကို ၀င်ရင် သစ္စာဆိုပြိးမှ ၀င်ရတယ်… မတည်ရင် အသေဆိုးနဲ့ သေတာ… သရဲမ တင် မကဘူး… အဲဒီ ပတ်လုံးတွေမှာလဲ အစောင့်အရှောက်ရှိပုံပဲ…

. နေမကောင်းရင် တိုင်တည်လိုက်… နောက်နေ့ဆို အဲလူ ပြန်ကောင်းသွားရော…

. ဘယ်သူက လာဖျက်တာလဲ ဆိုတော့… အစိုးရက လူကြီးတယောက်ပေါ့… သူ့မှာ ဆိုင်းဝိုင်းရှိတယ်… အဲဒါကလဲ ဒုတိယတန်းစားထဲမှာကို ပါတယ်…

. မင်းသားတို့ ဆိုင်းဝိုင်းက ပထမတန်းစားပေါ့… အဲဒါကို လိုချင်တော့ ခလောက်ဆန်တယ်… သွေးထိုးတယ်… အဲဒါနဲ့ ဆိုင်းဝိုင်းက လူတွေက ထွက်ပြီး သူ့ဆီရောက်…

. အသေဆိုးနဲ့ သေပေါ့… နောက်ဆုံး အဲဒါကို မီးရှို့တဲ့ အခန်းမှာ ဇာတ်ကြောင်းတွေပြန်… နောက်ဆုံးတော့ အကုန်ကုန်ပြီး မင်းသားပဲ ကျန်ပြီး…

. တော်ဝင်ဆိုင်းဝိုင်းမှာ လုပ်ခွင့်ရတယ်ပေါ့… နောက်ဆုံး အသက်ကြီးပြီး သေသွားတယ်… သေသွားတဲ့ အချိန်မှာ သူ့လက်ထဲမှာ ကိုင်ထားတာကတော့……….  :P

. ရှာကြံ ကြည့်ရှု အားပေးလိုက်ကြပါဦး….

 

. ဒါက ထွေလာလင့်လေး…Watch Here

 

ကျေးဇူးတင်ပါတယ်….  :) :) :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...